ဂျပန်ရဲ့မုန့်အချိုအစားအစာနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Seasoning of Japanese sweets)

ဂျပန်မှာလည်းမြန်မာနဲ့အတူမုန့်အချိုများစွာစားသောက်စရာများရှိပါတယ်။ဂျပန်ရိုးရာလက်ဖက်ခြောက်ကနေထုတ်လုပ်တဲ့မုန့်များ၊အသစ်များမှထုတ်လုပ်တဲ့မုန့်များ၊းဂျုံများမှထုတ်လုပ်တဲ့မုန့်အစရှိသဖြင့်အမယ်မျိုးစုံရှိပါတယ်။စတော်ဘယ်ရီနဲ့ပြုလုပ်ထားတဲ့မုန့်များကအရသာရှိပြီး၊ဆာကူရာပွင့်ဖတ်နဲ့အတူထုတ်ပိုးတဲ့ပုံစံမျိုးအစရှိသဖြင့်စိတ်ဝင်စားစရာမုန့်အချိုများကလည်းများပြားပါတယ်။နေရာဒေသပေါ်လိုက်ပြီးမုန့်အမျိုးအစားပြုလုပ်နည်းကွဲပြားသွားတတ်ပါတယ်။ပန်းများ၊အသီးများကနေလည်းမုန့်အချိုပုံစံများမှာထည့်သုံးတာကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။ဂျပန်မုန့်အချိုတွေရဲ့တော်တော်များများမှာဂျုံမုန့်ကိုအဓိကထားအသုံးပြုပြီး၊အဲဒါကိုမှအရောင်အမျိုးမျိုးနဲ့အခြေခံကာပြုလုပ်ပါတယ်။နောက်တစ်ခုကတော့ပဲ၊ပဲပုပ်အစရှိသဖြင့်ပါဝင်ကာပြုလုပ်ပါတယ်။အဓိကရောင်းတဲ့နေရာများကတော့ကုန်တိုက်များမှာတသီးတစ်သန့်ခင်းကျင်းပြသရောင်းချကြပြီး၊ခရီးသွားတဲ့အခါအနားယူစခန်းများမှာများသောအားဖြင့်အတွေ့များပါတယ်။

ဂျပန်ရဲ့ရိုးရာလက်ဖက်အရသာကနေပြုလုပ်သောမုန့်များ

ဂျပန်ရဲ့ရိုးရာလက်ဖက်ရည်အနေနဲ့နာမည်ကြီးပြီး၊အဲဒီကနေမှမုန့်အမျိုးမျိုးထုတ်လုပ်လာခဲ့ကြပါတယ်။အစိမ်းရောင်ပုံစံရှိပြီး၊အခုနောက်ပိုင်းရေခဲမုန့်များအထိပါထုတ်လုပ်လာကြပါတယ်။အရင်ခေတ်ကရေနွေးကြမ်းသောက်တဲ့ပုံစံကနေတဖြည်းဖြည်းပြောင်းလဲလာခြင်းဖြစ်ပါတယ်။မာချလို့ခေါ်တဲ့လက်ဖက်စိမ်းစတင်ပေါ်ပေါက်လာတာကတော့(၁၅)ရာစုနဲ့(၁၆)ရာစုမှာကျိုတိုမှာစနစ်တကျစိုက်ပျိုးခြင်းကအောင်မြင်ဖြစ်ထွန်းခဲ့တာဖြစ်ပါတယ်။လဖက်စိမ်းကနေထုတ်လုပ်တဲ့မုန့်များကတော့ကိတ်များ၊သကြားလုံး၊ချောကလက်အစရှိသဖြင့်မုန့်အချိုမျာလည်းရှိပါတယ်။ဂျပန်ကိုခရီးသွားမယ်ဆိုရင်အခုလိုလက်ဖက်စိမ်းနဲ့ပြုလုပ်တဲ့မုန့်များဟာကျန်းမာရေးအရလည်းကောင်းမွန်ပြီး၊အပြန်အမှတ်တရလက်ဆောင်အဖြစ်ဝယ်သွားသင့်ပါတယ်။ဂျပန်လို့ပြောရင်လက်ဖက်စိမ်း၊လက်ဖက်ရည်အခမ်းအနားများနဲ့တွဲဖက်မြင်မိကြမှာအသေအချာဖြစ်ပါတယ်။လက်ဖက်စိမ်းနဲ့ပတ်သက်တဲ့မုန့်များအစရှိတဲ့ရောင်းတဲ့ဆိုင်များကိုတခမ်းတနားဆိုင်ပုံစံများဖြင့်ရောင်းချကြပြီး၊ဆူပါ၊ကွန်ပနီစတိုးများပါမကျန်လက်ဖက်စိမ်းအရသာနဲ့ပတ်သက်တဲ့မုန့်များ၊ရေခဲချောင်း၊လက်ဖက်ရည်ဗူးအစရှိသဖြင့်နေရာအစုံမှာဝယ်ယူလို့ရရှိနိုင်မှာဖြစ်ပါတယ်။

ဂျပန်ရိုးရာကိနခိုမုန့်အချိုအရသာနဲ့ပတ်သက်ပြီး

အဓိကဂျုံနဲ့ပြုလုပ်ပြီး၊ပဲနဲ့ပဲပုပ်နဲ့ပြုလုပ်ထားသောမုန့်အမျိုးအစားဖြစ်ပါတယ်။ဂျုံသားနဲ့အဓိကပြုလုပ်ထားပြီးအပေါ်မှာအဝါရောင်အမှုန့်သုတ်လိမ်းထားပါတယ်။စားလိုက်ရင်လည်းအထဲကပဲပုပ်ရဲ့အရသာကပေါ်လွင်စေပါတယ်။ဟဲအိအန်ခေတ်မှာနာရမြို့ကနေထုတ်လုပ်တဲ့အစားအစာဖြစ်ပြီး၊အထက်တန်းစားအစားအသောက်တစ်ခုဖြစ်ပါတယ်။အဲဒိုခေတ်ရောက်လာတဲ့အခါလူကြိုက်များလာခဲ့ပါတယ်။ကိနခိုကိုစားခြင်းအားဖြင့်ကျန်းမာရေးကိုကောင်းမွန်စေပြီး၊ပင်ပန်းနွမ်းနယ်ခြင်းနဲ့အိုမင်းခြင်းကိုကာကွယ်ပေးပါတယ်။နောက်ပြီးပဲပုပ်ကိုအသုံးပြုထားတဲ့အတွက်အရိုးနဲ့ပတ်သက်ပြီးကောင်းမွန်စေတဲ့အတွက်စားသုံးသင့်တဲ့အစားအစာဖြစ်ပါတယ်။ဂျပန်ကိုခရီးသွားလာမှုပြုခဲ့ရင်စားသုံးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။အခုနောက်ပိုင်းကိနခိုကော်ဖီအဖြစ်ထုတ်လုပ်ထားပြီး၊ဂျပန်ရိုးရာမုန့်ဖြစ်တဲ့အတွက်နေရာတော်တော်များများမှာအမှတ်တရစားစရာအဖြစ်ရောင်းချကြပါတယ်။ခရီးသွားနေရာများမှာလည်းရောင်းချပေးသလို၊နေရာတော်တော်များများမှာလည်းဝယ်ယူလို့ရနိုင်ပါတယ်။

ဂျပန်ရိုးရာအန်ခိုမုန့်အချိုအရသာနဲ့ပတ်သက်ပြီး

အဓိကပါဝင်ပစ္စည်းများကတော့ပဲမျိုးစုံ၊အာလူး၊သစ်အယ်သီးအစရှိသဖြင့်နယ်ပြီး၊လှပအေင်လုံးပြီးစားရပါတယ်။ဂျပန်လူမျိုးများဟာပေါင်မုန့်ထဲမှာလည်းကြှပ်စားတတ်ကြပါတယ်။အရောင်ကတော့အမဲရောင်ဖြစ်ပါတယ်။ကြိုက်နှစ်က်တဲ့အရောင်ပုံစံပြောင်းပြီးလည်းစားကြပါတယ်။အခုနောက်ပိုင်းဟန်ဘာကာဆိုင်များမှာလည်းအသုံးပြုလာပြီးဟန်ဘာကာထဲမှာလည်းကြှပ်စားကြပါတယ်။မုန့်အနှစ်နဲ့အရုပ်ပုံစံများပြုလုပ်ပြီးအတွင်းထဲမှာအန်ခိုကိုထည့်ပြီး၊ကလေးများအကြိုက်ကင်ပြီးလည်းရောင်းချပေးပါတယ်။ခရီးသွားနေရာများမှာလည်းအမှတ်တရစားစရာအဖြစ်ဝယ်ယူကြပါတယ်။ရေခဲမုန့်ထဲအချိုအဖြစ်လည်းထည့်စားကြပါတယ်။ကျန်းမာရေးအနေနဲ့ပဲနီပါဝင်တဲ့အတွက်အသားအရေကောင်းမွန်စေပြီး၊ဆံပင်ထိန်းသိမ်းပေးပါတယ်။အိုမင်းခြင်းကိုလည်းကာကွယ်ပေးတဲ့အတွက်ဂျပန်ကိုရောက်ခဲ့မယ်ဆိုရင်စားသင့်တဲ့အစားအစာဖြစ်ပါတယ်။အဆီချခြင်းသူများအတွက်လည်းအသုံးဝင်ပါတယ်။တစ်ခါလောက်စားလိုက်ရင်အဆာပြေတဲ့အတွက်အဆီချပိန်ချင်သူများအတွက်အဆင်ပြေပါတယ်။ဂျပန်ကနေအမှတ်တရမုန့်လက်ဆောင်အဖြစ်လည်းဝယ်ယူကြတဲ့မုန့်လည်းဖြစ်ပါတယ်။

ဂျပန်ရဲ့လက်ဖက်ရည်ကြမ်းနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Japanese tea)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရဲ့မုန့်အချိုအစားအစာနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Seasoning of Japanese sweets)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ