ဂျပန်မှာနှစ်သစ်ကူးအလှဆင်တာကိုဘယ်အချိန်မှဘယ်အချိန်အထိအလှဆင်မလဲ။ သိမ်းမည့်အချိန်နှင့်မှန်ကန်စွာစွန့်ပစ်ခြင်းနည်းလမ်း

နှစ်သစ်ကူးမှာအလှဆင်တဲ့အရာတွေနဲ့ပတ်သက်ပြီးအလှဆင်ရမယ့်ရက်၊သိမ်းဆည်းမယ့်ရက်၊စွန့်ပစ်ပုံနည်းလမ်းတွေကိုလေ့လာကြည့်ကြရအောင်။

ဘယ်အချိန်မှာအလှဆင်မလဲ 

နှစ်သစ်ကူးကာလစပြီလို့ဆိုတဲ့ဒီဇင်ဘာ၁၃ရက်နောက်ပိုင်းကိုဘယ်တော့မဆိုစပြီးအလှဆင်လို့ရပါပြီလို့ဆိုထားပါတယ်။

အောက်ပါနှစ်ရက်ကိုတော့ အလှမဆင်ကောင်းဘူးလို့မှတ်ယူကြပါတယ်။

・ ဒီဇင်ဘာ ၂၉ ရက် - အညံ့နှစ်ခါထပ်စေသောကြောင့်ရှောင်ပါ။

・ ဒီဇင်ဘာ ၃၁ ရက် - "တညတည်းအလှဆင်ခြင်း" မို့ အတိတ်နိမိတ်မကောင်းစေပါဘူး။

အခုခေတ်မှာတော့ခရစ်စမတ်ပြီးနောက် ၂၆-၂၇ရက်လောက်မှအလှဆင်ခြင်းကိုစတင်ပြုလုပ်ကြပါတယ်။ (၂၈) နေ့ကတော့အတိတ်နိမိတ်ကောင်းတဲ့အယူနေ့ပါ။

၃၀ ရက်နေ့လဲပဲကောင်းတဲ့နေ့ဖြစ်လို့ ၂၈ ရက်မှာမလုပ်နိုင်ခဲ့လျှင်၃၀ရက်နေ့တွင်အလှဆင်ပါ။

သိမ်းဆည်းမည့်အချိန်

"Matsunouchi"ရက်ကိုကျော်သွားရင်သိမ်းဆည်းရတော့မယ့်အချိန်ပါ။ 

"Matsunouchi"ရက်ကိုဒေသကိုလိုက်ပြီးသိမ်းကြတဲ့အချိန်ကွာခြားပါတယ်။

တိုးဟိုခု၊ခန်းတိုးနဲ့ကျူးရှူး‌ဒေသတွေမှာဇန်နဝါရီ၇ရက်နေ့မကျော်အောင်သိမ်းကြပေမယ့်ခန်းဆိုင်း‌ဒေသကိုဗဟိုပြုတဲ့နေရာတွေမှာတော့၁၅ရက်နေ့အထိထားကြတယ်ဆိုပါတယ်။

အခုခေတ်မှာတော့နနခုစဂယုလိုခေါ်တဲ့ ဆေးဘက်ဝင်ဟင်းသီးဟင်းရွက်၇မျိုးဆန်ပြုတ်ကိုစားကြတဲ့ရိုးရာအယူနေ့နဲ့ညှိပြီးသိမ်းကြတယ်ဆိုပါတယ်။

မှန်ကန်စွာစွန့်ပစ်ခြင်းနည်းလမ်း

"Matsunouchi"ရက်ကိုကျော်သွားတဲ့အခါ Sagicho လို့ခေါ်တဲ့ပွဲတော်တွင်နှစ်သစ်ကူးအလှဆင်ထားတဲ့အဆင်တန်ဆာများကိုမီးရှို့ပြီးထွက်ပေါ်လာသောမီးတောက်များနှင့်အတူကောင်းကင်ဆီသို့  Kamisama အားပို့ဆောင်ပါသည်။

ထိုမီးတောက်များနှင့် Kagamimochi ကိုကင်၍စားကြပါသည်။

မီးရှို့ဖို့အခက်အခဲရှိတဲ့နေရာများမှာတော့ပုံမှန်အမှိုက်ပစ်တဲ့ရက်မှာပဲ သတင်းစာတစ်စောင်ကိုဖြန့်ခင်းပြီးဘယ်ညာအလယ်မှာဆားကိုပုံ ၊ထိုသတင်းစာစက္ကူဖြင့်အဆင်တန်ဆာများကိုထုတ်ပြီးအခြားအမှိုက်များနှင့်အတူမဟုတ်ပဲတခြားအိတ်ထဲထည့်ကာလွှင့်ပြစ်လို့ရပါသည်။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်မှာနှစ်သစ်ကူးအလှဆင်တာကိုဘယ်အချိန်မှဘယ်အချိန်အထိအလှဆင်မလဲ။ သိမ်းမည့်အချိန်နှင့်မှန်ကန်စွာစွန့်ပစ်ခြင်းနည်းလမ်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ