ဂေရှားမယ်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Geisha)

ဂျပန်ရဲ့ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဂေးရှားမယ်နဲ့ပတ်သက်ပြီးပြောရမှာဖြစ်ပါတယ်။တေးဂီတ၊အကနဲ့ပတ်သက်ပြီးဖျော်ဖြေရတဲ့ဓလေ့ဖြစ်ပါတယ်။အဲဒိုခေတ်အလယ်ပိုင်းမှစတင်ပြီးနာမည်ကြီးလာတဲ့ရိုးရာယဥ်ကျေးမှုဖြစ်ပါတယ်။အဲဒီခေတ်အခါကအမျိုးသား၊အမျိုးသမီးဂေရှားမယ်များရှိကြပါတယ်။နောက်ပိုင်းခေတ်မှာတော့မိန်းကလေးဂေရှားမယ်များသာရှိကြပါတယ်။ဧည်သည်ဖျော်ဖြေမှုအတွက်အမျိုးသမီးဂေးရှားမယ်များကတင်ဆက်ပေးပြီး၊စားသောက်မှုနေရာများတာဝပန်ကိုဆောင်ရွက်ရပါတယ်။ရှေးယခင်ခေတ်များကတည်းကအခုထက်တိုင်ထိန်းသိမ်းထားကပြီး၊အခုနောက်ပိုင်းကျိုတိုလိုရှေးယဥ်မှုနေရာများမှာဂေရှားမယ်များကိုများသောအားဖြင့်တွေ့ရမှာဖြစ်ပါတယ်။

ဂေရှားမယ်များနဲ့ပတ်သက်ပြီး

ဂေးရှားမယ်များဟာမျက်နှာပေါ်မှာရှေးတုန်းကမိတ်ကပ်အဖြူရောင်ကိုဖြူဖွေးအောင်လိမ်းခြယ်ထားပြီး၊လှပတဲ့ကီမိုနိုဝတ်စုံကိုဝတ်ဆင်ထားပြီး၊ဂျပန်ရိုးရာအနီရောင်ထီးကိုကိုင်ထားပြီး၊ခေါင်းပေါ်မှာဆံပင်ထုံဖို့ဂျပန်ရိုးရာတန်ဆာဆင်ပစ်စ္စည်းများဖြင့်ထုံဖွဲ့ထားပါတယ်။ဂျပန်ကိုခရီးသွားနိုင်ငံခြားသားများအနေဖြင့်ဂျပန်ရဲ့ယဥ်ကျေးမှုပုံရိပ်အဖြစ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ရှေးယခင်ခေတ်တုန်းကရိုးရာလက်ဖက်ရည်တည်ခင်းပွဲများနဲ့ပန်းအလှဆင်ပွဲများမှာပါဝင်ဖျော်ဖြေကြပြီး၊နောက်တစ်ခုကပြဇာတ်ပွဲများလည်းဖျော်ဖြေကြပြီးလူငယ်များကအဓိကကပြတင်ဆက်ကြပါတယ်။အသက်အရွယ်အားဖြင့်နှစ်ဆယ်ပတ်ဝန်းကျင်များကဖျော်ဖြေကြပါတယ်။ဂေရှားမယ်ဖြစ်လာဖို့လေ့ကျင့်သင်ကြားချိန်ကငါးနှစ်ကနေခြောက်နှစ်အထိကြာမြင့်ပါတယ်။နောက်တစ်ခုအနေနဲ့ငယ်ရွယ်ပြီးလုပ်ကိုင်သူများကိုဂျပန်လိုမဲအိခိုလို့လည်းခေါ်ဝေါ်ကြပါတယ်။ခန်ဆိုင်းဘက်မှာတော့ဂေရှားမယ်မဖြစ်လာခင်မှာဟန်ဂရိုခုအဖြစ်လည်းခေါ်ဝေါ်ကြပါတယ်။အဓိကအလုပ်ကတော့ဖျော်ဖြေပွဲများနဲ့စားသောက်ဆိုင်များမှာအဓိကလုပ်ကိုင်ကြရပါတယ်။ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးဧည်သည်ပျော်ရွင်အောင်ကပြဖျော်ဖြေပေးရပါတယ်။အခုနောက်ပိုင်းမှာတော့နိုင်ငံတကာအခမ်းအနားမှာဂျပန်ရဲ့ယဥ်ကျေးမှုအဖြစ်ဖော်ပြခြင်းခံရပါတယ်။

ယဥ်ကျေးမှုပွဲတော်များမှဂေရှားမယ်

တိုကျိုဘက်မှာလည်းရှေးဟောင်းယဥ်ကျေးမှု၊ဘုရားကျောင်းများရှိတဲ့အဆာကူဆာမြို့များလိုနေရာမျိုးမှာပွဲတော်များနဲ့အတူဂေရှားမယ်များပါဝင်ဖျော်ဖြေလေ့ရှိပါတယ်။အဓိကဖျော်ဖြေတဲ့နေရာများကတော့စားသောက်ဆိုင်များတွင်တင်ဆက်ကြပါတယ်။အခုနောက်ပိုင်းကတော့အမြဲလိုလိုပွဲများမရှိဘဲတစ်ခါတလေလေ့ကျင့်သင်ကြားပေးတဲ့ပွဲများမှာလူနှစ်ဆယ်ခန့်သာလေ့ကျင့်မှုများသာပြုလုပ်နိုင်ပါတယ်။လေ့ကျင့်ရာမှာလည်းတစ်ခုချင်းအသေးစိတ်လေ့ကျင့်ရပြီးဂေရှားမယ်တစ်ယောက်ဖြစ်လာဖို့မလွယ်ကူပေ။ဂေရှားမယ်များအတွက်ဖျော်ဖြေပေးတဲ့နေရာတွေကိုသီးခြားသတ်မှတ်ပေးထားပြီးကျိုတိုလိုနေရာမျိုးမှာ(京の花街)မျိုးမှာဂေရှားယဥ်ကျေးမှုများကိုလေ့လာနိုင်ပါတယ်။အဲလိုနေရာသွားပြီဆိုတာနဲ့ရှေးခေတ်ဂျပန်ယဥ်ကျေးမှုအငွေ့အသက်များကိုခံစားရမှာဖြစ်ပါတယ်။ကပြသူများနဲ့တီးမှိုတ်သူများခွဲခြားထားပြီးရိုးရာဝတ်စုံကီမိုနိုများကိုစနစ်တကျဝတ်ဆင်ပြီးတင်ဆက်မှုပြုလုပ်ရပါတယ်။တေးဂီတများကိုလည်းစနစ်တကျသင်ယူလေ့လာမှုများနဲ့တူရိယာပစ္စည်းများကိုလည်းကျွမ်းကျင်စွာတီးခတ်နိုင်ရမှာဖြစ်ပါတယ်။

ဂေရှားမယ်များနဲ့ဝန်ဆောင်မှု

ဂျပန်ရဲ့ခရီးသွားလာမှုများထဲမှဂေရှားယဥ်ကျေးမှုများကနိုင်ငံခြားသားခရီးသွားများကိုစိတ်ဝင်စားစရာယဥ်ကျေးမှုဖြစ်လာပါတယ်။ဂေးရှားမယ်များရဲ့ပွဲများမှာပါဝင်ဆင်နွဲချင်သူများအနေနဲ့တစ်ဦးချင်းအနေနဲ့ဝင်ကြေးဂျပန်ယန်းသုံးသောင်းအထိကုန်ကျမှာဖြစ်ပြီး၊အဲအထဲမှာစားသောက်စရိတ်များလည်းပါဝင်ပြီးဟင်းပွဲများမှာယူချင်သူများအနေနဲ့နေ့လည်ခင်းငါးထောင်ကနေခြောက်ထောင်အထိကုန်ကျမှာဖြစ်ပြီး၊ညကတော့တစ်သောင်းကနေနှစ်သောင်းအထိကုန်ကျမှာဖြစ်ပါတယ်။ဂေရှားမယ်များရဲ့နာမည်နဲ့ပတ်သက်ပြီးခွဲခြားထားပြီး၊ရှေးဘခင်တုန်းကဂေရှားအမျိုးသားများရဲ့နာမည်ကိုလည်းခွဲခြားသတ်မှတ်ထားပါတယ်။တူရိယာတီးမှိုတ်တဲ့အဖွဲ့၊ကပြဖျော်ဖြေတဲ့ဂေရှားမယ်များရဲ့ဝတ်စားဆင်ယင်မှုများနဲ့ကပြဟန်များကခရီးသွားနိုင်ငံခြားသားများကိုဆွဲဆောင်နိုင်တဲ့ဂျပန်နိုင်ငံရဲ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်။ခေတ်အဆက်ဆက်ကနေအခုထက်တိုင်ထိန်းသိမ်းလာတဲ့ယဥ်ကျေးမှုရိုးရာတစ်ခုဖြစ်ပါတယ်။

ဂျပန်မှာသာတွေ့နိုင်သောထူးခြားသည့်ပွဲ၊အခမ်းအနားများအကြောင်း(၁)(Hinamatsuri, Sakura, Furisode, Japanese culture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂေရှားမယ်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Geisha)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ