ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း တတိယပိုင်း (About the Japanese zodiac) ③

ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း ဂျပန်တွင်နှစ်ကုန်ချိန်နှင့်နှစ်သစ်ကူးရောက်သောအခါဒီနှစ်ဟာ(XX) နှစ်ဖြစ်လို့ နောက်နှစ်ဟာ(XX)နှစ်ဖြစ်မယ်ဆိုပြီးကြားဖူးတာရှိပါသလား။

(XX)နှစ်တွင်ဖွားခဲ့လို့(XX)တာ။ ဆယ့်နှစ်ရာသီခွင်အကြောင်းကိုအခြေခံ၍ စိတ်နေစိတ်ထားကိုခန့်မှန်းကြခြင်းလည်းရှိသည်။

ဂျပန်လူမျိုးများသည်သတ္တဝါတို့၏လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကိုကြာမြင့်စွာကတည်းကယုံကြည်ခဲ့ကြသည်။

ထိုယုံကြည်ချက်သည်သတ္တဝါ (၁၂) မျိုးနှင့်ဆက်စပ်မှုရှိပြီးအဲဒိုခေတ်အလယ်ပိုင်းလောက်မှစပြီး အိမ်၏အဝင်ဝသို့မဟုတ် ဧည့်ခန်းတွင်ယခုနှစ်နှင့်ဆက်စပ်သောတိရစ္ဆာန်နတ်ရုပ် (Toshigami-sama) ကိုအလှဆင်ခြင်းနှင့်ကြိုဆိုခြင်းသည်ထုံးထမ်းစဥ်လာတရပ်အ နေဖြင့်မွေးဖွားခဲ့သည်။

တောဝက်နှစ်သည်ဂျပန်တွင်သာရှိပြီးအခြားသောနိုင်ငံများတွင်ဝက်နှစ်ဖြစ်သည်။ အချို့နိုင်ငံများတွင်မိကျောင်း၊ ဝေလငါးနှင့်ငါးနှစ်များလဲရှိသည်။ အဲဒါတွေကတော့မျက်မှောက်ခေတ်တွင်လက်တွေ့ပြ၍မရနိုင်သည့်နဂါးထက်ပိုပြီးလက်တွေ့ကျတယ်လို့ထင်ပါတယ်။

လူသားတွေရဲ့အတွေးဟာစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်ပါလား။ 

Saru( မျောက်)

မျောက်များသည်ဂျပန်လူမျိုးများနှင့်အကျွမ်းတဝင်ရှိပြီး Nikko Toshoguရဲ့ (ကြည့်၊ ကြား၊ ပြော) မျောက်သုံးကောင်သည်အလွန်ကျော်ကြားသည်။

ထို့အပြင်နှစ်သစ်ကူးနေ့တွင်ကျင်းပသော Sarumawashi (မျောက်အကအလှပြ)သည်ဂျပန်ရိုးရာအနုပညာတစ်ခုဖြစ်ပြီး မျောက်(Saru)လာရင်သဘာဝဘေးများ(ဖယ်ခွာ)Saruသွားတယ်လို့Kamakura ခေတ်ကတည်းကယုံကြည်ခဲ့ကြသည်။

 Tori (ကြက်)

ကြက်သတ္တဝါကိုငွေလာဘ်နှင့်ပတ်သက်သောတိရိစ္ဆာန်များအဖြစ်ဂျပန်လူမျိုးများသည်ရှေးယခင်ကပင်အကျွမ်းတဝင်ရှိခဲ့သည်။

အထူးသဖြင့်တစ်နိုင်ငံလုံးရှိ Otori Shrines များတွင်အဲဒိုကာလအလယ်ပိုင်းတွင်စတင်ခဲ့သည့်နှစ်စဥ်နိုဝင်ဘာလတိုင်း၌ကျင်းပသော ကြက်နေ့တွင်ပြုလုပ်သော "ကြက်စျေး" သည်အလွန်ကျော်ကြားသည်။ ကြက်(Tori)သည် "ယူခြင်း" Toru စကားနှင့်ဆင်သယောင်ဖြစ်သောကြောင့်လူအများသည်နှစ်စဉ်နှစ်တိုင်း“ ကြက်စျေး” သို့လာဘ်ခေါ်ခြင်းအယူဖြင့်လည်ပတ်ကြသည်။

Inu(ခွေး)

သခင်အပေါ်သစ္စာရှိသောတိရိစ္ဆာန်အနေဖြင့်ခွေးများသည်ရှေးဟောင်းပုံပြင်များ၊ ရိုးရာပုံပြင်များနှင့်နတ်သမီးပုံပြင်များတွင်အဓိကဇာတ်ကောင်များဖြစ်ကြသည်။အထူးသဖြင့် "Momotaro" နှင့် "Hanasakajijii"ကဲ့သို့သောရှေးဟောင်းဇာတ်လမ်းများတွင်ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးပြီးလာဘ်ကောင်း သော တိရိစ္ဆာန်များအဖြစ်လူကြိုက်များသည်။ 

ထို့အပြင်နတ်ကွန်း၏ Komainuပြသသည့်အတိုင်းခွေးများသည်နတ်ဆိုးများကိုနှင်ထုတ်ရန်စွမ်းအားရှိသည်ဟု ယုံကြည်ရသောကြောင့်ရှေးကတည်းကဂျပန်လူမျိုးများ၏အထူးတလည်ထားခံရသူများဖြစ်သည်။ခွေးများသည်မွေးဖွားရလွယ်သောကြောင့်အမျိုးသမီးများသည်မွေးဖွားရလွယ်ရန်အတွက်အဆောင်အဖြစ်အယူရှိကြသည်။
Inoshishi (တောဝက်)

တောဝက်ကိုChototsumoshin ဟူသောစကားလုံးအရမည်သည့်ဘေးအန္တရာယ်ကိုမဆိုအနိုင်ယူသောသင်္ကေတအဖြစ်ဂျပန်လူမျိုးများကနှစ်ပေါင်းများစွာချစ်ခင်မြတ်နိုးခဲ့ကြသည်။ ထို့အပြင် Inoshishi သည်မျိုးဆက်များသည့်သတ္တဝါဖြစ်သောကြောင့်မျိုးဆက်ပွားအဆောင်အဖြစ်လဲလူသိများသည်။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်ဆယ့်နှစ်ရာသီခွင်အကြောင်း တတိယပိုင်း (About the Japanese zodiac) ③

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ