နွေရာသီကျောင်းပိတ်ရက်မှာ နိုင်ငံတကာကျောင်းသားများ တပတ်လျှင် နာရီ ၄၀ အလုပ်လုပ်နိုင် ။

ဂျပန်နိုင်ငံမှာကျောင်းတက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ ပုံမှန်ဆို တပတ်ကို ၂၈နာရီ ထက်မကျော်ရဆိုတဲ့ စည်းမျဉ်းစည်းကမ်းရှိပါတယ်။ ဒါပေမယ့်နွေရာသီ အားလပ်ရက်မှာတော့ အချိန်ပိုပြီးလုပ်နိုင်တဲ့ဥပဒေရှိပါတယ်။ အဲဒီဥပ‌ဒေမှာလဲ သတ်မှတ်ချက်တွေရှိလို့ သေချာလိုက်နာလို့ရအောင် ဘယ်လိုအရာတွေကို သတိထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ 

မာတိကာ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

နွေရာသီကျောင်းပိတ်ရက်မှာ လုပ်နိုင်တဲ့အချိန်ပိုင်းအလုပ်အချိန် 

နွေရာသီကျောင်းပိတ်ရက်မှာတော့ နိုင်ငံတကာကျောင်းသားတွေကို တပတ်လျှင် နာရီ၄၀ အလုပ်လုပ်နိုင်ကြောင်းခွင့်ပြူထားပါတယ်။ ဒီအလုပ်ချိန်ထဲမှာ အချိန်ပိုအချိန်လဲ ပါဝင်တဲ့အတွက်‌ကြောင့် အချိန်ပိုအချိန်တွေကိုပါသတိထားပြီးအလုပ်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။ နောက်ပြီး အချိန်ပိုင်းအလုပ် ၂ ခုထက်ပိုလုပ်နေတဲ့ သူတွေအတွက်ရော အချိန်ပိုင်းအလုပ်စုစုပေါင်းအချိန်ကို တပတ်လျှင် နာ၇ီ ၄၀ သာသတ်မှတ်ထားပါတယ်။ 

အချိန်ပိုင်းအလုပ်လုပ်ရန်လိုအပ်သော စာရွက်စာတမ်းများ

ဂျပန်မှာ အချိန်ပိုင်းအလုပ်လုပ်ဖို့အတွက် 「資格外活動許可申請」 Permission to engage in activities other than permitted under the status of residence ကိုလျှောက်ထားဖို့လိုအပ်ပါတယ်။ မြန်မာလိုပြောရရင်သော သတ်မှတ်ထားတဲ့နေထိုင်ခွင့်အမျိုးအစား အပြင် တခြားလုပ်ဆောင်ချက်တွေလုပ်ဆောင်နိုင်ဖို့ခွင့်ပြုချက်ကိုလျှောက်ထားဖို့လိုအပ်ပါတယ်။ 

ဒီခွင့်ပြုချက်ကိုရနိင်ဖို့အတွက်ကတော့ ဒေသအသီးသီးရဲ့ လဝကအပေါ်မူတည်ပြီးတော့ ကြာချိန်ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ၂ ပတ်ကနေ ၂လ အထိကြာမြင့်တတ်တာကြောင့် တတ်နိုင်သလောက် မြန်မြန် သွားလျှောက် ထားသင့်ပါတယ်။ 

နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်တဲ့ အချိန် သတိထားသင့်တဲ့ အချက်များ 

နွေရာသီမှာ သတ်မှတ်ထားတဲ့ တပတ်လျှင် နာရီ ၄၀ ထက်ပိုပြီး အလုပ်လုပ်ပါက အလုပ်လုပ်တဲ့ကျောင်းသားအတွက်လဲ ပြည်နှင်ဒဏ်၊ ဗီဇာရပ်စဲခြင်း၊ အလုပ်ခန့်တဲ့ ပိုင်ရှင်ကိုလဲ ထောင်ဒဏ်‌ ၃ နှစ်အောက်နှင့် ငွေဒဏ် ယမ်း သောင်း ၃၀၀ အတွင်းချမှတ်နိုင်ပါတယ်။ 

ကိုးကား 

出入国在留管理庁「資格外活動許可申請

警視庁「外国人の適正雇用について

နိုင်ငံတကာကျောင်းသားများရဲ့ ပုံမှန်အချိန်ပိုင်းအလုပ်ချိန် 

နိုင်ငံတကာကျောင်းသားများအတွက် တပတ်လျှင် နာရီ ၄၀ အလုပ်လုပ်နိုင်တာက နွေရာသီကျောင်းပိတ်ရက် နှင့် ဆောင်းရာသီကျောင်းပိတ်ရက် မျှသာဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာဆိုရင် တပတ်ကို ၂၈ နာရီ အတွင်းသာအလုပ်လုပ်နိုင်ပါတယ်။ဒီအချက်ကိုလဲ သေချာ ဂရုစိုက်ပြီး အချိန်ပိုင်းအလုပ်ချိန်တွေကို စီမံခန့်ခွဲရပါတယ်။ 

နိုင်ငံတကာကျောင်းသားများ လုပ်ကိုင်နိုင်တဲ့ အလုပ်အမျိုးအစားအကန့်သတ်ရှိ 

နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ကတော့ အလုပ်ချိန်တစ်ခုတည်းမဟုတ်ဘဲ အလုပ်အကိုင်တွေမှာ ကန့်သတ်မှုရှိပါတယ်။ အထူးသဖြင့် လိင်အသားပေး လုပ်ငန်းတွေဖြစ်ပါတယ်။ နောက်ပြီး ကလပ်တွေ၊ လောင်းကစားနေရာတွေ ၊ ဂိမ်းစင်တာတွေမှာလဲ အလုပ်လုပ်ခွင့်မရှိပါဘူး။ 

ကိုးကား 警視庁「風俗営業等業種一覧

နိုင်ငံတကာကျောင်းသားများရရှိတဲ့ လစာနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဂျပန်လူမျိုးတွေနဲ့ အတူတူဖြစ် 

သတ်မှတ်ထားတဲ့အနိမ့်ဆုံးလစာ၊ အလုပ်နဲ့ပတ်သက်တဲ့အခြေခံ သတ်မှတ်ချက်တွေ ၊ အကျိုးခံစားခွင့်တွေအကုန်လုံးလူမျိုးဘာသာမရွေးအတူတူဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ရဲ့ အလုပ်သမားဥပဒေ အပိုဒ်၃ အရ နိုင်ငံသားမရွေး တန်းတူခံစားခွင့်၊ လစာ ပေးရမည်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်။ 

ဒါပေမယ့်အနီမ့်ဆုံးလစာ၊တွေကတော့ အလုပ်အမျိုးအစားနှင့် ဒေသအပေါ်လိုက်ပြီးတော့ ကွာခြားနိုင်ပါတယ်။ နောက်ပြီး ဥပဒေအတွင်းမှာတော့ တပတ်ကို ၁ရက် တလ ကို၄ ရက် နားခွင့်ရရမည် ဆိုတဲ့ ပြဠန်းချက်လဲပါဝင်ပါတယ်။၊နားချိန်ကိုလဲ ၆နာရီကြာအလုပ်လုပ်ရင် ၄၅မိနစ်နှင့်အထက်၊ ၈နာရီကြာအလုပ်လုပ်ရင် ၁နာရီနှင့်အထက်နားခွင့်ရှိတယ်လို့သတ်မှာထားပါတယ်။

ကိုးကား e-Gov「労働基準法(昭和二十二年法律第四十九号)

အကျဥ်းချုပ် 

နွေရာသီကျောင်းပိတ်ရောက်ရင် တက္ကသိုလ် တက်နေတဲ့ကျောင်းသားတွေရော၊ အသက်မွေးဝမ်းကြောင်းကောလိပ်တက်နေကြတဲ့ကျောင်းသားတွေပါ ပုံမှန်အချိန်ထက်ပိုပြီး တပတ်ကို နာရီ ၄၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဥပဒေဘောင်အတွင်းကနေ သေချာလိုက်နာပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အချိန်ပိုင်းအလုပ်/ နွေရာသီကျောင်းပိတ်ရက်မှာ နိုင်ငံတကာကျောင်းသားများ တပတ်လျှင် နာရီ ၄၀ အလုပ်လုပ်နိုင် ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ