တာခါအိုတောင်အကြောင်းနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Mt. Takao in Japan, Tokyo)

ဂျပန်နိုင်ငံဟာတောတောင်ရေမြေများဖြင့်ပတ်လည်ဝိုင်းထားတဲ့ကျွန်းနိုင်ငံဖြစ်ပါတယ်။အဲအထဲကမှတောင်များစွာရှိပါတယ်။ဂျပန်မှာရှိတဲ့နိုင်ငံခြားသားတော်တော်များများကတာခါအိုတောင်တက်ဖူးကြလိမ့်မယ်ထင်ပါတယ်။တောင်ရဲ့အပေါ်ကနေကြည့်ရတဲ့မြင်ကွင်းကလှပလှပြီး၊ဂျပန်လူမျိုးတော်တော်များများကလည်းရာသီဥတုကောင်းမွန်တဲ့နွေရာသီလိုအချိန်အခါမျိုးနဲ့ဆောင်းဦးရာသီလိုအချိန်မျိုးတွေမှာတောင်တက်များကြပါတယ်။တောင်တက်တဲ့အခါအဖွဲ့များနဲ့အတူတက်ရောက်ကြပြီး၊အဖွဲ့လိုက်စုစုစည်းစည်းတက်ကြပါတယ်။တောက်တက်တဲ့အခါစည်းကမ်းတကျတက်ရတာဖြစ်ပြီး၊အန္တာရယ်ကင်းအောင်အမှတ်အသားစာတန်းများဖြင့်တောင်တက်ရာနေရာတိုင်းမှာဖော်ပြထားပါတယ်။တောတောင်တလျှောက်သစ်ပင်ပန်းပင်များနဲ့သဘာဝကိုထိန်းသိမ်းထားတာကလည်းအတုယူစရာကောင်းလှပါတယ်။

တာခါအိုတောင်နဲ့ပတ်သက်ပြီး

အမြင့်ပေ၅၉၉မီတာမြင့်မားတဲ့တောင်ဖြစ်ပါတယ်။တိုကျိုရဲ့ဟာချိအိုဂျိမြို့မှာတည်ရှိပါတယ်။ရထားနဲ့သွားမယ်ဆိုရင်တစ်နာရီနီးပါးသွားရမှာဖြစ်ပါတယ်။ဘူတာကတော့(高尾山口駅)ဖြစ်ပါတယ်။တောင်အောက်ခြေမှတောင်ရဲ့အလယ်ပိုင်းပိုင်းအထိကိုကယ်ဘယ်ကြိုးနဲ့တက်လို့ရသလို၊သီးသန့်တောင်အောက်ခြမှတောင်ပေါ်အထိလည်းခြေလျှင်တက်လို့ရပါတယ်။တောင်တက်လို့အဆင်ပြေနိုင်မယ့်အဝတ်အစားများဝတ်ဆင်သင့်ပါတယ်။ကေဘယ်ကြိုးနဲ့တစ်ဝက်လောက်အထိစီးပြီး၊အဲဒီကနေခြေလျှင်တက်မယ်ဆိုရင်လေးဆယ်ငါးမိနစ်လောက်ဘဲကြာမြင့်မှာဖြစ်ပါတယ်။အခုလိုအချိန်အခါမျိုးဆယ်လပိုင်းမှာဂျပန်ရဲ့အထင်ကရနာမည်ကြီးဖြစ်တဲ့မိုးမင်းဂျီပန်းကလည်းအရောင်ပြောင်းပြီးအနီရောင်အဖြစ်ပြောင်းလဲပြီး၊တောင်တက်ရာလမ်းတလျှောက်မှာလှပနေမှာဖြစ်ပါတယ်။တောင်မတက်ခင်မှာလည်းလိုက်နာသင့်တဲ့အချက်အလက်များကိုလည်းဖော်ပြထားပါတယ်။လမ်းခုလတ်နေရာမှာလည်းအပန်းဖြေလို့ရမယ့်နေရာလေးတွေရှိပြီး၊အဆာပြေစားလို့ရအောင်မုန့်ဆိုင်များလည်းရှိပါတယ်။ဘုရားကျောင်းများလည်းရှိပြီး၊တောက်တက်သူများကလည်းဂါဝရပြုဆုတောင်းကြပါတယ်။တောတောင်ရဲ့အပင်များနဲ့စိမ်းစိုပြီးရောက်တဲ့နေရာတိုင်းကနေကြည့်ရတဲ့မြို့ရဲ့အစကနေအဆုံးမြင်ကွင်းကလည်းစိတ်ကိုလန်းဆန်းစေပါတယ်။တိုက်ခတ်တဲ့လေကလည်းတောင်တက်ရင်းအမောပြေစေပါတယ်။

စိတ်ဝင်စားစရာအချက်အလက်များနဲ့ပတ်သက်ပြီး

တောင်စတက်ကတည်းကတောင်နဲ့ပတ်သက်တဲ့အချက်အလက်များဖော်ပြထားပြီး၊တောင်နဲ့ပတ်သက်တဲ့လိုက်နာရမယ့်စည်းကမ်းများကိုဖော်ပြထားပါတယ်။အမှိုက်များမပစ်ဖို့နဲ့၊အမှိုက်ပုံးများကိုတော်တော်များများနေရာမှာထားရှိထားပါတယ်။သွားလာရလွယ်ကူအောင်မြေပုံများကိုနေရာတော်တော်များများမှာထားရှိထားပြီးတောင်တက်ရလွယ်ကူအောင်ထားရှိထားပါတယ်။တောင်တက်ပြီးနောက်အွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းကိုအပန်းဖြေစိမ်လို့ရပါတယ်။တာခါအိုတောင်ရှိတဲ့ဟာချိအိုဂျိပတ်ဝန်းကျင်နားမှာရှိပြီးအလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။အွန်စမ်းကိုတော့မနက်ရှစ်နာရီလောက်ကနေညဆယ့်တစ်နာရီအထိဖွင့်လှစ်ထားပါတယ်။ရေပူစမ်းဝင်ကြေးအနေနဲ့ပုံမှန်အားဖြင့်လူကြီးယန်းတစ်ထောင်၊ကလေးယန်းငါးရာပေးရမှာဖြစ်ပါတယ်။တောင်တက်ပြီးမပြန်ချင်တဲ့သူတွေအတွက်လည်းနီးစပ်ရာပတ်ဝန်းကျင်မှာအဆောင်ပုံစံတည်းခိုလို့ရတဲ့နေရာရှိပြီးတစ်ညတာတည်းခိုစရိတ်ဂျပန်ယန်းခြောက်ထောင်ကျော်ပတ်ဝန်းကျင်လောက်နဲ့တည်းခိုလို့ရတဲ့အဆင်ပြေစျေးသက်သာပါတယ်။

ခရီးသွားဝန်ဆောင်မှုနဲ့ပတ်သက်ပြီး

ဂျပန်ရဲ့ခရီးသွားဝန်ဆောင်မှုထဲကနေများစွာသောအကျိုးအမြတ်ရရှိနေတာဖြစ်ပါတယ်။ထူးခြားတဲ့ဝန်ဆောင်မှုနဲ့အပန်းဖြေစရာနေရာများစွာရှိပါတယ်။သဘာဝအရလှပတဲ့တောတောင်ရေမြေများကဆွဲဆောင်မှုရှိပါတယ်။တာခါအိုတောင်တက်ပြီးအပြန်မှာတောင်အောက်ခြေမှာရှိတဲ့(高尾山トリックアート美術館)ကလည်းစိတ်ဝင်စားစရာအနုပညာပြတိုက်ကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။တည်ဆောက်ထားတဲ့သက်တမ်းကနှစ်နှစ်ဆယ်ကျော်ကြာမြင့်ပြီးဖြစ်ပြီး၊ရောင်ပြန်ပုံစံတွေနဲ့အနုပညာမြောက်တဲ့ရုပ်ပုံတွေနဲ့သဘာဝကျစွာပြုလုပ်ထားတဲ့ရုပ်ပုံများကအသက်ဝင်စွာလှပနေပါတယ်။ပြတိုက်ဖွင့်ချိန်ကတော့မနက်ဆယ်နာရီကနေညခြောက်နာရီအထိဖွင့်လှစ်ပေးထားပါတယ်။ဝင်ကြေးအနေနဲ့လည်းလူကြီးဂျပန်ယန်းထောင်သုံးရာ၊ကလေးကယန်းငါးရာပေးရမှာဖြစ်ပါတယ်။မိုးမင်းဂျီပန်းများအရောင်ပြောင်းပြီးအနီရောင်အဖြစ်လှပစွာပွင့်တဲ့အချိန်အခါဖြစ်တဲ့ဆယ်လပိုင်းကနေဆယ့်တစ်လပိုင်းအချိန်အခါဖြစ်ပါတယ်။အရမ်းလှတဲ့အချိန်အခါဖြစ်တဲ့ဆယ့်တစ်လပိုင်းနှစ်ရက်ကနေသုံးဆယ်ရက်အထိတာခါအိုမိုးမင်းဂျီပန်းပွဲတော်ကိုကျင်းပကြပါတယ်။အဓိကကျင်းပတဲ့ရက်ကတော့စနေ၊တနင်္ဂနွေနေ့ရက်များနဲ့အနီရက်များတွင်ကျင်းပကြပြီး၊ပွဲတော်ကျင်းပတဲ့ရက်များအတွင်းအစားအသောက်ဆိုင်များရောင်းချစည်းကားလှပါတယ်။အရမ်းလှပတဲ့တာခါအိုတောင်ကိုတစ်ခါလောက်တက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ဂျပန်လူမျိုးများသဘောကျသောရေပူစမ်း(Onsen-Japanese hot springs)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တာခါအိုတောင်အကြောင်းနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Mt. Takao in Japan, Tokyo)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ