အင်တာဗျူးဖြေတဲ့အခါကိုယ့်ကိုကိုယ်ဘယ်လိုမိတ်ဆက်မလဲ(How to introduce yourself at the time of the interview)

အချိန်ပိုင်းအလုပ်အင်တာဗျူးမှာ ပထမဆုံး မိမိအကြောင်းကိုမိတ်ဆက်ခိုင်းပါလိမ့်မယ်။ တကယ်လို့ မေးစရာရှိလာရင် "ဘာအကြောင်းအရာကိုပြောရမှန်းမသိတာ၊" (သို့မဟုတ်) "အချိန်ဘယ်လောက်ယူပြီး မိတ်ဆက်ရမလဲ။" ဆိုတာ ဒီစာမျက်နာကော်လံမှာ လေ့လာကြည့်ကြစို့။

မာတိကာ

၁။ဘာကြောင့် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ လိုအပ်တာလဲ

၂။အကြောင်းအရာများကိုကိုယ်တိုင်မိတ်ဆက်ခြင်းဖြင့်တင်ပြရမည်

၃။ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စာကြောင်း နမူနာများ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

၁။ဘာကြောင့် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ လိုအပ်တာလဲ

အင်တာဗျူးအစမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အင်တာဗျူးမေးတဲ့သူတွေမှာ "လျှောက်ထားသူတွေရဲ့စိတ်ကိုဖြေလျှော့သက်သာ‌စေရန်"နဲ့ "လျှောက်ထားသူအကြောင်းပိုသိစေရန်" ရည်ရွယ်ထားပါတယ်။

လူတေွအများစုက အင်တာဗျူးအချိန်မှာဆို စိတ်လှုပ်ရှားကြပါတယ်။ ဒါကြောင့် ပင်ကိုယ်အရည်အချင်းနဲ့ စရိုက်လက္ခဏာတွေကို မဖောပြနိုင်တာ သဘာဝဖြစ်ပါတယ်။ အချိန်ပိုင်းလုပ်သား‌တစ်ယောက်အနေနဲ့ ကိုယ်နဲ့အတူတွဲလုပ်မယ့် သူတွေကို ကောင်းကောင်းနားလည်ပေးမှာဖြစ်ပြီး လျှောက်ထားသူတွေစိတ်ပေါ့ပါးသွားစေဖို့ ကိုယ့်အကြောင်းကိုမိတ်ဆက်ခိုင်းရင်း စကားနည်းနည်းပြောလိုက်မှာဖြစ်ပါတယ်။

အင်တာဗျူးတဲ့သူက အလုပ်လျှောက်ထားသူကို ကိုယ့်‌အကြောင်းမိတ်ဆက်ရင်းနဲ့မှ လျှောက်ထားသူရဲ့ သဘောထားကိုအကဲဖြတ်နိုင်သလို အလုပ်ခန့်အပ်ခြင်းကိုလည်း အဲဒီအပေါ်မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ မိမိကိုယ်ရေးရာဇဝင်ကို တင်ထားပေမယ့် ကိုယ်တိုင်တိုက်ရိုက်စကားပြောတာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ အထူးသဖြင့် လျှောက်ထားသူများပြားတဲ့အချိန်မှာ အားလုံးကိုအင်တာဗျူးပြီးချိန် မိမိက ပြန်ပြီးမိတ်ဆက်တဲ့မြင်ကွင်းတွေကို ပြန်ပြီးမှတ်မိနေစေပါတယ်။

၂။အကြောင်းအရာများကိုကိုယ်တိုင်မိတ်ဆက်ခြင်းဖြင့်တင်ပြရမည်

အကြောင်းအရာတွေကို နိဒါန်းပျိုးတဲ့အခါ အောက်ပါအချက်တွေကို ဖော်ပြရပါမယ်။

အမည်

  • တက္ကသိုလ်၊ ဌာန

မွေးဖွားရာနိုင်ငံ

  • နိုင်ငံခြားသို့ ‌ကျောင်းတက်ရတဲ့အကြောင်းအရင်း

ဝါသနာနဲ့ ကျွမ်းကျင်မှု

  • ကျောင်းတွင်းလှုပ်ရှားမှု (လေ့လာမှု ၊ကလပ်လှုပ်ရှားမှုများ စသဖြင့်)

  • အချိန်ပိုင်းအလုပ်မှ ရရှိလာတဲ့အတွေ့အကြုံများ

  • ဂျပန်နိုင်ငံမှ ရရှိလာတဲ့အရည်အချင်းများ

အဲဒီအထဲကမှ အမည်၊ တက္ကသိုလ်၊ ဌာန၊ မူလနိုင်ငံ တို့က ကိုယ်ပါဝင်လိုတဲ့အကြောင်းအရာတွေဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အကြောင်းအရာအားလုံး ပါဝင်ဖို့မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ လှုံ့ဆော်မှု၊ ကျွမ်းကျင်မှု တွေပါတဲ့အကြောင်းအရာတွေကို ထည့်သွင်းပေးဖို့လိုပါမယ်။

တကယ်လို့ ကိုယ်က အချိန်ပိုင်းအလုပ်အတွေ့အကြုံ နဲ့ သက်ဆိုင်တဲ့ အလုပ်ကိုလျှောက်ထားတယ်ဆိုရင် ကိုယ့်ရဲ့အချိန်ပိုင်းအလုပ်အကြောင်းပြောပြတာက ကောင်းတဲ့ပြောဆိုခြင်းဖြစ်တယ်။

တကယ်လို့ကိုယ်ကဂျပန်ဘာသာစကားကို ကျွမ်းကျင်တယ်ဆိုရင် ဂျပန်ဘာသာစကားနဲ့ သက်ဆိုင်တဲ့ အရည်အချင်းကိုမိတ်ဆက်ပေးနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတာက ကိုယ့်ရဲ့အရည်အသွေးကို ပြောတဲ့အခါမှာ "ကျွန်တော်ကအလုပ်ကြိုးစားတဲ့သူဖြစ်တယ်" ဆိုရင် အဲဒါနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်တခုကိုပြောပြဖို့လိုပါမယ်။ ကိုယ့်ကို အင်တာဗျူးတဲ့သူက ကိုယ့်အကြောင်းကို မသိနိုင်တာမို့ ခိုင်လုံတဲ့အကြောင်းပြချက်မျိုးဖြစ်ဖို့‌တော့ အရေးကြီးပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါ သတိပြုရမယ့်အချက်များ

ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါ သတိပြုရမယ့်အချက်တွေကို ပြောပြပေးသွားပါမယ်။

ကိုယ့်အကြောင်းကို အရှည်ကြီးမပြောပါနဲ့။

ပုံမှန် ဂိုက်လိုင်းအနေနဲ့ ၁မိနစ်အတွင်းမှာ ကိုယ့်အကြောငိးကိုမိတ်ဆက်ရမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီးကြာသွားမယ်ဆိုရင် နားထောင်တဲ့သူက ပျင်း‌လာပါလိမ့်မယ်။ ဒါကြောင့် စကားကိုအကြာကြီးမပြောမိစေဖို့ဂရုစိုက်ရပါမယ်။ 

အင်တာ‌ဗျူးမစခင်မှာ ကိုယ့်အကြောင်းကို တွေးထားတာ၊ လေ့ကျင့်ထားတာက ၁မိနစ်အတွင်းဘောင်ဝင်အောင် သေချာပြောနိုင်ဖို့လေ့ကျင့်ရပါတယ်။

အခြေခံအကြောင်းအရာကို ထည့်ပြောဖို့မမေ့ပါနဲ့။

အင်တာဗျူးဖြေဆိုတဲ့အခါ စိတ်တွေတင်းကျပ်လာမှုကြောင့် ကိုယ်ပြောရမယ့် ကိုယ့်ရဲ့အမည်၊ "ကျွန်တော်က XX တက္ကသိုလ် XX ဌာနမှာတက်ရောက်နေပါတယ်။ ကျွန်တော်ကမြန်မာကဖြစ်ပါတယ်။ ကိုယ်ကဘယ်လောက်စိတ်လှုပ်ရှားနေပါစေ ကိုယ်တက်ရောက်နေတဲ့ တက္ကသိုလ်/ပညာဌာန ရဲ့အမည်နဲ့ ကိုယ်ကဘယ်နိုင်ငံကလာတာလဲဆိုတာ မကျန်ခဲ့စေဖို့ သေချာပြောရပါမယ်

စကားပြောပြီး နောက်ဆုံးပိုင်းမှာ နှုတ်ဆက်ဖို့မ‌မေ့ပါနဲ့

ကိုယိ့ကိုယ်ကိုယ် မိတ်ဆက်ပြီးပြီဆိုရငိ အချိန်ပေးနားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ ယဉ်ကျေးတဲ့အပြုအမူတွေနဲ့ နှုတ်ဆက်ပေးရပါမယ်။

၃။ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စာကြောင်း နမူနာများ

ဒီမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်စာကြောင်း နမူနာတွေကို စတင်မိတ်ဆက်ပေးပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့ မိတ်ဆက်စာ ဒီနမူနာအတိုင်းရည်ညွှန်းနိုင်ပါတယ်။

ကျွန်တော်က မြန်မာကပါ။ ကျွန်တော်က XX ဖြစ်ပြီး XX တက္ကသိုလ် XX ဌာန မှာပညာသင်ကြားခဲ့ပါတယ်။ 

ကျွန်တော်က ကျွန်တော့နိုင်ငံက စားသောက်ဆိုင် မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် ဝယ်သူတွေနဲ့ဆက်ဆံရေး ကောင်းမွန်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ခင်ဗျားနဲ့အလုပ်အတူတူတွဲလုပ်နိုင်ဖို့ မျှော်လင့်နေပါမယ်။

ဒီဟာက XX ဖြစ်ပြီး XX တက္ကသိုလ် XX ဌာနမှာ ပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော်က မြန်မာပြည်ကပါ။ Haruki Muralami ဝတ္ထုကိုဖတ်ပြီးတဲ့နောက် ကျွန်တော်က ဂျပန်နိုင်ငံအကြောင်းကိုစိတ်ဝင်စားလာခဲ့တယ်။ ဒါကြောင့် ဂျပန်စာကိုလေ့လာနိုင်ဖို့ နိုင်ငံခြားကိုထွက်ခဲ့တယ်။ အခုဆိုရင် ဂျပန်ဘာသာစကားနဲ့ ခေတ်သစ်ဂျပန်စကားကိုလေ့လာနေပါတယ်။ ဒီနေ့ ကျွန်တော်နဲ့ ခင်ဗျား အလုပ်တွဲလုပ်နိုင်ဖို့မျှော်လင့်နေပါတယ်။ 

ကျွန်တော်က XX ဖြစ်ပြီး XX တက္ကသိုလ်XX ဌာန မှာပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော်က မြန်မာကနေနိုင်ငံခြားကို စာသင်ဖို့အတွက် ရောက်လာပါတယ်။ ကျွန်တော့ရဲ့ကိုယ်ရည်ကိုယ်သွေးက အလုပ်မှာ အခက်အခဲတွေရှိလာရင် အလွယ်တကူလက်မလျှော့တတ်တာပါပဲ။ ကျွန်တော့မိဘတွေက ဂျပန်မှာစာသွားသင်ရတာ စီးပွားရေးအရ အခက်အခဲရှိတယ်။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံးအမှတ်တွေနဲ့ စကော်လာရခဲ့တယ်။ ကျွန်တော့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ဒါကြောင့် အခုအချိန်ပိုင်းအလုပ်မှာလည်း အကောင်းဆုံးကြိုးစားလုပ်ကိုင်ပေးချင်တယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်နဲ့ခင်ဗျားအလုပ်အတူတူတွဲလုပ်နိုင်ဖို့မျှော်လင့်နေပါတယ်။

ကျွန်တော်က XX ဖြစ်ပါတယ်။ XX တက္ကသိုလ် XX ဌာနမှာ ပညာသင်ကြားခဲ့တယ်။ ကျွန်တော်က မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ပညာသင်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းမှာ ဂျပန်စာကို လေ့လာခဲ့ပြီး ဂျပန်ဘာသာစကားကျွမ်းကျင်မှု အခက်ခဲဆုံးအဆင့် N1ကို ရရှိခဲ့တယ်။ ဒါကြောင့် အချိန်ပိုင်းအလုပ်မှာ ဘာသာစကားနဲ့ပတ်သတ်လို့အခက်အခဲမရှိနိုင်ပါဘူး။ ဒါကြောင့် ဒီနေ့ ကျွန်တော်နဲ့ ခင်ဗျားနဲ့ အလုပ်အတူတူလုပ်နိုင်ဖို့ မျှာ်နေပါ့မယ်။

ကိုယ့်ကိုယ်ကိုယ် ပိုပြီးဆွဲဆောင်မှု‌ရှိစေဖို့ ပြင်ဆင်ခြင်း

အခုဆိုရင် မိမိကိုယ်တိုင်မိတ်ဆက်ဖို့အတွက် ဘယ်အချက်တွေပါရမလဲဆိုတာ သိကြပြီးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တဲ့အခါ ပိုပြီးတိုးတက်စေဖို့ အကြံအချို့ကိုပြောပြပေးသွားပါမယ်။

စကားပြောပါ။ စကားပြောမှ တခြားသူတွေအလွယ်တကူကြားနိုင်လိမ့်မယ်။

အချို့‌သူတွေက စိတ်ရှုပ်လာရင် စကားတိတ်သွားတာ (သို့မဟ်ု) စကားကို မြန်မြန်ပြောတာ ဖြစ်လာတတ်ကြပါတယ်။ ဒီလုပ်ရပ်နှစ်ခုက အခြားသူတွေကို ကြားဖို့ခက်ခဲစေပါတယ်။ ‌ပြောလိုက်တဲ့အသံ အနိမ့်အမြင့်နဲ့ နှုန်းထားကို သတိပြာပါ။ ဒါမှ အခြားသူတွေကိုယ့်စကားကို အလွယ်တကူကြားနိုင်မှဖြစ်ပါတယ်။

ကြိုတင်လေ့ကျင့်ပါ

တကယ်လို့ မိမိက အကြိမ်များများ ကြိုတင်လေ့ကျင့်ထားမယ်ဆိုရင် ထုတ်လုပ်မှုအချိန်အတွင်း စိတ်လှုပ်ရှားခြင်းပိုသက်သာစေပါလိမ့်မယ်။ တကယ်လို့ မိမိကယုံကြည်မှုနည်းနေပါက မိမိရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ထူးဆန်းတဲ့အစိတ်အပိုင်း ကို မေးမြန်းအကူအညီတောင်းခံဖို့ အကြံပေးချင်ပါတယ်။ 

အင်တာဗျူးမေးသူကို သေချာကြည့်ပြီး ပြောပါ

ကိုယ့်ကိုယ်ကိုယ် စပြီးမိတ်ဆက်ခြင်းကအကောင်းဆုံးဖြစ်ပေမယ့် စကားပြောရင်နှိမ့်ချပြောနေမယ်ဆိုရင် အထင်ကြီးခံရမှာမဟုတ်ပါဘူး။ ဒါကြောင့် အင်တာဗျူးချိန် မျက်လုံးချင်းဆုံပြီးသေချာပြောပေးပါ။

ရိုသားစွာပြောပါ

ကိုယ်အလုပ်ရဖို့အတွက် အမှန်တကယ်မရှိထားဘဲနဲ့ (သို့မဟုတ်) ပညာအရည်အချင်း (သိုမဟုတ်) အတွေ့အကြုံတွေကို လိမ်ညာပြောဆိုခြင်းမပြုပါနဲ့။ တကယ်လို့ ကိုယ်ကလိမ်ညာပြောဆိုလိုက်မယ်ဆိုရင် အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ အသေးစိတ်မေးတဲ့အခါ မ‌ေဖြနိုင်ဘူးဖြစ်‌ နေလိမ့်မယ်။ တကယ်လို့မသိပေမယ့် အလုပ်ရသွားတယ်ဆိုရင်တောင်မှ အလိမ်ပေါ်သွားမှာစိုးလို့ နေ့တိုင်းစိတ်ပူနေရမယ်။ အင်တာဗျူးမှာ အရေးကြီးတာက ကြည့်ကောင်းဖို့ပြင်ဆင်တာထက် ကိုယ့်ါလက်ရှိအရှိအတိုင်းမှန်မှန်ကန်ကန် ရှိဖို့လိုပါတယ်။





 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အချိန်ပိုင်းအလုပ်/ အင်တာဗျူးဖြေတဲ့အခါကိုယ့်ကိုကိုယ်ဘယ်လိုမိတ်ဆက်မလဲ(How to introduce yourself at the time of the interview)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ