ဂျပန်အိမ်ပြောင်းတဲ့အခါသတိထားစရာအကြောင်းအရာများ(How to move in Japan)

ဂျပန်မှာအိမ်ပြောင်းတဲ့အခါပြုလုပ်ရမယ့်အကြောင်းအရာများစွာရှိပါတယ်။အိမ်ကိုပြန်လည်သန့်ရှင်းရေးလုပ်ပေးရမယ့်ကိစ္စများအပြင်၊အိမ်မှာနေထိုင်တဲ့အခွန်အခများဖြစ်တဲ့ရေဖိုး၊မီးဖိုး၊ဂတ်စ်ဖိုးအစရှိသဖြင့်ကိုသုံးခဲ့တဲ့လအတိုင်းအပြီးပြတ်ရှင်းပေးရပါမယ်။တစ်ချို့အိမ်ခန်းဌားတဲ့နေရာများမှာတခါတည်းတစ်လစာပိုယူထားတာမျိုးရှိပါတယ်။အဲဒါမှအိမ်ပြောင်းတဲ့အခါအဆင်ပြေနိုင်တဲ့အတွက်တစ်ခါတည်းယူထားကြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကအမှိုက်တွေရှင်းလင်းတာဖြစ်ပါတယ်။အမှိုက်တွေကဂျပန်မှာရက်နဲ့လိုက်ပြီးအမှိုက်ခွဲခြားပစ်ရတာဖြစ်ပါတယ်။မီးလောင်တဲ့အမှိုက်၊မလောင်တဲ့အမှိုက်၊ကော်ဗူး၊သံဗူးအစရှိသဖြင့်ခွဲခြားပြီးပစ်ရပါတယ်။အခန်းသန့်ရှင်းတဲ့နေရာမှာလည်းတစ်ချို့ကသန့်ရှင်းရေးလူတွေခိုင်းသလိုမျိုး၊နိုင်ငံခြားသားများကချွေတာပြီးကိုယ့်ဘာသာရှင်းကြလေ့ရှိပါတယ်။အိမ်မှာတစ်ခုခုပျက်စီးတာမျိုးရှိရင်လည်းပျက်စီးသွားသလောက်ပြန်လည်ပေးဆောင်ပေးရပါတယ်။

အိမ်ပြောင်းတာနဲ့ပတ်သက်ပြီးဗဟုသရစရာ

အရင်ဆုံးအကွာအဝေးပေါ်လိုက်ပြီး၊သာမန်ပြောင်းလို့မရတာမျိုးရှိပါတယ်။အဲဒီအခါမျိုးမှာအဌားကားကုမ္မဏီကိုဖုန်းဆက်ပြီး၊မိမိပြောင်းချင်တဲ့နေရာ၊ပစ္စည်းအမျိုးအစားများကိုပြောပြပြီးရွေ့ခိုင်းရတာမျိုးရှိပါတယ်။အဲဒီကုမ္မဏီကတော့(ファースト引越センタ)ဆိုပြီးရွေ့ပြောင်းပေးတဲ့အဌားကားဖြစ်ပါတယ်။ပစ္စည်းများကိုရွေ့ပြောင်းပေးပြီး၊ကြီးမားတဲ့ရေခဲသေတ္တာ၊အဲကွန်းအစရှိသဖြင့်ပစ္စည်းကြီးများအထိပါရွေ့ပြောင်းပေးပါတယ်။နှစ်ဆယ့်လေးနာရီဖုန်းဆက်လို့ရပါတယ်။အသေးစိတ်ကတော့အဲဒီကုမ္မဏီရဲ့ဝက်ဆိုက်မှာသွားရောက်လေ့လာနိုင်ပါတယ်။ရွေ့ပြောင်းချင်တဲ့ပစ္စည်းများကိုကတ်ထူပုံးနဲ့ထည့်ထားရမှာဖြစ်ပြီး၊သပ်သပ်ရပ်ရပ်ထည့်ချင်တဲ့ပစ္စည်းများကိုကုမ္မဏီကနေထည့်စရာပုံးများပေးပါတယ်။စျေးနှုန်းကပုံမှန်အရ(၁၆၂၀၀)ယန်းဖြစ်ပါတယ်။အဲထက်ကြီးမားတဲ့ပြောင်းရွေ့မှုပုံစံဆိုရင်ဒီထက်ပိုပြီးကုန်ကျနိုင်ပါတယ်။ဂျပန်ရဲ့နေရာဒေသတော်တော်များများမှာရှိတဲ့အတွက်အိမ်ပြောင်းတဲ့အခါအဆင်ပြေပါတယ်။ဂျပန်မှာအိမ်ပြောင်းရွေ့တဲ့အခါများသောအားဖြင့်(၁၅)သောင်းကနေ(၂၀)သောင်းအထိကုန်ကျလေ့ရှိပါတယ်။သုံးလပိုင်းနဲ့လေးလပိုင်းဟာဂျပန်မှာအိမ်ပြောင်းအများဆုံးလဖြစ်တဲ့အတွက်သောင်း(၃၀)ကနေ(၄၀)အထိကုန်ကျနိုင်ပါတယ်။

အိမ်လခအပြင်ကုန်ကျနိုင်တဲ့စရိတ်များ

အိမ်တစ်အိမ်ပြောင်းတဲ့အခါပဲဖြစ်ဖြစ်တက်တဲ့အခါပဲဖြစ်ဖြစ်ကုန်ကျစရိတ်များစွာကုန်ကျနိုင်ပါတယ်။ထိုအထဲကမှကုန်ကျနိုင်တဲ့စရိတ်များကတော့ပထမဆုံးအိမ်စတက်ရင်အိမ်လခတစ်လစာ(敷金)ကြိုတင်ပေးရပါတယ်။နောက်တစ်ခုကအိမ်သော့အပါအဝင်အခြားပါဝင်ပစ္စည်းများ(礼金)အတွက်တစ်လစာပေးရပါတယ်။ဆက်လက်ပြီးပေးရတာက(仲介手数料)မိတ်ဆက်ခအဖြစ်အိမ်ပွဲစားတွေကိုပေးရတာဖြစ်ပါတယ်။အိမ်လခတစ်လစာအပြင်၊အခွန်ပါထည့်တွက်မှာဖြစ်ပါတယ်။အခြားတစ်ခုအနေနဲ့တစ်လစာအပေါင်(前家賃)ပေးရမှာဖြစ်ပါတယ်။အဲဒါကလည်းအိမ်လစာတစ်လစာပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လတစ်လမှာအိမ်တက်တဲ့ရက်အပေါ်မူတည်ပြီးရက်တွက်ပြီးပိုက်ဆံပေးချေရတာမျိုးရှိပါတယ်။အဲဒါကို(日割り家賃)ဟိဝရိယချင်လို့ခေါ်ပါတယ်။နောက်တစ်ခုကတော့(保証会社利用料)အိမ်အာမခံကုမ္မဏီကြေးပေးရတာဖြစ်ပါတယ်။အဲဒါကတော့အိမ်လခတစ်လစာရဲ့တဝက်ပေးရမှာဖြစ်ပါတယ်။အိမ်တစ်အိမ်မှာအရေးကြီးတာကဂျပန်မှာမီးအရေးပေါ်ဖြစ်လာရင်ကာကွယ်ဖို့အတွက်မီးအာမခံ(火災保険料)ဝင်ရတာဖြစ်ပါတယ်။အဲဒါကဂျပန်ပိုက်ဆံယန်းတစ်သောင်းခွဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့(鍵交換費用)သော့များပျက်စီးတာတစ်ခုခုဖြစ်သွားခဲ့ရင်ပြုပြင်စရိတ်ယန်းတစ်သောင်းခွဲပေးဆောင်ရတာဖြစ်ပါတယ်။

အိမ်မပြောင်းခင်သတိထားသင့်တဲ့အချက်များ

အဓိကနေထိုင်နေစဥ်အတွင်းဂရုတစိုက်နေသင့်ပါတယ်။အထိအခိုက်အပျက်အစီးများမရှိအောင်သတိထားနေသင့်ပါတယ်။အိမ်ပြောင်းတဲ့အခါပျက်စီးတာများရှိရင်ပျက်စီးသွားတဲ့တန်ဖိုးအတိုင်းပြန်လည်ပေးဆောင်ရတာဖြစ်ပါတယ်။နောက်တစ်ခုကအမှိုက်ဖြစ်ပါတယ်။ရက်အလိုက်စွန့်ပစ်လို့ရမယ့်အမှိုက်များကိုစနစ်တကျပစ်ရပါမယ်။အရမ်းကြီးတဲ့အမှိုက်များပစ်မယ်ဆိုရင်ကွန်ပနီစတိုးကနေတံဆိပ်ခေါင်းခေါင်းများဝယ်ကပ်ပြီးပစ်ရမှာဖြစ်ပါတယ်။အိမ်ပြောင်းဖြစ်တယ်ဆိုရင်အိမ်ရှင်ကိုတစ်လကြိုတင်ပြောရမှာဖြစ်ပါတယ်။နောက်လမှာမိမိအိမ်ပြောင်းမှာဖြစ်တဲ့အတွက်စာချုပ်ထပ်မချုပ်မှာကိုကြိုတင်အကြောင်းကြားပေးရပါမယ်။လက်ကျန်ဆောင်ရမယ့်ဘေများကိုသေချာဆောင်ခဲ့ဖို့လိုပါတယ်။အိမ်မပြောင်းခင်ကတည်းကနောက်တစ်အိမ်အတွက်လိုအပ်တဲ့ပိုက်ဆံပမာဏစုထားသင့်ပါတယ်။များသောအားဖြင့်အိမ်တစ်အိမ်ကနေနောက်တစ်အိမ်ပြောင်းတော့မယ်ဆိုရင်သောင်းသုံးဆယ်ကျော်လောက်ကုန်မှာဖြစ်တဲ့အတွက်ကြိုတင်စုဆောင်းထားသင့်ပါတယ်။ရေခဲသေတ္တာ၊အဲကွန်းများပြန်ဝယ်ရတာရှိတဲ့အတွက်လုံးဝအသစ်ဆိုင်များကနေမဝယ်ဘဲဒုတိယတန်းစားအဟောင်းဆိုင်များကနေလည်းဝယ်ယူလို့ရနိုင်ပါတယ်။ဒီလိုအချက်များကိုအိမ်မပြောင်းခသင်သတိထားသင့်ပါတယ်။

ဂျပန်မှာမြန်မာလူမျိုးများများအများဆုံးနေထိုင်တဲ့နေရာနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာ(Places in Japan where many Myanmar people gather)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ ဂျပန်အိမ်ပြောင်းတဲ့အခါသတိထားစရာအကြောင်းအရာများ(How to move in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ