၇လပိုင်း၇ရက်နေ့ ကြယ်တာယာပွဲတော် (တနဘတ ပွဲတော်)

Tanabata ပွဲတော်အကြောင်း 

Tanabata ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ ဇူလိုင်လ ၇ ရက်နေ့ (၇လပိုင်း ၇ ရက်နေ့) မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။Tanabata ကို ဂျပန်ဘာသာနဲ့ဆိုရင်တော့ 七夕 လို့ရေးပါတယ်။ ကြယ်တာယာ ပွဲတော်လို့လဲ လူသိများပါတယ်။ Tanabata ပွဲတော်နေ့မှာတော့ ဝါးပင်လေးမှာ မိမိဆုတောင်းချင်တဲ့ ဆုတောင်းကိုစာရွက်ပေါ်မှာရေးပြီး ချိတ်ဆွဲလေ့ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ၇လပိုင်း ၇ရက်နေ့မှာကျရောက်တဲ့ Tanabata မှာဆုတောင်တဲ့ဆုဟာ ဆုတောင်းပြည့်တယ်လို့ ယူဆကြလို့ဖြစ်ပါတယ်။ 

Tanabata ရဲ့ မူလအစ

ရက်ကန်းရက်တဲ့သူ orihime နှင့် နွားကျောင်းသားလေး hikoboshiတို့ရဲ့ ချစ်ပုံပြင်

Tanabata ရဲ့ မူလအစ ကတော တရုတ်နိုင်ငံရဲ့ ‌‌ရှေးဟောင်းပုံပြင်ကနေ ဆင်းသက်လာပါတယ်။ ပုံပြင်အရ မိုးကောင်းကင်ကြီးရဲ့ တဖက်စီမှာ ရက်ကန်းရက်တဲ့ မိန်းမပျိုလေးနဲ့ မိုးကောင်းကင်ရဲ့ နွားတွေကို ထိန်းကျောင်းပြီး အသက်မွေးနေတဲ့ နွားကျောင်းသားတစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ကတော့ နားချိန်မရှိအောင်အလုပ်ကြိုးစားကြတဲ့ သူတွေ ဖြစ်လို့ သူတို့ နှစ်ယောက်ကို ပေးတွေ့ပြီး လက်ထပ်ထိန်းမြားစေခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးနောက်မှာတော့သူတို့ နှစ်ယောက် အလုပ်တွေကို မေ့သွားကြပြီး ချစ်ကြည်နှုးနေကြပါတယ်။ ဒါကိုသိသွားတဲ့ မိုးနတ်မင်းကြီးကတော့ သူတို့နှစ်ယောက်ကို ခွဲထားလိုက်ပြီး ၁ နှစ်မှာ ၁ကြိမ်သာ ပေးတွေ့ဖို့ စည်းကမ်းချ မှတ်လိုက်ပါတယ်။ ဒီပုံပြင်ကတော့ တရုတ်နိုင်ငံရဲ့ မူရင်းပုံပြင် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဒီပုံပြင်စတင် ဝင်ရောက်လာတာကတော့ နာရ ခေတ်ကဖြစ်ပါတယ်။

Tanabata ပွဲတော်ကျင်းပချိန် 

၇ လပိုင်း ၇ရက်နေ့မှာ ပွဲတော်ကိုကျင်းပလေ့ရှိပေမယ့် လဲ တရုတ်နိုင်ငံမှာ သုံးခဲ့တဲ့ လ ပြက္ခဒိန်ကိုအခြေခံပြီး တွက်ကြည့်မယ်ဆိုရင်Tanabata ပွဲတော်က တလလောက်နောက်ကျပါတယ်။ ယနေ့အချိန်အထိ ဂျပန်နိုင်ငံရဲ့ တချို့ ဒေသတွေမှာတော့ တရုတ်နိုင်ငံရဲ့ ပြက္ခဒိန် ကိုအခြေခံပြီး တလ နောက်ကျပြီးမှ Tanabata ပွဲတော်ကိုကျင်းပလေ့လဲရှိပါတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ ပြက္ခဒိန် အတိုင်းကျင်ပတဲ့ Tanabata ပွဲတော် ကိုတော့ “伝統的七夕” dentoteki tanabata ရိုးရာTanabata ပွဲတော် လို့ခေါ်လေ့ရှိပါတယ်။ လပြက္ခဒိန်က နှစ်တိုင်း ရက် သတ်မှတ်ချက်မတူတဲ့အတွက်ကြောင့်မို့လို့ နှစ်စဉ်ဂျပန်နိုင်ငံရဲ့ နိုင်ငံပိုင်နက္ခတ်တာရာဌာန ကနေပြီးတော့ ရိုးရာTanabata ပွဲတော် နေ့ကိုထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ သြဂုတ်လ ၁၄ ရက်နေ့၊ ၂၀၂၂ ခုနှစ်မှာတော့ သြဂုတ်လ ၄ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှာတော့ သြဂုတ်လ ၂၂ ရက်နေ့တို့ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံအတွင်းမှာလဲ ဘယ်စာက အမှန်ဆိုတာထက် ၇ လပိုင်း ၇ရက်နေ့မှာ ကျင်းပတဲ့ဒေသ လဲရှိသလို၊ သြဂုတ်လအတွင်းမှာ ကျင်းပတဲ့ ဒေသတွေလဲရှိပါတယ်။ ဒါပေမယ့် Tanabata ပွဲတော်လို့ပြောလိုက်တာနဲ့ ကြယ်လေးတွေကိုကြည့်ရတာကလဲ ရိုးရာတစ်ခုပါ။ ၇လပိုင်း၇ ရက်နေ့ကတော့ ဂျပန်နိုင်ငံရဲ့ မိုးရာသီ ကုန်ခါနီးကာလ ဖြစ်တြံ အတွက်ကြောင့် သိပ်ပြီးတော့ ကြယ်တွေကိုကောင်းကောင်းမမြင်နိုင်ပါဘူး။ ရာသီဥတုအပေါ် လဲမူတည်ပါတယ်သြဂုတ်လကတော့ ဂျပန်န်ုင်ငံရဲ့ နွေရာသီ ဝင်တဲ့အချိန်လဲဖြစ်ပြီမို့ ကောင်းကင်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပြီးကြယ်တွေကိုလဲ သေချာမြင်နိုင်ပါတယ်။ ဒါကြောင့် ရိုးရာTanabata ပွဲတော်နေ့ရောက်ရင်ကြယ်လေးတွေကို ငေးကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

Tanabata မှာ အလှဆင်လေ့ရှိတဲ့အရာများ

Tanabata ပွဲတော်မှာတော့ ဝါးပင်တွေမှာစက္ကူတွေကို ခေါက်ပြီး ပုံစံအမျိုးမျိုးနဲ့ အလှဆင်လေ့ရှိပါတယ်။Tanabata မှာအလှဆင်တဲ့ပစ္စည်းတွေမှာလဲ အမျိုးအစားတွေစုံလင်လှပြီး အမျိုးအစားတစ်ခုချင်းစီမှာ အဓိပ္ပာယ်တွေရှိပါတယ်။ အဓိက ကတော့ 短冊(たんざく)tanzaku လို့ခေါ်တဲ့ စာရွက်တိုလေးတွေပေါ်မှာ မိမိရဲ့ ဆုတောင်းကိုရေးပြီး ချိတ်ဆွဲတဲ့ အလေ့အထဖြစ်ပါတယ်။ စာရွက်တိုလေးတွေကိုလဲ အ‌ရောင် ၅ မျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။ အ‌ရောင် ၅ မျိုးကတော့ အနီရောင်၊ အနက်ရောက်(ခရမ်းရောင်)၊ အပြာရောင်၊ အဖြူရောင်၊ အဝါရောင်တို့ပဲဖြစ်ပါတယ်။ 

ဘာလို့ အရောင် ၅ မျိုးကိုအသုံးပြုရတာလဲဆိုတော့ အရောင်တစ်ခုချင်းစီမှာ အဓိပွာယ်တွေရှိနေပါတယ်။ ဒီအ‌ရောင်၅ မျိုးကတော့ တရုတ်နိုင်ငံရဲ့သဘာဝ ဒနိက သဘောတရားကို အခြေခံထားခြင်းဖြစ်ပါတယ်။ 

  • အနီရောင် - မီး။
  • အနက်ရောင် - ရေ။
  • အပြာရောင် - သစ်ပင်။
  • အဖြူရောင် - သတ္တု။
  • အဝါရောင် - မြေကြီး။ 

အစသဖြင့် ကိုယ်စားပြုကြပါတယ်။ နောက်ပိုင်းမှာ‌တော့ အပြာရောင်နဲ့အတူတူ အစိမ်းရောင်ကိုပါ အသုံးပြူလာကြပြီး၊ အနက်ရောင်ကတော့ နိမိတ်မကောင်းလို့ ခရမ်းရောင်ကို အစားထိုးပြီးအသုံးပြုလာကြပါတယ်။ တရုတ်နိုင်ငံကနေ ဆင်းသက်လာတဲ့ အဓိပ္ပာယ်တွေအပြင် လူတစ်ယောက်ရဲ့ အကျင့်စရိတ်တွေနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်တွေလဲ အရောင် ၅ မျိုးမှာသတ်မှတ်ချက်တွေရှိပါတယ်။ 

  • အနီရောင် - ဘိုးဘွား၊ မိဘ ၊ မိတ်ဆွေ တွေကိုကျေးဇူးတင်တဲ့ ဆန္ဒ။
  • ခရမ်းရောင် - ပညာရေး တိုးတက်လိုတဲ့ ဆန္ဒ။
  • အပြာရောင် - လူကျင့်တတ်ဆိုင်ရာ တိုးတက်ချင်တဲ့ ဆန္ဒ။
  • အဖြူရောင် - တာဝန်၊ ဝတ္တရားတွေကို လိုက်နာတဲ့ ဆန္ဒ။
  • အဝါရောင် - တပါးသူကို အလေးထားပြီး တန်ဖိုးထားတဲ့ ဆန္ဒ။ 

ဒါကြောင့် ကိုယ်တောင်းချင်တဲ့ ဆုနဲ့ ကိုက်ညီတဲ့ အရောင်ကို ရွေးပြီး ဆုတောင်းရင် ဆုတောင်းပြည့်လွယ်တယ်လို့လဲ ဆိုကြပါတယ်။ 

ဂျပန်နိုင်ငံ အတွင်း ကျင်းပလေ့ရှိသော Tanabata ပွဲများ

ဂျပန်နိုင်ငံအတွင်းမှာတော့ နိုင်ငံတဝှမ်းမှာ ကျင်းပတဲ့Tanabata ပွဲတော်တွေထဲကနေပြီးတော့ 

အကြီးဆုံးTanabata ပွဲ ၃ ပွဲရှိပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ Tanabata ပွဲကို ဇူလိုင်လနှင့် သြဂုတ်လတွေမှာ ကျင်းပတဲ့ ပွဲတွေလဲ ရှိပါတယ်။ ဒါကြောင့် ပွဲရဲ့ အချက်အလက် တစ်ခုချင်းစီကို သေချာကြည့်ထားဖို့လိုအပ်ပါတယ်။ အကြီးဆုံး ပွဲတော် ၃ ခုကတော့ 

Sendai Tanabata Festival 

Miyagi ခရိုင် Sendai မြို့မှာ ကျင်းပတဲ့ Sendai Tanabata Festival ကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Tanabata ပွဲတော်လို့ သတ်မှတ်ထားကြပါတယ်။ အဲဒိုခေတ် ကတည်းက ကျင်းပလာတဲ့ ပွဲတော်ဖြစ်ပြီး နှစ်စဥ် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်အကြာကျင်းပလေ့ရှိကြပါတယ်။ မြို့တွင်းမှာတော့ အလှဆင်စ္စည်း အမျိုးမျိုးနဲ့ အလှဆင်လေ့ရှိပြီး အလှဆင် ပစ္စည်းတစ်ခုချင်းစီမှာလဲ ဒီဇိုင်း တွေကလဲ ဆန်းဆန်းပြားပြားတွေဖြစ်ပါတယ်။ ပွဲတော်ကို လဲသေချာ ပြင်ဆင်ပြီး လမ်းညွှန်ချက်တွေကိုလဲ သေချာပြင်ဆင်းထားတဲ မို့ Sendai Tanabata Festival ကနေဆင့် သေချာကြည့်ပြီးသွားဖို့အကြံပေးချင်ပါတယ်။ 

  • ပွဲတော်ကျင်းပမည့်ရက် - ၂၀၂၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း။
  • ဝက်ဘ်ဆိုက် - SENDAI TANABATA MATSURI

Shonan hiratsuka Tanabata Festival

ကိုးကား - SHOUNAN HIRATSUKA FESTIVAL ဝက်ဘ်ဆိုက် 

ဒီပွဲတော်ကတော့ တိုကျိုနဲ့လဲ နီးနဲ့ Kanagawa ခရိုင်မှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ ၁၉၅၀ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ခေတ်စာနေတဲ့အရာတွေ၊ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းပြီး ကျင်းပလေ့ရှိတာကတော့ ပွဲတော်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ပွဲတော်မှာတော့ အလှဆင်ပစ္စည်းတွေအပြင် ‌ဒေသတွင်းအစားစာတွေကိုပါ စားနိုင်ပါသေးတယ်။ တရားဝင်ဿက်ဆိုက်လဲရှိပြီး ဝက်ဆိုက်ပေါ်မှာတော့ ပွဲတော်မှာ ရောင်းတဲ့ ဆိုင်တွေအကြောင်းပါရေးထားတာမို့ အစားအသောက်လဲ စားရင်း၊ယဥ်ကျေးမှု ကိုပါ လိုက်ခံစားချင်တဲ့ သူတွေအတွက်တော့ လုံးဝကို ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

  • ပွဲတော်ကျင်းပမည့်ရက် - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အတွင်း။
  • ဝက်ဘ်ဆိုက် - SHOUNAN HIRATSUKA FESTIVAL

Anjo Tanabata Festival

Anjo Tanabata Festival ကတော့ Aichi ခရိုင် Anjo မြို့မှာ ပြူလုပ်တဲ့ Tanabata ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်မှာတော့ အဓိကအားဖြင့် ဆုတောင်းတဲ့စာရွက်တွေက(tanzaku) တွေက ဂျပန်မှာ အများဆုံးဆိုပြီးနာမည်ကြီးပါတယ်။ Tanabata နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင် တခြားအကြောင်းအရာတွေကို ပျော်ရွှင်ခံစားနိုင်တဲ့ ပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ 

  • ပွဲတော်ကျင်းပမည့်ရက် - ၂၀၂၃ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အတွင်း။
  • ဝက်ဆိုက် - ANJO TANABATA FESTIVAL

ပွဲတော်နေ့မှာ စားလေ့ရှိသော အစားအသောက်များ

ပွဲတော်လို့ပြောလိုက်တာနဲ့ စားသောက်ကပါလာပြီးသားဖြစ်ပါတယ်။ Tanabata ပွဲတော်မှာလဲ ပွဲတော် နေ့မှာ ရိုးရာစားသောက်တွေ စားလေ့ရှိကြပါတယ်။ 

ခေါက်ဆွဲ (soumen)

Tanabata ပွဲတော် မှာစားတဲ့အစားစာလို့ပြောလိုက်တာနဲ့ လူအများဆုံးစားကြတာကတော့ soumen လို့ခေါ်တဲ့ခေါက်ဆွဲဖြစ်ပါတယ်။ အမှန်တော့ ဒီခေါက်ဆွဲ စားရခြင်းရဲ့အကြောင်းကတော့ Tanabata ပွဲတော်က တရုတ်နိုင်ငံကနေ ပြီးတော့ဂျပန်နိုင်ငံကိုရောက်လာတဲ့အချိန်နှင့်တပြိုင်တည်းဂျပန်နိုင်ငံမှာ‌လဲ လူသိများလာတဲ့ soumen လုပ်ထားတဲ့ တရုတ်မုန့်ကနေပြီးတော့ ဆင်းသက်လာတယ်လို့လဲဆိုပါတယ်။ တရုတ်နိုင်ငံမှာတော့ ဘုရင်တစ်ပါးရဲ့သားတော် တစ်ပါး ၇ လပိုင်း ၇ ရက်နေ့မှာ ဆုံးပါးသွားပြီး ရောဂါတွေ နိုင်ငံအနှံ့ ပျံ့နှံ့ လာပါတော့တယ်။တိုင်းသူပြည်သားတွေကလဲ ရောဂါကို ကာကွယ်တဲ့အနေနဲ့ ဆုံးပါးသွားတဲ့ ဘုရင်သားတော် ကြိုက်တဲ့ soumen ကိုစားရင်း Tanabata မှာ soumen ကိုစားတဲ့ အလေ့အထဖြစ်သွားတယ်လို့ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ ၇ လပိုင်း ၇ရက်နေ့ကို soumen နေ့လို့သတ်မှတ်ထားကြပါတယ်။ 

Chirashi Sushi

Tanabataပွဲတော် နေ့မှာ Chirashi Sushi ကိုစားတဲ့အကြောင်းအရင်းကတော့ အထူးတလည်မရှိဘူးလို့ဆိုပါတယ်။ အဓိကအားဖြင့်က‌တော့ Chirashi Sushi လို့ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံရဲ့ပွဲတော် ကိုကိုယ်စားပြုတဲ့ အစားစာတစ်ခုလို့ဖြစ်နေလို့ စားတာလို့ဆိုကြပါတယ်။

အကျဥ်းချုပ် 

ဒီနေ့မှာတော့ မကြာခင် ကျရောက်လာတော့ မယ့် Tanabata နဲ့ပတ်သက်ပြီးသိထားသင့်တဲ့ အချက်တွေကိုဖော်ပြခဲ့ပါတယ်။ Tanabata ကတော့ ရိုမန့်တစ် ဆန်တဲ့ ပုံပြင်လေးဖြစ်သလိူ ဝမ်းနည်းစရာကောင်းတဲ့ ပုံပြင်လေးက‌နေ ဆင်းသက်ထာပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်သာဖြစ်ပြီး ဆုတောင်းပြည့်တဲ့နေလေးလဲဖြစ်လို့ Tanabata ပွဲတော်ရောက်တဲ့နေ့မှာ မိမိလိုချင်တဲ့ ဆုကို စာရွက်လေးပေါ်မှာရေးပြီး ဝါးပင်လေးပေါ်မှာ ချိတ်ဆွဲဖို့ အကြံပေးလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ၇လပိုင်း၇ရက်နေ့ ကြယ်တာယာပွဲတော် (တနဘတ ပွဲတော်)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ