ဂျပန်မှာစုံတွဲတွေအတွက်နှစ်ကုန်နှစ်သစ်မှာဘယ်လိုအချိန်ကိုအသုံးချမလဲ

ကုမ္ပဏီတွေ၊ကျောင်းတွေပိတ်တဲ့နှစ်ကုန်နဲ့နှစ်သစ်အချိန်မှာဘယ်လိုအချိန်ကိုအသုံးချကြမလဲဆိုပြီးတွေးနေကြသူအများကြီးရှိမှာပါ။အိမ်ထဲနေတာနဲ့ပဲအချိန်ကုန်သွားမယ်လို့ဆိုနေသူတွေအတွက် အသုံးချပုံကိုမိတ်ဆက်ပေးပါမယ်။

နှစ်ကုန်နဲ့နှစ်သစ်မှာအတွဲရှိသူတွေအတွက်အချိန်ကုန်စေတာကတော့

၁။ခရီးထွက်တာပဲဖြစ်ပါတယ်

ပထမဆုံးသွားသင့်တာကတော့ရေပူစမ်းခရီးပဲဖြစ်ပါတယ်။တစ်နှစ်လုံးပင်ပန်းလာတာတွေကိုချစ်တဲ့သူနဲ့အတူအပန်းဖြေအချိန်ရတာဟာအဖိုးတန်ပါတယ်။အတူတူရှိတဲ့အချိန်တွေရဲ့အရေးပါတာတွေကိုစကားတွတ်ထိုးလို့ရမယ့်အချိန်လဲဖြစ်လာနိုင်ပါတယ်။

ငွေကြေးသုံးစွဲနိုင်တယ်ဆိုရင်တော့တောင်ဘက်ပိုင်းမှာရှိတဲ့အပန်းဖြေစခမ်းတွေကိုသွားပြီးအပူဒဏ်ရှောင်လို့လဲရပါတယ်။နိစ္စဓူဝမသွားဖြစ်တဲ့အပန်းဖြေနေရာတွေမှာအချိန်ကုန်ရတာဟာစိတ်လန်းဆန်းမှုကိုဖြစ်စေနိုင်တယ်မဟုတ်ပါလား။နှစ်ဦးအတူတကွလေယာဥ်စီးပြီးအဝေးတနေရာကိုခရီးထွက်ခြင်းဖြင့်အတူတူယုံကြည်မှုတွေတိုးပွားစေပါတယ်။

၂။နှစ်သစ်ကြိုဆိုပွဲကောင့်‌‌ဒေါင်းပါတီသို့သွားပါ

နှစ်အကုန်ပိုင်းတွင်ပန်းခြံဥယျာဉ်များနှင့်ဂီတပွဲတော်များတွင်နှစ်ကုန်ပွဲများကိုကျင်းပကြသည်။

၎င်းသည်ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာနည်းလမ်းဖြစ်ပေမယ့်

ဤကဲ့သို့သောပွဲကိုတက်ရောက်ခြင်းသည်နှစ်ယောက်ကြားရှိချစ်ခြင်းမေတ္တာကိုပိုမိုနက်ရှိုင်းစေသည်။

အတူတကွစိတ်ဝင်စားသောပွဲကိုရွေးပြီးနှစ်ဦးအတူပျော်ရွှင်နိုင်ကာလူများစွာစုရုံးနေသည့်နေရာတွင်မိမိ နှင့်ချစ်မြတ်နိုးသူကိုပိုနီးကပ်စေပါလိမ့်မယ်။

၃။ရုပ်ရှင်ကြည့်သွားပါ

နှစ်ကုန်ပိုင်းနှင့်နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်းရုပ်ရှင်ကားအသစ်များကိုတစ်ကာပြီးတကားဖြန့်ချိမည်ဖြစ်သောကြောင့်ရုပ်ရှင်ကြိုက်နှစ်သက်သည့်စုံတွဲများအနေဖြင့်ရုပ်ရှင်အသစ်များကိုကြည့်ရှုရန်အကြံပြုပါသည်။

ရုပ်ရှင်ချိန်းကြည့်တာဟာနှစ်ယောက်အကြားစကားပြောတာနည်းနေတယ်လို့မြင်ရပေမယ့်ရုပ်ရှင်ကြည့်ပြီးသည့်နောက်ပိုင်း‌ကိုကော်ဖီဆိုင် တွင်ထင်မြင်ချက်များဆွေးနွေးခြင်းဖြင့်အမြဲမပြောဖြစ်သောစကားရပ်များဖြင့်ပျော်ရွှင်နိုင်ပါသည်၊

အချင်းချင်းတူညီသည့်ခံစားချက်များကိုသိရှိရန်တန်ဖိုးရှိသောအချိန်လည်းဖြစ်သည်။

၄။စည်ကားသောစျေးများနှင့်စျေးတန်းများသို့သွားပါ

နှစ်ကုန်ပိုင်းနှင့်နှစ်သစ်ကူးကာလအတွင်းတွင်ပုံမှန်အားဖြင့်မရရှိနိုင်သည့်ရှားပါးသောအရာများကိုတွေ့နိုင်သည်။

လူအများသည်နှစ်သစ်ကူးအစားအစာအတွက်ပါဝင်ပစ္စည်းများကိုရှာဖွေစုဆောင်းနေကြသည်။ စျေးကွက်ထဲရှိကုန်ပစ္စည်းများကိုလှည့်ပတ်လေ့လာခြင်းသည်အလွန်ပျော်စရာကောင်းသည့်ချိန်းတွ့ခြင်းဖြစ်သည်။

တွေ့ရခဲသောစားသောက်ကုန်စ္စည်းများကို ၀ ယ်ပြီးချက်ပြုတ်ကြည့်လျှင်ပင်ပျော်စရာကောင်းပါလိမ့်မည်။

Kanto ဒေသတွင်Ameyoko၊ အလယ်ပိုင်းဒေသတွင် Yanagibashi ဗဟိုစျေးနှင့် Kansai ဒေသတွင် Nishiki စျေးသည်လူစည်ကားသောစျေးတန်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ်လူအများနဲ့စည်ကားနေတဲ့အတွက်သက်သောင့်သက်သာရှိတဲ့အဝတ်အစားတွေနဲ့သွားကြပါစို့။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ပေါ့ပ်ယဉ်ကျေးမှု/ ဂျပန်မှာစုံတွဲတွေအတွက်နှစ်ကုန်နှစ်သစ်မှာဘယ်လိုအချိန်ကိုအသုံးချမလဲ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ