ကျိုတိုနဲ့ပတ်သက်တဲ့ဗဟုသုတရစရာအကြောင်းအရာများ(Kyoto)

ကျိုတိုဟာဂျပန်ရဲ့ယဥ်ကျေးမှုအမွေအနှစ်များစွာရှိတဲ့နေရာဖြစ်ပါတယ်။ရှေးဟောင်းရိုးရာဘုရားကျောင်းရုပ်ပွားတော်များနဲ့ရိုးရာပုံစံများကြောင့်လူသိများပါသည်။နိုင်ငံခြားခရီးသွားများအနေနဲ့လည်းဂျပန်ကိုရောက်ရှိရင်တကူးတကခရီးသွားလေ့လာကြပါတယ်။ခရီးသွားခဲ့ရင်လည်ပတ်စရာများလှတဲ့အတွက်သွားမယ်ဆိုရင်အစီအစဥ်ဆွဲပြီးသွားသင့်ပါတယ်။ကျိုတို့ရဲ့အရသာရှိတဲ့အစားအစာများနဲ့ရှေးဟောင်းအိမ်ပုံစံတည်ဆောက်ထားတာကလည်းဆွဲဆောင်မှုရှိလှပါတယ်။အဓိကကအခုလိုဆောင်းဦးရာသီမှာမိုးမင်းဂျီလို့ခေါ်တဲ့ပန်းများကလည်းနီရဲပြီးလှနေတဲ့အတွက်ခရီးသွားလို့ကောင်းမွန်လှပါတယ်။ဂျပန်ရဲ့အွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းကလည်းနာမည်ကြီးတဲ့အတွက်အပန်းဖြေလို့ကောင်းမွန်လှပါတယ်။စိတ်ကြည်နူးစေမယ့်ရှုခင်းတွေနဲ့ရှေးဟောင်းရိုးရာပုံစံကြောင့်ကျိုတိုကနာမည်ကြီးပါတယ်။

ကျိုတိုရဲ့နာမည်ကြီးနေရာများ

ကျိုတိုရဲ့နာမည်ကြီးနေရာများထဲမှ(竹林の小径)လို့ခေါ်တဲ့ဝါးသစ်တော်ကနာမည်ကြီးပါတယ်။ဝါးတွေကြားထဲကနေလမ်းရောက်သွားရတာကဗျာဆန်လှပြီး၊ဓါတ်ပုံရိုက်ရတာအရမ်းလှပါတယ်။(伏見稲荷大社)အနီရောင်ပုံစံဘုရားကျောင်းနဲ့အဝင်လမ်းတလျှောက်အနီရောင်ပုံစံတိုင်လုံးတွေနဲ့အလှဆင်ထားတာကလှပပြီးဆွဲဆောင်မှုရှိလှပါတယ်။ဂျပန်လူမျိုးတို့ကရိုးရာဝတ်စုံဖြင့်သွားလာကြပါတယ်။နောက်တစ်ခုကတော့(南禅寺)နေရာဖြစ်ပါတယ်။ရှေးယခင်တုန်းကဂိတ်တံထားပုံစံတည်ဆောက်ထားပြီး၊ကျောင်းဆောင်ပေါ်မှရှုခင်းကလည်းလှပလွန်းပါတယ်။အဲဒါအပြင်(京都タワー)ကိုလည်းသွားရောက်လေ့လာသင့်ပါတယ်။အမြင့်ပေ(၁၃၁)မီတာမြင့်မားပြီးတာဝါပေါ်မှရှုခင်းကလည်းကျိုတိုတစ်မြို့လုံးကိုတွေ့နိုင်ပါတယ်။နာမည်အကြီးဆုံးနောက်တစ်ခုကတော့(金閣寺)ဖြစ်ပါတယ်။ရွေကျောင်းဆိုပြီးမြန်မာလူမျိုးများကြားထဲခေါ်ဝေါ်ကြပြီး၊မြန်မာလူမျိုးများအသွားများတတ်တဲ့နေရာဖြစ်ပါတယ်။ဆောင်းဦးမှာပွင့်လေ့ရှိတဲ့မိုးမင်းဂျီလိုလှပတဲ့အနီရောင်ပန်းတွေကိုအမြင့်မှကြည့်လို့ရမယ့်(清水寺)ကျောင်းဆောင်ပေါ်မှရှုခင်းကစိတ်ကိုလန်းဆန်းစေပါတယ်။အခြားနာမည်ကြီးနေရာမျိုးစုံရှိတဲ့အတွက်အချိန်ပေးပြီးသွားရောက်လည်ပတ်သင့်ပါတယ်။

ကျိုတိုရဲ့နာမည်ကြီးအစားအသောက်များ

ကျိုတိုရဲ့နာမည်ကြီးအစားအသောက်များထဲကမှ(京ゆば料理 )ကလူကြိုက်များပါတယ်။ကျိုတိုကိုရောက်ရင်မစားမဖြစ်စားသင့်သောအစားအစာဖြစ်ပါတယ်။ပဲပုပ်နဲ့ပြုလုပ်ထားပြီး၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဖြစ်တာကြောင့်ကျိုတိုရောက်ရင်စားသင့်တဲ့အစားအသောက်ဖြစ်ပါတယ်။နောက်တစ်ခုက(うなぎのきんし丼)အောက်ဆုံးကထမင်းနဲ့အပေါ်ကအရသာရှိတဲ့ငါးရှဥ့်နဲ့အပေါ်ဆုံးကကြက်ဥလိပ်သို့ဟုတ်ငါးရှဥ့်ရဲ့အောက်မှာထားပြီးစားရတဲ့အရသာရှိတဲ့ကျိုတိုရဲ့အစားအစာဖြစ်ပါတယ်။ကျိုတိုရောက်ရင်စားသင့်တဲ့နောက်ထပ်တစ်ခုကတော့(にしんそば )ဖြစ်ပါတယ်။ဂျပန်ရဲ့နာမည်ကြီးအစားအစာဖြစ်တဲ့ဆိုဘအပေါ်မှာနင်းရှင်ငါးထည့်စားရတဲ့အစားအစာဖြစ်ပါတယ်။ဒီလိုဆိုဘကနေရာတကာမရှိနိုင်တဲ့အတွက်ကျိုတိုရောက်ရင်လုံးဝစားသင့်သောအစားအစာဖြစ်ပါတယ်။အရသာရှိတဲ့နောက်တစ်ခုကတော့(おばんざい)ဖြစ်ပါတယ်။ကျိုတိုဒေသထွက်အသီးအရွက်တွေနဲ့အသားငါးတို့ကိုကြော်လှော်ထားပြီးဟင်းသုံးလေးခွက်တည်ခင်းစားသောက်ရတဲ့ဟင်းအမယ်ဖြစ်ပါတယ်။

ခရီးသွားလာမှုအတွက်လိုအပ်တဲ့အကြောင်းအရာများ

တိုကျိုကနေကျိုတိုကိုလေယဥ်နဲ့သွားမယ်ဆိုရင်တစ်နာရီသုံးဆယ်ငါးမိနစ်ကြာမြင့်မှာဖြစ်ပါတယ်။လေယဥ်လက်မှတ်ကတော့ဂျပန်ယန်းတစ်သောင်းအထက်ကုန်ကျမှာဖြစ်ပြီး၊အမြန်ရထားနဲ့သွားမယ်ဆိုလည်းဂျပန်ယန်းတစ်သောင်းလေးထောင်လောက်ကုန်ကျမှာဖြစ်ပါတယ်။အမြန်ရထားကြာချိန်ကတော့နှစ်နာရီနဲ့ဆယ့်ငါးမိနစ်ကြာမြင့်မှာဖြစ်ပါတယ်။ကောင်းတဲ့ဟိုတယ်ကိုနှစ်ယောက်တည်းမယ်ဆိုရင်တစ်သောင်းသုံးေထာင်ကျော်လောက်ဘဲကျမှာဖြစ်ပါတယ်။တိုကျိုကနေညဘက်သွားဘတ်စ်ကားလည်းရှိပါတယ်။ညဘက်သွားဘက်စ်ကားနဲ့သွားမယ်ဆိုရင်အိပ်ရေးပျက်ပေမယ့်စျေးအရမ်းသက်သာလှပါတယ်။ဂျပန်ယန်းသုံးထောင်နီးပါးပဲကုန်ကျမှာဖြစ်ပါတယ်။ခရီးသွားမယ်ဆိုရင်အနည်းဆုံးနှစ်ရက်၊သုံးရက်လောက်လျှောက်လည်သင့်ပါတယ်။အခုလိုဆောင်းဦးအစလောက်သွားမယ်ဆိုရင်အပူချိန်ကလျော့နည်းပြီးခရီးသွားလာရတာအဆင်ပြေလှပါတယ်။မိုးမင်းဂျီစပြီးအရောင်ပြောင်းပြီးနီရဲနေအောင်လှတဲ့အတွက်ရာသီဥတုအရလည်းအချိန်ကောင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့အိုကီနဝါနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Okinawa, Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ကျိုတိုနဲ့ပတ်သက်တဲ့ဗဟုသုတရစရာအကြောင်းအရာများ(Kyoto)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ