ဂျပန်ရဲ့အဆောက်အဦးဗိသုကာပညာနဲ့စိတ်ဝင်စားစရာများ(Japanese architecture)

ဂျပန်ရဲ့ဗိသုကာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအများကြီးရှိပါတယ်။တိုးတက်တဲ့နိုင်ငံဖြစ်တာနဲ့အညီ၊ဗိသုကာနဲပတ်သက်တဲ့အဆောက်အဦးများစွာရှိပါတယ်။ဗိသုကာပညာရပ်လေ့လာနိုင်မယ့်ကျောင်းများ၊အလုပ်လုပ်လို့ရတဲ့ကုမ္မဏီများစွာရှိပါတယ်။လေ့လာလို့ရမယ့်နေရာများ၊ပြတိုက်များလည်းများစွာရှိပါတယ်။အခုနောက်ပိုင်းမှာဗိသုကာဒီဇိုင်းဆန်းများဖန်တီးပြီး၊ပြတိုက်များအဖြစ်ဖန်တီးပြီးလာရောက်ကြည်ရှုသူများကိုဆွဲဆောင်လျက်ရှိပါတယ်။ဂျပန်ရိုးရာပုံစံများကိုလည်းအခုထက်တောင်ဖန်တီးလျက်ရှိပါတယ်။ပုံမှန်အဆောက်အဦးများထက်ကွဲပြားပြီး၊အခုနောက်ပိုင်းဒီဇိုင်းများကပိုမိုအံ့ဘြဖို့ကောင်းလှပါတယ်။ဂျပန်ရဲ့ဗိသုကာဒီဇိုင်းများအနေနဲ့ဒီပြင်နိုင်ငံဒီဇိုင်းများနဲ့မတူညီဘဲပုံစံကွဲပြားနေမှာဖြစ်ပါတယ်။ဂျပန်ရဲ့ရှေးယခင်ကသစ်သားနဲ့ဆောက်လုပ်တဲ့ပုံစံကနေတဖြည်းဖြည်းပြောင်းလဲတည်ဆောက်လာကြပါတယ်။

ဂျပန်ရဲ့အဆောက်အဦးနေရာနဲ့နာမည်ကြီးနေရာများ

ဂျပန်ကခေတ်မှီတဲ့နိုင်ငံဖြစ်တာနဲ့အညီခေတ်မှီတဲ့အဆောက်အဦးများစွာရှိပါတယ်။နာမည်ကြီးအဆောက်အဦးလည်းများစွာရှိပါတယ်။ဂျပန်မှာတိုကျိုမှာလည်းနာမည်ကြီးနေရာနဲ့အဆောက်အဦးများစွာရှိသလို၊အိုဆာကာလိုနေရာမျိုးမှာလည်းခေတ်မှီတဲ့အဆောက်အဦးများစွာရှိပါတယ်။တိုကျိုမှာဆိုရင်နာမည်ကြီးနေရာဖြစ်တဲ့မိုးမျှော်စင်လို့ခေါ်တဲ့စကိုင်းထရီးနဲ့တိုကျိုတာဝါအစရှိသဖြင့်နာမည်ကြီးနေရာတွေနဲ့ပြတိုက်အစရှိသဖြင့်နေရာများကလည်းနာမည်ကြီးပါတယ်။အခုနောက်ပိုင်းရှိဘူယာမှာရှိတဲ့ရှိဘူယာစကွန်ဘတ်ရူလို့ခေါ်တဲ့အဆောက်အဦးများမြင့်မားပြီးလှပပါတယ်။ရှိနဂဝါနဲ့တိုကျိုဘူတာမှာရှိတဲ့ရုံးအဆောက်အဦးများနဲ့စားသောက်ဆိုင်အဆောက်အဦးများကလည်းနာမည်ကြီးတဲ့နေရာများစွာရှိပါတယ်။ကျိုတိုမှာဆိုရင်တော့အဓိကကတော့ယဥ်ကျေးမှုအဆောက်အဦးဖြစ်ပါတယ်။ဘုရားကျောင်းများနဲ့ရိုးရာအဆောက်ကများပြားပြီး၊ခရီးသွားလာဖို့အကောင်းဆုံးနေရာဖြစ်ပါတယ်။ကျိုတိုကဂျပန်ရဲ့ယဥ်ကျေးမှုနေရာအဖြစ်သတ်မှတ်ထားပြီး၊ခရီးသွားများစွာလာရောက်လည်ပတ်တဲ့နေရာဖြစ်ပါတယ်။အိုဆာကာမှာလည်းခေတ်မှီတဲ့အဆောက်အဦးများစွာရှိပါတယ်။အဲအထဲကမှနာမည်ကြီးရဲတိုက်များ၊ပြတိုက်များနဲ့ဟိုတယ်အဆောက်အဦးများလည်းပါဝင်ပါတယ်။ဒီပြင်မြို့ကြီးများမှာလည်းခေတ်မှီတဲ့အဆောက်အဦးများစွာရှိပါတယ်။နာမည်ကြီးအဆောက်အဦးထဲမှတိုကျိုမှာဆိုရင်(国立新美術館)လိုနာမည်ကြီးဗိသုကာအဆောက်အဦးများကလည်းနာမည်ကြီးပါတယ်။အိုဆာကာမှာဆိုရင်(梅田スカイビル)အဆောက်အဦးကလည်းသွားရောက်လည်ပတ်ရင်မသွားမဖြစ်နေရာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုနာမည်ကြီးဗိသုကာအဆောက်အဦးကတော့(東京都庁舎)ဖြစ်ပါတယ်။အဆောက်အဦးမြင့်မားပြီးတိုကျိုမြို့ရဲ့နေရာအနှံ၊ရှုခင်းကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ဂျပန်ရောက်ရင်တော့သွားရောက်သင့်တဲ့နေရာများဖြစ်ပါတယ်။နောက်တစ်နေရာကတော့နာဂိုယာမှာရှိတဲ့(モード学園スパイラルタワーズ)အဆောက်အဦးဖြစ်ပါတယ်။ဂျပန်ဖောင်ဒေးရှင်းမှဖွင့်လှစ်တဲ့အသက်မွေးဝမ်းကျောင်းနဲ့စီးပွားရေးအဆောက်အအုံတစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်သူများနဲ့ပတ်သက်ပြီး

ဂျပန်အဆောက်အဦးတော်တော်များကဒီပြင်နိုင်ငံတွေနဲ့မတူဘဲဆောက်လုပ်ထားတဲ့ပုံစံကကွဲပြားပါတယ်။အဓိကကဂျပန်မှာငလျင်များစွားလှုပ်တဲ့အတွက်ကြောင့်ကာကွယ်နိုင်အောင်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ရိုးရာပုံစံလည်းမပျောက်သွားအောင်ဆောက်လုပ်ထားပြီး၊ဂျပန်ရဲ့ဆောက်လုပ်ထားတဲ့ပုံစံကကြည့်လိုက်တဲ့တာနဲ့မတူညီဘဲခေတ်မှီဆန်းသစ်တဲ့ပုံစံများစွာရှိပါတယ်။ဗိသုကာပညာရှင်များစွာလည်းရှိတဲ့အထဲမှ(安藤忠雄)(あんどう ただお)အမ်ဒိုးတထအိုဆိုတဲ့ဗိသုကာပညာရှင်ဖြစ်ပါတယ်။အခုနောက်ပိုင်းဥရောပဘက်မှာခေတ်စားလာတဲ့အိမ်ပုံစံဒီဇိုင်းများဖြစ်တဲ့မှန်တွေပတ်လည်ကာထားတဲ့ပုံစံနဲ့အဆောက်အဦးပုံစံကဘိလပ်မြေအေက်ခံပုံစံနဲ့အထဲကနေခိုင်ခံတဲ့ပုံစံနဲ့တည်ဆောက်ထားပါတယ်။ဒီဇိုင်းပုံစံကပုံမှန်တွေ့နေကြပုံစံနဲ့မတူဘဲကွဲပြားခြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။၁၉၈၄ခုနှစ်ကနေ၁၉၉၂ခုနှစ်အထိနာမည်ကြီးအဆောက်အဦးများစွာဆောက်လုပ်ခဲ့ပါတယ်။နောက်တစ်ယောက်အနေနဲ့( 丹下健三)(たんげ けんぞう)တန်ဂေခန်စိုးလို့ခေါ်တဲ့ဗိသုကာပညာရှင်ဖြစ်ပါတယ်။မြို့ပြစီမံကိန်းများနဲ့ယဥ်ကျေးမှုပြတိုက်များအစရှိသဖြင့်အဆောက်အဦးများစွာဆောက်လုပ်ပေးခဲ့ပါတယ်။အခုနောက်ပိုင်းထိနာမည်ကြီးနေတဲ့အဆောက်အဦးများစွာကိုဆောက်လုပ်ပေးခဲ့ပါတယ်။၁၉၁၃ခုနှစ်ကနေ၂၀၀၅ခုနှစ်အထိအဆောက်အဦးများစွာဆောက်လုပ်ပေးခဲ့ပါတယ်။အခြားအဆောက်အဦးပညာရှင်များစွာလည်းရှိပါတယ်ာ။နေက်တစ်ယောက်ကတော့(中村拓志)(なかむら ひろし)ဖြစ်ပါတယ်။အခုနောက်ပိုင်းခေတ်စားလာတဲ့ဒီဇိုင်းများကိုဖန်တီးပြီး၊(၂၀၀၈)ခုနှစ်မှာဂျပန်ဗိသုကာအသင်းကနေချီးမြှင့်တဲ့ဆုနဲ့(၂၀၁၀)ခုနှစ်မှာအစ်ဖန်တီးသူဗိသုကာဆုကိုရရှိခဲ့ပါတယ်။

ဂျပန်ရဲ့အဆောက်အဦးများနဲ့ဗဟုတများ

ဂျပန်အဆောက်အဦးများဟာအခြားနိုင်ငံတွေနဲ့မတူဘဲ၊တမူထူးခြားစွာလှပပါတယ်။ခိုင်ခန့်ပြီးငလျင်နဲ့အခြားသဘာဝဘေးဒဏ်မှခံနိုင်ရည်ရှိအောင်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ယဥ်ကျေးမှုအဆောက်အဦးများနဲ့အခုနောက်ပိုင်းခေတ်မှီတဲ့အဆောက်အဦးများကြောင့်ဒီပြင်နိုင်ငံတွေအထိနာမည်ကြီးလူသိများပါတယ်။အဲဒါကြောင့်ဂျပန်ကိုနှစ်စဥ်ခရီးသွားများပိုမိုလာရောက်ကြပြီး၊လည်ပတ်နေရာများနဲ့ပြည့်နှက်နေပါတယ်။နှစ်စဥ်ခေတ်မှီတဲ့အဆောက်အဦးများစွာဆောက်လုပ်ပြီး၊အဓိကမြင့်မားတဲ့အဆောက်အဦးများကတော့တိုကျိုနဲ့အိုဆာကာကအများဆုံးရှိပါတယ်။အမျိုးသမီးဗိသုကာပညာရှင်များစွာရှိပါတယ်။သဘာဝပတ်ဝန်းကျင်ကိုသေချာထိန်းသိမ်းထားပြီး၊ဆောက်လုပ်ထားတဲ့လူနေအိမ်များမှာလည်းအခုထက်တိုင်ရိုးရာအိမ်ပုံစံဒီဇိုင်းများလည်းရှိပါတယ်။နယ်ဘက်တွေမှာတော့အခုထိတိုင်ဂျပန်သစ်သားတွေနဲ့ပြုလုပ်ထားတဲ့ရှေးရိုးရာအိမ်ပုံစံများလည်းရှိပါတယ်။ဘုရားကျောင်းများကိုလည်းရှေးရိုးရာဒီဇိုင်းများဖြင့်ပြုလုပ်ထားတာကြောင့်နာမည်ကြီးပြီး၊ခရီးသွားများရဲ့စိတ်ဝင်စားတဲ့နေရာများပြားစွာရှိနေတာကြောင့်ဂျပန်ကိုသွားရောက်လေ့လာသင့်ပါတယ်။

ဂျပန်ရထားနဲ့ပတ်သက်လို့ဗဟုသုတရစရာအကြောင်းအရာများ(Japanese train and Shinkansen)

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရဲ့အဆောက်အဦးဗိသုကာပညာနဲ့စိတ်ဝင်စားစရာများ(Japanese architecture)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ