ဂျပန်ရဲ့နာရစီရင်စုနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Nara Prefecture)

ဂျပန်ရဲ့နေရာတော်တော်များများထဲမှနာရစီရင်စုဟာလည်းရှေးဟောင်းသမိုင်းဝင်ယဥ်ကျေးမှုနေရာအဖြစ်သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။နာရဟာဟွန်ရှူးရဲ့အနောက်မြောက်ပိုင်းမှာတည်ရှိပါတယ်။ရှစ်ရာစုလောက်ကတည်းကထင်ရှားတဲ့ဗိသုကာနဲ့အနုပညာနေရာများစွာရှိပါတယ်။ထင်ရှားသောဘုရားကျောင်းများစွာရှိပြီး၊မြင့်မားတဲ့ဘုရားဆင်းတုတော်များစွာရှိပါတယ်။ယူနီစကိုစရင်းဝင်တာကတော့(၁၉၉၈)ခုနှစ်မှာသတ်မှတ်ခဲ့ပါတယ်။ကျယ်ဝန်းလှတဲ့ပန်းခြံများလည်းရှိပြီး၊သဘာဝအလျောက်သွားလာနေတဲ့သမင်များကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။နာရရှိဘုရားကျောင်းများဟာရှေးနှစ်ပေါင်းများစွာကတည်းကတည်ဆောက်ခဲ့တဲ့ဘုရားကျောင်းများဖြစ်ပြီး၊ဂျပန်ရဲ့ယဥ်ကျေးမှုနေရာအဖြစ်သတ်မှတ်ခဲ့ထားရတဲ့နေရာများဖြစ်ပါတယ်။နာရဟာဆောင်းဦးနဲ့ဆောင်းရာသီအချိန်မျိုးမှာမိုးမင်းဂျီများနဲ့လှပတဲ့အချိန်ဖြစ်ပြီး၊ရာသီဥတုအနေနဲ့လည်းအေးအေးလေးနဲ့ခရီးသွားရတာအဆင်ပြေလှပါတယ်။

နာရရှိနာမည်ကြီးနေရာများနဲ့ပတ်သက်ပြီး

နာရရဲ့နာမည်ကြီးနေရာများထဲမှတစ်နေရာအပါအဝင်ဖြစ်တဲ့(東大寺盧舎那仏像)(とうだいじるしゃなぶつぞう)ဖြစ်ပါတယ်။(၇၅၂)ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီး၊အမြင့်ပေဆယ့်ငါးမီတာအထိကြီးမားတဲ့ဘုရားဆင်းတုတော်ဖြစ်ပါတယ်။(၁၉၉၈)ခုနှစ်မှာယူနီစကိုင်စရင်းဝင်ခဲ့တဲ့နေရာဖြစ်ပါတယ်။နာရဘူတာအနောက်ဘက်ကနေလမ်းလျှောက်မယ်ဆိုရင်မိနစ်နှစ်ဆယ်လောက်ဆိုရင်ရောက်ရှိမှာဖြစ်ပါတယ်။ဘုရားကျောင်းရဲ့အဝင်ပေါက်မှာကြီးမားတဲ့မုဒ်ဦးအဝင်ပေါက်ကလည်းခမ်းနားထည်ဝါလှပါတယ်။နိုင်ငံခြားသားခရီးသွားများနဲ့ပြည်တွင်းခရီးသွားများစွာဖြင့်စည်းကားလှပါတယ်။ဘုရားကျောင်းဝန်းကျယ်ဝန်းလှပြီး၊ကြီးမားတဲ့ခေါင်းေလာင်းကြီးလည်းရှိပါတယ်။သဘာဝကိုခံစားရမှာဖြစ်ပြီး၊ညနေနေဝင်ချိန်နာရပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်အရမ်းလှပမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့(奈良公園)(ならこうえん)ဖြစ်ပါတယ်။ပန်းခြံကကျယ်ဝန်းလှပြီး၊သဘာဝအလျှောက်သမင်များကသွားလာနေမှာဖြစ်ပါတယ်။အခုချိန်ကတော့မိုးမင်းဂျီများဖြင့်လှပနေတဲ့အချိန်ဖြစ်ပြီး၊ပန်းခြံအတွင်းဘယ်နေရာသွားသွားသမင်လေးများကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သမင်လေးများကိုအနီးကပ်အစာကျွေးလို့ရပြီးပျော်ရွင်စရာကောင်းလှပါတယ်။နာမည်ကြီးနောက်ထပ်တစ်နေရာကတော့(平城宮跡)(へいじょうきゅうせき)ဖြစ်ပါတယ်။ရာမတိုဆိုင်းအိဒိုင်းအိဂျီဘူတာကနေဆယ့်ငါးမိနစ်လောက်လမ်းလျှောက်ရင်ရောက်ရှိမှာဖြစ်ပါတယ်။ဒီဘုရားကျောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင့်သုံးရာလောက်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဘုရားကျောင်းကကျယ်ဝန်းလှပြီး၊သမိုင်းကြောင်းများကိုရှင်းပြထားတဲ့ပြတိုက်များလည်းရှိပါတယ်။ရှေးဟောင်းဆိပ်ကမ်းပုံစံများဖန်တီးထားပြီး၊ကြီးမားတဲ့သင်္ဘောတည်ဆောက်ထားတာကထည်ဝါလှပါတယ်။

နာရရဲ့နာမည်ကြီးအစားအသောက်များနဲ့ပတ်သက်ပြီး

နာရရဲ့နာမည်ကြီးအစားအသောက်များထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့(飛鳥鍋)(あすかなべ)ဖြစ်ပါတယ်။အခုလိုအေးတဲ့အချိန်စားသောက်ရတာပိုပြီးအရသာရှိပါတယ်။အသားတွေ၊မှိုနဲ့အသီးအရွက်များ၊နဘေရဲ့အရည်များပါဝင်ပါတယ်။နာရကိုခရီးသွားဖြစ်ခဲ့ရင်စားသင့်တဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်။နောက်ထပ်အရသာရှိတဲ့စားစရာတစ်မျိုးကတော့(釜飯)(かまめし)ဖြစ်ပါတယ်။ကြက်သားအပါအဝင်၊အသီးအရွက်၊မှို၊မျစ်အစရှိတာကိုအိုးလေးနဲ့ပေါင်းပြီးစားရတဲ့အစားအစာဖြစ်ပါတယ်။ပူပူလေးနဲ့အခုလိုအေးတဲ့အချိန်မျိုးမှာစားလို့ကောင်းပါတယ်။နောက်တစ်ခုကတော့(天理ラーメン)(てんりラーメン)ဖြစ်ပါတယ်။ချိုချိုလေးနဲ့စားလို့ကောင်းပြီး၊ကျန်းမာရေးနဲ့ညီညီအောင်အသီးအရွက်ကိုအခြေခံထားတဲ့ခေါက်ဆွဲဖြစ်ပြီး၊အပေါ်ကဝက်သားပြားထည့်ပြီးစားသောက်ပါတယ်။နာရရဲ့စားစရာထဲမှနောက်တစ်မျိုးကတော့(柿の葉寿司)ဖြစ်ပါတယ်။ဆူရှိကိုတည်သီးရဲ့အရွက်နဲ့ဖုံးအုပ်ထားပြီး၊စားလိုက်ရင်အရမ်းအရသာရှိပါတယ်။နောက်တစ်မျိုးကတော့(三輪そうめん)(みわそうめん)ဖြစ်ပါတယ်။မုန့်ဖတ်နဲ့ဆင်တူပြီး၊အအေးခံပြီးစားကြပါတယ်။နောက်တစ်မျိုးအနေနဲ့ဟင်းရည်များနဲ့လည်းတွဲဖက်စားကြပါတယ်။

ပျော်ရွင်စရာနာရခရီးစဥ်များနဲ့ပတ်သက်ပြီး

နာရဟာဂျပန်ရဲ့သမိုးဝင်ယဥ်ကျေးမှုနေရာဖြစ်ပြီး၊သမိုင်းဝင်ဘုရားကျောင်းများစွာရှိတဲ့နေရာဖြစ်ပါတယ်။လည်ပတ်စရာနေရာများပြားတာကြောင့်၊ခရီးသွားမယ်ဆိုရင်အစီအစဥ်ဆွဲပြီးလည်ပတ်သင့်ပါတယ်။အဲဒါမှမဟုတ်ရင်နေရာအစုံမရောက်နိုင်ဘဲဖြစ်သွားမှာဖြစ်ပါတယ်။နာရရဲ့နာမည်ကြီးအစားအသောက်များနဲ့အပြန်လက်ဆောင်ကလည်းချစ်စရာကောင်းလှပါတယ်။သမိုင်းကြောင်းများကိုလေ့လာလို့ရမှာဖြစ်ပြီး၊ရှုခင်းများကြောင့်လည်းစိတ်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။ခရီးသွားများအနေနဲ့အိုဆာကာ၊နာရ၊ကျိုတိုအစရှိသဖြင့်တစ်ဆက်တည်းသွားလာမှုပြုလုပ်ကြပါတယ်။ဒီပြင်နေရာများနဲ့မတူညီတာကပန်းခြံများ၊ဘုရားကျောင်းများမှာသဘာဝအလျောက်သမင်များကသွားလာနေပါတယ်။အနီးကပ်အစာကျွေးခြင်း၊ဓါတ်ပုံရိုက်ခြင်းများပြုလုပ်နိုင်တဲ့အတွက်နာရရဲ့ခရီးသွားဝန်ဆောင်မှုကိုဆွဲဆောင်နိုင်သောနေရာများဖြစ်ပါတယ်။ဂျပန်ရောက်ခဲ့မယ်ဆိုရင်တစ်ကြိမ်လောက်သွားရောက်လည်ပတ်သင့်ပါတယ်။ဆောင်းဦးနဲံဆောင်းရာသီမျိုးမှာရာသီဥတုကလည်းကောင်းမွန်ပြီး၊မိုးမင်းဂျီရဲ့လှပတဲ့အချိန်ကာလဖြစ်တဲ့အတွက်သွားရောက်လည်ပတ်သင့်ပါတယ်။

နာဂဆခိနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Nagasaki)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်ရဲ့နာရစီရင်စုနဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Nara Prefecture)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ