ဂျပန်သို့လာရောက်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများအတွက်ဂျပန်စာစာမေးပွဲ(JFT-Basic) Japanese language test (JFT-Basic)required for foreigners coming to Japan for work

Japan Foundation ကကျင်းပနေတဲ့ဂျပန်စာအခြေခံစာမေးပွဲ (JFT-Basic) ကိုဂျပန်သို့လာရောက်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများအတွက်၂၀၂၁ခုနှစ် မတ်လတွင်ဂျပန်မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်။စာမေးပွဲဖြေဆိုဖို့လျှောက်လွှာတင်ခြင်းကိုဖေဖော်ဝါရီလ(၁)ရက်နေ့မှစပြီးလက်ခံမယ်ဆိုပါတယ်။

 JFT-Basic ဆိုတာဘာလဲ

JFT-Basicသည်နေ့စဉ်ဘဝအခြေအနေများတွင်ဆက်သွယ်ရေးအတွက်လိုအပ်သောဂျပန်စာကျွမ်းကျင်မှုကိုတိုင်းတာပေးသောစာမေးပွဲဖြစ်သည်။ အဓိကအားဖြင့်အလုပ်အကိုင်အခွင့်အလမ်းအတွက်ဂျပန်သို့လာကြသောနိုင်ငံခြားသားများကို "နေ့စဉ်နေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်” ရှိမရှိကို အဆုံးအဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။

JFT-Basic ကို ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ခဲ့သည့် နေထိုင်ခွင့်ဗီဇာ (အထူးကျွမ်းကျင်လုပ်သား အမှတ် ၁) ကိုလျှောက်ထားရန်အတွက် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲအဖြစ်လည်း အသုံးပြုသည်။ 

JFT-Basic ၏အားသာချက်များ

၁။2019 Aprilပြီလတွင်စတင်ခဲ့သော "အထူးကျွမ်းကျင်လုပ်သားအဆင့်(၁)" နေထိုင်ခွင့်အဆင့်အတန်းကိုလျှောက်သည့်အချိန်တွင်အသုံးပြု၍ရသည်။

၂။စာမေးပွဲဖြေဆိုသည့်နေရာ၌ ကွန်ပျူတာစနစ်ကို အခြေခံသည့်ပုံစံဖြစ်ပြီးမေးခွန်းနှင့်အဖြေများအားဖြေဆိုရမည်။

စာမေးပွဲဖြေဆိုပြီးနောက်ချက်ချင်းပင်စစ်ဆေးမှုရလဒ်များကိုရရှိနိုင်သည်။

၃။စာမေးပွဲကိုတစ်နှစ်လျှင်ခြောက်ကြိမ်ပြုလုပ်မည်ဖြစ်၍ စာမေးပွဲဖြေဆိုရန်အခွင့်အလမ်းများစွာရှိသည်။

စာမေးပွဲပုံစံ

ကွန်ပျူတာကိုအသုံးပြုသော CBT နည်းလမ်းဖြစ်သည်။ ကွန်ပျူတာဖန်သားပြင်တွင်ပြသထားသည့်မေးခွန်းများနှင့်နားကြပ်မှတစ်ဆင့်ဖွင့်ထားသည့်အသံများကိုနားထောင်ပြီးဖြေဆိုရမည်။ 

၎င်းတွင်အပိုင်း ၄ ပိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ “  စကားလုံးများနှင့်ဝေါဟာရများ”၊ “ စကားပြောနှင့်စကားအသုံးအနှုန်းများ”၊ နားထောင်ပြီး သဘောပေါက်ခြင်း၊ ဖတ်ရှု၍သဘောပေါက်ခြင်း စသည့် အပိုင်း(၄)ပိုင်း ပါဝင်ပါမည်။

မေးခွန်း ၆၀ ခန့် ပါဝင်မည်ဖြစ်ပြီး ဖြေဆိုချိန်မှာ မိနစ် ၆၀ ခန့် ဖြစ်ပါသည်။ 

စာမေးပွဲဖြေဆိုရန်အရည်အချင်း 

ဂျပန်တွင်နေထိုင်ခွင့်ရှိသူနှင့်မိခင်ဘာသာကိုဂျပန်ဘာသာအဓိကမဟုတ်သောနိုင်ငံခြားသားများ (နိုင်ငံသားကိုလိုက်ပြီးအခြားလိုအပ်ချက်များရှိသည်) 

စာမေးပွဲဖြေဆိုရန်မည်သို့လျှောက်ထားရမည်နည်း - Prometric

ဝက်ဘ်ဆိုက်မှလျှောက်ထားပါ (http://ac.prometric-jp.com/testlist/jfe/index.html) ။ 

လျှောက်လွှာတင်ခြင်းကို ဖေဖော်ဝါရီ ၁ ရက် (တနင်္လာနေ့) တွင်စတင်ရန်စီစဉ်ထားသည်။

အချိန်ဇယား -

 ပထမဆုံးအကြိမ်ကို ၂၀၂၁ မတ်လ ၁ ရက် (တနင်္လာနေ့) မှ ၁၉ (သောကြာနေ့) အထိပြုလုပ်မှာဖြစ်တယ်။

 ၂၀၂၁ ခုနှစ်မှစပြီးတစ်နှစ်လျှင် ၆ ကြိမ်ပြုလုပ်ရန်စီစဉ်ထားသည်။

နေရာ - စီရင်စု ၄၇ ခုရှိမြို့ ၁၂၀ ခန့်ရှိနေရာများတွင်ပြုလုပ်မည်။

စာမေးပွဲကြေး - ၇၀၀၀ ယန်း (စားသုံးသူအခွန်အပါ)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ ဂျပန်စာစာမေးပွဲအမျိုးမျိုး/ ဂျပန်သို့လာရောက်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများအတွက်ဂျပန်စာစာမေးပွဲ(JFT-Basic) Japanese language test (JFT-Basic)required for foreigners coming to Japan for work

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ