ဂျပန်နိုင်ငံရဲ့ နာမည်ကြီးသမိုင်းဝင် ရဲတိုက်များ (Japanese castle)

ဂျပန်ရဲ့ယဥ်ကျေးမှုအမွေအနှစ်လို့ပြောရမယ်ဆိုရင်ရဲတိုက်များဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ယနေ့အထိထင်ကရနေရာများမှာတည်ဆောက်ထားပြီးတော့ ဂျပန်နိုင်ငံရဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတွေအဖြစ်လူတွေလာရောက်လည်ပတ်လျက်ရှိပါတယ်။။ရှေးခေတ်ကတည်းကဆောက်လုပ်ထားတဲ့ရဲတိုက်များစွာရှိပြီး၊အဲဒိုခေတ်ကဆောက်လုပ်ထားတဲ့ရဲတိုက်များကလည်းအခုထက်တိုင်တည်ရှိနေပါတယ်။ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ရဲတိုက်အရေအတွက်နှစ်သောင်းငါးထောင်ရှိပါတယ်။ရဲတိုက်ရဲ့အောက်ခြေမှာအဓိကအားဖြင့်ကျောက်တုံးများဖြင့်စီတန်းထားပြီးခိုင်ခံမှုရှိအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ရဲတိုက်များရဲ့ သမိုင်းကြောင်းနှင့် နာမည်ကြီး ရဲတိုက်တွေ အကြောင်းတွေကို မိတ်ဆက်ပေးသွားပါမယ်။ 

မာတိကာ 

  1. ရဲတိုက်များရဲ့သမိုင်းကြောင်းများ။
  2. ရဲတိုက်အမျိုးအစားများ။
  3. ဂျပန်နိုင်ငံရဲ့ နာမည်ကြီးရဲတိုက်များ။

ရဲတိုက်များရဲ့ သမိုင်းကြောင်းများ

ရှေးယခင်ခေတ်များကရဲတိုက်များတွင်ဆာမူရိုင်းများနေခဲ့ကြပြီး၊(၁၆၁၅)ခုနှစ်အဲဒိုခေတ်မှာရဲတိုက်ထိန်းသိမ်းခွင့်ဥပဒေများကိုပြဌာန်းခဲ့ပါတယ်။ရဲတိုက်များကိုစစ်အတွင်းအကာအကွယ်နေရာအဖြစ်အသုံးပြုခဲ့ကြပြီး၊အုပ်ချုပ်မှုရဲ့အဓိကနေရာ၊ဘုရင်တွေရဲ့အဓိကနေထိုင်တဲ့နေရာဖြစ်ပါတယယ်။ရဲတိုက်များကိုများသောအားဖြင့်ကုန်းမြင့်များတွင်တည်ဆောက်ထားပါတယ်။ရဲတိုက်ကိုတည်ဆောက်တဲ့မှာအောက်ခြေမှာကျောက်တုံးများဖြင့်အခြေခံကာတည်ဆောက်ပြီး၊တည်ဆောက်မှုကျွမ်းကျင်တဲ့အနနိုးချူးလို့ခေါ်တဲ့အလုပ်သမားများကိုသီးသန့်ခိုင်းစေတည်ဆောက်ရပါတယ်။ရဲတိုက်ကိုအနည်းဆုံးနှစ်ထပ်ပုံစံဖြင့်တည်ဆောက်ရပါတယ်။အခုနောက်ပိုင်းငလျင်ဒဏ်များကြောင့်ရဲတိုက်များကိုပြန်လည်ပြုပြင်တည်ဆောက်ကြရပါတယ်။စစ်ပြီးခေတ်နောက်ပိုင်းမှာလည်းရဲတိုက်များကိုပြန်လည်တည်ဆောက်ခဲ့ရပြီး၊ရှောဝခေတ်(၁၉၅၄)ခုနှစ်မှာတိုးရာမရဲတိုက်ကိုတည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းပျက်စီးသွားသောပြတိုက်များကိုလည်းပြန်လည်တည်ဆောက်ခဲ့ပါတယ်။

အဓိကကတော့အဲဒိုခေတ်မှာတည်ဆောက်ခဲ့သောရဲတိုက်များကများပြားပါတယ်။ဟဲအိယန်ခေတ်ကနေကာမကုရခေတ်အထိရဲတိုက်များများစွာဆောက်လုပ်ခဲ့ပါသေးတယ်။စစ်အတွင်းမှာလည်းအကာအကွယ်၊ခိုလှုံရာနေရာတစ်ခုအဖြစ်အသုံးပြုခဲ့ကြပါသေးတယ်။ရဲတိုက်များကိုသွားရောက်လည်ပတ်ရင်း၊အဲဒေသများမှာရှိတဲ့နာမည်ကြီးအစားအသောက်များလည်းစားသောက်လို့ရနိုင်မှာဖြစ်ပါတယ်။ဂျပန်ရိုးရာအစားအသောက်များဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အတွက်ကြောင့်ဂျပန်ကိုရောက်ခဲ့မယ်ဆိုရင်တစ်ခါလောက်စားသုံးသင့်သောအစားအစာဖြစ်ပါတယ်။ရဲတိုက်များကမြင်ရတာနဲ့ဝင့်ကြွားပြီး၊များသောအားဖြင့်ကုန်းမြင့်များတွင်အဓိကတည်ဆောက်ထားပါတယ်။ကျောက်တုံးများကိုအခြေခံတည်ဆောက်ထားတာကြောင့်၊များသောအားဖြင့်နှစ်ပေါင်းများစွာမပျက်စီးဘဲတာရှည်ခိုင်ခန့်ပါတယ်။အခုနောက်ပိုင်းပိုမိုထိန်းသိမ်းလှပြီး၊ယူနစ်စကိုကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်ရဲတိုက်များများပြားလာပါတယ်။နိုင်ငံခြားခရီးသွားများ၊ဂျပန်လူမျိုးများပါအခုလိုမိုးမင်းဂျီပွင့်တဲ့ဆောင်းဦးရာသီမျိုးနဲ့ဆာကူရာပန်းများပွင့်တဲ့အချိန်ရဲတိုက်များရှိရာနေရာဒေသများကိုတကူးတကခရီးသွားကြပါတယ်။အဓိကကတော့ခုနှစ်ရာစုနဲ့ကိုးရာစုမှာစတင်တည်ဆောက်ခဲ့ကြတာဖြစ်ပြီး၊ကာမကုရခေတ်မတိုင်မှီမှာလည်းဆာမူရိုင်းများဟာရဲတိုက်များကိုများပြားစွာတည်ဆောက်ခဲ့ပါတယ်။

ရဲတိုက်အမျိုးအစားများ။

ဂျပန်နိုင်ငံရဲ့ ရဲတိုက်တွေကိုတော့ မြေမျက်နှာသွင်ပြင်ကိုမူတည်ပြီးတော့ သေသေချာချာ အချက်အလက်ကျကျ နဲ့စီစဥ်ပြီးဆောက်ထားကြပါတယ်။ အထူးသဖြင့် ရန်သူကိုခုခံဖို့နဲ့ ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် ဆောက်လုပ်မယ့်နေရာတွေကို သေချာစဥ်းစားပြီးတော့ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အောက်ပါ အချက်အလက်တွေကိုအခြခံပြီးတော့အောက်ပါအတိုင်း ၄ မျိုးတွေ့နိုင်ပါတယ်။ 

  • 山城 (Yamajiro) : “တောင်ပေါ်ကရဲတိုက်”; တောင်ထိပ်မှာ ဆောက်တဲ့ ရဲတိုက်။
  • 平山城 (Hirayamajiro / Hirayamajo) : “တောင်ပြန့်ရဲတိုက်”, “တောင်ပြန့်မှာဆောက်တဲ့ ရဲတိုက်။
  • 平城 (Hirajiro / Hirajo) : “မြေပြန့်ရဲတိုက်”; မြေပြန့်မှာဆောက်တဲ့ ရဲတိုက်။ 
  • 海城 (Umijiro) : “ပင်လယ်ရဲတိုက်”; ပင်လယ်မှာဆောက်တဲ့ ရဲတိုက်။ 

Okinawan ရဲတိုက်များ။

အိုကီနာဝါမှာ ဆောက်တဲ့ ရဲတိုက်တွေကို グスク (Gusuku) သို့မဟုတ် スク (Suku) အစသဖြင့်ခေါ်လေ့ရှိကြပါတယ်။ お城 (Oshiro) နှင့် 城 (Shiro) တို့နဲ့ အဓိပ္ပာယ်အတူတူဖြစ်ပါတယ်။ グスク (Gusuku) ဆိုရင် ကြောက်စရာကောင်းတဲ့ နေရာလို့လဲ အဓိပ္ပာယ်ရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးရဲတိုက်များ။

ရဲတိုက်တွေကို ဂျပန်လို ဆိုရင် 城 (Shiro) သို့မဟုတ် お城 (Oshiro) လို့ခေါ်ပါတယ်။ နောက်ပြီးတော့ ရဲတိုက်နာမည်နဲ့ တွဲပြောရင်တော့ 城 ကို “-jo” လို့ခေါ်ပြီးတော့ ဥပမာ အိုဆာကာရဲတိုက်ဆိုရင်တော့ 大阪城(Osaka Jo)ဆိုပြီးတာ့ အသံထွက်ပါတယ်။ ဒါဆိုရင် ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ ရဲတိုက် တွေကိုကြည့်လိုက်ကြရအောင်။

Himeji ရဲတိုက် 

Himeji ရဲတိုက်ကတော့ Himeji မြို့မှာရှိတဲ့ ရဲတိုက်တစ်ခုဖြစ်ပါတယ်။ ၁၇ ရာစု အစပိုင်းမှာဆောက်လုပ်ခဲ့တဲ့ ရဲတိုက်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု အမွေအနှစ်အဖြစ် ၁၉၉၃ ခုနှစ်မှာ စတင်ပြီးတော့ ယူနက်စကိုရဲ့မှတ်တမ်းတင်ခြင်းကိုထားရတဲ့ ရဲတိုက်တစ်ခုဖြစ်ပါတယ်။ ရဲတိုက်ကြီးကိုတော့ အဖြူရောင် သုပ်ထားပြီးတော့ 白鷺城 (Shirosagijo) လို့ခေါ်တဲ့ ရဲတိုက်အမျိုးအစားမျိုးဖြစ်ပါတယ်။ 

ရဲတိုက်အတွင်းပိုင်းအထိ ဝင်ရောက်လေ့လာနိုင်ပြီးတော့ လက်မှတ်ကတော့ ယန်း ၁၀၀၀ ကနေ ယန်း ၃၀၀ အထိ အစားစားရှိပါတယ်။ ဝင်နိုင်တဲ့ အချိန်ကတော့ မနက် ၉ နာရီကနေပြီးတော့ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ နောက်ပြီးတော့ လက်မှတ်တွေကိုကြိုတင်ပြီးဝယ်ယူလို့ရတဲ့ စနစ်မျိုးမရှိတဲ့ ဝင်ရောက်တဲ့ နေ့မှာသာဝယ်ယူနိုင်ပါတယ်။ 

Matsumoto ရဲတိုက် 

Matsumoto ရဲတိုက် ကတော့ Matsumoto မြို့ Nagano ခရိုင်မှာတည်ရှိတဲ့ရဲတိုက်ဖြစ်ပြီးတော့ Himeji ရဲတိုက်နဲ့ မတူဘဲနဲ့ အနက်ရောင်နှင့် အဖြူရောင် ရဲတိုက်ကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တခြားရဲတိုက်တွေနဲ့ မတူဘဲ Himeji ရဲတိုက်နဲ့ အတူတူပဲ ၆လွှာရှိပြီးတော့ ၅ လွှာကိုသွားရောက်ပြီးတော့ လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ Matsumoto ရဲတိုက်ကတော့ တောင်ပေါ်မှာဆောက်ထားတဲ့ ရဲတိုက်မဟုတ်ဘဲနဲ့ မြေပြန့်ရဲတိုက်ဖြစ်ပြီးတော့ 水堀 (Mizubori) လို့ခေါ်တဲ့ ကျုံး ၃ခုဝန်းရံထားပါတယ်။ 

Hikone ရဲတိုက် 

တတိယမြောက်ရဲတိုက်ကတော့ Hikone ရဲတိုက် ပဲဖြစ်ပါတယ်။ Hikoneမြို့၊ Shiga ခရိုင်မှာတည်ရှိပြီးတော့ ညဘက်ဆိုရင် မီးထွန်းပြီးပြသပါတယ်။ ‌နောက်ပြီးတော့ Hikone ရဲတိုက် ကတော့ Hikoneမြို့ရဲ့ ကာရိုက်တာ ပြယှဒ်တစ်ခုဖြစ်ပါတယ်။ 

Inuyama ရဲတိုက် 

Inuyama ရဲတိုက်ကလဲ Inuyama မြို့မှာည်ရှိတဲ့ ရဲတိုက်ဖြစ်ပါတယ်၊ နောက်ပြီးတော့ ဂျပန်နိုင်ငံမှာ လက်ရှိတည်ရှိတဲ့ ရဲတိုက်တွေကြားထဲမှာ အရှေးကျဆုံးရဲတိုက်လို့လဲ ဆိုကြပါတယ်။ ရဲတိုက်ရဲ့ အနောက်ကြောမှာတော့ မြစ်ရှိပြီးတော့ ရဲတိုင်ကို ရန်သူတွေတိုက်ခိုက်ရ ခက်ခဲအောက် လုပ်ထားခြင်းဖြစ်ပါတယ်။ 

Matsue ရဲတိုက်

Matsue ရဲတိုက်ကတော့ Shimaneခရိုင် Matsue မြို့မှာရှိပြီးတော့ Himeji ရဲတိုက်ပြီးရင် ဒုတိယ အကြီးဆုံးရဲတိုက်ဖြစ်ပါတယ်။ နောက်ပြီးတော့ တတိယအမြင့်ဆုံး ရဲတိုက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု အမွေအနှစ်အနေနဲ့ စာရင်သွင်းခြင်းခံခဲ့ရပါတယ်။ နောက်ပြီး ငါးလွှာရှိပြီး ၄ လွှာကို လေ့လာနိုင်ပါတယ်။

Kumamoto ရဲတိုက် 

Kumamoto ရဲတိုက်ကတော့ Kato Kiyomasa လို့ခေါ်တဲ့ နာမည်ကြီး ရဲတိုက်‌ဆောက်တဲ့သူ ဖြစ်ပြီးတော့ Nagoya ရဲတိုက်ဆောက်တဲ့ အချိန်မှာလဲပါဝင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ နောက်ပြီးတော့ ရဲတိုက်ရဲ့ ပိုင်ရှင်လဲဖြစ်ခဲ့ပါတယ်။ ရဲတိုက်ကြီးကတော့ မြေငလျင်ဒဏ်ခံစားခဲ့ရပြီးတော့ ပြန်လည်တည်ဆောက်ခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ ရဲတိုက်တာဝါကြီးကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

Osaka ရဲတိုက် 

1583 ခုနှစ်မှာ Toyotomi Hideyoshi ကတောာ့ Himeji ရဲတိုက်မှာနေခဲ့ပြီးတော့ အိုဆာကာကို ပြောင်းရွေ့ပြီးတော့ အိုဆာကာမှာ ၁၅ နှစ်လောက် အိုဆာကာရဲတိုက်ကို ဆောက်လုပ်ခဲ့ပါတယ်။ မူလ အိုဆာကာ ရဲတိုက်ကြီးကတော့ ယခုလက်ရှိပုံမှန် အိုဆာကာရဲတိုက်ထပ် ၄၊ ၅ ဆ လောက်ကြီးပါတယ်။ Toyotomi ကျဆုံးပြီးနောက်ပိုင်းမှာတော့ အိုဆာကာရဲတိုက်ကြီးပါမီးလောင်ခဲ့ရပါတယ်။ နောက်ပြီး မူလရဲတိုက်က ရွှေရောင်ဖြစ်ပါတယ်။ Tokugawa Shogunate က၁၀ နှစ်ကြာ အိုဆာကာ ရဲတိုက်ကို ပြန်လည်တည်ဆောက်ပြီးခဲ့ပေမယ့် ပြန်ပြီးမီး‌လောင်ခဲ့ရပါတယ်။ 

Nijo ရဲတိုက် 

Nijo ရဲတိုက်ကတော့ ရှေးဟောင်ယဥ်ကျေးမှု အမွေအနှစ်တွေပေါများတဲ့ မြို့ဖြစ်တဲ့ ကျိုတိုမြို့မှာတည်ရှိပါတယ်။ နောက်ပြီးတော့ ရဲတိုက်ကြီးကိုတော့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းယဥ်ကျေးမှုစာရင်းအဖြစ်လဲ တင်သွင်းခြင်းခံထားရပါတယ်။ Nijo ရဲတိုက်ကြီးကတော့ သူခိုးရန်ကနေ ကာကွယ်နိုင်ဖို့အတွက် ကြမ်းပြင်တွေကိုနင်းလိုက်ရင် ငှက်အော်သံထွက်တဲ့ အချက်ကြောင့် နာမည်ကြီးပါတယ်။ 

Ako ရဲတိုက် 

Ako ရဲတိုက်ကတော့ Hyogo ခရိုင်၊ Akashi မှာရှိပြီးတော့ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်နေရာ တစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ ရဲတိုက်တစ်ခုလဲ ဖြစ်ပါတယ်။ 

Edo ရဲတိုက် 

Edo ရဲတိုက်ကတော့ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီးတော့ တိုကျိုရဲ့  Chiyoda မှာရှိပါတယ်။ ယခုလက်ရှိ နန်းတော်အနေနဲ့ တည်ရှိနေတဲ့ နေရာလဲဖြစ်ပါတယ်။ 

Shuri ရဲတိုက် 

Shuri ရဲတိုက် ကတော့ အိုကီနာဝါ  Naha မြို့မှာရှိတဲ့ ရဲတိုက်ဖြစ်ပြီးတော့ Ryukyu မင်းဆက် ၄၅၀ နှစ်ကြာတည်ရှိခဲ့တဲ့ နေရာကြီးလဲဖြစ်ပါတယ်။ နောက်ပြီးတော့ Ryukyu မင်းဆက်ရဲ့ နိုင်ငံရေး၊ ယဥ်ကျေးမှုနှင့် ဒီမိုကရေစီတို့အတွက်ဗဟိုနေရာကြီးလဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ယူနစ်စကိုရဲ့ ရိုးရာယဥ်ကျေးမှု အမွေအနှစ်ကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့် ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ ပင်မအဆောက်အအုံကြီးအပါအဝင် နေရာ ၉ နေရာ မီးလောင်ပြာကျခဲ့ရပါတယ်။ ပြန်လည်တည်ဆောင်ရေးလုပ်ငန်းတွေလုပ်နေကြပြီးတော့ ၂၀၂၆ ခုနှစ်မှာ ပြီးဖို့အတွက်မျှော်မှန်းထားပါတယ်။ 

Takeda ရဲတိုက် နေရာ‌ဟောင်း

ဂျပန်မှာတော့ ရဲတိုက်လက်ကျန်နေရာတွေအများကြီးရှိပါတယ်။ အဲဒီထဲမှာတော့ Takeda ရဲတိုက် ရဲ့နေရာဟောင်းလဲ ပါဝင်ပါတယ်။ Hyogoခရိုင် Asago မြို့မှာတည်ရှိပြီးတော့ တစ်နှစ်ပတ်လုံး လှပတဲ့ မြင်ကွင်းတွေကိုတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ ကောင်ကင်ပေါ်က ရဲတိုက်လို့လဲ ခေါ်တွင်လေ့ရှိပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သမိုင်း/ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးသမိုင်းဝင် ရဲတိုက်များ (Japanese castle)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ