ဂျပန်ဘတ်စ်ကားနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese bus)

ဂျပန်ရဲ့သယ်ယူပို့ဆောင်ရေးအနေနဲ့ပထမအသုံးအများဆုံးအနေနဲ့ရထားကိုအသုံးများကြပါတယ်။နောက်တစ်ခုအနေနဲ့ဘတ်စ်ကားအသုံးပြုကြပါတယ်။သွားရလာရအဆင်မပြေတဲ့တစ်ချို့နေရာတွေနဲ့ရထားနဲ့အဆင်မပြေတဲ့နေရာတွေကကားကိုအသုံးပြုကြပါတယ်။ဂျပန်ရဲ့နယ်ဒေသတစ်ချို့နဲ့တောတောင်များပြီးသွားရလာရခက်ခဲသောနေရာမျိုးတွင်ပြေးဆွဲပေးသောဘတ်စ်ကားများစွာရှိပါတယ်။တိုကျိုမြို့တွင်းတစ်နေရာကနေနောက်တစ်နေရာကိုအလွယ်တကူသွားလို့ရတဲ့ဘတ်စ်ကားများနဲ့ခရီးသွားဘတ်စ်ကားများစွာရှိပါတယ်။ဟိုတယ်များနဲ့ချိတ်ဆက်ပြီးပြေးဆွဲပေးသာဘတ်စ်ကားများနဲ့တစ်မြို့နဲ့တစ်မြို့အမြန်ပြေးဆွဲပေးတဲ့ဘတ်စ်ကားများစွာရှိပါတယ်။ဂျပန်ဘတ်စ်ကားရဲ့အချိန်တိကျမှုနဲ့သွားလိုတဲ့နေရာကိုအချိန်တိကျစွာရောက်ရှိမှုဝန်ဆောင်မှုကအံ့ဘြဖွယ်ကောင်းလှပါတယ်။

ဂျပန်ပြည်တွင်းဘတ်စ်ကားများ

အထွေထွေသယ်ယူပို့ဆောင်ရေးဘတ်စ်ကားများစွာထဲမှ(ターミナルの連絡バス路線)အရွယ်အစားကြီးမားပြီးပုံမှန်ဘတ်စ်ကားထက်ခရီးသည်များစွာတင်ဆောင်နိုင်တဲ့ကားဖြစ်ပါတယ်။လေဆိပ်အတွင်းတစ်နေရာကနေနောက်တစ်နေရာကိုသွားလာတဲ့အခါမျိုးမှာလည်းခရီးသည်ငါးဆယ်ကနေတစ်ရာအထိလူအများကြီးသယ်ယူပို့ဆောင်နိုင်ပါတယ်။(コミュニティバス)ကတော့နယ်ဒေသတွေမှာအဓိကအသုံးပြုပါတယ်။သယ်ယူပို့ဆောင်ရေးအတွက်အခက်အခဲရှိသူများနဲ့သက်ကြီးရွယ်အိုများ၊ကျောင်းသားများနဲ့ခန္ဓာကိုယ်အားနည်းနေတဲ့အတွက်အသုံးပြုတဲ့ဘတ်စ်ကားဖြစ်ပါတယ်။(都営バス)ကတော့တိုကျိုမြို့ထဲအဓိကပြေးဆွဲပေးသောဘတ်စ်ကားဖြစ်ပါတယ်။လူနေရပ်ကွက်များနဲ့ဘူတာနဲ့အိမ်ရာတွေကြားသွားရကွာဝေးတဲ့နေရာတွေမှာပြေးဆွဲပေးပါတယ်။(深夜バス)ကတော့ရထားမရှိဘဲအိမ်ပြန်ဖို့အခက်အခဲရှိနေသူများအတွက်ပြေးဆွဲပေးပါတယ်။ပုံမှန်က၁၁နာရီကနေနောက်နေ့မနက်၃နာရီအထိပြေးဆွဲပေးပါတယ်။ပုံမှန်ဘတ်စ်ကားများထက်စျေးပိုပေးရပါတယ်။ကုမ္မဏီဝန်ထမ်းတွေအနေနဲ့အချိန်ပိုဆင်းရခြင်းကြောင့်နောက်ကျတဲ့အချိန်မှပြန်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။

အမြန်ဘတ်စ်ကားများနဲ့ပတ်သက်ပြီး

ခရီးသွားကားများအဖြစ်လည်းအသုံးပြုကြပါတယ်။အဲဒီအထဲကမှ(貸切バス)သီးသန့်ဘတ်စ်ကားများအနေနဲ့လည်းအသုံးပြုကြပါတယ်။ကျောင်းကားအဖြစ်၊ကုမ္မဏီအတွက်သီးသန့်နဲ့ပွဲတော်များအတွက်အထူးသီးသန့်အသုံးပြုကြပါတယ်။ခရီးသွားကုမ္မဏီများအတွက်လည်းခရီးသွားကားများအဖြစ်အသုံးပြုကြပါတယ်။(定期観光バス)များအနေနဲ့များသောအားဖြင့်ခရီးသွားဝန်ဆောင်မှုပေးတဲ့ကားများဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ခရီးစဥ်များအလိုက်ပြေးဆွဲပေးတဲ့ဘတ်စ်ကားဖြစ်ပါတယ်။(ジェイアールバス)ကတော့မြို့ကြီးများကိုအကြောင့်အမျိုးမျိုးကြောင့်သွားရောက်လိုသောခရီးသည်များအတွက်ပြေးဆွဲပေးပါတယ်။ဖူခုရှိမား၊နဂနို၊ဖုခုအိုကာ၊တိုကျိုနဲ့အခြားမြို့ကြီးများကိုပြေးဆွဲပေးပါတယ်။အဲထဲကမှ(高速バス)အစရှိသဖြင့်မြို့ကြီးများအကြားပြေးဆွဲပေးတဲ့ကားများရှိပြီး၊နေ့ခင်းနဲ့ညပိုင်းအချိန်သွားတဲ့ကားများရှိပါတယ်။(空港連絡バス)ကတော့လေဆိပ်ကိုသွားဖို့အတွက်အခက်အခဲရှိသောနေရာများနဲ့မြို့များနဲ့အလှမ်းဝေးသောကျေးလက်ဒေသများတွင်အသုံးများကြပါတယ်။

ဘက်စ်ကားစျေးနှုန်းများနဲ့စည်းကမ်းများ

တိုကျိုမြို့ထဲပုံမှန်သွားတဲ့စျေးနှုန်းကဂျပန်ယန်းရာဂဏန်းလောက်ဘဲရှိပြီး၊အမြန်တစ်မြို့ကနေနောက်တစ်မြို့သွားတဲ့ဘတ်စ်ကားကဂျပန်ယန်းသုံးထောင်ပတ်ဝန်းကျင်ကနေလေးထောင်ပတ်ဝန်းကျင်အထိရှိနိုင်ပါတယ်။ခရီးသွားတဲ့အခါကားခသီးသန့်သုံးထောင်ပတ်ဝန်းကျင်လောက်ကုန်ကျမှာဖြစ်ပါတယ်။ကျေးလက်ဒေသအတွင်းရထားလမ်းမရှိတဲ့နေရာအတွင်းပြေးဆွဲပေးတဲ့ဘတ်စ်ကားများလည်းရှိပါတယ်။တိုကျိုထဲမှာပြေးဆွဲတဲ့ဘတ်စ်ကားများကလည်းအချိန်မှန်ပြီး၊မှတ်တိုင်မှာလည်းမနက်ကနေညအထိဘတ်စ်ကားဆိုက်ရောက်မယ့်အချိန်နဲ့ညပိုင်းဘယ်အချိန်မှာပြီးဆုံးမယ့်အချိန်တွေပါစနစ်တကျဖော်ပြထားပါတယ်။ဘတ်စ်ကားမောင်းနှင်တဲ့သူရဲ့ကောင်းမွန်တဲ့ဝန်ဆောင်မှုနဲ့လုံခြုံစိတ်ချရစွာမောင်းနှင်ပေးမှုကဂျပန်ဘတ်စ်ကားများရဲ့အံ့ဘြဖွယ်ကောင်းတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

ခရီးသွားလာမှုတွင်အသုံးပြုတဲ့ဂျပန်စကား(Japanese words for travel to Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်ဘတ်စ်ကားနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese bus)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ