Nagano စီရင်စုTogakushi ခရီး Nagano prefecture Togakushi Sightseeing

Togakushi ခရိုင် သည်တိုကျိုအနောက်ဘက်ရှိ Nagano စီရင်စုတွင်တည်ရှိသည်။Nagano စီရင်စု၏မြို့တော်Nagano မြို့မှကားဖြင့်တစ်နာရီခန့်အကွာအဝေးတွင်တည်ရှိသည့်တောင်တန်းရွာတစ်ရွာဖြစ်သည်။ 

Togakushiဆိုတာက 

ဂျပန်ဒဏ္ဌာရီတွင် ကောင်းကင်ဘုံမှကျရောက်လာသောကျောက်တုံးမှကျောက်တောင်ဖြစ်လာသည့် Togakushi တောင် ကိုဗဟိုပြုသောShugendoအစပြုရာကျေးရွာတစ်ရွာအဖြစ်တည်ရှိသည်။

နက်ရှိုင်းသောတောင်တန်းဒေသတွင်ရှိသော Togakushi soba ခေါက်ဆွဲထွက်ရှိရာနေရာလဲဖြစ်သည်။ဒဏ္ဌာရီအရTogakushiတောင် အနီးတွင်နတ်ဘုရားများကိုကိုးကွယ်ရန်နတ်ကွန်းများကိုတည်ဆောက်ခဲ့ပုံရသည်။ထို့နောက်မှာတော့တောထွက်သူများအတွက် Shugendo တရားကျင့်ရာနေရာတစ်ခုအဖြစ်ပေါ်ပေါက်လာပြီး Kamakura အချိန်ကာလတွင်၎င်းသည် Sansenbo Sanzan ဟုခေါ်သောတောထွက်သူများ၊တရားကျင့်သူများအားဆွဲဆောင်ခဲ့သည်။ Shugendoဆိုသည့်ပြင်းထန်စွာတရားလေ့ကျင့်ခြင်းသည်နောက်ဆုံးတွင် Togakuryu ninja အဖြစ်သို့ရောက်ရှိသွားသည်။

Togakushi နတ်ကွန်း

ဒဏ္ဌာရီအရTogakushiတောင် တွင်နတ်ဘုရားများနေထိုင်နေသည်ဟုအယူရှိပြီးနတ်ကွန်းများလဲအများအပြားတည်ဆောက်ထားသည်။ Okusha, Chusha နှင့် Hokosha တို့ကို Togakushi Sansha ဟုခေါ်ကြသည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်သမိုင်းကြောင်းရှိနတ်ကွန်းလည်းတည်ရှိပြီး၎င်းသည် Togakushi ခရိုင်၏ဗဟိုအဖြစ်တည်ရှိသည်။

Togakushi Ninja

ninjutsu နှင့် Shugendo အကြားရှိအဆက်အစပ်သည်နက်ရှိုင်းပြီး Shugendo အတွက်မြင့်မြတ်သောနေရာတစ်ခုအဖြစ်အောင်မြင်ခဲ့သော Togakushi နေရာသည် Ninja ၏မူလအစဟုလည်းလူသိများသည်။

Togakushi ရိုးရာပြတိုက် Ninja ပြတိုက် 

Okusha နတ်ကွန်းရှေ့တွင်Togakushi ရိုးရာပြတိုက် Ninja ပြတိုက်ရှိသည်။

 တစ်ဦးချင်းစီသော်၎င်း၊ မိသားစုဝင်များနှင့်သော်၎င်း၊မိတ်ဆွေသူငယ်ချင်းများနှင့်အိမ်ကြီးအတွင်းသို့၀င်ရောက်ကာ နင်ဂျာတို့၏နည်းပညာများကိုလေ့လာနိုင်သည်။

Kagamiike မှန်ရေကန်

နာမည်တွင်ဖော်ပြသည့်အတိုင်း Kagamiike မှန်ရေကန်သည်တိတ်ဆိတ်သောရေမျက်နှာပြင်ပေါ်တွင်ပတ်ဝန်းကျင်ရှိတောင်များကိုရောင်ပြန်ဟပ်နေသည်။Okusha နတ်ကွန်းမှ ၁၅ မိနစ်ခန့်ကားမောင်းလျှင်ရောက်သည်။ ရာသီပေါ် မူတည်၍ မျက်နှာအသွင်အပြင်အမျိုးမျိုးကိုတွေ့ရသော်လည်းဆောင်း ဦး မိုမိဂျိအရွက်များအရောင်းပြောင်းချိန်နှင့်ဆောင်းရာသီတွင်နေထွက်သည့်အချိန်သည်အလွန်လူကြိုက်များကာတစ်နိုင်ငံလုံးမှဓာတ်ပုံဆရာများစွာသည်ထိုရာသီတွင်လာစုဝေးကြသည်။

Togakushi soba

Togakushi sobaသည် ဂျပန်ရှိအဓိက Soba ခေါက်ဆွဲများထဲမှတစ်ခုဖြစ်သည်။ ၎င်းကိုရိုးရာနည်းလမ်းဖြင့်ပြုလုပ်ထားပြီး ရှေးခေတ်ကလက်ဆင့်ကမ်းသင်ခဲ့သောတုတ်တစ်ချောင်းဖြင့်ခေါက်ဆွဲမျှင်ဖြစ်အောင်လုပ်ထားသည်။Soba ခေါက်ဆွဲပြုလုပ်နည်းနှင့်“ botchimori” ဟုခေါ်သည့်ထူးခြားစွာတန်ဆာဆင်ထားပုံကနာမည်ကျော်ကြားသည်။စပါးမစိုက်ပျိုးနိုင်သည့်တောင်တန်းများတွင်ထွက်ရှိသည့် ခေါက်ဆွဲဟာလဲပဲTogakushi soba ဟုလူသိများလာသည်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ Nagano စီရင်စုTogakushi ခရီး Nagano prefecture Togakushi Sightseeing

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ