ဂျပန်ရိုးရာယဥ်ကျေးမှုနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese traditional culture)

ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုထဲမှာလေ့လာမှတ်သားစရာများစွာရှိပါတယ်။အနုပညာ၊ယဥ်ကျေးမှုများစွာရှိပါတယ်။စိတ်ဝင်စားစရာတူရိယာပစ္စည်းများ၊ကိုယ်နေဟန်ထားနဲ့စကားလုံးများနဲ့စိတ်ဝင်စားအောင်ပြောရတဲ့ယဥ်ကျေးမှုများစွာရှိပါတယ်။ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တဲ့ယဥ်ကျေးမှု၊ပွဲတော်များနဲ့ပတ်သက်တဲ့ယဥ်ကျေးမှုအစရှိသဖြင့်ဗဟုသုတရစရာများစွာရှိပါတယ်။ထိုအထဲမှဂျပန်ရဲ့ပြဇာတ်ပွဲ၊ဟာသဟောပြောပွဲ၊ရိုးရာလက်ဖက်ရည်ကြမ်းနဲ့ပတ်သက်တဲ့ဗဟုသုတ၊ပန်းအလှဆင်စတဲ့ဂျပန်ရိုးရာများကစိတ်ဝင်စားစရာကောင်းလှပါတယ်။ဂျပန်ကိုလာရောက်လည်ပတ်မယ်ဆိုရင်တစ်ကြိမ်တစ်ခါလောက်သွားရောက်လေ့လာသင့်ပါတယ်။စိတ်ဝင်စားစရာပြည့်နှက်နေတဲ့ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုကပြင်ပနိုင်ငံများအထိပါနာမည်ကြီးသောကြောင့်ဂျပန်သို့ရောက်ခဲ့ရင်သွားရောက်သင့်ပါတယ်။

ရိုးရာပြဇတ်နဲ့ပတ်သက်ပြီး

ရိုးရာပြဇာတ်ပွဲလို့ခေါ်တဲ့(歌舞伎)ကနှစ်ပေါင်းလေးရာအထက်ရှိပြီးဖြစ်တဲ့ရိုးရာယဥ်ကျေးမှုဖြစ်ပါတယ်။ဒီယဥ်ကျေးမှုကကျိုတိုကနေဆင်းသက်လာတဲ့ယဥ်ကျေးမှုဖြစ်ပါတယ်။ပြဇာတ်ရုံကိုကြီးမားစွာတည်ဆောက်ထားပြီးဧည်သည်အများအပြားလာကြည့်လို့ရအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ပြဇာတ်ကပြတဲ့သူတွေကမျက်နှာကိုအရောင်စုံလိမ်းခြယ်ထားပြီး၊ကပြတဲ့သူများကကီမိုနိုဂျပန်ရိုးရာအကျီများနဲ့ကပြလေ့ရှိပါတယ်။များသောအားဖြင့်အဲဒိုခေတ်ကလူကြိုက်များတဲ့ပြဇာတ်များကိုကပြကြလေ့ရှိပါတယ်။၂၀၀၅ခုနှစ်မှာယူနစ်စကိုမှကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ကြေငြခဲ့ပါတယ်။ယဥ်ကျေးမှုကိုတန်ဖိုးထားတဲ့အနေနဲ့ပုံမှန်ထက်စျေးကြီးပြီးတတိယထပ်ကနေကြည့်မယ်ဆိုရင်တော့ဂျပန်ယန်းလေးထောင်၊ခြောက်ထောင်ရှိပြီး၊ပထမတန်းစားခုံအနေအထားအနီးကပ်ကြည့်ချင်ရင်တော့တစ်သောင်းခွဲလောက်ရှိပါတယ်။ပြဇာတ်ကပြသူတွေနောက်မှာတီးမှုတ်ပေးတဲ့တူရိယာအဖွဲ့လည်းပါဝင်တဲ့ခမ်းနားလှပါတယ်။ပြဇာတ်ပွဲများတွင်မျက်နှာဖုံးစွပ်ကို(能)လို့ခေါ်ပါတယ်။ပြဇာတ်ရဲ့ဇာတ်အိမ်နဲ့လိုက်ပြီးမျက်နှာဖုံးစွပ်ဖျော်ဖြေပေးခြင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၁၃၀၀ကတည်းကတရုတ်ကနေဆင်းသက်လာတဲ့ရိုးရာဖြစ်ပါတယ်။ပြဇာတ်များတွင်လာကြည့်တဲ့ဧည်သည်များကိုပျော်ရွင်စရာဟာသစကားလုံးများပြောတဲ့အခါမျက်နှာဖုံးနဲ့စကားပြောခြင်းဖြစ်ပါတယ်။

ဟာသဟောပြောပွဲပြဇာတ်များနဲ့ရိုးရာယဥ်ကျေးမှုများ

ပြဇတ်ပွဲများမှာနောက်တစ်ခုအနေနဲ့ဟာသဟောပြပွဲများရှိပါတယ်။လူအများလာရောက်ကြည့်ရှုကြပြီး(落語)လို့ခေါ်တဲ့ဟာသပြောစရာကနေဇတ်ခုံပေါ်မှာထိုင်ပြီးပြောရပါတယ်။ဂျပန်ရဲ့ယဥ်ကျေးမှုနောက်တစ်ခုပြောရမယ်ဆိုရင်(茶道)လက်ဖက်ရည်ကြမ်းနဲ့ပတ်သက်တဲ့ယဥ်ကျေးမှုကလည်းနာမည်ကြီးပါတယ်။ရှေးယခင်ကတည်းကဂျပန်ရိုးရာအခမ်းအနားများမှာတသီးတသန့်တည်ခင်းရတဲ့ပေးရတဲ့အတွက်နာမည်ကြီးပါတယ်။အခုနောက်ပိုင်းခေတ်မှီလာပြီးအလွယ်တကူသောက်လို့ရတဲ့ဗူးများဖြင့်လည်းထုတ်လုပ်လာကြပါတယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်(華道)ပန်းအလှပြင်ခြင်းယဥ်ကျေးမှုဖြစ်ပါတယ်။ပန်းများကိုစုံလင်စွာလှပအောင်သပ်သပ်ရပ်ရပ်နဲ့ပြုလုပ်ရတာဖြစ်ပါတယ်။အချိုးအစားများနဲ့ပန်းအရောင်များနဲ့စနစ်တကျပြုလုပ်ရတာဖြစ်ပါတယ်။ရိုးရာပြဇတ်များကိုလည်းစနစ်တကျတန်ဖိုးထားပြီး၊ရိုးရာနဲ့ပတ်သက်တဲ့တလေးတစားထိန်းသိမ်းထားပါတယ်။ဟာသပြဇတ်ပုံစံမျိုးကိုလည်းအခုထိတိုင်ထိန်းသိမ်းထားပြီးစနစ်တကျပြသထားပြီးလာရောက်ကြည့်ရှုသူများလည်းများပြားပါတယ်။

စိတ်ဝင်စားစရာယဥ်ကျေးမှုများနဲ့ဗဟုသုတများ

ဂျပန်ယဥ်ကျေးမှုများကနှစ်ပေါင်းများစွာထဲမှအခုအချိန်ထိတလေးတစားထိန်းသိမ်းလာတဲ့ယဥ်ကျေးမှုများဖြစ်ပါတယ်။ပြဇတ်နဲ့ပတ်သက်တဲ့ပြင်ဆင်မှု၊တည်ဆောက်မှုပုံစံနဲ့စကားလုံးအသုံးအနှုန်းများကအစပြောဆိုတဲ့အမှုအရာကလည်းစနစ်တကျစည်းကမ်းတကျပြုလုပ်ရပါတယ်။လာကြည့်တဲ့သူများကလည်းရိုးရာပွဲများတလေးတစားကြည့်ကြပြီးတန်ဖိုးထားကြပါတယ်။လက်မှတ်စျေးနှုန်းများမြင့်မားပေမယ့်လည်းလာရောက်ကြည့်ရှုသူများပြားကြပါတယ်။ရိုးရာအမွေအနှစ်ယဥ်ကျေးမှုကိုတန်ဖိုးထားလေးစားခြင်းဖြစ်ပါတယ်။ဂျပန်ရဲ့ဘာပဲလုပ်လုပ်တန်ဖိုးထားစည်းကမ်းတကျလုပ်တတ်ခြင်းကလည်းနာမည်ကြီးပါတယ်။ရာသီအလိုက်ပွဲတော်များ၊ပန်းပွဲတော်များနဲ့ရာသီအလိုက်ပွဲတော်များရှိခြင်းကလည်းယဥ်ကျေးမှုကိုထိန်းသိမ်းရာကျလှပါတယ်။ရိုးရာနှစ်သက်ကူးများတွင်ရိုးရာဝတ်စုံများဝတ်ဆင်ပြီးဘုရားကျောင်းကိုသွားလာခြင်းကလည်းရိုးရာယဥ်ကျေးမှုထိန်းသိမ်းမှုတစ်ခုဖြစ်ပါတယ်။ရာသီအလိုက်ပွဲတော်များကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။ဂျပန်သို့ခရီးအဖြစ်လာရောက်မယ်ဆိုရင်ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုကိုသွားရောက်လေ့လာသင့်ပါတယ်။

Shichi-Go-San ဆိုတဲ့ ဂျပန်ရိုးရာဓလေ့(七五三, Shichi-Go-San,Japanese culture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရိုးရာယဥ်ကျေးမှုနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese traditional culture)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ