ဂျပန်ရဲ့ခေတ်အဆက်ဆက်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Japanese generation )

ခေတ်အနေနဲ့မျိုးဆက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မိဘတွေကနေနောက်ဆုံးမြေးရတဲ့အထိခေတ်အနေနဲ့မျိုးဆက်အနေနဲ့သတ်မှတ်ကြပါတယ်။ဂျပန်မှာတော့နှစ်ပေါင်းသုံးဆယ်လောက်ကိုခေတ်တစ်ခေတ်၊မျိုးဆက်တစ်ခုအဖြစ်သတ်မှတ်ပါတယ်။နှစ်တစ်နှစ်မှာမွေးဖွားလာတဲ့သူအချင်းချင်းစဥ်းစားတာတူညီကြနိုင်ကြပေမယ့်၊နောက်ထပ်ငယ်ရွယ်တဲ့ခေတ်ရဲ့စဥ်းစားပုံချင်းလည်းတူညီမှာမဟုတ်နိုင်ပါဘူး။ဂျပန်ဟာစစ်ပြီးခေတ်မှစီးပွားရေးပြန်လည်အင်အားကောင်းလာအောင်အဆင့်ဆင့်ပြန်လည်ကြိုးစားခဲ့ကြပါတယ်။ခေတ်တွေရဲ့နာမည်တွေကိုနာမည်တစ်ခုချင်းစီသတ်မှတ်ထားပြီး၊အဲထဲမှစီးပွားရေးပြန်လည်ဦးမော့လာတဲ့ခေတ်တွေကိုဖော်ပြလိုက်ပါတယ်။ပညာရေးကိုပိုပြီးဦးစားပေးကာလူတိုင်းပညာမတတ်မနေရပုံစံကိုပြုလုပ်ပြီး၊အဲထဲကမှအသိဥာဏ်ပိုကြွယ်ဝလာပြီးစီးပွားရေးအင်အားတောင့်တင်းအောင်ပြုလုပ်လာကြပါတယ်။အဲဒီခေတ်တွေထဲကမှဘာဘုယုခေတ်ကတော့ဂျပန်တွေရဲ့စီးပွားရေးတောင့်တင်းတဲ့ခေတ်ဖြစ်ပါတယ်။

နှစ်တွေရဲ့ပြောင်းလဲလာတဲ့စီးပွားရေးပုံစံများ

စီးပွားရေးပြောင်းလဲတဲ့နှစ်များကတော့၁၉၄၇ခုနှစ်ကနေ၁၉၄၉ခုနှစ်အထိစီးပွားရေးပြုပြင်ပြောင်းလဲခဲ့ပါတယ်။တက္ကသိုလ်တွေပြီးမြောက်ပြီးနောက်လုပ်ငန်းခွင်ထဲတင်ရောက်ကြိုးစားကြပြီး၊ဂျပန်စီးပွားရေးကအောင်မြင်တဲ့အချိန်အခါဖြစ်ပါတယ်။ဒန်ခိုင်းအိခေတ်လို့ခေတ်လို့ခေါ်ပါတယ်။အသက်လေးဆယ်ပတ်ဝန်းကျင်အချိန်ထိပျော်ရွင်စွာအားတက်သရောလုပ်ကြတဲ့ခေတ်အခါဖြစ်ပါတယ်။လူငယ်များများပြားတဲ့အချိန်ကာလဖြစ်ခဲ့ပြီး၊အစစအရာရာဖွဲ့ဖြိုးတဲ့အချိန်ကာလဖြစ်ပါတယ်။၁၉၆၀ခုနှစ်အတောအတွင်းမှာပညာရေးကိုအဓိကဦးစားပေးပြီး၊နိုင်ငံဖွဲ့ဖြိုးအောင်ပြုလုပ်ခဲ့ကြပါတယ်။၁၉၉၀ခုနှစ်ဘာဘုယုခေတ်စီးပွားရေးခေတ်ကတော့စီးပွားရေးတိုးတက်တက်တဲ့အချိန်အခါဖြစ်ပါတယ်။အဓိကဖွဲ့ဖြိုးတာကတော့၁၉၆၀ခုနှစ်မှာ၉.၂ရာခိုင်နှုန်းကနေနောက်ပိုင်းမှာသိသာပြောင်းလဲခဲ့ပါတယ်။၁၉၇၀ခုနှစ်ပတ်ဝန်းကျင်မှာ၄.၅ရာခိုင်နှုန်းအထိထပ်ပြီးဖွဲ့ဖြိုးခဲ့တာဖြစ်ပါတယ်။၁၉၆၄ခုနှစ်မှာတိုကျိုအိုလံပစ်ပွဲနဲ့၁၉၇၀ခုနှစ်မှာအိုဆာကာရဲ့ကုန်စည်ပြပွဲကြောင့်စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုခဲ့ပါတယ်။

ဘာဘုယုစီးပွားရေးခေတ်နဲ့ပြောင်းလဲမှုများ

ဒီခေတ်ကတော့ဂျပန်ရဲ့စီးပွားရေးတောင့်တင်းတဲ့အချိန်ကာလဖြစ်ပါတယ်။ပညာတတ်များပြားပြီး၊ကျောင်းပြီးပြီးအလုပ်အကိုင်ပေါများစွာလုပ်ကိုင်ရတဲ့ခေတ်ဖြစ်ပါတယ်။နဂိုကတည်းကဂျပန်ကနိုင်ငံတကာမှာအလုပ်အရမ်းလုပ်သောနိုင်ငံထဲပါဝင်ပြီး၊အဲခေတ်ကအလုပ်အရမ်းလုပ်ရတဲ့ခေတ်ဖြစ်ပါတယ်။အမျိုးသားနဲ့အမျိုးသမီးများအတွက်တန်းတူအခွင့်အရေးရရှိဖို့အတွက်၁၉၈၆ခုနှစ်မှာပြဌာန်းခဲ့ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းများပြားပြီးအခြေခံလစာခံစားခွင့်မြင့်မားခဲ့ကြပါတယ်။ဘာဘုယုခေတ်ကတော့၁၉၆၅ခုနှစ်ကနေ၁၉၆၉ခုနှစ်အတွင်းကိုသတ်မှတ်ထားပါတယ်။နောက်ခေတ်တစ်ခုကတော့ယုတိုရိခေတ်အခြေအနေကို၁၉၈၇ခုနှစ်ကနေ၂၀၀၄ခုနှစ်အတွင်းဖြစ်ပါတယ်။ဒီခေတ်အခါကအရမ်းတိုးတက်တဲ့အချိန်အခါမဟုတ်ဘဲ၊ပုံမှန်အတိုင်းလည်ပတ်တဲ့အချိန်အခါဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ဒီဆယ်နှစ်ပတ်ဝန်းကျင်မှာတော့စီးပွားရေးကသိသာမှုသိပ်မရှိဘဲပုံမှန်အတိုင်းဘဲရှိနေခဲ့ပါတယ်။အခုနောက်ပိုင်းမှာတော့စီးပွားရေးပြောင်းလဲမှုများကိုသိသာအောင်ပြုလုပ်လာကြပါတယ်။

ဆတိုရိခေတ်နဲ့ပတ်သက်ပြီးပြောင်းလဲမှုများ

ဆတိုရိခေတ်ကတော့၁၉၈၀ခုနှစ်ကနေ၁၉၉၀ခုနှစ်အတွင်းကခေတ်အခါဖြစ်ပါတယ်။ဒီခေတ်အခါကအရမ်းကောင်းတဲ့ခေတ်အခါတော့မဟုတ်ဘဲ၊ပုံမှန်အတိုင်းလည်ပတ်တဲ့ခေတ်အခါဖြစ်ပါတယ်။ပညာရေးကိုအဓိကဦးစားပေးပြုလုပ်ခဲ့သောခေတ်အခါဖြစ်ပြီး၊ဆတိုရိနဲ့ယုတိုရိခေတ်တွေမှာပြန်လည်တည်ဆောက်ခြင်း၊စီးပွားရေးပြောင်းလဲခြင်းကိုအဓိကပြုလုပ်ကြရတဲ့အချိန်ကာလဖြစ်ပါတယ်။နောက်မျိုးဆက်ခေတ်ကတော့မိရဲနစ်အယုခေတ်ဖြစ်ပါတယ်။၁၉၈၁ခုနှစ်အချိန်အခါဖြစ်ပါတယ်။၂၀၀၀ခုနှစ်လောက်မှာအရွယ်ပြီးလူငယ်တွေများပြားတဲ့အချိန်ကာလဖြစ်ပါတယ်။အဲလိုခေတ်အခါကကုမ္မဏီတစ်ခုမှာအချိန်ကြာကြာအလုပ်လုပ်ချင်သူတွေပေါများတဲ့အချိန်အခါဖြစ်ပါတယ်။အခုခေတ်မှာတော့ပြောင်းလဲမှုများရှိလာပါတယ်။အဲဒီခေတ်နောက်ပိုင်းမှာခေတ်မှီတဲ့ပုံစံများနဲ့စမတ်ဖုန်းနဲ့အိုင်တီပုံစံများအသွင်စီးပွားရေးပြောင်းလဲလုပ်ကိုင်လာကြပါတယ်။အချက်အလက်များပိုမိုပြည့်စုံလာပြီး၊ခေတ်တွေရဲ့ပြောင်းလဲမှုနဲ့အတူဝတ်ပုံစားပုံ၊ဖက်ရှင်ကအစပြောင်းလဲလာမှုနဲ့အတူ၊စီးပွားရေးနဲ့ပတ်သက်တဲ့စဥ်းစားပုံများကွဲပြားလာတာတွေ့ရမှာဖြစ်ပါတယ်။

ဂျပန်ရိုးရာယဥ်ကျေးမှုနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese traditional culture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သမိုင်း/ ဂျပန်ရဲ့ခေတ်အဆက်ဆက်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Japanese generation )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ