ဂျပန်ခွန်းညခုနှင့်ထုတ်လုပ်ပုံ(Japanese konjac and production)

ဂျပန်လူမျိုးတွေရဲ့ရိုးရာဟင်းလျာတွေမှာအတော်များများမှာတွေ့ရတဲ့ KonNyaKu(ခွန်းညခု)အကြောင်းကိုသင်သိပါသလား။ အိအိတုန်တုန်လေး KonNyaKu ကိုဘယ်ကရလဲလို့သိလိုက်တဲ့အခါမှာအတော်လေးအံ့အားသင့်မိပါတယ်။ကဲ KonNyaKuအကြောင်းကိုမြေကြီးထဲကစပြီးလေ့လာကြည့်လိုက်ကြရအောင်။

KonNyaKu(ခွန်းညခု)ရဲ့ဇာတိမြေ 

မြန်မာလို (ဝဥ)လို့ခေါ်တဲ့KonNyaKu(ခွန်းညခု)ရဲ့ရှင်သန်ရာအစကတော့ မြန်မာ၊ မလေးရှားနှင့်အိန္ဒိယအစရှိတဲ့အရှေ့တောင်အာရှရပ်ဝန်းဖြစ်တယ်လို့ဆိုကြပါတယ်။

ဂျပန်သို့ရောက်ရှိခဲ့သည်မှာ ဂျေားမွန်းခေတ်လောက်ဟုဆိုကြပြီး၎င်းကိုကနဦး မှာဆေးဝါးအဖြစ်အသုံးပြုခဲ့ပုံရပါတယ်။

အရှေ့တောင်အာရှမှရောက်လာခဲ့တယ်လို့ဆိုသော်ငြားလည်း လက်ရှိမှာ၎င်းတို့ကိုအစားအစာအဖြစ်စားသုံးနေတာကတော့ ဂျပန်နိုင်ငံတစ်နိုင်ငံထဲပဲရှိပါတယ်။

KonNyaKu(ခွန်းညခု)ရဲ့ကုန်ကြမ်း

KonNyaKu(ခွန်းညခု)ရဲ့ကုန်ကြမ်းလို့ပြောလို့ရမယ့် အရာကတော့Satoimo(ပိန်းဥ)အမျိုးအစားဝင်(ဝဥ)ပဲဖြစ်ပါတယ်။ခွန်းညခုကိုထုတ်လုပ်နိုင်တဲ့အရွယ်အစားဖြစ်လာအောင်ကြီးထွားလာဖို့ကို၃နှစ်အချိန်ယူရပါတယ်။နွေ ဦး ရာသီ၌စိုက်ထားသည်များကိုဆောင်း ဦး ရာသီတွင်ရိတ်သိမ်းကြသည်။ သို့ပေမယ့်အပူချိန်နိမ့်ကျမှုဒဏ်ကိုမခံနိုင်သည့် (ဝဥ)ကိုလေဝင်လေထွက်ကောင်းသောနေရာတွင်အနည်းဆုံးအပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက်မကျဘဲသိုလှောင်ထားသင့်သည်။ဒီလိုနဲ့၃ နှစ်ခန့် ကြာအောင်အကြိမ်ကြိ မ်ရိတ်သိမ်းခဲ့သော(ဝဥ)သည် ခွန်းညခုအတွက်ကုန်ကြမ်းဖြစ်သည်။

(ဝဥ)ကနေပြီးစားလို့ရတဲ့ခွန်းညခုဖြစ်အောင်ဘယ်လိုလုပ်ကြသလဲ

(ဝဥ)ကိုထက်ဝက်ပိုင်းကိုကြည့်သောအခါ ၁ မီလီမီတာအရွယ်ရှိအဖြူရောင်အစေ့များစွာကိုတွေ့နိုင်သည်။

 ဤအစေ့များကတော့"mannan ဆဲလ်များ" ဖြစ်ကြသည်။ခွန်းညခုအတွက်ကုန်ကြမ်းဖြစ်သော ခွန်းညခု mannanများ ပါရှိသည်။

ထိုခွန်းညခု mannan ကို ပြုတ်ပြီးလျှင် ရေများများနှင့်စိမ်ကာ ပြစ်အောင်လုပ်ပြီးပိုမိုတင်းတင်းလေးဖြစ်စေရန်အယ်ကာလိုင်းဖျော်ရည်ကိုပေါင်းစပ်‌ေရာလိုက်တဲ့အခါမှာတော့နေ့စဉ်စားသုံးနေကြသောခွန်းညခုဖြစ်လာသည်။

ခွန်းညခု၏ဘေးထွက်ပစ္စည်း

ခွန်းညခုတွင် လို့ခေါ်တဲ့မကောင်းတဲ့ဓါတ်ပစ္စည်းတစ်မျိုးရှိပြီး၊၎င်းကိုပြုတ်ရုံ၊ပေါင်းရုံနှင့်မပျောက်ပျက်သွားပါ။သို့သော်ပြာဖျော်ရည်တွင်စိမ်သောအခါမကောင်းသည့်ဓါတ်သည်ပျက်ပြယ်ပြီးစားလို့ရတဲ့အနေအထားသို့ရောက်လာပါတယ်။

ထုတ်လုပ်သည့်နေရာ

Gunma Prefecture သည်ဂျပန်နိုင်ငံ၏ခွန်းညခုကိုအများဆုံးထုတ်လုပ်နိုင်သည့်နေရာဖြစ်သည်။

သင့်တင့်သောရာသီဥတုနှင့်နေရောင်ခြည်ကိုကောင်းစွာရရှိပြီးကောင်းမွန်သောမြေဆီလွှာများကြောင့်ဖြစ်သည်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်ခွန်းညခုနှင့်ထုတ်လုပ်ပုံ(Japanese konjac and production)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ