ဘဘာဝတရားတွေနှင့် ပြည့်နှက်နေတဲ့ Nara မြို့  Nara Sight Seeing

Nara မြို့ကတော့ ဂျပန်နိုင်ငံရဲ့အနောက်ဘက်ဒေသ မှာရှိတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးကတော့ ရှေးဟောင်းအငွေ့အသက်တွေနဲ့ အပြည့် ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုဦ သမိုင်းတွေကိုပါ ကြည့်ရှုလေ့လာနိုင်မယ့် မြို့တစ်မြို့လဲဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားတွေနဲ့ နီးစမ်းခွင့်ရနိုင်မယ့်အခွင့်အရေးလို့ပြောလို့ရမယ့် ဘေးမဲ့ လွတ်ထားတဲ့ သမင်းလေးတွေကလဲ Nara မြို့ရဲ့ ဆွဲဆောင်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ နာရမြို့ရဲ့လည်ပတ်စရာနေရာတွေနဲ့ လှပတဲ့နေရာ ခရီးသွားတဲ့ အချိန်မှာ အသုံးဝင်မယ့် အကြောင်းအရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ 

မာတိကာ

Nara မြို့အကြောင်း

Nara မြို့ကတော့ Nara ခေတ် (၇၀၄ခုနှစ် - ၇၈၄ခုနှစ်)မှာ ဂျပန်နိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ ခေတ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘုရား‌ကျောင်းတွေ အများကြီးတွေ့နိုင်ပြီး ရှေးဟောင်းအဆောက်အအုံတွေလဲ များပြားတဲ့ အပြင် ရိုးရာယဥ်ကျေးမှုတွေလဲကြွယ်ဝတဲ့ မြို့လဲဖြစ်ပါတယ်။ ဒါကြောင့် Nara မြို့ကိုသွားရင်တော့ ရှေ့ဟောင်းအဆောင်အအုံအကြွင်းကျန်တွေအပြင် ဘုရားကျောင်းတွေကိုပါတခါတည်းလေ့လာနိုင်မှာဖြစ်ပါတယ်။ Nara မြို့မှာရှိတဲ့ ဘုရားတွေ၊ လည်ပတ်စရာတွေထဲမှာမှ Todaiji ဆိုတဲ့ဘုရားကျောင်းနှင့် Nara ပန်းခြံကနေ နာမည်အကြီးဆုံးဖြစ်ပါတယ်။ ဒီနေရာနှစ်ခုကတော့ Nara မြို့ကိုကိုယ်စားပြုနေတယ်လို့ပြောလိုရတဲ့အထိနာမည်ကြီးပါတယ်။ 

Nara မြို့ ရဲ့ အဓိက ဘုရားကျောင်းကြီး - Todai-ji 

 Todai-ji ဆိုတဲ့ ဘုရားကျောင်းကတော့ Nara မြို့ ရဲ့ အဓိကအကျော်ကြားဆုံးဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းကတော့ 738 ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး 752 ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Shomu ဘုရင်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒီဘုရားကျောင်းကြီးကိုတော့ ဘုရားကျောင်းအားလုံးရဲ့ ဗဟိုအဖြစ် သတ်မှတ်ဖို့ ဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။ Todai-ji ဆိုတဲ့ စကားလုံးကို ဘာသာပြန်လိုက်ရင်လဲ အရှေ့ဘက်က ဘုရားကြီးလို့နာမည်ရပြီး နန်းတော်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနာမည်ကို မှည့်ထားခြင်းဖြစ်ပါတယ်။ ဘုရားအဆောင်အတွင်းမှာတော့ ကြေးဘုရားကြီးရှိပြီး ဒီကြေးဘုရားကြီးကတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံးကြေးဘုရားကြီးဖြစ်ပါတယ်။ 

ဘုရားကျောင်းကြီးကတော့ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးခံခဲ့ရဖုးပြီး ၂ ကြိမ်ပြန်လည်တည်ဆောင်ထားပါတယ်။ လက်ရှိတွေ့မြင်နေရတဲ့ ဘုရားကျောင်းအဆောင်ထက် မူလဘုရားကျောင်းအဆောင်က များစွာ ကြီးပါတယ်လို့ဆိုပါတယ်။နောက်ပြီး ဘုရားကျောင်းကြီးကိုတော့ သစ်သားသီးသန့်နဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဘုရားကျောင်းကို ဝင်ပြီးဖူးနိုင်တဲ့ အချိန်ကတော့ ရာသီအပေါ်မူတည်ပြီးကွာခြားနိုင်ပေမယ့် ပုံမှန်အားဖြင့် မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်းဝင်ကြည့်နိုင်ပါတယ်။ နောက်ပြီး ဝင်ကြေးကတော့ ယန်း ၆၀၀ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဘုရားကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

ရာသီအလိုက်ပွဲတော်များ 

 

ဘုရားကျောင်းမှာတော့ ရာသီအလိုက်ပွဲတော်တွေ ရှိပါတယ်။ ဘုရားကျောင်းကလဲ ၄ ရာသီလုံး လှပနေပါတယ်။ နွေဦးရာသီရောက်ရင် ချယ်ရီပန်းတွေပွင့်ပြီး၊ ဆောင်းဦးရာသီမှာဆိုရင်တော့ မေပယ်ရွက်တွေ အ‌ရောင်ပြောင်းပြီးလှပနေပါတယ်။ ဒါဆို ရာသီအလိုဘယ်လိုပွဲတွေရှိလဲ ကြည့်လိုက်ရအောင်။ ပွဲတော်တွေ အကုန်လုံးကိုမဟုတ်ဘဲ စိတ်ဝင်စားစရာ ပွဲတော်တွေကို ရှင်းပြသွားပါမယ်။ 

သန်းခေါင်ယံခေါင်းလောင်းတီးပွဲ - ဇန်နဝါရီလ ၁ ရက်နေ့ 

သန်းခေါင်ယံခေါင်းလောင်းတီးပွဲ ကတော့ ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးတဲ့ ညမှာ ဘုရားကျောင်းမှာ တီးလေ့ရှိတဲ့ ခေါင်းလောင်းသံဖြစ်ပါတယ်။ ဂျပန်မှာတော့ ဒီခေါင်းလောင်းသံကို နားထောင်ရင်း ခေါက်ဆွဲစားတဲ့အလေ့အထရှိပါတယ်။ Todai-ji ဘုရားကျောင်းမှာလဲ နှစ်ကုန်တဲ့လ မှာသွားရောက်ပြီး ကိုယ်တိုင်ခေါင်း‌လောင်းတီးနိုင်ပါတယ်။ လူတွေအများကြီးခာတဲ့ အတွက်ကြောင့်မို့လို့ တော်တော် တန်းစီရမှာဖြစ်ပြီး ကြိုတင်လက်မှတ်ကို ယူပြီးတန်းစီရပါတယ်။ 

ဘုရားကိုယ်တော်သန့်ရှင်းရေးလုပ်ခြင်း - သြဂုတ်လ 

 

 Todai-ji ဘုရားကျောင်းအတွင်းမှာရှိတဲ့ ကြေးဘုရားဆင်းတုတော်ကြီးကိုတော့ သြဂုတ် ၈ ရက်နေ့ ရဟန်းရှင်လူပေါင်း ၁၂၀ ဦး ဘုရားကိုသန့်ရှင်းရေးလုပ်ကြပါတယ်။ သာမန်ပြည်သူတွေလဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဂျပန်မှာတော့ ဘုရားတော်တော်များများမှာ တစ်နှစ်တစ်ကြိမ်သန့်ရှင်းရေး လုပ်လေ့ရှိပါတယ်။ 

ညဘက် မီးပုံပွဲ - သြဂုတ်လ


 Todai-ji ကိုပုံမှန်ဆို ညနေ ၅း၃၀ အချိန်မှာ ပိတ်ပါတယ်။ ဒါပေမယ့် သြဂုတ် အတွင်းထဲက ပွဲကျင်းပတဲ့ ညမှာတော့ ညဘက် ၇ နာရီကနေ ၉ နာရီအထိမီးပုံးပေါင်း ၂၅၀၀ ကိုပူဇော်ပြီး ညဘက်မှာဘုရားဝင်အတွင်းမှာနေနိုင်မှာဖြစ်ပါတယ်။ ဒီပွဲတော်အတွက်လဲ ဝင်ကြေးကို သန့်သန့်ထပ်ပေးရပါတယ်။ ပွဲကျင်းပတဲ့ ရက်ကတော့ နှစ်အလိုက် ကွဲပြားနိုင်ပါတယ်။ 

ဘေးမဲ့ ပန်းခြံက သမင်လေးများ

Nara လို့ပြောလိုက်တာနဲ့ သမင်လေးတွေကို ပြေးမြင်ကြလိမ့်မယ်လို့ထင်ပါတယ်။ အမှန်တော့ ဒီသမင်လေးတွေက Nara ပန်းခြံမှာဘေးမဲ့ လွတ်ထားတဲ့ သမင်လေးတွေ ဖြစ်ပါတယ်။ Nara ပန်းခြံကတော့ Todai-ji ဘုရားကျောင်းနဲ့ အနီးနားမှာရှိပါတယ်။ ဒါကြောင့်မို့လို့ ဘုရားဖူးရင်းသမင်းလေးတွေကို ကြည့်ပြီးအပန်းဖြေနိုင်ပါတယ်။ ပန်းခြံကလဲ ရာသီ ၄ မျိုးစလုံး အလှတွေနဲ့ ပြည့်နှက်နေပြီး သမင်လေးတွေကိုလဲ လွတ်လွတ် လပ်လပ် အစာကျွေးနိုင်ပါတယ်။ 

ပန်းခြံရဲ့ သမိုင်းကြောင်း

ပန်းခြံရဲ့ သမိုင်းကြောင်းအနေနဲ့ကတော့ ပန်းခြံကို ၁၈၈၀ ခုနှစ်မှာဖွင့်လှစ်ပြီး ပန်းခြံကတော့ ဧက ၁၀၀၀ ‌လောက်ကျယ်ပါတယ်။ ပန်းခြံ အနီးနားမှာ နာမည်ကြီးဘုရား‌ကျောင်းတွေရှိတာကလဲ ထူးခြားချက်နဲ့ ကောင်းကွက်တရပ်ဖြစ်ပါတယ်။ ဒါဆိုဘာလို့ ဒီပန်းခြံမှာ သမင်တွေအများကြီးရှိနေတာလဲ။ အမှန်တော့ ဒီသမင်တွေအားလုံးကအရိုင်းတွေဖြစ်ပါတယ်။ ပန်းခြံရဲ့ အနီးနားမှာရှိတဲ့ Kasugataisha လို့ခေါ်တဲ့ နတ်ကွန်းရဲ့ ပထမဆုံးနတ်က သမင်ကိုစီးပြီး ဂျပန်နိုင်ငံရဲ့ အရှေ့ဘက်ပိုင်းဖြစ်တဲ့ Ibaraki ခရိုင်ကနေ Nara မြို့ရဲ့ Mikasa တောင်အထိရောက်လာတဲ့ ဆိုတဲ့ အယူအဆကနေ စပြီးဆင်းသက်လာတာဖြစ်ပါတယ်။ အဲ့ချိန်ကနေစပြီး သမင်တွေကိုမြင့်မြတ်တယ်လို့ယူဆပြီး ဘေးမဲ့ လွတ်ထားတဲ့ တာဖြစ်ပါတယ်။ သမင်တွေက အရိုင်းတွေဖြစ်ပေမယ့် သမင်တွေကို ကို သီးသန့်အစာအဖြစ်ပန်းခြံမှာရောင်းနေတဲ့ Shika Senbei ကိုကျွေးနိုင်ပါတယ်။ အစာကျွေးတဲ့ အချိန်မျာ သတိထားဖို့က သမင်တွေကို မစဖို့နဲ့ ထိခိုက်နာကြဉ်အောင်မပြုလုပ်ဖို့ဖြစ်ပါတယ်။ 

အကျဥ်းချုပ် 

ဒီနေ့မှာတော့ ဂျပန်နိုင်ငဲရဲ့ ရှေးဟောင်းသမိုင်းဝင်မြို့ဖြစ်တဲ့ Nara မြို့ရဲ့ အဓိက နာမည်ကြီးတဲ့ ဘုရားကျောင်းနှင့် ပန်းခြံအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ Nara မြို့ကို လည်ပတ်တဲ့ အချိန်မှာ ကျိန်းသေပေါက် သွားသင့်တဲ့ နေရာတွေဖြစ်ပြီး ပွဲလမ်းတွေရဲ့ အချက်အလက်တွေကိုပါ သေချာကြည့်ပြီး သွားတဲ့ အချိန်နဲ့ ပွဲနဲ့ တိုက်နေရင် ပွဲတော်ကိုပါတခါတည်း လေ့လာခဲ့ဖို့ တိုက်တွန်းပါရစေ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဘဘာဝတရားတွေနှင့် ပြည့်နှက်နေတဲ့ Nara မြို့  Nara Sight Seeing

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ