အဖေ များနေ့ (Father’s Day in Japan)

ဖခင်များနေ့သည်မိသားစုကိုထောက်ပံ့ပေးထားသောဖခင်အားကျေးဇူးတင်ကြောင်းဖော်ပြရန်အရေးကြီးသောနေ့တစ်နေ့ဖြစ်သော်လည်းတချို့က“ မေ့သွားလို့”ဟုဆိုသူများလည်းရှိပေလိမ့်မည်။

အမေများနေ့နှင့်နှိုင်းယှဉ်လျှင်အနည်းငယ်လူသိပ်မသိသော်လည်းပထမဦးဆုံးအနေဖြင့်အဖေများနေ့သည်အဘယ်ကြောင့်ပေါ်ပေါက်လာသည်ကိုတင်ပြလိုပါသည်။

အဖေများနေ့ပေါ်ပေါက်လာပုံ

မိခင်များနေ့နှင့်နှိုင်းယှဉ်လျှင်အဖေနေ့သည်သိပ်ပြီးအရေးမကြီးဘူးဟုယူဆလေ့ရှိသည်။

သို့သော်အဖေများနေ့သည်ကျွန်ုပ်တို့၏ဖခင်အားကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုရန်အရေးကြီးသောနေ့ရက်တစ်ခုဖြစ်သည်။

ထို့ကြောင့်ဤအချိန်တွင်အဖေနေ့၏ပေါ်ပေါက်လာပုံ၊ ပန်းလက်ဆောင်၊အရောင်များစသဖြင့်မိတ်ဆက်ပေးပါမည်။ အဖေများနေ့

သည်နှစ်စဉ်ဇွန်လ၏တတိယပတ်၏တနင်္ဂနွေနေ့ဖြစ်သည်။

အဖေများနေ့ကိုသိပြီဆိုရင်တော့ဒီနှစ်လက်ဆောင်ပို့ဖို့ကိုမမေ့သွားပါနဲ့။

အဖေများနေ့သည်အမေများနေ့ကဲ့သို့အမေရိကန်ပြည်ထောင်စုမှစတင်ခဲ့သောအားလပ်ရက်တစ်ခုဖြစ်သည်။

၎င်းကို Sonora Smart Dot ဟုခေါ်သောအမျိုးသမီး၏အသနားခံချက်ဖြင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

Sonora ၏ဖခင်သည်စစ်သားတစ်ဦး ဖြစ်ပြီး၊ ပြည်တွင်းစစ်မှပြန်လာသောအခါကလေးခြောက်ယောက်ကိုပြုစုပျိုးထောင်ခဲ့သည်။

မောင်နှမခြောက်ယောက်အနက်အငယ်ဆုံးဖြစ်သော Sonora သည်အသင်းတွင်တစ်နေ့၌တရားဟောခြင်းကိုကြားနာခဲ့ပြီးအမေများနေ့ရှိသည်ကိုသိခဲ့သည်။

ဒါကြောင့် "အမေကိုချီးမွမ်းစရာနေ့တစ်နေ့ရှိရင်အဖေကိုချီးမွမ်းဖို့တစ်ရက်ရှိသင့်တယ်" ဟုစဉ်းစားရင်း ၁၉၀၉ ခုနှစ်မှာသင်းအုပ်ဆရာရဲ့ဘုရားရှိခိုးကျောင်းတွင်“ အဖေကိုကျေးဇူးတင်ကြောင်းပွဲ” ကိုတောင်းဆိုကျင်းပခဲ့သည်ဟုဆိုသည်။

ထို့အပြင်ဖခင်များနေ့ကို ၁၉၁၀၊ ဇွန် ၁၉ ရက်တွင်ပထမဆုံးအကြိမ်ကျင်းပခဲ့ပုံရသည်။

အခမ်းအနားကိုဇွန်လတွင်ကျင်းပရခြင်း၏အကြောင်းရင်းမှာ Sonoma ၏ဖခင်မွေးဖွားသည့်လဖြစ်သည်ဟုသိရသည်။

သို့သော်အဖေများနေ့အခမ်းအနားသည်လူသိများလာအောင်၆နှစ်ခန့်အချိန်ယူခဲ့ရသည်ဟုဆိုကြသည်။

၁၉၁၆ ခုနှစ်အခမ်းအနားတွင်အမေရိကန်ပြည်ထောင်စု၏ ၂၉ ဆက်မြောက်သမ္မတဝုဒ်ဝုလ်ဆင်ကလူအများအပြားကိုဖခင်များနေ့အကြောင်းကိုလူအများသိရှိရန်မိန့်ခွန်း၌ပြောကြားခဲ့သည်။

ထိုအချိန်မှစ၍ လူအများကအသိအမှတ်ပြုလာသည့်ဖခင်များနေ့သည် (၃၆) ဆက်‌မြောက်သမ္မတ လင်ဒန်ဂျွန်ဆင်ကည်ဖခင်များနေ့ကိုသတ်မှတ်သောကြေငြာချက်ထုတ်ပြန်သည့် ၁၉၆၆ ခုနှစ်၊ ဇွန်လ၏တတိယပတ်တနင်္ဂနွေဖြစ်သည်။

နောက်ဆုံး ၁၉၇၂ ခုနှစ်တွင်ဖခင်များနေ့ကိုဇွန်လတတိယတနင်္ဂနွေနေ့တွင်နိုင်ငံတော်၏ပိတ်ရက်အဖြစ်တရားဝင်ထုတ်ပြန်ခဲ့သည်။

အဖေနေ့လက်ဆောင်

မိခင်များနေ့အတွက်လက်ဆောင်ပန်းဆိုလျှင် ကာနေးရှင်းနှင့် အဂျိဆိုင်းကဲ့သို့သောပန်းများသည်ပုံမှန်ဖြစ်သည်။

အထူးသဖြင့်အနီရောင် ကာနေးရှင်းပန်းသည်မိခင်များနေ့ကိုကိုယ်စားပြုသောပန်း၏ပုံရိပ်ဖြစ်သည်။

တကယ်တော့အမေများနေ့လိုပါပဲ၊အဖေများနေ့လက်ဆောင်မှာလဲပဲအဖေနေ့၏သင်္ကေတဖြစ်သောပန်းရှိသည်။

ဖခင်များနေ့တွင် နှင်းဆီပန်းများပို့ခြင်းမှာအမေရိကန်ပြည်ထောင်စုတွင်ပုံမှန်ဖြစ်သည်။

အကြောင်းမှာအစောပိုင်းကမိတ်ဆက်ပေးခဲ့သည့်ဖခင်များနေ့ကိုကျင်းပရန်သင်းအုပ်ဆရာဘုရားရှိခိုးကျောင်းအားအသနားခံသောအမျိုးသမီး (Sonora) ကသူမအဖေ၏သင်္ချိုင်းတွင်အဖြူရောင်နှင်းဆီကိုဆင်ယင်သောကြောင့်ဖြစ်သည်။

မိခင်များနေ့တွင်ပေးသောကာနေးရှင်းပန်းနှင့်ပတ်သက်၍ မိခင်ရှိသေးသည်ဆိုပါကအနီရောင်ကာနေးရှင်းပန်းကိုပေး၍ အမေဆုံးပါးသွားပြီဆိုလျှင်အဖြူရောင်

ကာနေးရှင်ပန်းကိုပေးလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင်အမေများနေ့ကဲ့သို့ဖခင်သည်အသက်ရှင်နေပါကအနီရောင်နှင်းဆီကိုပေးမည်။ အကယ်၍ ဆုံးပါးသွားပြီဆိုလျှင်အဖြူရောင်နှင်းဆီကိုပေးမည်။

ဂျပန်နိုင်ငံတွင်မူအဝါရောင်နှင်းဆီများသည်ဖခင်များနေ့အတွက်ပေးပို့သောပန်းများဖြစ်သည်။

တို့အတူအဝါရောင်နေကြာပန်းစည်းများသည်အဝါရောင်နှင်းဆီလက်ဆောင်များကဲ့သို့ရေပန်းစားသည်။

နေကြာသည်နွေရာသီကိုကိုယ်စားပြုသောပန်းများအနက်တစ်ခုဖြစ်သည်။

လှပသောအဝါရောင်ပွင့်ချပ်များနှင့်အတူပန်းပွင့်များ၏အသွင်အပြင်သည်အားတက်နေပုံရသည်။

နေကြာပန်းအရောင်သည်ဂျပန်နိုင်ငံရှိအဖေနေ့၏အဓိကအရောင်ဖြစ်သည်။

နေကြာပွင့်များ၏အသွင်အပြင်ဖြစ်သည့်

“ သင့်ကိုသာဂရုစိုက်သည်၊ တောင့်တသည်၊၊ တောက်ပသည်၊”

ဟူသောပန်းပွင့်၏ဂုဏ်ဒြပ်များသည်သင်၏ဖခင်အားလေးစားမှုကိုဖော်ပြနိုင်စွမ်းရှိသည်။

ဖခင်သို့ကျေးဇူးတင်စကား

အဖေများနေ့သည်မိသားစုအတွက်အမြဲကြိုးစားအားထုတ်နေသည့်အဖေအားကျေးဇူးတင်ကြောင်းဖော်ပြရန်အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်။

လက်ဆောင်ရွေးချယ်ရာတွင်ယင်း၏မူလအစကိုသိရှိထားခြင်းသည်လည်းအထောက်အကူပြုသည်။

ယခုအချိန်အထိအဖေများနေ့ကိုမကျင်းပနိုင်ခဲ့ပါကအဝါရောင်နှင်းဆီသို့မဟုတ်နေကြာကိုပေး၍ သင်၏ဖခင်အား“ ကျေးဇူးတင်ပါတယ်” ဟုပြောပါ။

အဖေအားပန်းပွင့်ပေးရန်ခဲယဉ်းပေလိမ့်မည်၊ သို့သော်ပန်းစည်းများနှင့်ပန်းအိုးများသည်လူတိုင်းနှစ်သက်သောလက်ဆောင်များအနက်မှတစ်ခုဖြစ်သည်။

အချို့လူများသည်ဓာတ်ပုံရိုက်သည်ကိုနှစ်သက်သကဲ့သို့အချို့သောသူများသည် bonsai စိုက်ပျိုးလိုသူများလဲရှိသည်။အမျိုးသားများသည်ထင်သည်ထက်ပန်းပွင့်များကို ပို၍ နှစ်သက်ကြသူများလဲရှိပေလိမ့်မည်။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ