ဂျပန်ပိုက်ဆံများအကြောင်းနဲ့ပတ်သက်ပြီး(Japanese money)

ဂျပန်ပိုက်ဆံများကိုစိတ်ဝင်စားစရာ၊ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။ဂျပန်ပိုက်ဆံကိုယန်းအဖြစ်ခေါ်ဆိုကြပါတယ်။ဂျပန်ပိုက်ဆံနဲ့မြန်မာပိုက်ဆံတန်ဖိုးကွာဟမှုရှိပါတယ်။ဂျပန်ပိုက်ဆံတန်ဖိုးကပိုပြီးမြင့်မားမှုရှိပါတယ်။နောက်တစ်ခုကတော့အကြွေစေ့အနေနဲ့လည်းအသုံးပြုပါတယ်။ပိုက်ဆံရဲ့စက္ကူသားကောင်းမွန်ပြီး၊အရည်အသွေးကောင်းမွန်လှပါတယ်။ဘဏ်များမှာလည်နှစ်ဆယ့်လေးနာရီစက်တွေမှာထုတ်ယူလို့ရပါတယ်။နီးစပ်ရာကွန်ပနီစတိုးရဲ့ငွေထုတ်စက်မှုလည်းအချိန်မရွေးထုတ်လို့ရပါတယ်။စက်ရဲ့သတ်မှတ်ထားတဲ့ဘဏ်အမျိုးအစားအလိုက်ထုတ်ယူလို့ရပါတယ်။ဂျပန်ကိုလာမယ်ဆိုရင်ဘဏ်အမျိုးမျိုးရဲ့ဘဏ်ကဒ်လည်းပြုလုပ်လို့ရမှာဖြစ်ပါတယ်။ဘဏ်အမျိုးအစားလည်းအများကြီးရှိပြီး၊ဝန်ဆောင်မှုကောင်းမွန်လှပါတယ်။ဂျပန်ရောက်ရောက်ချင်းဂျပန်စာတိုက်ဘဏ်တစ်မျိုးသာဘဏ်စာအုပ်လုပ်လို့ရမှာဖြစ်ပြီး၊ခြောက်လကြာမှအခြားဘဏ်များပြုလုပ်လို့ရမှာဖြစ်ပါတယ်။

ဂျပန်ပိုက်ဆံအမျိုးအစားများနဲ့ပတ်သက်ပြီး

ဂျပန်ပိုက်ဆံအမျိုးအစားများကိုခွဲခြားသတ်မှတ်ထားပါတယ်။ယန်းတစ်သောင်းတန်ပိုက်ဆံကနေ၊ငါးထောင်၊နှစ်ထောင်၊တစ်ထောင်ဆိုပြီးသတ်မှတ်ပြီး၊အကြွေစေ့အနေနဲ့ယန်းငါးရာတန်အကြွေစေ့ကနေတစ်ရာ၊ငါးဆယ်၊တစ်ဆယ်၊ငါးယန်း၊တစ်ယန်းအစရှိသဖြင့်အကြွေစေ့အနေနဲ့အသုံးပြုကြပါတယ်။တန်ဖိုးကြီးတစ်သောင်းတန်များရှိသလို၊အကြွေစေ့များရှိတာကြောင့်အခက်အခဲမရှိပြန်အမ်းငွေလဲလှယ်တဲ့နေရာမှာလည်းအဆင်ပြေလှပါတယ်။ဘဏ်တွေကနေလည်းမိမိစုထားတဲ့ငွေထဲကနေအကြွေအစွန်းအထွက်များကိုပြန်လည်ထုတ်လို့ရတဲ့အတွက်စိတ်တိုင်းကျမှုရှိလှပါတယ်။ဘဏ်အနေနဲ့လည်းတိုကျိုမှာအသုံးများတာကမီဇူဟိုဘဏ်၊ရိဆိုနားဘဏ်နဲ့ဆူမိတိုမိုဘဏ်အစရှိသဖြင့်အသုံးများပါတယ်။ဘဏ်ပိုက်ဆံကနေငွေလွဲခြင်း၊ရေမီးဘေဆောင်ခြင်း၊အသုံးအဆောင်ပစ္စည်းများအတွက်ပေးချေခြင်းအစရှိသဖြင့်ခေတ်မှီစွာအသုံးပြုလာကြပါတယ်။ရထားကဒ်များအစရှိသဖြင့်ကိုလည်းငွေသားနဲ့ပြုလုပ်စရာမလိုဘဲ၊ခရစ်ဒစ်ကဒ်သို့မဟုတ်ဘဏ်ထဲမှာပိုက်ဆံရှိရုံနဲ့ပေးချေလို့ရတဲ့အတွက်အဆင့်မြင့်စွာအသုံးပြုလို့ရပါတယ်။

မြန်မာပိုက်ဆံနဲ့ဂျပန်ပိုက်ဆံကွာဟချက်များ

မြန်မာပိုက်ဆံကျပ်နဲ့ဂျပန်ပိုက်ဆံယန်းကကွာဟမှုရှိပါတယ်။ပုံမှန်အားဖြင့်ဆယ်ဆကနေဆယ့်တစ်ဆလောက်လောက်ကွာဟမှုရှိနိုင်ပါတယ်။ပိုက်ဆံစျေးနှုန်းတက်တဲ့အချိန်လိုက်ပြီးဒီထက်လည်းပိုများပြားနိုင်ပါတယ်။ဥပမာဂျပန်ယန်းတစ်ထောင်ဆိုရင်မြန်မာပိုက်ဆံနဲ့ကျပ်တစ်သောင်းအထက်ရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုအားသာချက်ကအကြွေသုံးတဲ့အတွက်ရောင်းဝယ်တဲ့အခါအကြွေပါမကျန်အခက်အခဲမရှိအဆင်ပြေစွာပြန်လည်ရရှိမှာဖြစ်ပါတယ်။စျေးတက်တဲ့အချိန်ဂျပန်ယန်းတစ်ယန်းကိုမြန်မာပိုက်ဆံဆယ့်လေးကျပ်အထိရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်ဂျပန်မှခရီးသွားများသည်မြန်မာပြည်ကိုအခုနောက်ပိုင်းခရီးသွားလာမှုပိုမိုများပြားလာပါတယ်။ခရီးစရိတ်အနေနဲ့သက်သာလှတဲ့အတွက်ဂျပန်ပိုက်ဆံနည်းနည်းသုံးရုံနဲ့တော်တော်များများသွားလာစားသောက်လို့ရတဲ့အတွက်သဘောကျအဆင်ပြေလှပါတယ်။အခုနောက်ပိုင်းကအရင်ကထက်စရင်ဂျပန်ဘဏ်တွေနဲ့ပိုမိုအလုပ်လုပ်လာတဲ့အတွက်ပိုက်ဆံလဲလှယ်ရတာတွေလည်းပိုမိုအဆင်ပြေလာပါတယ်။

ခေတ်တွေနဲ့အတူပြောင်းလဲလာနတဲ့ဂျပန်ပိုက်ဆံများ

ရှောဝခေတ်၁၉၄၂ခုနှစ်ကဒင်းဂါးပြားတွေရဲ့ပုံစံနဲ့ငွေစက္ကူတွေရဲ့ပုံစံကိုပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။အသေးစိတ်တစ်ခုချင်းစီကနေအရေအတွက်ကိုကန့်သတ်ပြီးထောင်ဂဏန်း၊သောင်းဂဏန်း၊အကြွေတွေကိုလည်းအစွန်းအထွက်အများကြီးမထားဘဲအရေအတွက်ကိုကန့်သတ်လိုက်တာဖြစ်ပါတယ်။လက်ရှိအသုံးပြုနေတဲ့ ဂျပန်ငွေစက္ကူဒီဇိုင်းတွေကိုအသုံးပြုတာနှစ်ပေါင်းနှစ်ဆယ်ကျော်သွားပြီဖြစ်လို့ငွေစက္ကူဒီဇိုင်းအသစ်တွေ ရိုက်နှိပ်ထုတ်ဝေခြင်းများကိုလည်းပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။ပြောင်းလဲမှုပုံစံများကိုပြင်ဆင်နေပြီး၂၀၂၄ခုနှစ်လောက်ပြောင်းလဲမယ်လို့ကြေငြာထားပါတယ်။၁၈၇၀ခုနှစ်လောက်မှာလည်းရွေရောင်ဒင်းဂါးကနေလက်ရှိသုံးနေတဲ့ငွေရောင်အကြွေစေ့ပုံစံကိုလည်းသိသိသာသာပြောင်းလဲမှုပြုလုပ်ခဲ့ပါတယ်။အကြွေစေ့ရဲ့ပုံစံများကိုလည်းနှစ်အလိုက်ဒီဇိုင်းပုံစံများကိုအကြိမ်ကြိမ်အခါခါပြုပြင်ပြောင်းလဲခဲ့များပြုလုပ်ခဲ့ပါတယ်။နှစ်တွေကတော့၁၉၄၈ခုနှစ်ကနေ၂၀၂၁ခုနှစ်အထိစ်အထိပြောင်းလဲမှုပြုလုပ်မယ့်ပုံစံများစွာဆက်လက်ပြုလုပ်နေပါတယ်။

ဂျပန်ရဲ့အနိမ့်ဆုံးအခြေခံလစာ(Minimum wage in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ ဂျပန်ပိုက်ဆံများအကြောင်းနဲ့ပတ်သက်ပြီး(Japanese money)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ