Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း)ကိုဘယ်လိုကာကွယ်မလဲ။

ဂျပန်နိုင်ငံရဲ့ နွေဦးရာသီကတော့ ချယ်ရီပန်းတွေနှင့် တခြားပန်းတွေအပြင် ရာသီဥတုကလဲ သာယာပြီးနေလို့ရနိုင်ပါတယ်။ ဒါကြောင့် အပြင်ကိုထွက်ပြီး လည်ပတ်ကြတဲ့ သူတွေများပြားကြပါတယ်။ ဒါပေမယ့် နွေဦးရာသီမှာ ကြောက်စရာကောင်းတဲ အချက်တချက်ကတော့ Kafunsho လို့ခေါ် တဲ့ ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်းကတော့ လူတိုင်းနီးပါးကြောက်တဲ့ရောဂါတစ်ခုဖြစ်ပြီး လူအပေါ်မူတည်ပြီးတော့ ပြင်းထန်တဲ့ ရောဂါလဲခံစားနိုင်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုနဲ့ ကုသရမယ့် နည်းလမ်းတွေကို ကြိုတင်သိရှိထားဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို  Kafunsho နဲ့ပတ်သက်ပြီး ဗဟုသုတတွေအပြင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ ကုသနိုင်မယ့်နည်းလမ်း၊ ဆေးတွေကိုဖော်ပြသွားပါ့မယ်။

မာတိကာ 

  1. Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း)ကဘာကြောင့်ဖြစ်တာလဲ။
  2. ဂျပန်နိုင်ငံမှာ လူဘယ်နှစ်ယောက် ဝတ်မှုန်ဓာတ်မတည့်တဲ့ ရောဂါခံစားနေရတာလဲ။
  3. ဝတ်မှုန်ဓာတ်မတည့်တဲ့ လက္ခဏာတွေက ဘာတွေလဲ။
  4. ဝတ်မှုန်ဓာတ်မတည့်ခြင်း၊ တုပ်ကွေးနှင့် ကိုလိုနာတွေကို ဘယ်လိုခွဲခြားမလဲ။
  5. ဝတ်မှုန်ဓာတ်မတည့်ခြင်း၊ကိုဘယ်လိုကာကွယ်မလဲ။
  6. ဂျပန်မှာ အကောင်းဆုံး ဝတ်မှုန်ဓာတ်မတည့်ခြင်းကိုကာကွယ်ဖို့ဆေးများ။
  7. ဝတ်မှုန်ဓာတ်မတည့်ခြင်းကိုကုနိုင်ဖို့ဆေးရုံနှင့် ဆေးခန်းများ။

Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း)ကဘာကြောင့်ဖြစ်တာလဲ။

Kafunsho (花粉症) ဆိုတာကတော့ ပန်းဝတ်မှုန်ဓာတ်မတည့်တဲ့ရောဂါဖြစ်ပါတယ်။ Kafunsho ကတော့ တစ်နှစ်ပတ်လုံးမှာဖြစ်နိုင်ပြီး ဝတ်မှုန်အမျိုးအစားအပေါ်မူတည်ပြီးတော့ လက္ခဏာ အမျိုးမျိုးရှိနိုင်ပါတယ်။ သို့သော် အများဆုံးဖြစ်နိုင်တာကတော့ ပန်းတွေ အများကြီးပွင်တဲ့ နွေဦးရာသီမှာဖြစ်ပါတယ်။ 
スギ花粉症 (Sugi Kafunsho) ကတော့ ထင်ရှုးဝတ်မှုန်ဓာတ်မတည့်ခြင်းကိုဆိုလိုတာဖြစ်ပြီး 杉 (Sugi) လို့ခေါ်တဲ့ ထင်းရှူးပင်တွေကနေ တဆင့် ပြန့်လာတဲ့ ဝတ်မှုန်တွေဖြစ်ပါတယ်။နောက်ပြီး နွေဦးရာသီမှာ အဖြစ်များဆုံး ကလဲ ဒီထင်းရှုးပန်းဝတ်မှုန်ဓာတ်မတည့်ခြင်းဖြစ်ပါတယ်။ ဒီထင်းရှုးပင်တွေကလဲ နှစ်တိုင်း တိုးပွားနေတဲ့ အတွက်ကြောင့်မို့လို့ လေထဲမှာ ပြန့်လာတဲ့ ပမာဏကလဲ နှစ်စဥ် များပြားလာလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်စဥ်နှင့်အမျှဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

ဒီလို  ထင်ရှုးဝတ်မှုန်တွေပြန့်နှံ့လာတာကတော့ ဒုတိယ ကမ္ဘာ့စစ် ပြီးနောက်ကတည်းက ဖြစ်ပါတယ်။ ဂျပန်အစိုးရက လုပ်ငန်းပြန်လည် လည်ပတ်နိုင်ဖို့အတွက် သစ်တောတွေကိုပြန်ပြီးတော့ တည်ဆောက်ဖို့အတွက် ထင်းရှုးပင်တွေကို အများကြီးစိုက်ခဲ့ပါတယ်။ ထင်ရှုးပင် တွေကတော့ ဂျပန်နိုင်ငံရဲ့ ၁၈ ရာခိုင်နှုန်းကိုနေရာယူထားတာမျိုးဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးဧရိယာကတော့ ၁၁ ရာခိုင်နှုန်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ထင်းရှူးပင်တွေ စိုက်ထားတဲ့ ဧရိယာက စိုက်ပျိုးရေး ဒေသတွေထက်ပိုပြီးတော့ များနေပါတယ်။ 

ဂျပန်နိုင်ငံမှာ လူဘယ်နှစ်ယောက် ဝတ်မှုန်ဓာတ်မတည့်တဲ့ ရောဂါခံစားနေရတာလဲ။

ဝတ်မှုန်ဓာတ်မတည့် မှုကိုခံစားရတဲ့ လူဦးရေ အတိအကျကိုတော့ မသိပါဘူး။ ဘာလို့လဲဆို‌တော့ လူတိုင်းမှာ ဖြစ်တဲ့ လက္ခဏာမတူညီသလို ကိုယ်ဘာကို ကုသလို့ရနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဖြစ်ပါတယ်။ ဒါပေမယ် ဂျပန်နိုင်ငံမှာတော့ နှစ်တိုင်းမှာ လူ၄ ဦးမှာ ၁ ဦး ပန်းဝတ်မှုန် ဓာတ်မတည့်မှုနဲ့ ခံစားနေရတယ်ဆိုတဲ့ အချက်ကိုတော့ အချက်အလက်တွေအရသိရှိရပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာန က တင်ပြထားတဲ့ အချက်အလက်တွေကိုကြည့်လိုက်ကြရအောင်။

၁၉၈၈ ခုနှစ်မှာ Kafunsho ရဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ချေနှုန်း အနေနဲ့ ပန်းဝတ်မှုန်က ၁၉.၆ရာခိုင်နှန်း၊ ထင်းရှုးဝတ်မှုန်က ၁၆.၂ ရာခိုင်နှုန်း ၊ တခြားဝတ်မှုန်တွေကတော့ ၁၀.၉ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ Kafunsho ရဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ချေနှုန်း အနေနဲ့ ပန်းဝတ်မှုန်က ၂၉.၈ ရာခိုင်နှန်း၊ ထင်းရှုးဝတ်မှုန်က ၂၆.၅ ရာခိုင်နှုန်း ၊ တခြားဝတ်မှုန်တွေကတော့ ၁၅.၄ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ Kafunsho ရဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ချေနှုန်း အနေနဲ့ ပန်းဝတ်မှုန်က ၄၂.၈၅ ရာခိုင်နှန်း၊ ထင်းရှုးဝတ်မှုန်က၃၈.၈ရာခိုင်နှုန်း ၊ တခြားဝတ်မှုန်တွေကတော့ ၂၅.၁ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။

ဝတ်မှုန်ဓာတ်မတည့်တဲ့ လက္ခဏာတွေက ဘာတွေလဲ။

ဝတ်မှုန်ဓာတ်မတည့်တဲ့ (Kafunsho) လက္ခဏာတွေကတော့ ပုံမှန်အအေးမိတဲ့ လက္ခဏာနှင့် အရမ်းတူပါတယ်။ Kafunsho ကတော့ အထူးသဖြင့် နှခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် မျက်လုံးတွေမှာ အဓိက ကူးပါတယ်။ Kafunsho ရဲ့ အဓီက လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 
နှာခေါင်း - ယားယံပြီးတော့၊ နှာစေးခြင်းနှင့် အနံ့ပျောက်ခြင်းတို့ဖြစ်တတ်ပါတယ်။
လည်ချောင်းနှင့် ပါးစပ် - လည်ချောင်းနှင့် ပါးစပ်ကတော့ ယားယံတတ်ပြီးတော့ လည်ချောင်းနာတတ်ပါတယ်။
မျက်လုံး - မျက်လုံးယားယံခြင်း၊ မျက်ရထွက်ခြင်း၊ နီးမြန်းခြင်း၊ အလင်းရောင်ကိုမခံနိုင်ခြင်း။
တချို့လူတွေကတော့ ခေါင်းကိုက်ခြင်း၊ နားယားခြင်းနှင့် ကိုက်ခဲခြင်းတို့လဲ ဖြစ်လေ့ရှိကြပါတယ်။ တချို့လူတွေကတော့ အသားအရေ ယားယံတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။ နောက်ပြီး ရင်ကြပ်တဲ့ရောဂါရှိတဲ့ သူတွေကတော့ သက်ရှုရခက်ခြင်းတို့ပါ ဖြစ်တတ်ကြပါတယ်။ဝတ်မှုန်ဓာတ်မတည့်ခြင်း၊ တုပ်ကွေးနှင့် ကိုလိုနာတွေကို ဘယ်လိုခွဲခြားမလဲ။

ဝတ်မှုန်ဓာတ်မတည့်ခြင်း၊ တုပ်ကွေးနှင့် ကိုလိုနာတွေကို ဘယ်လိုခွဲခြားမလဲ။

ဝတ်မှုန်ဓာတ်မတည့်ခြင်းနှင့် တုပ်ကွေး တို့ကြားမှာ တချို့ လက္ခဏာတွေကတော့တူညီကြပါတယ်။ ဒါကြောင့်မို့လို့ ဒီ၂ ခုရဲ့ လက္ခဏာကို နှိုင်းယှဥ်ကြည့်ကြရအောင်။ 

ဝတ်မှုန်ဓာတ်မတည့်ခြင်း

နှာရည်ကပိုပြီးတော့ ကြဲပါတယ်။မျက်လုံး၊နှာခေါင်း၊ပါးစပ်နှင့် လည်ချောင်းတွေ ယားယံပြီးတော့ နာကြဉ်တတ်ပါတယ်။နေ့လည်ဘက်နှင့် နေ့ခင်းဘက်မှာ ပိုပြီးတော့ ခံစားရတတ်ပါတယ်၊ ပြီးတော့ လက္ခဏာတွေကတော့ ဝတ်မှုန်တွေရှိနေတဲ့ အချိန်အထိ လနဲ့ ချီပြီးကြာတတ်ပါတယ်။

တုပ်ကွေး

နှာရည်ကပိုပြီးတော့ ပျစ်ပါတယ်။နောက်ပြီးတော့ လည်ချောင်းနာခြင်းနှင့် ကိုယ်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်းတို့ရှိတတ်ပါတယ်။တနေကုန် ထုံထိုင်း ပင်ပန်းနေခြင်း။ပြန်ကောင်းဖို့အတွက် ၁ ပတ်ကနေ ၂ ပတ်လောက်ကြာနိုင်ပါတယ်။

ဝတ်မှုန်ဓာတ်မတည့်ခြင်းနှင့်ကိုလိုနာ။

ဝတ်မှုန်ဓာတ်မတည့်ခြင်းနှင့်ကိုလိုနာ ကလဲတူညီတဲ့ လက္ခဏာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီ၂ ခုကိုသေချာခွဲခြားဖို့လိုအပ်ပါတယ်။  ကိုလိုနာရဲ့ လက္ခဏာကတော့ တုပ်ကွေးနဲ့ ပိုပြီးတော့ နီးစပ်ပါတယ်။ ဝတ်မှုန်ဓာတ်မတည့်ခြင်းနှင့်ကိုလိုနာ တို့ အသိသာဆုံးကွဲပြားချက်ကတော့ ကိုလိုနာကတော့ အမြဲတမ်း အဖျားရှိတတ်ပါတယ်။ တကယ်လို့ ကိုယ့်ကိုကို သံသယ ရှိရင်တော့ ဆရာဝန်ဆီသွားဖို့အကြံပြုလိုက်ပါတယ်။ 

ဝတ်မှုန်ဓာတ်မတည့်ခြင်း၊ကိုဘယ်လိုကာကွယ်မလဲ။

Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း) မဖြစ်အောင်ကြိုတင်ကာကွယ်လို့ရပါတယ်။ တခေါက် ဓာတ်မတည့်မှုဖြစ်သွားရင် ပြန်ကောင်းဖို့အချိန်ကြာပါတယ်။ ဒါကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်တွေကိုမျှဝေပေးလိုက်ပါတယ်။ 

Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း) ရာသီမရောက်ခင်ကြိုတင်ကာကွယ်ဖို့အတွက်ဆေးသောက်ခြင်း။

ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း) ရာသီမရောက်ခင် ဆေးသောက်ပြီးကာကွယ်ခြင်းဖြစ်ပါတယ်။ နှစ်စဥ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွေမှာ နား၊ နှခေါင်းလည်ချောင်း ဆေးခန်းတွေမှာ Kafunshoကိုကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လူတွေများလာပါတယ်။ 

အပြင်မထွက်ခင် ဝတ်မှုန်ပျံ့နှံ့မှု ခန့်မှန်းချက်တွေကို ကြည့်ပါ

နွေဦးရာသီရောက်လာရင် ဝတ်မှုန့်ပျံ့နှံ့နှုန်း ခန့်မှန်းချက် (花粉発散予報 Kafun Hassan Yohou) ကိုနေ့တိုင်းကြည့်ဖို့လိုအပ်ပါတယ်။ ကြည့်ပြီး ပျံ့နှံ့နှုန်း များပါက ကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။ 
နောက်ပြီး ရာသီဥတု အခြေအနေ ကိုလဲ သေချာကြည့်ဖို့လိုအပ်ပါတယ်။ ဥပမာ

  • 乾燥 (Kansou) : ခြောက်သွေ့ခြင်း။ 
  • 晴れ (Hare) : နေသာခြင်း။
  • 気温が高い (Kion ga Takai) : အပူချိန်မြင့်ခြင်း။
  • 強風 (Kyoufuu)、風が強い (Kaze ga Tsuyoi) : လေထန်ခြင်း။

ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေဆောင်းထားပါ။

အလွယ်ကူဆုံးနှင့်အရိုးရှင်းဆုံး ပစ္စည်းတွေကတော့ နှခေါင်းစည်းကို တပ်ဆင်ဖို့ဖြစ်ပါတယ်။ နှားခေါင်းစည်းတပ်ခြင်းဖြင့် ၇၀ ရာခိုင်နှုန်း လေထဲက ပန်းဝတ်မှုန်တွေကိုကာကွယ်ပေးနိုင်ပါတယ်။ အထူးဝတ်မှုန်တွေကို ကာကွယ်ပေးတဲ့ နှာခေါင်းစည်းတွေကတော့ ၈၀ ရာခိုင်နှုန်လောက်ကာကွယ်ပေးနိုင်ပါတယ်။ ဂျပန်မှာတော့ ကိုလိုနာ မပြန့်ခင်ကတည်းက ဂျပန်လူမျိုးတွေက တုပ်ကွေးနှင့်  နှခေါင်းစည်းတပ်လေ့ရှိကြပါတယ်။

နောက်ကာကွယ်ဖို့ နည်းလမ်းတစ်ခုကတော့ မျက်မှန်တပ်ဆင်ခြင်းဖြစ်ပါတယ်။ ပုံမှန် မျက်မှန်တွေကတော့ ၄၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်ပြီး အထူးမျက်မှန်တွေကတော့ ၆၅ ရာခိုင်နှုန်းလောက်ကာကွယ်နိုင်ပါတယ်။ မျက်မှန်တပ်ထားရင်တော့ မျက်လုံးယားယံခြင်းနှင့် နာကျဥ်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ ဦးထုပ်ဆောင်းတာဖြစ်ပါတယ်။ ဦးထုပ်ဆောင်းရင်‌ောတ့ သင့်ဦးခေါင်းပေါ်မှာ ပန်းဝတ်မှုန်တွေ စုပြုံတာကနေ ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သိုးမွေးဦးထုပ်တွေကိုဆောင်းတာကိုတော့ ‌ရှောင်ကြဥ်သင့်ပါတယ်။ ဝတ်မှုန်တွေ အလွယ်တကူ ကပ်နိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန - https://www.env.go.jp/chemi/anzen/kafun/index.html

အိမ်တွင်းကာကွယ်နိုင်မယ့် နည်းလမ်းများ

အိမ်မှာ လုပ်နိုင်တဲ့ ကြိုတင်ကာကွယ်လို့ရမယ့် အချက်တွေလဲ အများကြီးရှိပါတယ်။ အဲ့ အချက်တွေကို ကြည့်လိုက်ကြရအောင်။

  •  အပြင်ကနေ ပြန်လာပြီး ဝတ်ထားတဲ့ အဝတ်တွေကို ဧည့်ခန်း၊ အိပ်ခန်းထဲ ယူထားမျိုးရှောင်ရပါမယ်။ ဖြစ်နိုင်ရင် တခါးတည်းလျှောက်ရပါမယ်။ ‌
  • လျှော်ထားတဲ့ အဝတ်တွေကို အပြင်မှာ လှမ်းတာမျိုးကိုလဲ ရှောင်ကြည်ရပါမယ်။ ဘာလို့လဲဆို ဝတ်မှုန်တွေ လေထဲလွင့်ပြီး ကပ်နိုင်တဲ့ အတွက်ကြောင့်ပါ။
  • အိမ်ပြန်‌ရောက်တာနဲ့ မျက်နှာ၊ လက်နှင် ခံတွင်းကို‌သေချာဆေးပါ။
  • အပြင်သွားပြီးတိုင်း ကိုယ်မှာကပ်ပါလာတဲ့ ဝတ်မှုန်တွေ မပျံ့စေဖို့ ရေချိုးပါ။
  • ပြတင်းပေါက်တွေကို အပြည့်ဖွင့်ထားတာမျိုးကိုလဲရှောင်ကြည်ပါ။ အကျယ်ဆုံး ၁၀ စင်တီမီတာခန့်ဖွင့်ထားပါ။ နောက်ပြီး လိုက်ကာတွေကိုလဲ ပုံမှန်လျှော်ပါ။
  • လေသန့်စင်ကိုလဲ သုံးပေးပါ။

ဂျပန်မှာ အကောင်းဆုံး ဝတ်မှုန်ဓာတ်မတည့်ခြင်းကိုကာကွယ်ဖို့ဆေးများ။

ဂရုစိုက်နေတဲ့ ကြားထဲကနေပြီးတော့ Kafunsho ကိုအပြည်အဝ မကာကွယ်နိုင်တာမျိုးတွေရှိပါတယ်။ တကယ်လို့ မတော်တဆ Kafunsho ဖြစ်သွားရင်ကုသနိုင်ဖို့အတွက် အသုံးဝင်တဲ့ ဆေးဆိုင်က ဆေးတွေနဲ့ အွန်လိုင်းပေါ်မှာဝယ်နိုင်တဲ့ ဆေးတွေကို ဖော်ပြလိုက်ပါတယ်။ 

1. アレジオン20 (Arejion 20) 

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Alesion 20  ကတော့ Kafunsho ဖြစ်ပွားမှုကိုကာကွယ်နိုင်ပြီး Kafunsho လက္ခဏာတွေကို ပိုပြီးတော့ သက်သာအောင်ကာကွယ်နိုင်ပါတယ်။ ဆေးတစ်လုံးသောက်ထားရင် တစ်နေကုန် အာသိသင်ရှိ ပြီး ဆေးသောက်ပြီးနောက်မှာလဲ အိပ်ငိုက်၊ နွမ်းနယ်တာမျိုးတွေမရှိပါဘူး။ ဝတ်မှုန်ဓာတ်မတည့်ခြင်းကိုကုနိုင်ဖို့ဆေးရုံနှင့် ဆေးခန်းများ။ ဒါပေမယ့် ဒီဆေးကတော့ အသက် ၁၅ နှင့် အထက်မှသာ သောက်သုံးနိုင်ပါတယ်။ 

2. アレルビ (Arerubi)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Allerby ကလဲ  Kafunsho လက္ခဏာတွေကို ပိုပြီးတော့ သက်သာအောင်ကာကွယ်နိုင်တဲ့ ဆေးဖြစ်ပါတယ်။ သောက်ရမှာတော့ တစ်နေ့ ၂ လုံးဖြစ်ပြီး မနက်ပိုင်း ၁ လုံးနှင့် ညနေပိုင်း ၁လုံးဖြစ်ပါတယ်။ နောက်ပြီး ဆေးသောက်ပြီး အိပ်ငိုက်တာမျိုးလဲ မရှိပါဘူး။ ဒီဆေးကလဲ အသက် ၁၅ နှင့်အထက်သာသောက်နိုင်ပါတယ်။


3. クラリチンEX (Claritin EX)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Claritin EX ကတော့ ဖုန်နှင့် ဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို တခေါက်သာ သောက်သုံးနိုင်ပါတယ်။ သောက်သုံးပြီးတိုင်းလဲ အိပ်ငိုက်တာ၊ ပင်ပန်းတာမျိုးမရှိဘဲ ပုံမှန်အတိုင်းလှုပ်ရှားနေနိုင်မှာဖြစ်ပါတယ်။ ၁၅ နှစ်နှင့် အထက်သာ သောက်သုံးနိုင်ပါတယ်။ 

4. アレグラFX (Aregura FX)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Allegra FX ကတော့ ဝတ်မှုန်ကြောင့်ဖြစ်တဲ့ နှာစေး၊ နှာချေနဲ့ နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ နေ့ခင်တလုံးနှင့် မနက်ပိုင်းတ‌ခေါက်သောက်နိုင်ပြီး ပင်ပန်းနွမ်းနယ်တာမျိုးတွေလဲမရှိပါဘူး။ ၁၅ နှစ်နှင့် အထက်သာ သောက်သုံးနိုင်ပါတယ်။ 

5. PHARMA CHOICE アレルギー専用点鼻スプレー ベルダサポートAG点鼻薬 (Aregugi- Senyou Tenbi Supure- Bermuda Sapo-to AG Tenbiyaku)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

PHARMA CHOICE Allergy Nasal Spray ဆိုတဲ့ နှခေါင်းဖျန်းဆေးကတော့ ဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေဖြစ်ပွားတာနဲ့ ပိုဆိုးတာကိုကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၃ကြိမ်ကနေ ၅ အကြိမ်အထိ သုံးနိုင်ပြီး တခေါက်ဖျန်းပြီးတိုင်း ၃ နာရီကြာခြားထားဖို့လိုအပ်ပါတယ်။ အသက် ၇ နှစ်နှင့် အထက်ရှိသူ သူတွေသောက်သုံးနိုင်ပါတယ်။

 
6. パブロン鼻炎アタックJL (Paburon Bien Atakku JL)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Paburon Bien Atakku JL ကတော့ ဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။ ‌တစ်နေ့ကို ၂ ကြိမ်ကနေ ၄ကြိမ်အထိ သုံးနိုင်ပြီး ၁ကြိမ်သုံးပြီးတိုင်း ၃ နာရီခြားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီဆေးကတော့ အသက် ၁၈ နှစ်နှင့် အထက်သာ သောက်သုံးနိုင်ပါတယ်။ 

7. ナザール (Naza-ru)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

NAZAL ကတော့ ရာသီကြောင့်ဖြစ်တဲ့ ရောဂါ လက္ခဏာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး နေ့စဥ်သုံးစွဲနိုင်ပြီး ၃လအထိ ဆက်တိုက်သုံးနိုင်ပါတယ်။  ‌တစ်နေ့ကို ၂ ကြိမ်ကနေ ၄ကြိမ်အထိ သုံးနိုင်ပြီး ၁ကြိမ်သုံးပြီးတိုင်း ၃ နာရီခြားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီဆေးကတော့ အသက် ၁၈ နှစ်နှင့် အထက်သာ သောက်သုံးနိုင်ပါတယ်။ 


8. 鼻炎薬A「クニヒロ」 (Biengusuri A “Kunihiro”)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Rhinitis Medicine A “Kunihiro” ကတော့ ဝတ်မှုန်ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာတွေကို‌ သက်သာပျောက်ကင်းစေပါတယ်။ နောက်ပြီး ဝတ်မှုန်ကြောင့်ဖြစ်တဲ့  တခြားလက္ခဏာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ဆေးသောက်ပြီးနောက်မှာတော့ အိပ်ငိုက်တာတွေရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကားမောင်းနေတဲ့သူတွေနဲ့ နောက်နေ့ အရေးကြီးကိစ္စရှိတဲ့ သူတွေကတော့ ‌ရှောင်ကြဥ်သင့်ပါတယ်။ အသက် ၇နှစ်နှင့် အထက်သူတွေသာသောက်သုံးသင့်ပါတယ်။ 


9.パブロン鼻炎カプセルSα (Paburon Bien Kapuseru Sα)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Pabron Rhinitis Capsule Sα ကတော့ ချက်ချင်း ဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုသက်သာပျောက်ကင်းချင်တဲ့သူတွေအတွက် သောက်သုံးဖို့သင့်တော်ပါတယ်။ တော်တော်လဲ ထိရောက်မှုရှိပြီး နှခေါင်းပိတ်တာတွေမျိုးဆိုရင် ချက်ချင်းပြန်ပြီးပွင့်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆေးသောက်ပြီး အိပ်ငိုက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ သတိထားရပါမယ်။ နောက်ပြီး အသက် ၁၅ နှစ်နှင့် အထက်ရှိတဲ့ သူတွေ သာသောက်သုံးသင့်ပါတယ်။ 


10. 新・ロート小青竜湯錠 II (Shin: Ro-to Shouseiryuutou Jyou II)

Amazon မှာလဲ ဝယ်ယူနိုင်ပါတယ်။

Shin: Ro-to Shouseiryuutou Jyou II ကတော့ တရုတ်ရိုးရာဆေးဖြစ်ပြီး  ဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုသက်သာနိုင်ပြီး ဆေးသောက်ပြီးနောက်ပိုင်း အိပ်ငိုက်တာမျိုးတွေလဲရှိပါတယ်။ နောက်ပြီး တရုတ်ရိုးရာဆေးဖြစ်ပေမယ့် အပြားလိုက်ဖြစ်လို့သောက်သုံးရလဲ လွယ်ပါတယ်။ ဒါ့အပြင် ဖော်ပြထားတဲ့ တခြားဆေးတွေနှင့် မတူဘဲ ကလေးတွေလဲ သောက်သုံးနိုင်ပါတယ်။  အများအားဖြင့် အသက် ၅ နှစ်နှင့် အထက်ကလေးတွေကနေစပြီး သောက်သုံးနိုင်ပါတယ်။ 

ဝတ်မှုန်ဓာတ်မတည့်ခြင်းကိုကုနိုင်ဖို့ဆေးရုံနှင့် ဆေးခန်းများ။


 Kafunsho ဖြစ်လို့ ဂျပန်မှာ ဆေးခန်းတွေကိုသွားပြီးကုသမှုလဲ ခံယူနိုင်ပါတယ်။ ဒါပေမယ့်  Kafunsho ရာသီရောက်ရင်တော့ တော်တော်လေးကို တန်းစီရမှာဖြစ်ပါတယ်။ Kafunsho ကာကွယ်ဖို့အတွက် ဆေးတွေကိုလဲ ဆေးခန်းကနေ ရနိုင်ပါတယ်။ ဂျပန်မှာတော့ နေမကောင်းဖြစ်ရင် ရောဂါအခြေအနေအပေါ်မူတည်ပြီးတော့ သွားရမယ့် ဆေးခန်းတွေကွာခြားနိုင်ပါတယ်။ Kafunsho ဖြစ်ရင်တော့ အောက်ပါဆေးခန်းတွေကို သွားပြီးကုသမှုကိုခံယူနိုင်ပါတယ်။ 

  • 耳鼻咽喉科 (Jibiinkouka)・耳鼻科(Jibika) - နား၊နှခေါင်း၊လည်ချောင်း (ENT)
  • 内科 (Naika) - အတွင်းပိုင်းဌာ။ 
  • 小児科 (Shounika) - ကလေးသူငယ်ဌာ။
  • 眼科 (Ganka) - မျက်လုံး။
  • 皮膚科 (Hifuka) - အသားအရေဌာ။
  • アレルギー科 (Arerugi-ka) - ဓာတ်မတည့်မှုဌာန။

အကျဥ်းချုပ် 


နွေဦးရာသီရောက်တာနဲ့ Kafunsho (花粉症) ကတော့ စတင်ပြီးပြန့်နှံလာမှာဖြစ်ပါတယ်။ ဒါကြောင်မို့လို့ ကြိုတင်ကာကွယ်မှုတွေကိုသေချာပြုလုပ်ထားမှ နွေဦးရာသီကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အိမ် / နေရေးထိုင်ရေး/ Kafunsho(ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း)ကိုဘယ်လိုကာကွယ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ