ဟိုကိုင်းဒိုးကို အလည်မသွားခင် သိထားသင့်သည့် အချက်များ။

ဟိုကိုင်းဒိုးကဂျပန်ရဲ့အဓိကကျွန်းလေးကျွန်းရဲ့မြောက်ဘက်အစွန်းမှာရှိတဲ့ကျွန်းဖြစ်ပါတယ်။ဟိုကိုင်းဒိုမှာကမီးတောင်များ၊သဘာဝအွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းနဲ့နှင်းလျောစီးအပန်းဖြေစခန်းများကြောင့်လိုသိများပါတယ်။ ဟိုကိုင်းဒိုး လို့ပြောလိုက်တာနဲ့ နှင်းတေါနဲ့ အေးမြလှတဲ့ ရာသီဥတုနဲ့ ဂျပန်နိုင်ငံအတွင်းခရီးသွားနေရာတွေကြားထဲမှာလဲ ဟိုကိုင်းဒိုးက လူကြိုက်များတဲ့ ခရီးသွား‌ဒေသတစ်ခုဖြစ်ပါတယ်။ ဟိုကိုင်းဒိုး ကျယ်ပြန့်လှတဲ့ ကျွန်းကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လည်စရာ‌နေရာတွေလဲ များပြားပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို ဟိုကိုင်းဒီုကိုသွားတော့မယ်ဆိုရင် ကြိုတင်ပြီးတော့ သိထားသင့်တဲ့ အချက်တွေနဲ့ ဟိုကိုင်းဒိုးနဲ့ ပတ်သက်တဲ့ အဓိက အချက်တွေကို ဖော်ပြ သွားပါ့မယ်။ 

မာတိကာ

  1. ဟိုကိုင်းဒိုးဒေသအကြောင်း။
  2. ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးခရီးသွားနေရာများ။
  3. ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးအစားစာများ။
  4. ဟိုကိုင်းဒီုးတဝိုက်ကို ဘယ်လို လည်ပတ်မလဲ။
  5. အကျဥ်းချုပ်။

ဟိုကိုင်းဒိုးဒေသအကြောင်း။

ဟိုကိုင်းဒိုး (Hokkaido) ကတော့ ဂျပန်နိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။ လူတိုင်းက ဟိုကိုင်းဒိုး လို့ပြောလိုက်တာနဲ့ နှင်းတွေ အများကြီးကျတဲ့ ဒေသလို့သိကြရအောင် ရာသီဥတုကလဲ တော်တော်ကိုအေးမြလှပါတယ်၊ သို့သော် နေရာအပေါ်လိုက်ပြီးတော့ အပူအချိန်ကွာခြားမှုရှိတဲ့ အပြင် နွေရာသီမှာ ခြောက်ခြောက်ကပ်ကပ်ဖြစ်တဲ့ အပူချိန်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွားတဲ့ အချိန် ရာသီဥတုကိုသေချာ ကြည့်ပြီး အဝတ်အစားတွေကို သေချာစီစဥ် သွားဖို့လိုအပ်ပါတယ်။ 

ဟိုကိုင်းဒိုးကတော့ ကျွန်းကြီးတစ်ခုလုံးဆိုရင်  ​​83,424 စတုရန်းကီလိုမီတာကျယ်ပြီး myကျွန်းကြီးအတွင်းမှာတော့ တစ်နေရာနဲ့ တစ်နေရာသွားဖို့အတွက် အချိန်ကုန်ပြီး အလှမ်းဝေးနေတတ်ပါတယ်။ ဥပမာ ဟိုကိုင်းဒိုးဒေသ ရဲ့ အဓိကကျဆုံးခရီးသွားဒေသဖြစ်တဲ့ Sapporo နှင့် Hakodate ဆိုရင် ကားသို့မဟုတ် ရထားနှင့် ၄ နာရီလောက်ကြာမြင့်ပါတယ်။ ဒါကြောင့် ဟိုကိုင်းဒိုးကိုသွားတဲ့ အချိန်မှာဆိုရင် သေချာ စီစဥ်ဖို့ လိုအပ်ပြီး အသုံးပြုမယ့် ယာဥ်ကိုလဲ သေချာစဥ်းစားထားဖို့လိုအပ်ပါတယ်။ အနောက်ပိုင်းမှာ ဟိုကိုင်းဒီုးမှာ လည်ပတ်ဖို့အတွက် သိထားသင့်တဲ့ ယာဥ်တွေအကြောင်းကို ဆက်ပြီးဖော်ပြသွားပါ့မယ်။ 

ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးခရီးသွားနေရာများ။

အပေါ်မှာ ဟိုကိုင်းဒီုးအကြောင်းကိုအကျဥ်းချုပ်ပြောခဲ့ပြီးပြီဆိုတော့ ဟိုကိုင်းဒိုးမှာရှိတဲ့ နာမည်ကြီး ခရီးသွား‌ဒေသတွေကိုကြည့်လိုက်ကြရအောင်။ ၂၀၂၂ ခုနှစ်မှာ Netflix ကလွင့်တဲ့ First Love ဇာတ်လမ်းတွဲ ကိုကြည့်ဖူးတဲ့ သူတွေဆိုရင် တချို့ အစားစာတွေနဲ့ နေရာတွေကိုရင်းနှီးပြီးသားဖြစ်မှာပါ။ ဘာလို့လဲဆိုရင်တော့ First Love ဇာတ်လမ်းတွဲကတော့ ဟိုကိုင်းဒီုးမှာ ရိုက်ကူးခဲ့လို့ဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ဒေသတွေကို တစ်ခုချင်းစီကြည့်လိုက်ကြရအောင်။ 

札幌 - Sapporo မြို့ 

Sapporo မြို့ကတော့ ဟိုကိုင်းဒိုးဒေသရဲ့ မြို့တော်ဖြစ်ပြီး အချက်အချာကျတဲ့ နေရာလဲ ဖြစ်ပါတယ်။ Sapporo မြို့မှာလဲ လည်စရာပတ်စရာတွေအများကြီးရှိပါတယ်။ Sapporo မြို့ကိုတော့ Shin Chitose လေဆိပ်ကနေ တိုက်ရိုက်အလွယ်တကူသွားနိုင်ပါတယ်။ Shin Chitose လေဆိပ် ကလဲ ဟိုကိုင်းဒိုးမှာ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကျော်လေဆိပ်တစ်ခုလဲ ဖြစ်ပါတယ်။ လည်စရာတွေ အများကြီးရှိတဲ့ Sapporo မြို့ထဲမှာ သွားရောက်သင့်တဲ့ နေရာတွေဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ်။ 

さっぽろテレビ塔 - Sapporo တီဗီတာဝါ 

Sapporo တီဗီတာဝါ ကတော့ Sapporo မြို့ရဲ့ အလယ်တည့်တည့်မှာရှိပြီး Sapporo ကို မြောက်ဘက်နှင့် တောင်ဘက်ကို ခွဲထားပေးတဲ့ နေရာလဲဖြစ်ပါတယ်။ Sapporo မြို့ရဲ့ အမှတ်အသားတစ်ခုလို့ ဆိုနိုင်ပြီး Odori ပန်းခြံရဲ့ အရှေ့ဘက်မှာရှိတဲ့ အတွက်ကြောင့်မို့လို့ Odori ပန်းခြံရဲ့ အလှကို ရာသီဥတု၄မျိုးရဲ့ မြင်ကွင်းပေါင်းစုံနဲ့ ကြည့်ရှုခံစားနိုင်တဲ့ နေရာလဲဖြစ်ပါတယ်။ အမြင့်ကလဲ ၉၀ မီတာခန့်ရှိပြီး 

Sapporo မြို့ရဲ့ နာမည်ကြီးပွဲတော်ဖြစ်တဲ့ နှင်းပွဲတော်ကိုကြည့်ဖို့အတွက် အကောင်းဆုံးနေရာလို့လဲဆိုကြပါတယ်။ 

大通公園 - Odori ပန်းခြံ

Odori ပန်းခြံကလဲ Sapporo မြို့ရဲ့ နာမည်ကြီးတဲ့ ပန်းခြံတစ်ခုဖြစ်ပြီး ဒေသခံတွေကြားထဲမှာလဲ လမ်းလျှောက်တာတို့ နေ့လည်စာစားတဲ့ အချိန်တွေမှာ အလာများတဲ့ ပန်းခြံလေးဖြစ်ပါတယ်။ ပန်းခြံထဲမှာဆိုရင်တော့ အပင်ပေါင်း ၉၂ မျိုးရှိတဲ့ ပန်းခြံထဲမှာဆိုရင်တော့ ရေပန်းတွေနဲ့ လှပတဲ့ နေရာတစ်ခုဖြစ်ပါတယ်။‌ နောက်ပြီးရာသီ အလိုက်ပွဲတော်တွေ ကျင်းပတဲ့ နေရာဖြစ်ပြီး နှင်းပွဲတော်ကိုလဲ အဲဒီ ပန်းခြံမှာပဲ ကျင်းပလေ့ရှိပါတယ်။

札幌国際スキー場 - Sapporo Kokusai စကိတ်ကွင်း

စကိတ်စီးကွင်းတွေအများကြီးရှိတဲ့ ဟိုကိုင်းဒိုးမှာ Sapporo Kokusai စကိတ်ကွင်း ကတော့ အကြာဆုံးစကိတ်စီးနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစီးတဲ့ သူတွေအတွက် နှင့် ကျွမ်းကျင်တဲ့ သူအဆင့်အထိ ကို စီးနိုင်တဲ့ အမျိုးအစားတွေလဲ စုံလင်လှပါတယ်။ ဆောင်းရာသီမှာ ဟိုကိုင်းဒိုးကိုအလည်သွားမယ့် သူနှင့် စကိတ်စီးရတာ နှစ်သက်တဲ့ သူတွေအတွက်တော့ Sapporo Kokusai စကိတ်ကွင်းကို အရောက်သွားသင့်ပါတယ်။ 

頭大仏 - အတမ ရုပ်ပွားတော် 

ဟိုကိုင်းဒိုးမှာ ဘုရားဖူးချင်တဲ့ သူတွေအတွက်တော့ 頭大仏 အတမ ရုပ်ပွားတော် ကိုသွားဖို့တိုက်တွန်းချင်ပါတယ်။ 頭大仏 အတမ ရုပ်ပွားတော် ကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဗုဒ္ဓရုပ်ပွားတော် တွေထဲက တစ်ဆူဖြစ်ပါတယ်။ Sapporo ကနေပြီးတော့ လဲ မိနစ် ၅၀ သာဝေးတဲ့ နေရာမှာရှိပြီး ရထားနဲ့ အလွယ်တကူသွားနိုင်ပါတယ်။ တခြားရုပ်ပွားတော်တွေနဲ့မတူ ထူးခြားချက်ကတော့ လိပ်ခုံး လိုအဆောက်အုံထဲမှာရှိပြီး အဝေးကနေ လှမ်းကြည်ံ့လိုက်ရင် ဦးခေါင်းတော်သာလှမ်းမြင်ရပါတယ်။ အမိုးမရှိတဲ့အတွက်ကြောင့် လေးရာသီလုံး ရာသီဒဏ်ကို ခံနေရပြီး အဲ့ဒီအချက်ကလဲ ထူးခြားချက်လို့ ဆိုရမှာပါ။ ဥပမာ ဆောင်းရာသီဆို ဘုရားပေါ်မှာရော၊ ရင်ပြင်တစ်ခုလုံး နှင်းတွေ ဖုံးလွမ်းနေတာ တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့ တွေ့မြင်နေကျ လာဗင်ဒါ ပန်းခင်းကြီးနဲ့ တွဲမြင်ချင်ရင် တော့ ဇူလိုင်လလယ်လောက်မှာ သွားကြည့်လို့ရပါတယ်။ ဒီလိုမျိုး ရာသီအလိုက် ထူးခြားတဲ့ မြင်ကွင်းတွေနဲ့ အတူ 頭大仏 အတမ ရုပ်ပွားတော် ကြီးကိုဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။ 

函館 - Hakodate

Hakodate ကတော့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ မေဂျီခေတ်က အမွေ့အသက်တွေကို ခံစားရမယ့် မြို့ တစ်မြို့ဖြစ်ပါတယ်။ Hakodate ကိုသွားမယ်ဆိုရင်တော့ ညဘက်ရှုခင်းကိုသေချာပေါက်ကြည့်သင့်ပါတယ်။

函館山 - Hakodate တောင် 

Hakodate တောင် ကတော့ ညဘက် Hakodate ရဲ့ နာမည်ကြီးတဲ့ မြင်ကွင်းကိုသေချာကြည့်နိုင်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ ဆိပ်ကမ်းမြို့ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပင်လယ်နဲ့ မြို့မြင်ကွင်းကိုတစ်ခါတည်းတွေ့နိုင်ပါတယ်။ Hakodate တောင် ကိုတော့ Ropeway နှင့် တက်နိုင်ပြီး ၁၅ မိနစ်သာကြာမြင့်ပါတယ်။ 

八幡坂 - Hachimanzaka တောင်စောင်း

八幡坂 တောင်စောင်းလမ်းကတော့ Hakodate ဆိပ်ကမ်းနှင့် Hakodate မြို့ကို တပြိုင်တည်းမြင်နိုင်တဲ့ နေရာဖြစ်ပြီး တီဗီကြောညာတွေနှင့် ဇာတ်လမ်းတွဲတွေရဲ့ နေရာအဖြစ် ခဏခဏ အရွေးခံရလောက်အောင် နာမည်ကြီးပါတယ်။ 

旭川 - Asahiyama 

Asahiyama ကတော့ Asahiyama တိရစ္ဆာန်ဥယျာဥ် နာမည်ကြီးတဲ့ နေရာဖြစ်ပြီး Asahiyama တိရစ္ဆာန်ဥယျာဥ် မှာဆိုရင် အကောင်လေးတွေကို အနီးကပ်လေ့လာနိုင်တဲ့ ပြပွဲတွေလဲရှိပါတယ်။ Asahiyama တိရစ္ဆာန်ဥယျာဥ် အပြင် တခြားဆွဲဆောင်ပြီး လှပတဲ့ ဥယျာဥ်တွေကို Asahiyama မှာတွေ့မြင်နိုင်ပါတယ်။

Otaru

Otaru ကတော့ Sapporo မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဆိပ်ကမ်းမြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။ Sapporo မြို့ကနေ ရထားနဲ့ မိနစ် ၃၀ ခန့် လောက်နဲ့ ရောက်နိုင်တဲ့ အတွက်လဲ သွားရောက်သင့်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။

小樽運河 - Otaru တူးမြောင်း

Otaru တူးမြောင်း ကတော့ Otaru ‌ရောက်ရင် သွားမနေရ သွားသင့်တဲ နေရာတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီမှာဆိုနှင်းတွေကျနေပြီး ကြည်လင်ပြတ်သားတဲ့ ကောင်းကင်ကြီးနဲ့ မီးထွန်းထားတဲ့ဂိုတောင်တွေကို တဝကြီးကြည့်နိုင်မှာဖြစ်ပါတယ်။တူးမြောင်း ကို လဲ လှေ နဲ့ ပတ်နိုင်ပြီး ကြာချိန်ကတော့ မိနစ်၄၀ ခန့် ဖြစ်ပါတယ်။ Otaru တူးမြောင်းအပြင် Otaru မှာတော့ မေဂျီခေတ်အငွေ့အသက်တွေကိုခံစားလို့ရနိုင်တဲ့နေရာတွေနှင့် ညဘက်ရှုခင်းတွေကိုကြည့်နိုင်တဲံ တောင်တွေ အများကြီးရှိပါတယ်။ 

富良野、美瑛 - Furano & Biei

ဟိုကိုင်းဒိုးလို့ပြောလိုက်ရင် လာဗင်ဒါ ပန်းခင်းကြီးတွေကိုလဲ မေ့ထားလို့မရပါဘူး။Furano & Biei မှာတော့ ဂျပန်နိုင်ငံရဲ့ ၄ ရာသီအလှတွေကိုခံစားနိုင်တဲ့ ပန်းခင်းတွေနှင့် ဆောင်းရာသီမှာ လှပတဲ့ မြင်ကွင်းတွေကိုတွေ့နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

富田 - Tomita ပန်းခင်း 

Tomita ပန်းခင်း ကတော့ ဟိုကိုင်းဒီုးဒေသ မှာ နာမည်ကြီးတဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပြီး Furano မှာရှိတဲ့ ပန်းခင်းဖြစ်ပါတယ်။ အလှဆုံးအချိန်ကတော့ ဇူလိုင်လအစကနေ လအလယ်အထိ ဖြစ်ပါတယ်။ လာဗင်ဒါတစ်ခုတည်းမဟုတ်ဘဲ တခြားပန်းတွေလဲ အများကြီးရှိပါတယ်။ 

ရေပြာအိုင် 

ဒီ‌ရေပြာအိုင်ကတော့ Biei ဘူတာကနေပြီးတော့ ၂၅ မိနစ်ခန့်သာကြာမြင့်တဲ့နေရာမှာရှိပါတယ်။ အရင်က ဒီနေရာလေးကတော့ နယ်ခံတွေသာ သိတဲ့ နေရာလေးဖြစ်ပေမယ့် MacBook Pro ရဲ့ အနောက်ခံ ဓာတ်ပုံအနေနဲ့ Apple ကနေထုတ်လိုက်ကတည်းက လူသိများလာတဲ့နေရာဖြစ်ပါတယ်။ ရာသီ ၄ မျိုးစလုံးလှပပြီး ဆောင်းရာသီမှာဆိုရင် မီးထွန်းတာတို့လုပ်လေ့ရှိကြပါတယ်။ 

ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးအစားစာများ။

အပေါ် မှာတော့ ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးတဲ့ ခရီးသွားနေရာတွေကို ဖော်ပြခဲ့ပါတယ်။ ဒီလို လှပတဲ့ ခရီးသွားဒေသတွေချည်းမဟုတ်ပါဘူး။ နာမည်ကြီးတဲ့ အစားစာတွေလဲ အများကြီးရှိပါတယ်။ ဟိုကိုင်းဒိုးရောက်ရင် စားသင့်တဲ့ အစားစားတွေကိုကြည့်ထားပြီး သွားလည်ရင်စားကြည့်ကြရအောင်။

ပင်လယ်စာ

ဟိုကိုင်းဒိုးလို့ပြောလိုက်တာနဲ့ ပင်လယ်စာကို လုံးဝ မေ့ထားလို့မရပါဘူး။ ဟိုကိုင်းဒိုးမှာတော့ ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ် စားနိုင်ပြီး အများအားဖြင့် ဆူရှိ၊ ပင်လယ်စာ ဆာရှိမိ၊ ပင်လယ်စာ ဇလုံထမင်း အစရှိတဲ့ ဟင်းလျာတွေကို စားသောက်နိင်ပါတယ်။ နောက်ပြီး ဂဏန်းတွေလဲနာမည်ကြီးပါတယ်။ ဒါကြောင့် ဟိုကိုင်းဒိုးရောက်ရင်တော့ ပင်လယ်စာကို စားကြည့်သင့်ပါတယ်။ နောက်ပြီး ပင်လယ်စာတွေထဲမှာပဲ ဟိုကိုင်းဒီုးမှာပဲရရှိနိုင်တဲ့ ပင်လယ်စာတွေလဲ အများကြီးရှိပါတယ်။ 

အသားနှင့် နို့ထွက်ပစ္စည်းများ

နောက်ပြီး အသားနှင့် နို့ထွက်ပစ္စည်းတွေလဲ နာမည်ကြီးပါတယ်။ အထူးသဖြင့် အမဲသားကနာမည်ကြီးပြီး Jingisukan၊ ဝက်သားဇလုံထမင်းတို့လဲ နာမည်ကြီးပါတယ်။ နောက်ပြီး ဟိုကိုင်းဒိုးမှာတော့ နို့စားနွားတွေ အများကြီးရှိပြီး ဟိုကိုင်းဒီုးနွားနို့ကလဲ နာမည်ကြီးပါတယ်။ 

သစ်သီးများ

ဟိုကိုင်းဒိုးလို့ပြောလိုက်ရင် သစ်သီးတွေလဲ တော်တော် အရသာရှိပါတယ်။ အဓိကနာမည်ကြီးတာကတော့ သခွားမွှေးသီးဖြစ်ပေမယ့် သခွားမွှေးသီးအပြင်တခြားသစ်သီးတွေအများကြီးရှိပါတယ်။

ဒေသထွက်လက်ဆောင် 

ဟိုကိုင်းဒိုးသွားရင် ဘာလက်ဆောင်ဝယ်ကြမလဲ။ ဟိုကိုင်းဒိုးဒေသမှာနာမည်ကြီးတဲ့ ဒေသထွက်လက်‌ဆောင်ကတော့ 白い恋人 (Shiroi Koibito) လို့ခေါ်တဲ့ ကွတ်ကီးကတော့ တော်တော်နာမည်ကြီးပါတယ်။ ဟိုကိုင်းဒိုးကနေ အပြန် ဘာဝယ်ရမှန်းမသိရင်တော့ ဒီ 白い恋人 (Shiroi Koibito) ကိုဝယ်ဖို့ အကြံပေးချင်ပါတယ်။

ဟိုကိုင်းဒီုးတဝိုက်ကို ဘယ်လို လည်ပတ်မလဲ။

အပေါ်မှာပြောခဲ့သလိုပဲ ဟိုကိုင်းဒိုးတဝိုက်ကိုလည်ပတ်တော့မယ်ဆိုရင် တစ်နေရာနှင့် တစ်နေရာ တော်တော်လေးကို အလှမ်းဝေးနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုကိုင်းဒိုးတဝိုက်ကို ပတ်တဲ့ အချိန်မှာ ဘယ်ယာဥ်တွေ ကို အသုံးပြုမလဲ ဆိုတာကိုကြည့်လိုက်ကြရအောင်။

ကိုယ်ပိုင်ကားနှင့် အငှားကားတို့ဖြင့် ပတ်ခြင်း

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ပိုင်ကား သို့မဟုတ် အငှားကားနဲ့ ပတ်ရတာဖြစ်ပါတယ်။ ကားနဲ့ ပတ်ရင်တော့ လူအရောက်နည်းတဲ့ နေရာတွေအပြင် အေးအေးဆေးဆေး နဲ့ လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဟိုကိုင်းဒိုးမှာ ကားတွေကိုငှားနိုင်ပေမယ့် ကြိုတင်ပြီးတော့ ဘိုကင်လုပ်ထားဖို့လိုအပ်ပါတယ်။ 

ဟိုကိုင်းဒီုးမှာ ကားမောင်းတော့မယ် ဆိုရင်တော့ တချို့သတိပေးချက်တွေကို သေချာကြည့်ပြီးတော့ လိုက်နာသင့်ပါတယ်။လမ်းမ ပေါ်ကိုခုန်ထွက်လာတတ်တဲ့ သားရဲ တိရစ္ဆာန်တွေများတဲ့ အတွက်ကြောင့်မို့လို့ အထူးသတိထားပြီး ကားမောင်းဖို့တော့ လိုအပ်ပါတယ်။

ရထား၊ဘတ်စကား၊ လေယာဥ် နဲ့ ပတ်ခြင်း

ကိုယ်ပိုင်ကားအပြင် ရထား၊ ဘတ်စ်ကား၊ လေယာဥ် တို့နဲ့လဲ ပတ်နိုင်ပါတယ်။ ဘတ်စ်ကားတွေကတော့ စျေးသက်သာပေမယ့် အချိန်တော်တော် ကုန်ပါတယ်။ အချိန်ရှိတယ်ဆိုရင်တော့ ဘတ်စ်ကားတွေကတော့ ထည့်သွင်းစဥ်းစားသင့်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ 

ရထားကလဲ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ရှုခင်းတွေကိုကြည့်ပြီး သေချာ ခရီးသွားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ဇယားတွေကို သေချာကြည့်ပြီး စီစဥ်ဖို့လိုအပ်ပါတယ်။ 

ပိုက်ဆံအများကြီးသုံးနိုင်မယ်ဆိုရင်တော့ လေယာဥ် ကလဲ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လေယာဥ် အချိန်တွေက သတ်မှတ်ထားတဲ့ အချိန်တွေမှာပဲ ရှိတဲ့ အတွက်ကြောင့်မိုလို့ အရမ်းမလွတ်လပ်တာတွေမျိုးတော့ရှိနိုင်ပါတယ်။ 

အကျဥ်းချုပ်။

ဒီဆောင်းပါးမှာတော့ ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးဒေသ၊ အစားစာတွေ အကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဟိုကိုင်းဒိုးမသွားခင် သေချာဖတ်သွားပြီး ဟိုကိုင်းဒီုးခရီးမှာ အသုံးဝင်မယ်လို့ မျှော်လင့် ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဟိုကိုင်းဒိုးကို အလည်မသွားခင် သိထားသင့်သည့် အချက်များ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ