အချိန်ပိုင်းအလုပ်လုပ်လိုသည့်နိုင်ငံခြားသားကျောင်းသားများအတွက်ပြင်ဆင်ထားရန်လိုအပ်မှုများ(Things to prepare for international students to work part-time)

ဂျပန်မှာ နိုင်ငံခြားသားကျောင်းသားအနေနှင့် အချိန်ပိုင်းအလုပ်လုပ်ကိုင်ပါက ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေရှိပါတယ်။ ဒီအချက်တွေကို ပြင်ဆင်ပြီးမှသာ အလုပ်လုပ်ခွင့်ရမှာဖြစ်ပြီး အခုဖော်ပြမယ့် အချက်တွေကို မပြလုပ်ဘဲ အလုပ်လုပ်ကိုင်ပါက ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အရင်ဆုံး ပြင်ဆင်မှုတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။ 

မာတိကာ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

နိုင်ငံခြားသားကျောင်းသားတွေအလုပ်လုပ်နိုင်ရန် အလုပ်လုပ်ခွင့်လျှောက်ထားရန်လိုအပ်။

နိုင်ငံခြားသားများအနေနှင့်ဂျပန်တွင်နေထိုင်နိုင်ရန်နေထိုင်ခွင့်လိုအပ်ပါသည်။ပညာလာသင်သည့်ကျောင်းသားများအနေဖြင့်ဂျပန်တွင်ပညာသင်အဖြစ်နေထိုင်ခွင့်ရရှိသော်လည်းအချိန်ပိုင်းအလုပ်များပြုလုပ်နိုင်ရန်အတွက်ခွင့်ပြုချက်ကဒ်ပြားရရှိရန်လိုအပ်သည်။ကျောင်းသားများသည်ပညာရေးဆိုင်ရာရည်ရွယ်ချက်များအတွက်အလုပ်ခွင့်ပြုမိန့်ကျသည့်တိုင်အောင်ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းများကိုကျော်၍ဝင်ငေွရှာခြင်းမပြုလုပ်နိုင်အောင် တားမြစ်ထားပါသည်။ ဒါကြောင့်မို့လို့ 「資格外活動許可」shikakugaikatsudo လို့ခေါ်တဲ့ ခွင့်ပြုချက်ကိုအရင်ဆုံးလျှောက်ထားဖို့လိုအပ်ပါတယ်။ ဒါဆိုရင် 「資格外活動許可」shikakugaikatsudo လျှောက်ပုံလျှောက်နည်းကိုကြည့်လိုက်ကြရအောင်။ 

အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာန ရုံးခွဲများကိုသွားပါ။

「資格外活動許可」shikakugaikatsudo ကိုတော့ ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့ 地方出入国在留管理官署(Chihou Shutsunyuukoku Zairyuukairikansho)လို့ခေါ်တဲ့ အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာန ရုံးခွဲ မှာသွားပြီးတော့လုပ်နိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းကတော့ လျှောက်လွှာဖြစ်ပါတယ်။ လျှောက်လွှာကိုလဲ လဝကရဲ့ ဝက်ဘ်ဆိုက်ကနေ သွားပြီး ‌ရယူနိုင်ပါတယ်။ လျှောက်ထားပြီး ၂ပတ်ကနေ ၂ လအတွင်းမှာ စစ်ဆေးပြီး ပြသနာမရှိရင်တော့ ခွင့်ပြုချက်ကျလာပါလိမ့်မယ်။ ခွင့်ပြုချက်ကျလာရင်တော့ အချိန်ပိုင်းအလုပ်လုပ်နိုင်ပါပြီ။ အချိန်ပိုင်းအလုပ်လုပ်တဲ့နေရာပြောင်းသွားလဲ ဒီခွင့်ပြုချက်က အကျုံးဝင်နေသေးတဲ့အတွက်ကြောင့်မို့လို့ ထပ်လျှောက်စရာမလိုအပ်ပါဘူး။ လျှောက်လွှာလျှောက်တဲ့ ယူဆောင်သွားတဲ့အချိန်မှာ လိုအပ်တဲ့ အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

<<လျှောက်လွှာများအတွက်လိုအပ်ချက်များ>>

  • 申請書 - လျှောက်လွှာ ( လျှောက်လွှာပုံစံကိုဂျပန်လူဝင်မှုကြီးကြပ်ရေးဗျူရိုဝက်ဘ်ဆိုက်မှ‌ဒေါင်းလုပ်လုပ်ခြင်း သို့မဟုတ် ဂျပန်လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင်ရရှိနိုင်သည်။)
  • လျှောက်လွှာနှင့်သက်ဆိုင်သောအသေးစိတ်အချက်အလက်များကိုရေးသားထားသည့်စာရွက်စာတမ်းများ (ဥပမာ- အချိန်ပိုင်းအလုပ်ကထုတ်ပေးသောအလုပ်ခန့်အပ်မှုလက်မှတ်) 
  • 在留カード - နေထိုင်ခွင့်ကဒ်ပြား
  • パスポート - နိုင်ငံကူးလက်မှတ်သို့မဟုတ်နေထိုင်ခွင့်ခွင့်ပြုစာ

ကိုးကား - ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် 

အွန်လိုင်းကနေ ဘယ်လိုလျှောက်မလဲ။ 

「資格外活動許可」shikakugaikatsudo ကိုလူကိုယ်တိုင်သွားမလျှောက်ချင်ရင်တော့ အွန်လိုင်းကနေလဲ လျှောက်ထားလို့ရနိုင်ပါတယ်။ ဒါပေမယ့် My Number Card ရှိထားဖို့တော့ လိုအပ်ပါတယ်။

※နောက်တစ်ချက်က နေထိုင်ခွင့် လျှောက်ထားခြင်း(在留資格取得許可申請 ) သို့မဟုတ် နေထိုင်ခွင့်ပြောင်းလဲခြင်း (在留資格変更許可申請) တို့ကို တချိန်တည်းပြုလုပ်တဲ့ အချိန်မှာသာလျှောက်ထားလို့ရပါတယ်။ တကယ်လို့ အွန်လိုင်းပေါ် ကနေလျှောက်ထားချင်ရင်တော့ အောက်ပါ အဆင့်တွေနဲ့ လျှောက်ထားလို့ရပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • My Number Card
  • နေထိုင်ခွင့်ကတ်ပြား (Zairyu Card)
  • ကွန်ပျူတာ (စမတ်ဖုန်းလဲအဆင်ပြေပါတယ်)
  • My Number Card Scan ဖတ်နိုင်သော IC Card ဖတ်စက် (လျှပ်စစ်ပစ္စည်းဆိုင်နှင့် အင်တာနက်တွေမှာလဲဝယ်ယူနိုင်ပါတယ်)

အရင်ဆုံး 在留申請オンラインシステム ဆိုတဲ့ ဝက်ဘ်ဆိုက်ကနေ မှတ်ပုံတင်ပါ။ 

  • ပြီးတော့ အဝါရောင် 外国人本人・その他 ဆိုတာကိုနိုပ်ပြီးတော့ IC Card ဖတ်စက် ကိုအသုံးပြုပြီးတော့ My Number Card ကိုဖတ်လို့ရပါတယ်။ ဖတ်ပြီးရင် Password ရိုက်ထည့်ပြီး လိုအပ်တဲ့ အချက်တွေကို စည်းမျဥ်းသည်းကမ်းတွေဖတ်ပြီး 「登録」 ဆိုတာကိုနိုပ်ပါ။
  • မှတ်ပုံတင်ပြီးတာ「登録」နဲ့ စပြီးလျှောက်လို့ရပါပြီ။ မှတ်ပုံတင်ပြီးတာနဲ့ လိုအပ်တဲ့ Password နှင့် ID ကိုအီးမေးကနေပြီးတော့ ပို့ပေးပါလိမ့်မယ်။
  • အပေါ်ကဝက်ဆိုက်ထဲ ထပ်ဝင်ပြီးတော့ 外国人本人・その他 ဆိုတာကိုထပ်ပြီးနိုပ်ပါ။ (အပြာရောင်)
  • IC Card ဖတ်စက် ကိုအသုံးပြုပြီးတော့ My Number Card ကိုဖတ်ပါ။
  • Password နှင့် ID ကိုထည့်ပြီးတော့ Log in ဝင်ပါ။
  • Log in ဝင်ပြီးရင်တော့ 「申請情報入力」ကိုထည့်ပြီးတော့ စတင်လျှောက်ထားလို့ရပါပြီ။
  • 申請情報入力 ကနေပြီးတော့ လျှောက်ထားမယ့်အကြောင်းအရာကို လျှောက်ထားပြီး‌နောက်မှာ 「申請情報検索 」ကိုနိုပ်ပြီးတော့ 申請情報一覧 ကနေပြီးတော့ 申請するကိုရွေးပြီး ဓာတ်ပုံနှင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တင်ပါ။
  • နောက်ဆုံးမှာ ကတ်ကိုဘယ်လိုရွေးမလဲ ဆိုတာကိုပါ ဆက်ရွေးပါ။
  • အကုန်ပြီးပြီဆိုရင် 、申請情報一覧 ကနေပြီးတော့ 申請する ကိုရွေးပြီးတော့ 「入管庁に申請を行 う」ကိုနိုပ်ပြီး ပြီးလို့ရပါပြီ။
  • ပြီးသွားရင်တော့ လက်ခံရမယ့် နံပါတ်ကို အီးမေးကနေ ပို့ပါလိမ့်မယ်။
  • စစ်ဆေးပြီးရင် ရလာဒ်ကို အီးမေးကနေ ပို့လာပါလိမ့်မယ်။
  • စစ်ဆေးမှု အောင်သွားရင်တော့ ကတ်ဟောင်းကို ကျသင့်ငွေဘောင်ချာရယ်၊ ပြန်စာအတွက် စာအိတ်ရယ် ထည့်ပြီးတင်လိုက်ပါ။
  • ကတ်အသစ်ကို စာတိုက်ကနေ ပို့လာပါလိမ့်မယ်။

ပုံမှန် အွန်လိုင်းကနေတင်ရင် 「資格外活動許可」shikakugaikatsudo ကိုတော့ ကိုယ်တိုင် လဝက ကိုသွားပြီးတော့ သွားထုတ်ရပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေပြီးတော့ စာတိုက်ကနေ ရယူလို့လဲရပါတယ်။ စာတိူက်ကယူမယ်ဆိုရင်တော့ 「受領方法」မှာ 「郵送」 ကိုရွေးလိုက်ရုံပါပဲ။စစ်ဆေးတာပြီးသွားပြီဆိုရင်တော့ အီးမေးလ်ရောက်လာရင် အီးမေးလ်မှာပါဝင်တဲ့ လမ်းညွှန်ချက်အတိုင်း လိုအပ်တဲ့ စာစရွက်စာတမ်းကို Letter Pack နဲ့ ပို့ဆောင်ရပါမယ်။ Letter Pack ပို့နည်းကိုတော့ ဒီဆောင်းပါးမှာ ဝင်ဖတ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်တိုင်သွားယူတဲ့ အချိန်နဲ့ မတူတာကတော့ ပတ်စပို့မှာ တံဆိပ်တုံထုပေးမှာမဟုတ်ဘဲ ခွင့်ပြုချက်စာကိုပို့ပေးမှာဖြစ်ပါတယ်။

ခွင့်ပြုချက်စာ နာမူနာ 

※ကိုးကား - ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် 

နိုင်ငံခြားသားကျောင်းသားများ အချိန်ပိုင်းအလုပ်လုပ်တဲ့အချိန် သတိထားသင့်တဲ့ အချက်များ။

အချိန်ပိုင်းအလုပ်လုပ်ခွင့်ကျသွားပြီဖြစ်သော်လည်း သတ်မှတ်ချက်တွေအများကြီးရှိပါတယ်။ ဒီသတ်မှတ်ချက်တွေကိုချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခံရနိုင်ပြီ ဂျပန်နိုင်ငံမှာ ပညာမသင်နိုင်တဲံ့ အခြေအနေအထိပါဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ သတိထားရမယ့် အချက်တွေကိုသေချာမှတ်သာထားပြီးလိုက်နာဖို့လိုအပ်ပါတယ်။ 

တစ်ပတ်လျှင် ၂၈နာရီသာ အလုပ်လုပ်ခွင့်ရှိခြင်း။

ကျောင်းသားများအနေဖြင့်အချိန်ပိုင်းအလုပ်အနည်းဆုံးလုပ်နိုင်သည့်နာရီအရေအတွက်မှာတစ်ပတ်လျှင် ၂၈ နာရီဖြစ်ပြီပညာာမှုကိုအနှောက်အယှက်မဖြစ်စေရန်ဖြစ်သည်။ ခြွင်းချက်အနေဖြင့်၊ ကျောင်းအားလပ်ရက်များ (နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များ) တွင်သင်သည်တစ်နေ့လျှင် ၈ နာရီနှင့်တစ်ပတ်လျှင်နာရီ ၄၀ အထိအလုပ်လုပ်နိုင်သည်။ ပြုလုပ်ရန်လိုအပ်တဲ့အချက်တွေကိုတော့ နွေရာသီကျောင်းပိတ်ရက်မှာ နိုင်ငံတကာကျောင်းသားများ တပတ်လျှင် နာရီ ၄၀ အလုပ်လုပ်နိုင် ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် အလောင်းကစားလုပ်ငန်း တွင်အလုပ်လုပ်ခွင့်မရှိပါ။

ကျောင်းသားများအနေနဲ့ အလုပ်လုပ်တဲ့ အချိန်အကန့်အသတ်ရှိသလို အလုပ်လုပ်တဲ့နေရာ အကန့်အသတ်လဲရှိပါတယ်။ အများအားဖြင့် ကျောင်းသားများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် အလောင်းကစားလုပ်ငန်းများမှ အလုပ်လုပ်ခွင့်ကိုတားမြစ်ထားပါတယ်. ဒီလိုနေရာမျိုးမှာဆို တိုက်ရိုက်ပတ်သက်တဲ့လုပ်ငန်းမျိုးမဟုတ်ဘဲ ဟင်းချက်၊ သန့်ရှင်း အစတဲ့လုပ်ငန်းတွေကိုလဲ လုပ်လို့မရပါဘူး။ ဒါကြောင့် သတိပြုဖို့လိုအပ်ပါတယ်။ 

မလိုက်နာရင် ဘယ်လိုအရေးယူမှုတွေခံရနိုင်လဲ။

အပေါ်မှဦပြောထားတဲ့ ဥပဒေအရတားမြစ်ထားတဲ့ နေရာနှင့် သတ်မှတ်အချိန်တွေထက်ကျော်ပြီးအလုပ်လုပ်ပါက အလုပ်ခန့်တဲ့ အလုပ်ရှင်ရော ကျောင်းသားပါအရေးယူမှုတွေခံရနိုင်ပါတယ်။ ကျောင်းသားအနေနဲ့ကတော့ နေထိုင်ခွင့်သက်တမ်းမတိုးနိုင်တာတို့၊ အတင်းကြပ် တိုင်းပြည်ကိုပြန်လွှတ်ခံရခြင်းတို့ဖြစ်နိုင်ပါတယ်။ အတင်းကြပ်တိုင်းပြည်ကိုပြန်လွှတ်ခံရပါက ၅ နှစ်ကြာတဲ့ အထိ ဂျပန်ကိုပြန်လာလို့မရနိုင်တော့ပါဘူး။ ဒါကြောင့်မို့လို့ ဂျပန်မှာဆက်ပြီးတော့ ပညာသင်ဖို့လဲ ခက်ခဲသွားပါလိမ့်မယ်။အလုပ်ရှင်အနေနှင့်လဲ ထောင်ဒဏ် ၃ နှစ်အောက်၊ ဒဏ်ငွေ ယန်း သောင်း ၃၀၀ အောက်ချမှတ်ံရနိုင်ပါတယ်။ 

နောက်ပြီး ကိုယ်ဖောက်ဖျက်ထားတဲ့ ဥပဒေက ကျိန်းသေပေါက် ပေါက်ကြားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်ရှာဖွေရေးဌာနနှင့် အခွန်ဌာနတို့မှအားလုံး အချက်အလက်တွေကိုမျှဝေထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားတွေရဲ့ အချိန်ပိုင်းအလုပ်အခြေအနေကိုအလွယ်တကူ စိစစ်နိုင်ပါတယ်။ 

နိုင်ငံခြားသားကျောင်းသားများကြားရေပန်းစားတဲ့ အချိန်ပိုင်းအလုပ်များ။

အချိန်ပိုင်းအလုပ်တွေအများကြီးရှိတဲ့ကြားထဲက နိုင်ငံခြားသားကျောင်းသားတွေကြားထဲမှာ ရေပန်းစားတဲ့အလုပ်တွေလဲအများကြီးရှိပါတယ်။ နိုင်ငံခြားသားတွေကြားထဲမှာရေပန်းစားတဲ့ အလုပ်တွေထဲမှာတော့ ဂျပန်စာအရမ်းမရလဲ လုပ်လို့ရတဲ့ အချိန်ပိုင်းအလုပ်တွေပါဝင်ပါတယ်။ ဒါကြောင့် ဂျပန်စာအရမ်းမရတဲ့သူတွေအနေနဲ့ သေချာလေးကြည့်ပြီးရွေးချယ်ကြည့်နိုင်ပါတယ်။ 

စားသောက်ဆိုင်အလုပ်များ

စားသောက်ဆိုင်အလုပ်တွေကတော့ ဂျပန်စာကိုတိုးတက်စေတဲ့ အလုပ်အမျိုးအစားတွေဖြစ်ပါတယ်။ စကားများများ‌ပြောရတဲ့ အလုပ်ဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဂျပန်စာကို Level တစ်ခုလောက်ပြောတတ်တဲ့သူတွေအတွက် ပိုပြီးတော့ သင့်တော်ပါတယ်။ နောက်ပြိးဝန်ထမ်းတွေကြားထဲမှာလဲ လူငယ်တွေများတဲ့အတွက်ကြောင့်မိုလို့ အရွယ်တူသူငယ်ချင်းတွေရနိုင်ပါတယ်။ 

ဟိုတယ် ဝန်ထမ်း

ဟိုတယ် ဝန်ထမ်းကတော့ ဝန်ဆောင်မှုပေးတဲ့ အလုပ်ကိုသင်ယူနိုင်ပါတယ်။ အပြုအမှုတွေနဲ့တခြား လုပ်ထုံးလုပ်နည်းတွေကိုသေချာသိထားသင့်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဂျပန်စကားအပြင် ဂျပန်နိုင်ငံရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးယုံကြည်ချက်ရှိတဲ့ သူတွေအတွက် သင့်တော်ပါတယ်။ 

သန့်ရှင်းရေး ဝန်ထမ်း

သန့်ရှင်းရေး ဝန်ထမ်းကတော့ ဂျပန်စာအရမ်းမရတဲ့သူတွေအတွက်အဆင်ပြေပါတယ်။ နောက်ပြီး အချိန်သတ်မှတ်ထားတဲ့ Shift စနစ်အပြင် တစ်နေ့တည်းခေါ်တဲ့ အချိန်ပိုင်းအလုပ်တွေလဲရှိပါတယ်။ နေရာတွေကလဲ ဟိုတယ်မှာလုပ်ရသလို ရုံးခန်းတွေမှာလဲ လုပ်လို့ရပါတယ်။ 

နိုင်ငံခြားသားကျောင်းသားများအတွက် အချိန်ပိုင်အလုပ်ရှာပုံရှာနည်း။

ဂျပန်မှာအချိန်ပိုင်းအလုပ်ရှာရင်တော့ ဝက်ဘ်ဆိုက်၊ ကျောင်း၊ အသိမိတ်တွေတွေကနေ တဆင့်ရှာနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာဖော်ပြသွားပါ့မယ်။

ကျောင်းမှမိတ်ဆက်ပေးခြင်း

ကျောင်းတွေရဲ့ ကျောင်းသားရေးရာဌာနတွေမှာတော့ အချိန်ပိုင်းအလုပ်တွေကိုမိတ်ဆက်ပေးလေ့ရှိပါတယ်။ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် ကျောင်းသားတွေအတွက်လဲ စဥ်းစားပေးလေ့ရှိသလို ပိုပြီးတော့လဲ ယုံကြည်စိတ်ချရပါတယ်။ နောက်ပြီး အလုပ်ခန့်တဲ့ သူအနေနဲ့ကလဲ နိုင်ငံတကာကျောင်းသားတွေနဲ့ ဆက်ဆံရတာ များပြားတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ အလုပ်လုပ်ရလဲလွယ်ကူတဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်ပါလိမ့်မယ်။ 

တကယ်လို့ ပြသနာတစ်စုံတစ်ရာဖြစ်ခဲ့ပါကလဲ ကျောင်းနဲ့ တိုင်ပင်ဆွေးနွေးလို့ရတဲ့အတွက်ကြောင့် စိတ်အေးအေးနဲ့အလုပ်လုပ်လို့ရပါတယ်။

သူငယ်ချင်း၊ မိတ်ဆွေတွေဆီကနေ အလုပ်မိတ်ဆက်ပေးခြင်း

နောက်တစ်ချက်ကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေဆီကနေ အလုပ်အကိုင်မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ ဒီအချက်ကတော့ သူငယ်ချင်းတွေနဲ့အတူတူအလုပ်တွဲလုပ်လို့ရတာကတော့ အားသာချက်ဖြစ်ပါတယ်။ 

နောက်ပြီး ကိုယ့်သူငယ်ချင်းကလဲ နိုင်ငံခြားကျောင်းသားဆိုရင် အလုပ်ခန့်တဲ့သူအနေနဲ့နိုင်ငံခြားသားကျောင်းသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံခြားသားအချင်းချင်းအလုပ်ခေါ်စာတွေရှိ၊ မရှိကိုသေချာစစ်ဆေးကြည့်ပါ။ 

နိုင်ငံခြားသားတွေအတွက်သီးသန့်အလုပ်ရှာလို့ရတဲ့ ဝက်ဘ်ဆိုက်မှာရှာဖွေခြင်း 

နောက်ဆုံးတစ်ခုကတော့ အလုပ်ရှာတဲ့ ဝက်ဘ်ဆိုက်အနေနဲ့ နိုင်ငံခြားသားတွေအတွက်သီးသန့်အလုပ်ရှာလို့ရတဲ့ ဝက်ဘ်ဆိုက်မှာရှာကြည့်ဖို့အကြံပေးပါတယ်။ ဒီလိုမျိုးဝက်ဘ်ဆိုက်တွေမှာဆိုရင် နိုင်ငံခြားသားတွေအတွက် အဆင်ပြေပြီး အလုပ်လုပ်ရလွယ်ကူတဲ့ အလုပ်ခေါ်စာတွေအများကြီးရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ နောက်ပြီး ကိုယ်ကြိုက်တဲ့ အလုပ်၊ လစာ၊ အချိန်တွေကိုလဲ‌ရွေးလုပ်နိုင်တဲ့အတွက်ကြောင့်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်ပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်နိုင်ငံမှာတော့ ကျောင်းသားတွေအလုပ်လုပ်ရတဲ့ အချိန်၊ နေရာကို ဥပ‌ဒေအရကန့်သတ်ထားပါတယ်။ ဒီလို ဥပဒေတွေကိုလိုက်နာဖို့ တော်တော်အရေးကြီးပါတယ်။ ဒါ့အပြင် ဥပ‌ဒေတွေကိုလိုက်နာရင်၊ ကျောင်းနှင့်အလုပ်ကိုလဲ ညီမျှအောင်လူပ်ဖို့တော်တော်အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်ရဲ့ အလုပ်အမျိုးအစားတွေနဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက်အဆင်ပြေမယ့် အလုပ်တွေလဲ မိတ်ဆက်ပေးပြီး အလုပ်ရွေးချယ်နည်းနဲ့ ပတ်သက်ပြီးလဲရှင်းပြခဲ့ပါတယ်။

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

https://we-xpats.com/my/job/lp/002ba/full-time?mid=436

https://we-xpats.com/my/job/lp/002ba/full-time?mid=436

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အချိန်ပိုင်းအလုပ်/ အချိန်ပိုင်းအလုပ်လုပ်လိုသည့်နိုင်ငံခြားသားကျောင်းသားများအတွက်ပြင်ဆင်ထားရန်လိုအပ်မှုများ(Things to prepare for international students to work part-time)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ