ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း ပထမပိုင်း (About the Japanese zodiac) ①

ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း ဂျပန်တွင်နှစ်ကုန်ချိန်နှင့်နှစ်သစ်ကူးရောက်သောအခါဒီနှစ်ဟာ(XX) နှစ်ဖြစ်လို့ နောက်နှစ်ဟာ(XX)နှစ်ဖြစ်မယ်ဆိုပြီးကြားဖူးတာရှိပါသလား။

(XX)နှစ်တွင်ဖွားခဲ့လို့(XX)တာ။ ဆယ့်နှစ်ရာသီခွင်အကြောင်းအခြေခံ၍ စိတ်နေစိတ်ထားကိုခန့်မှန်းကြခြင်းလည်းရှိသည်။

ဂျပန်လူမျိုးများသည်သတ္တဝါတို့၏လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကိုကြာမြင့်စွာကတည်းကယုံကြည်ခဲ့ကြသည်။

ထိုယုံကြည်ချက်သည်သတ္တဝါ (၁၂) မျိုးနှင့်ဆက်စပ်မှုရှိပြီးအဲဒိုခေတ်အလယ်ပိုင်းလောက်မှစပြီး အိမ်၏အဝင်ဝသို့မဟုတ် ဧည့်ခန်းတွင်ယခုနှစ်နှင့်ဆက်စပ်သောတိရစ္ဆာန်နတ်ရုပ် (Toshigami-sama) ကိုအလှဆင်ခြင်းနှင့်ကြိုဆိုခြင်းသည်ထုံးထမ်းစဥ်လာတရပ်အနေဖြင့်မွေးဖွားခဲ့သည်။

တောဝက်နှစ်သည်ဂျပန်တွင်သာရှိပြီးအခြားသောနိုင်ငံများတွင်ဝက်နှစ်ဖြစ်သည်။ အချို့နိုင်ငံများတွင်မိကျောင်း၊ ဝေလငါးနှင့်ငါးနှစ်များလဲရှိသည်။ အဲဒါတွေကတော့မျက်မှောက်ခေတ်တွင်လက်တွေ့ပြ၍မရနိုင်သည့်နဂါးထက်ပိုပြီးလက်တွေ့ကျတယ်လို့ထင်ပါတယ်။

လူသားတွေရဲ့အတွေးဟာစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်ပါလား။

Nezumi (ကြွက်)

ကြွက်များကိုဂျပန်လူမျိုးများကနှစ်ပေါင်းများစွာပျော်ရွှင်မှုကိုပေးသောတိရစ္ဆာန်များအဖြစ်တန်ဖိုးထားခဲ့ကြသည်။ ရှေးမှတ်တမ်းများတွင်တောရိုင်းမီးများဝိုင်းရံပိတ်ဆို့ခံနေရသောလူသာတွေကိုကူညီသည့်တိရိစ္ဆာန်အဖြစ်ပုံဖော်ထားပြီး Daikokuten ၏တမန်အဖြစ်ကိုးကွယ်ကြသည်။

ထို့အပြင်ကြွက်များသည်ကလေးများနှင့်ပြည့်နှက်နေသောကြောင့်သူတို့၏သားစဉ်မြေးဆက်များ၏ကြွယ်ဝမှုကိုထိန်းသိမ်းစောင့်ရှောက်သူအဖြစ်လူအများကရင်းနှီးကြသည်။

Ushi(နွား)

နွားများသည်လူသားများနှင့်အပြန်အလှန်ဆက်သွယ်နိုင်သည့်သက်တမ်းအရင့်ဆုံးသောတိရစ္ဆာန်များဖြစ်ပြီးလယ်ယာနှင့်သယ်ယူပို့ဆောင်ရေးတွင်အရေးပါသောသူများအဖြစ်အရေးကြီးသောအခန်းကဏ္ဌမှပါဝင်ခဲ့သည်။ထို့အပြင်နွားများသည်ဂျပန်လူမျိုးများအတွက်အလွန်အရေးကြီးသောတိရိစ္ဆာန်များအဖြစ်ရှေးယခင်ကတည်းကလူကြိုက်များခဲ့သည်။

Tora (ကျား)

ကျားများသည်၎င်းတို့၏ကလေးများကိုအလွန်ဂရုစိုက်သည်။ ကျားများ၏အလေ့အကျင့်ကိုနမူနာယူ၍ဂျပန်လူမျိုးများသည်ကလေးများကိုကျန်းမာစွာကြီးထွားရန်မျှော်လင့်ချက်ဖြင့်ကျားကစားစရာများကိုဟိုးအရင်ကတည်းကပေးအပ်ခဲ့သည်။ထို့အပြင်နတ်ဆိုးများသည်ကျားများကိုကြောက်သည်ဟူသောအစဉ်အလာအရနတ်ကွန်းများတွင်အစောင့်အရှောက်များအဖြစ်ထားတာများသည်။ကျားများသည်ဂျပန်တွင်ရှင်သန်မ‌နေထိုင်သော်လည်းရှေးခေတ်ကတည်းကဂျပန်လူမျိုးများနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည်။

 Usagi(ယုန်)

ယုန်များသည်ယုန်သည်“ လ၌နေ၏” ဟူသောအစဉ်အလာအရအိပ်ရာဝင်တေးများနှင့်ရှေးဟောင်းပုံပြင်များတွင်ယုန်များမှာရှေးခေတ်ကတည်းကကျွန်ုပ်တို့နှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည်။အခြားတစ်ဖက်တွင်မူ၎င်းကိုတောင်နတ်ဘုရားအနေနှ‌င့်‌ရေးသားထားသည်ကိုမကြာခဏတွေ့ရသည်။ထို့အပြင်ယုန်၏အေးဆေးတည်ငြိမ်သည့်အသွင်အပြင်၊ မိသားစု၏လုံခြုံမှုနှင့်ခုန်ပေါက်တတ်သောသဏ္ဌာန်တို့မှာလူတွေနှင့်ရှေးယခင်ကတည်းကရင်းနှီးကျွမ်းဝင်ခဲ့သည်။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း ပထမပိုင်း (About the Japanese zodiac) ①

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ