ဂျပန်ရဲ့တက္ကသိုလ်အမျိုးအစားများ(Types of Japanese universities)

ဂျပန်နိုင်ငံရဲ့တက္ကသိုလ်စုစုပေါင်းကများပြားစွာရှိပါတယ်။တက္ကသိုလ်စုစုပေါင်း၇၈၆ကျောင်းရှိပါတယ်။ပညာရေးအဓိကဦးစားပေးနိုင်ငံဖြစ်တာကြောင့်နာမည်ကြီးတက္ကသိုလ်များဝင်နိုင်ဖို့အထက်တန်းမှာကတည်းကသေချာကြိုးစားရပါတယ်။ဂျပန်နိုင်ငံအတွင်းမှာအမျိုးသားတက္ကသိုလ်များ၊ ပြည်သူ့တက္ကသိုလ်များ၊ပုဂ္ဂလိကတက္ကသိုလ်များဂျပန်တက္ကသိုလ်များကိုနိုင်ငံတော်နှင့်စီရင်စုအစိုးရများမှအုပ်ချုပ်သောအမျိုးသားတက္ကသိုလ်များနှင့်ပြည်သူ့တက္ကသိုလ်များနှင့်ကျောင်းကော်ပိုရေးရှင်းများမှလုပ်ကိုင်သောပုဂ္ဂလိကတက္ကသိုလ်များကိုခွဲခြားထားသည်။တစ်ချိုကျောင်းများမှပိုင်ဆိုင်သောအထက်တန်းကျောင်းများလည်းရှိပါတယ်။အဲဒီအထက်ကျောင်းပြီးရင်တစ်ခါတည်းမိမိတို့တက္ကသိုလ်ဝင်ခွင့်ဖြေဆိုအောင်မြင်ပြီးတက္ကသိုလ်တက်ရောက်ခွင့်ရနိုင်မှာဖြစ်ပါတယ်။

တက္ကသိုလ်အမျိုးအစားများနဲ့ပတ်သက်ပြီး

အစိုးရပိုင်ကျောင်းတွေအနေနဲ့ထဲကမှနာမည်ကြီးကျောင်းတွေဝင်မှသာအလုပ်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်။အဲအထဲကမှ「東京大学」ကတော့နံပါတ်တစ်ဖြစ်ပါတယ်။ဒီကျောင်းကပြီးတဲ့လူတွေကလုပ်ငန်းကြီးတွေကသဘောကျကြပါတယ်။「筑波大学」ဒုတိယအနေနဲ့ဆူခုဘတက္ကသိုလ်၊「大阪大学」တတိယကတော့အိုဆာကာတက္ကသိုလ်၊「名古屋大学」လေးကတော့နာဂိုယာတက္ကသိုလ်နဲ့「京都大学」ကျိုတိုတက္ကသိုလ်တို့ဖြစ်ပါတယ်။ခရိုင်အစိုးရပိုင်ကျောင်းထဲကမှနာမည်အကြီးဆုံးဖြစ်တဲ့「名古屋市立大学」နာဂိုယာမြို့ပိုင်တက္ကသိုလ်၊နှစ်ကတော့「東京都立大学」တိုကျိုမြို့ပိုင်တက္ကသိုလ်၊「大阪市立大学」တတိယအနေနဲ့အိုဆာကာမြို့ပိုင်တက္ကသိုလ်တို့ဖြစ်ပါတယ်။လေးခုမြောက်နာမည်ကြီးဆုံးအနေနဲ့「愛知県立大学」အအိချိစီရင်စုတက္ကသိုလ်၊ငါးကတော့「名桜大学」မဲအိဆာကူရာတက္ကသိုလ်ဖြစ်ပါတယ်။ပုဂ္ဂလိကကျောင်းတွေအနေနဲ့နာမည်ကြီးကျောင်းတွေကတော့「青山学院大学」တစ်ကတော့အအိုမိုရိတက္ကသိုလ်၊နှစ်ကတော့「近畿大学」ကင်ခိတက္ကသိုလ်ဖြစ်ပြီး၊「明治大学」သုံးကတော့မေအိဂျိတက္ကသိုလ်၊「慶應義塾大学」ခဲအိအိုခိဂျူခုတက္ကသိုလ်ကလေးခုမြောက်နာမည်အကြီးဆုံးဖြစ်ပြီး၊「関西大学」ငါးကတော့ခန်းဆိုင်းတက္ကသိုလ်နဲ့ခြောက်ကတော့「早稲田大学」ဝါဆဲဒတက္ကသိုလ်ကဂျပန်မှာရှိတဲ့နာမည်ကြီးတက္ကသိုလ်ဖြစ်ပါတယ်။

ဝိဇ္ဇာတွဲဘွဲ့အတွက်တက်ရောက်သင့်သောကျောင်းများ

ဝိဇ္ဇာတွဲအားကောင်းတဲ့ကျောင်းများကတော့(京都大学)ကျိုတိုတက္ကသိုလ်ကတော့ပထမဦးစားပေးကောင်းမွန်ပြီး၊ဒုတိယက(早稲田大学)ဖြစ်ပြီး၊တတိယကတော့(一橋大学)ဖြစ်ပြီးတော့၊(神戸大学)စတုတ္တာကကိုဘေးတက္ကသိုလ်၊ငါးခုမြောက်ကတော့(横浜国立大学)ယိုကိုဟားမားအမျိုးသားတက္ကသိုလ်၊(上智大学)ခြောက်ခုမြောက်ကဆိုဖီးယာတက္ကသိုလ်ဖြစ်ပြီး၊ခုနှစ်ခုမြောက်ကတော့(筑波大学)ဆူခုဘတက္ကသိုလ်ကတော့ဝိဇ္ဇာတွဲမှာနာမည်ကြီးတက္ကသိုလ်ဖြစ်ပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းပေါင်းများစွာရှိပါတယ်။အဲအထဲကမှနာမည်ကြီးပြီးအဲကျောင်းမှကျောင်းပြီးဆုံးသွားတဲ့သူတွေအတွက်အလုပ်ကောင်းကောင်းရရှိကြတာဖြစ်ပါတယ်။ဘာသာရပ်အနေနဲ့နာမည်ကြီး(学部)အနေနဲ့(法学部)ဥပဒေဘာသာရပ်၊(経済学部)စီးပွားရေးဘာသာရပ်၊နောက်တစ်ခုက(政治経済学部)နိုင်ငံစီးပွားရေးနဲ့နာမည်ကြီးနောက်တစ်ခုကတော့(商学部)စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဘာသာရပ်ဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဘာသာရပ်များထဲမှလူကြိုက်များတဲ့ဘာသာရပ်ဖြစ်ပါတယ်။

သိပ္ပံတွဲမှနာမည်ကြီးကျောင်းများနဲ့ဘာသာရပ်များ

သိပ္ပံတွဲထဲမှနာမည်ကြီးကျောင်းများကတော့(東京大学)ကတော့နာမည်ကြီးကျောင်းဖြစ်ပြီး၊ဒုတိယ(京都大学)ဖြစ်ပါတယ်။တတိယကတော့(東京工業大学)တိုကျိုခိုကယောတက္ကသိုလ်ဖြစ်ပါတယ်။လေးခုမြောက်နာမည်အကြီးဆုံးက(早稲田大学)ဖြစ်ပြီး၊ငါးခုမြောက်အနေနဲ့(慶應義塾大学)ခဲအိအိုဂိဂျူခုတက္ကသိုလ်၊(大阪大学)ခြောက်ခုမြောက်ကတော့အိုဆာကာတက္ကသိုလ်ဖြစ်ပါတယ်။ခုနှစ်မြောက်အနေနဲ့(東北大学)တိုဟိုခုတက္ကသိုလ်ဖြစ်ပါတယ်။သိပ္ပံတွဲကပိုပြီးခက်ခဲတဲ့အတွက်တက္ကသိုလ်ကောင်းကောင်းရဖို့မလွယ်ကူပေ။ဒီလိုတက္ကသိုလ်ကောင်းကောင်းပြီးမှအလုပ်ကောင်းကောင်းရမှာဖြစ်ပါတယ်။ဘာသာရပ်အနေနဲ့လည်း(理学部)သိပ္ပံဘာသာရပ်၊(工学部)အင်ဂျင်နီယာဘာသာရပ်၊(農学部)စိုက်ပျိုးရေးဘာသာရပ်နဲ့(情報理工学院)သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာဘာသာရပ်၊(物質理工学院)ပစ္စည်းသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်၊(生命理工学院)ဘဝသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်၊(環境・社会理工学院)သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်တို့ဖြစ်ပါတယ်။အခြားစိတ်ဝင်စားစရာဘာသာရပ်များစွာထဲမှမိမိစိတ်ကြိုက်ဖြစ်တဲ့ဘာသပ်ရပ်ကိုလေ့လာကြည့်သင့်ပါတယ်။

ဂျပန်တက္ကသိုလ်ရဲ့ဒီပလိုမာအထိသင်ကြားမယ်ဆိုရင်(If you’re planning to go to graduate)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ တက္ကသိုလ်/ဘွဲ့လွန်ကျောင်း/ ဂျပန်ရဲ့တက္ကသိုလ်အမျိုးအစားများ(Types of Japanese universities)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ