ဂျပန်ရဲ့ရှောပင်းထွက်လို့အဆင်ပြေဆုံးနေရာများ(Shopping spots in Tokyo)

ဂျပန်မှာစျေးဝယ်လို့ရတဲ့နေရာများစွာရှိပါတယ်။အဲအထဲကမှတိုကျိုကတော့စည်းကမ်းပြီး၊စျေးဝယ်ထွက်လို့အကောင်းဆုံးဖြစ်ပါတယ်။တိုကျိုကတော့စျေးဝယ်ထွက်ရတာစုံလင်ပြီး၊အမျိုးအစားစုံလင်လှပါတယ်။လည်ပတ်စရာနေရာများပြားပြီး၊ဆိုင်များကလည်းများပြားပါတယ်။အဓိကကတော့ဂျပန်မှာလူငယ်တွေအသွားများတဲ့ရှင်းဂျူခု၊ရှိဘူယာနဲ့ဟာရဂျူခုများမှာအဝယ်များကြပါတယ်။တိုကျိုပတ်ဝန်းကျင်မှာစျေးဝယ်ရင်းစားသောက်လို့ရတဲ့ခေါက်ဆွဲဆိုင်၊အသားကင်ဆိုင်၊အိဇာကာရလို့ခေါ်တဲ့စားသောက်တဆိုင်များကလည်းစျေးဝယ်ရင်းစားသောက်လို့ရနိုင်ပါတယ်။စျေးကြီးတဲ့ဆိုင်များဖြစ်တဲ့နာမည်ကြီးဆိုင်များနဲ့အတူစျေးသက်သာတဲ့တဆိုင်များလည်းများပြားစွာရှိပါတယ်။ကုန်တိုက်တွေမှာလည်းစျေးဝယ်နေရာအပြင်၊မိသားစုနဲ့ကလေးများအတွက်အဆင်ပြေအောင်ကစားကွင်းများဖြင့်ခေတ်မှီအောင်တည်ဆောက်ထားပါတယ်။

တိုကျိုရဲ့စျေးဝယ်ကောင်းတဲ့နေရာများ

လူငယ်တော်တော်များများအသွားအလာများပြီးဝယ်ယူကြတာကရှိဘူယာလိုနေရာမျိုးဖြစ်ပါတယ်။ရှိဘူယာမှာလက်ရှိအသစ်ဆောက်လုပ်ထားတဲ့စျေးဝယ်စင်တာနဲ့နာမည်ကြီးအဆောက်အဦးဖြစ်တဲ့(渋谷スクランブルスクエア)ဖြစ်ပါတယ်။ရှိဘူယာဘူတာမှာတည်ရှိပြီး၊ဘူတာနဲ့ကပ်လျက်မှာရှိပါတယ်။တစ်ဖက်မှာမြင့်မားတဲ့အဆောက်အဦးနဲ့ရုံးခန်းများ၊အစားသောက်ဆိုင်များပါဝင်ပါတယ်။အပေါ်ဆုံးမှာရှိဘူဘာစကိုင်းလို့ခေါ်တဲ့နာမည်ကြီးနေရာရှိပြီး၊တဖက်မှာစျေးဝယ်စင်တာကိုကပ်ပြီးတည်ဆောက်ထားပါတယ်။နာမည်ကြီးတံဆိပ်အဝတ်အစားများစွာနဲ့အသုံးအဆောင်များစွာကိုရရှိနိုင်မှာဖြစ်ပါတယ်။နောက်တစ်နေရာကတော့(ラフォーレ 原宿)ဖြစ်ပါတယ်။ဟာရဂျူခုဘူတာကနေလမ်းလျှောက်မယ်ဆိုရင်ငါးမိနစ်လောက်လမ်းလျှောက်ရမှာဖြစ်ပါတယ်။ဟာရဂျူခုကတော့ဂျပန်ရဲ့ဖက်ရှင်မြို့တော်အဖြစ်နာမည်ကြီးပြီး၊လူငယ်များအမြဲသွားလာနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။လူငယ်အကြိုက်ဒီဇိုင်းများနဲ့စိတ်ဝင်စားစရာပုံစံအများအပြားတွေ့ရမှာဖြစ်ပါတယ်။ကုန်တိုက်အတွင်းစားသောက်ဆိုင်များကလည်းအရသာရှိလှပါတယ်။

စျေးဝယ်နေရာများနဲ့ပျော်ရွင်စရာနေရာများ

စျေးဝယ်နေရာများထဲမှစည်းကားတဲ့နေရာဖြစ်တဲ့ရှင်ဂျူခုမှာရှိတဲ့(新宿NEWoman)ဖြစ်ပါတယ်။ရှင်ဂျူခုဘူတာမှာရှိပါတယ်။အမျိုးသား၊အမျိုးသမီးအဝတ်အစုံမျိုးစုံရှိပြီး၊ကုန်တိုက်အတွင်းစားသောက်ဆိုင်းများစွာရှိပါတယ်။ဘူတာနဲ့ကပ်လျှက်နေရာမှာရှိပြီး၊လူအသွားများတဲ့နေရာဖြစ်ပါတယ်။ရှင်ဂျူခုရဲ့စည်းကားလှတဲ့စားသောက်ဆိုင်မျိုးစုံနဲ့ကုန်တိုက်အတွင်းမှနာမည်ကြီးတံဆိပ်များ၊အသုံးအဆောင်ပစ္စည်းများကြောင့်လာရောက်ဝယ်ယူသူများပြားပါတယ်။နောက်တစ်ခုကတော့ရှင်ဂျူခုမှာဘဲရှိတဲ့(ルミネ新宿)ဖြစ်ပါတယ်။ဘူတာရဲ့အရှေ့ထွက်ပေါက်ကနေထွက်မယ်ဆိုရင်တန်းမြင်ရမှာဖြစ်ပါတယ်။ဂျပန်မှာအခုလိုကုန်တိုက်ရဲ့နာမည်ကိုတော်တော်များများသိကြပါတယ်။အထူးသဖြင့်မိန်းကလေးအများစုကအခုလိုနေရာမှာစျေးဝယ်ထွက်ခြင်းကြောင့်ဖြစ်ပါတယ်။အခုလိုကုန်တိုက်များကိုဂျပန်ရဲ့အိခေ၊ယူရခုချောအစရှိတဲ့နေရာများမှာလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။နာမည်ကြီးတံဆိပ်များ၊ရုံးသုံးပစ္စည်းများ၊မိန်းကလေးအလှကုန်ပစ္စည်းများနဲ့စားသောက်ဆိုင်များကြောင့်စည်းကားလှပါတယ်။

ကုန်တိုက်များနဲ့စည်းကားရာနေရာများ

တိုကျိုပတ်ဝန်းကျင်မှာကုန်တိုက်တွေများစွာရှိပါတယ်။ကုန်တိုက်များကကြိးမားပြီး၊ဆောက်လုပ်တဲ့ဒီဇိုင်းများကဆန်းသစ်လှပါတယ်။နာမည်ကြီးတံဆိပ်များ၊စားသောက်ဆိုင်များ၊ရုပ်ရှင်ရုံများဖြင့်စည်းကားလှပါတယ်။အဲအထဲကမှတစ်နေရာအပါအဝင်ဖြစ်တဲ့(ダイバーシティ東京)ဖြစ်ပါတယ်။အိုဒိုင်းဘဆိုတဲ့နေရာမှာရှိပါတယ်။လှပတဲ့နေရာများ၊ကုန်တိုက်များကဘေးပတ်ပတ်လည်မှာများစွားရှိပါတယ်။မြစ်ကိုဖြတ်ပြီးဆောက်ထားတဲ့တံထားကနေဖြတ်သွားတဲ့ရထားများ၊ကားများနဲ့ရှုခင်းများအလှကြောင့်အဲဒီနေရာကနာမည်ကြီးလှပါတယ်။ဂျပန်မှာရှိတဲ့မြန်မာလူများလည်းသွားရောက််လည်ပတ်ကြတဲ့နေရာထဲမှတစ်ခုအပါအဝင်ဖြစ်ပါတယ်။ကုန်တိုက်ရဲ့အရှေ့မှာကြီးမားတဲ့စက်ရုပ်ကိုချထားပြီး၊ကုန်တိုက်ကိုစိတ်ဝင်စားအောင်ဆွဲဆောင်နေပါတယ်။နာမည်ကြီးအဝတ်အစားတံဆိပ်များ၊အသုံးအဆောင်ပစ္စည်းများနဲ့လှပတဲ့ရှုခင်းများကြောင့်လာရောက်ဝယ်ရောက်သူများပြားပါတယ်။တိုကျိုပတ်ဝန်းကျင်နားနောက်တစ်နေရာကတော့(アーバンドック ららぽーと豊洲)ဖြစ်ပါတယ်။ကိုတိုရပ်ကွက်မှာတည်ရှိပြီး၊လှပတဲ့မြစ်ကမ်းဘေးရှိပါတယ်။မိသားစုများအပန်းဖြေလို့ရတဲ့နေရာများဖန်တီပေးထားပြီး၊ရှုခင်းများကလည်းလှပပါတယ်။အိမ်အသုံးအဆောင်ပစ္စည်းများ၊စားသောက်ဆိုင်များနဲ့လှပတဲ့အဝတ်အစားဒီဇိုင်းများကြောင့်လူကြိုက်များပါတယ်။

ဂျပန်ရဲ့အဆောက်အဦးဗိသုကာပညာနဲ့စိတ်ဝင်စားစရာများ(Japanese architecture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်ရဲ့ရှောပင်းထွက်လို့အဆင်ပြေဆုံးနေရာများ(Shopping spots in Tokyo)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ