ဆာမူရိုင်းနဲ့ပတ်သက်သောဗဟုသုတရစရာအကြောင်းအရာများ(samurai)

ဂျပန်လို့ပြောရမယ်ဆိုရင်တော်တော်များများကဆာမူရိုင်းကိုသိကြမှာဖြစ်ပါတယ်။ရှေးဘုရင်လက်ထက်မှာစစ်သည်အနေနဲ့ဆမူရိုင်းကိုအသုံးပြုကြပါတယ်။စစ်ပွဲများမှာခက်ထန်တဲ့အပြုအမူနဲ့ပြင်းထန်တဲ့အနိုင်ရလိုစိတ်နဲ့တည်ငြိမ်တဲ့အမူအရာများကိုတွေ့မြင်နိုင်ပါတယ်။ဟဲအိယန်ခေတ်မှာပိုထင်ရှားပြီး၊ဂျပန်ရဲ့ထင်ရှားတဲ့သမိုင်းမှာနာမည်ကြီးပါတယ်။ကာမကုရခေတ်အချိန်ကာလနဲ့မုရောမချခေတ်အချိန်ကာလမှာပိုပြီးထင်ရှားခဲ့ပါတယ်။ကိုးရာစုနဲ့ဆယ်ရာစုတွင်ဆမူရိုင်းအဖွဲ့များပေါ်ပေါက်ခဲ့ပြီး၊ဟဲအိယန်ခေတ်မှာတော့တော်ဝင်မိသားစုနှင့်မင်းမျိုးအနွယ်ဝင်များအမှုတော်ထမ်းဆောင်ခဲ့ပါတယ်။စစ်အဝတ်အစားပုံစံကခန့်ညားလှပြီး၊အမြဲမပါမဖြစ်ဆောင်ထားတာကကင်ဒိုဓါးရှည်ဖြစ်ပါတယ်။တာဝန်ပေးအပ်မှုကိုအဆုံးထိတာဝန်ယူတတ်ပြီး၊တာဝန်မကျေရင်လည်းအပြစ်ပေးတာကိုကျေကျေနပ်နပ်ခံယူတတ်ပါတယ်။

စိတ်ဝင်စားစရာဆာမူရိုင်းများ

အပေါ်ဝတ်ရုံမှထူထပ်တဲ့သံကာဝတ်ရုံဖြင့်၊ခေါင်းမှာလည်းသံဇကာနဲ့ပြုလုပ်ထားတဲ့ထူးထပ်တဲ့ခေါင်းစွပ်နဲ့ခက်ထန်တဲ့မျက်နှာဖုံးကိုတန်ဆာဆင်ထားပါတယ်။ဒီလိုဝတ်စုံကတော့စစ်တိုက်ထွက်တဲ့အချိန်မှာအဓိကအသုံးပြုပါတယ်။ခါးဘေးမှာလည်းဂျပန်ကင်ဒိုဓါးကိုချိတ်ဆွဲထားပြီး၊ခက်ထန်တဲ့ပုံစံအနေအထားရှိပါတယ်။လျင်မြန်တဲ့ဓါတ်ကွက်တွေနဲ့တိုက်ပွဲတွေမှပြင်းထန်တဲ့စိတ်ဓါတ်တွေကြောင့်အနိုင်ရ၊နာမည်ကြီးလှပါတယ်။မကြောက်မရွေ့တိုက်ခတ်တတ်ပြီး၊ဆာမူရိုင်းရဲ့လေးစားဖွယ်အမူအရာကကိုယ်ကျိုးစွန့်ခြင်းအမူအရာဖြစ်ပါတယ်။ဆာမူရိုင်းကိုလည်းခွဲခြားထားပြီးဘူရှီလို့ခေါ်တဲ့အလယ်လတ်တန်းစားနဲ့အထက်တန်းစားစစ်သူရဲကောင်းတို့ရဲ့အဆင့်အတန်းများအနေနဲ့ဆက်စပ်သုံးစွဲလေ့ရှိပါတယ်။ခြောက်ရာစုမှာဆာမူရိုင်းပုံစံများကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအရေးကြီးတဲ့တစ်ခုအနေနဲ့တန်ဂျိဘုရင်ရဲ့လက်ထက်အေဒီ၆၄၆မှာပြုပြင်ပြောင်းလဲရေးများကိုသိသာစွာပြောင်းလဲခဲ့ပြီး၊ယဥ်ကျေးမှုထုံစံများ၊အုပ်ချုပ်ရေးနည်းလမ်းများကိုပြန်လည်အစပျိုးပြုပြင်ခဲ့ပါတယ်။

ခေတ်အခြေအနေနဲ့ကွဲပြားလာမှုများ

ဆာမူရိုင်းစစ်သားများအနေနဲ့အဲခေတ်အခါကအခွန်အခများကင်းလွတ်ခွင့်ရခဲ့ပါတယ်။စစ်တပ်ပုံစံကိုလည်းဂန်ဒန်ဆေးခေတ်မှာစနစ်တကျဖွဲ့စည်းခဲ့ပြီး၊အဲဒီခေတ်အခါမှာတာဝန်ထမ်းဆောင်ချိန်ကြာမြင့်ခဲ့ပါတယ်။နောက်ပိုင်းမှာတိုင်းဟိုဥပဒေပေါ်ပေါက်ခဲ့ပြီး၊မင်းမူထမ်းဥပဒေကိုအဆင့်ဆယ့်နှစ်ဆယ့်ခွဲခြားခဲ့ပါတယ်။ပထမဆုံးအဆင့်ကိုအဆင့်မြင့်အရာရှိအဆင့်နဲ့အကြံပေးအရာရှိအဆင့်ဖြစ်ပါတယ်။အဆင့်ခြောက်ရဲ့အောက်ကိုဆာမူရိုင်းအဆင့်အဖြစ်သတ်မှတ်ပါတယ်။ရှစ်ရာစုနဲ့ကိုးရာစုနှောင်းပိုင်းမှာကမ်မုဘုရင်ကဟွန်ရှူးမြောက်ပိုင်းကိုသိမ်းပိုက်ရန်အဆင့်မြင့်တင်ခဲ့ပြီး၊မြင်းစီးတိုက်ခိုက်ခြင်းနဲ့လေးမြှားတို့ကိုပိုမိုတတ်မြှောက်အောင်လေ့လာသင်ယူစေခဲ့ပါတယ်။ခုနှစ်ရာစုမှကိုးရာစုမှာပညာတတ်အမြောက်အများရှိလာခဲ့ပါတယ်။နောက်ပိုင်းခေတ်တွေမှာကမ်မူဘုရင်ဟာစစ်တပ်ကိုဖျက်သိမ်းခဲ့ပြီး၊ဘုရင်အာဏာတဖြည်းဖြည်းမှေးမှိန်ခဲ့ပါတယ်။ထိုခေတ်အခါကဆာမူရိုင်းဟာဘုရင်နဲ့မင်မူထမ်းများကိုအဓိကခစားကြရပါတယ်။

ပြောင်းလဲလာတဲ့ပုံစံများနဲ့ပတ်သက်ပြီး

အရင်တုန်းကဆာမူရိုင်းလို့မေခါ်ကြဘဲအွန်နာဘူဂေးရှားလို့ခေါ်ပါတယ်။အဲခေတ်အခါကအထက်တန်းစားအလွှာများကိုအကာအကွယ်ပေးရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။စက်မှုမထွန်းကားမှီခေတ်ကာလမှာစစ်ရေး၊စီးပွားရေး၊နိုင်ငံရေးအစရှိတဲ့နေရာများမှာပါဝင်ခဲ့ပါတယ်။အမျိုးသမီးများအနေနဲ့လည်းလက်နက်ပေါင်းစုံကာကွယ်ရေးတတ်မြောက်ထားရပါတယ်။အမျိုးသမီးသူရဲကောင်းများကိုအွန်နာဘူးဂေးသူရဲကောင်းများအဖြစ်အသိအမှတ်ပြုပြီး၊ဆာမူရိုင်းအမျိုးသားနည်းပါးမှုဖြေရှင်းဖို့အတွက်လေ့ကျင့်သင်ကြားပေးထားခြင်းဖြစ်ပါတယ်။ဆာမူရိုင်းစိတ်ဓါတ်ကလည်းလေးစားဖွယ်ကောင်းပြီး၊သစ္စာရှိခြင်း၊တာဝန်ကျေပြွန်ခြင်း၊ဂုဏ်သိက္ခရှိခြင်းများနဲ့ပြည့်စုံပါတယ်။သခင်အပေါ်သစ္စာရှိပြီး၊ရဲရင့်တဲ့စိတ်ဓါတ်များပိုင်ဆိုင်ထားတဲ့သူရဲကောင်းဖြစ်ပါတယ်။ပြတ်သားတဲ့စိတ်ဓါတ်ကြောင့်နာမည်ကြိးလှပါတယ်။မိမိတာဝန်ကိုအဆုံးထိယူတတ်ကြပြီး၊တာဝန်မကျေပွန်ခဲ့ရင်မိမိကိုယ်ကိုအဆုံးစီရင်တဲ့အထိပြင်းထန်တဲ့စိတ်ဓါတ်များရှိခြင်းကြောင့်အခုထက်တိုင်နာမည်ကြီးလှပါတယ်။

ဂေရှားမယ်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Geisha)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သမိုင်း/ ဆာမူရိုင်းနဲ့ပတ်သက်သောဗဟုသုတရစရာအကြောင်းအရာများ(samurai)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ