ဂျပန်နိုင်ငံမှာတော့ ဆောင်းဦးရာသီကိုရောက်တာနဲ့ ဂျပန်နိုင်ငံမှာ အရွက်တွေတစ်နိုင်ငံလုံးမှာ အရောင်ပြောင်းကြပါတယ်။ ဆောင်းဦးရာသီရောက်တာနဲ့ ဂျပန်နိုင်ငံမှာတော့ ဒီလို နာမည်ကြီးတဲ့ နေရာကိုသွားပြီးတော့ အရွက်အရောင်ပြောင်းတာကို ကြည့်ရှုခံစားလေ့ရှိကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဒီနှစ်ဆောင်းဦးရာသီမှာကြည့်ရှုဖို့အတွက်ကောင်းမွန်တဲ့ နေရာတွေနှင့် နာမည်ကြီးတဲ့ နေရာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မာတိကာ
- အရွက်တွေ ဘယ်အချိန်မှာအရောင်ပြောင်းမလဲ။
- တိုကျိုအတွင်းနာမည်ကြီးတဲ့ နေရာများ။
- တိုကျိုမြို့တွင်း နာမည်သိပ်မကြီးတဲ့ နေရာများ။
မေပယ်လ်နှင့် နှစ်တစ်ရာပင်အရွက်တွေ ဘယ်အချိန်မှာအရောင်ပြောင်းမလဲ။
အများအားဖြင့် ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာ အရွက်တွေ စတင်ပြီးတော့ အရောင်ပြောင်းပါတယ်။ နှစ်စဥ်နှစ်တိုင်း မိုးလေဝသ ဝန်ကြီးဌာနကနေပြီးတော့ 紅葉・黄葉の見頃予想 (အရွက်အရောင်ပြောင်းခြင်းအချိန် ခန့်မှန်းချက်) ကိုထုတ်ပြန်လေ့ရှိပါတယ်။ ခန့်မှန်းခြေဇယားအရ အချိန်တွေကို အောက်ပါအတိုင်းဖော်ပြနိုင်ပါတယ်။
မေပယ်လ် ရွက် အရောင်ပြောင်းမယ့် အချိန်။
ပထမဆုံးအကြိမ်ထွက်ရှိလာတဲ့ ခန့်မှန်းချက်အရ မေပယ်လ်ရွက်တွေ အရောင်ပြောင်းတဲ့ အချိန်ကတော့နိုဝင်ဘာလ လ အစပိုင်းလောက်ကနေစတင်မှာဖြစ်ပါတယ်။ ဒီခန့်မှန်းချက်တော့ အရောင်ပြောင်းတဲ့ အချိန်မဟုတ်ဘဲ ကြည့်လို့ အလှဆုံးအချိန် (見ごろ) ကိုခန့်မှန်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။ မေပယ်လ်ရွက် အလှဆုံးအချိန်ကတော့
- Sapporo (2024/11/08)
- Sendai (2024/11/27)
- Tokyo (2024/12/01)
- Nagoya (2024/12/03)
- Osaka (2024/12/04)
- Fukuoka (2024/12/10)
နှစ်တစ်ရာ ရွက် အရောင်ပြောင်းမယ့် ဇယား။
နှစ်စရာ ရွက်ေတွကတော့ ဆောင်းဦးရာသီကိုရောက်ပြီဆိုရင် အဝါရောင်ပြောင်းလေ့ရှိပါတယ်။ ခန့်မှန်းချက်များအရ နှစ်တစ်ရာအရွက်တွေ အရောင်ပြောင်းမယ့် အချိန်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Sapporo (2024/11/06)
- Sendai (2024/11/29)
- Tokyo (2024/11/26)
- Nagoya (2024/11/19)
- Osaka (2024/11/25)
- Fukuoka (2024/11/28)
ဒီအချက်အလက်တွေကတော့ ဂျပန်နိုင်ငံရဲ့ မိုးလေဝသဌာနရဲ့ ပထမဆုံးအကြိမ်ခန့်မှန်းချက်တွေကို ကိုကားပြီးတော့ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ အချိန်နဲ့ တပြေးညီ အမြဲတမ်း စောင့်ကြည့်နေဖို့လဲ လိုအပ်ပါတယ်။
ကိုးကား - 日本気象株式会社
စာရေးသူရွေးချယ်သောဆောင်းပါး
တိုကျိုအတွင်းနာမည်ကြီးတဲ့ နေရာများ။
ဒါဆိုရင် တိုကျိုမြို့အတွင်း နာမည်ကြီးကျော်ကြားတဲ့ နေရာတွေကို ကြည့်လိုက်ကြရေအာင်။ ဒီနေရာတွေကတော့ နှစ်စဥ် နှစ်တိုင်း လူတွေ လာရောက်လည်ပတ်မှု အထူးများပြားတဲ့ နေရာလဲဖြစ်ပါတယ်။ ဒီနေရာတွေကို ကြည့်လိုက်ကြရအောင်။
神宮外苑イチョウ並木のライトアップ - Jingu Gaien Icho ပင်တန်း
- ဝင်ကြေး - အခမဲ့၊
- လိပ်စာ - 東京都港区北青山一丁目
ပထမဆုံးတစ်နေရာကတော့ Gingo ရွက်လေးတွေ ဝါဝါထိန်ထိန် အရောင်ပြောင်းတဲ့ တိုကျိုမြို့ရဲ့ Jingu Gaien Icho Namiki ဖြစ်ပါတယ်။ လမ်းတစ်လျှောက်လုံးမှာအပင်တန်းကြီးရှည်လျားလျက်ရှိပြီးတော့ ဝင်ကြေးကလဲ အခမဲ့ဖြစ်ပါတယ်။ ဒီနေရာမှာတော့ လူကြိုက်များတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နှစ်စဥ် လူတွေ အများကြီးလာရောက်လည်ပတ်လေ့ရှိတဲ့နေရာလဲဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းဦးရာသီအတွင်းမှာ ညဘက် မီးထွန်းပြီးတော့ ပြသတဲ့ အတွက်ကြောင့်မို့လို့ ညဘက် သွားရင်လဲ တစ်မျိုးတစ်ဖုံ ကြည့်ရှုခံစားနိုင်ပါတယ်။
井の頭恩賜公園- Inokashira ပန်းခြံ
- ဝင်ကြေး - အခမဲ့၊
- လိပ်စာ - 東京都武蔵野市御殿山1-18-31 井の頭恩賜公園案内所
Inokashira ပန်းခြံ ကတော့ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ နာမည်ကြီးတဲ့ ပန်းခြံတစ်ခုဖြစ်ပါတယ်။ ဒီပန်းခြံမှာဆိုရင်တော့ ရာသီအလိုက် ပန်းပေါင်းစုံဖူးဖွင့်တဲ့ နေရာဖြစ်ပြီးတော့ ဆောင်းဦးရာသီမှာဆိုရင် အထူးသဖြင့် မေပယ်လ်ရွက်တွေ အနီရောင်ပြောင်းပြီးတော့ လှပနေလျက်ရှိပါတယ်။ ပန်းခြံဖြစ်တဲ့ အတွက်ကြောင့်မိုလို့ အမြဲတမ်းလူစည်ကားလျက်ရှိပြီးတော့ ပန်းခြံအတွင်းမှာဆိုရင်လဲ တခြားလုပ်လို့ရတဲ့ အရာတွေ အများကြီးရှိပါတယ်။ နောက်ပြီး ရေကန်လဲရှိပြီးတော့ ငန်းပုံ လှေတွေကိုလဲစီးနိုင်ပါသေးတယ်။
高尾山 -Takao တောင်
Takao တောင် ကတော့ တိုကျိုအနီးနားမှာရှိပြီးတော့ တောင်တက်သူတွေကြားထဲမှာ နာမည်ကြီးတဲ့ အပြင် ဆောင်းဦးရာသီရောက်ရင်လဲ မေပယ်လ်ရွက်တွေ အရောင်ပြောင်းပြီးတော့ လှပနတေဲ့ တောင်တစ်တောင်ဖြစ်ပါတယ်။ နှစ်စဥ်လူကြိုက်များတဲ့ စာရင်းဝင် နေရာတစ်နေရာဖြစ်ပြီးတော့ cable car ကားနဲ့ တောင်ပေါ်အထိတက်နိုင်တဲ့ အတွက်ကြောင်မို့လို့ cable car စီးရင်းနဲ့ တောင်ပေါ်ကနေ မြင်ကွင်းကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုနိုင်ပါတယ်။
小石川後楽園 - Koishikawa Korakuen ပန်းခြံ။
- ဝင်ကြေး - ပုံမှန် - ၂၄၀ ယန်း။ အသက် ၆၅ နှစ်နှင့်အထက် ၁၂၀ ယန်း။ အလယ်တန်းကျောင်းသားနှင့် အောက် - အခမဲ့။
- လိပ်စာ - 文京区後楽1-6-6
※ ဝင်ကြေးကတော့ အုပ်စုအလိုက်၊ အထူးလက်မှတ် အစသဖြင့် ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ တရားဝင် ဝက်ဘ်ဆိုက် မှာဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်။
နောက်တစ်နေရာကတော့ တိုကျိုမြို့ကနေ သွားရလွယ်ကူတဲ့ တစ်နေရာကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီပန်းခြံကတော့ Koishikawa Korakuen ပန်းခြံဖြစ်ပြီးတော့ ဒီပန်းခြံကတေ တိုကျိုမြို့ရဲ့ ရှေးဟောင်းပန်းခြံ တစ်ခုလဲဖြစ်ပါတယ်။ ဝင်ကြေးပေးရတဲ့ ပန်းခြံဖြစ်ပေမယ့် ဝင်ကြေးလဲ အရမ်းများကြီးပေးရတာမျိုးမဟုတ်ပါဘူး။ ပန်းခြံထဲမှာတော့အပင်အမျိုးမျိုးရှိပြီးတော့ မေပယ်ရွက် အပင်ပေါင်း ၉၀၀ ကျော်ခန့်ရှိပါတယ်။
国営昭和記念公園 - Showa Kinen ပန်းခြံ
- ဝင်ကြေး - လူကြီး ၄၅၀ ယန်း၊ ၆၅ နှစ်နှင့် အထက် ၂၁၀ ယန်း၊အလယ်တန်းကျောင်းသားမှစပြီး အခမဲ့။
- လိပ်စာ - 〒112-0004 東京都文京区後楽1丁目6−6
※ ဝင်ကြေးကတော့ အုပ်စုအလိုက်၊ အထူးလက်မှတ် အစသဖြင့် ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ တရားဝင် ဝက်ဘ်ဆိုက် မှာဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်။
နောက်ထပ် အေးအေးဆေးဆေးနဲ့ မေပယ်အရွက်နှ၍့် နှစ်တစ်ရာအရွက်တွေ အရောင်ပြောင်းတာကြည့်နိုင်တဲ့နေရာကတော့ Shouwa Kinen Kouen ပန်းခြံဖြစ်ပြီးတော့ ညဘက်မီးထွန်းပြီးတော့ ပွဲတော်ကိုလဲ ကျင်းပပါသေးတယ်။ နေရာလဲ ကျယ်ဝန်းတဲ့ အတွက်ကြောင့်မို့လို့ အေးဆေး လိုက်ကြည့်ဖို့အတွက် သင့်တော်တဲ့ နေရာလဲဖြစ်ပါတယ်။ ဝင်ကြေးပေးရတဲ့ ပန်းခြံဖြစ်ပြီး မီးထွန်းပွဲ အတွက်တော့ ဝင်ကြေးကိုထပ်ပြီးပေးရပါတယ်။
新宿御苑 - Shinjuku Gyoen ပန်းခြံ
- ဝင်ကြေး - ပုံမှန် - ၅၀၀ ယန်း၊၆၅ နှစ်နှင့်အထက် ၂၅၀ ယန်း၊ ကျောင်းသား ၂၅၀ ယန်း၊ အလယ်တန်းကျောင်းသားမှစပြီး အခမဲ့။
- လိပ်စာ - 〒160-0014 東京都新宿区内藤町11
※ ဝင်ကြေးကတော့ အုပ်စုအလိုက်၊ အထူးလက်မှတ် အစသဖြင့် ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ တရားဝင် ဝက်ဘ်ဆိုက် မှာဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်။
ここ数日の冷え込みでカエデの紅葉もいよいよ本番🍁園内各所できれいに染まった紅葉をご覧いただけますよ。新宿御苑では、12月半ばくらいまでカエデの紅葉が楽しめます。
— 新宿御苑 自然情報 (@SG_info_kyokai) December 6, 2022
お気に入りの紅葉スポットをみつけに来ませんか🎶#新宿御苑 #紅葉 #カエデ pic.twitter.com/bx72h5xJLL
နောက်ထပ် တစ်နေရာကတော့ တိုကျိုမြို့ရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တဲ့ Shinjuku မှာရှိတဲ့ ပန်းခြံဖြစ်ပါတယ်။ နေရာလဲ ကျယ်တဲ့ အပြင် ရာသီ အလိုက်လှပတဲ့ သဘာဝတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလဲဖြစ်ပါတယ်။ ဝင်ကြေးရှိတဲ့ ပန်းခြံဖြစ်ပြီးတော့ ပန်းခြံထဲမှာဆိုရင်တော့ ဆောင်းဦးရာသီမှာ အရောင်ပြောင်းတဲ့ မေပယ်ရွက်နှင့် နှစ်တစ်ရာ အရွက်တွေ အပြင် တခြား အရောင်ပြောင်းတဲ့ အရွက် မျိုးတွေကိုပါတွေ့နိုင်ပါတယ်။
ဒီအထိဖော်ပြတဲ့ နေရာတွေကတော့ တိုကျိုမြို့တွင်းမှာ နာမည်ကြီးတဲ့ နေရာတွေဖြစ်ပါတယ်။ ထပ်မံပြီးတော့ တိုကျိုမြို့အတွင်း လူလာနည်းတဲ့ မေပယ်လ်ရွက်တွေအရောင်ပြောင်းတာကိုကြည့်ရှုနိုင်မယ့် နေရာတွေကို ဆက်လက်ပြီးဖော်ပြသွားမှာဖြစ်ပါတယ်။
တိုကျိုမြို့တွင်း နာမည်သိပ်မကြီးတဲ့ နေရာများ။
ချယ်ရီပန်းနဲ့ မတူဘဲ အရွက် အရောင်ပြောင်းတာကတော့ နည်းနည်းပိုကြာပါတယ်။ ဒါပေမယ့် အလှဆုံးအချိန်ကတော့ အချိန်နည်းပြီးတော့ လူတွေလဲ အများကြီးလာရောက်ကြည့်ရှုကြပါတယ်။ ဒါကြောင့်မို့လို့ နာမည်ကြီးတဲ့ နေရာတွေမှာဆိုရင်တော့ လူများတဲ့ အတွက်ကြောင့်မို့လို့ လူသိပ်မရှိတဲ့ နေရာတွေကို သွားချင်တဲ့ သူတွေအတွက် လူသိနည်းတဲ့ နေရာတွေကိုဖော်ပြလိုက်ပါတယ်။
水元公園 - Mizumoto ပန်းခြံ။
- ဝင်ကြေး - အခမဲ့။
- လိပ်စာ -〒125-0034 東京都葛飾区
ပထမဆုံး တစ်နေရာကတော့ Mizumoto ပန်းခြံ ဖြစ်ပါတယ်။ ဒီပန်းခြံလေးကတော့ လူနည်းပြီး ကျယ်ဝန်းတဲ့ အပြင် ပန်းခြံအတွင်းမှာဆိုရင်လဲ အပင်တွေ အမျိုးမျိုးရှိပါတယ်။ မေပယ်ရွက် နှင့် နှစ်တစ်ရာပင်တွေ ထက်ပိုပြီးတော့ လှပတာကတော့ Metasequoia လိုအပင်တွေ အရောင်ပြောင်းတာကိုကြည့်ရှုနိုင်ပြီးတော့ တစ်မျိုးတစ်ဖုံ ခံစားနိုင်ပါတယ်။
တိုကျို တက္ကသိုလ် Hongō Campus
တိုကျို တက္ကသိုလ် Hongō Campus မှာလဲ ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာ နှစ်တစ်ရာ ပင်တွေနဲ့ အဝါရောင် ထိန်ထိန် လင်းနေတဲ့ နေရာဖြစ်ပါတယ်။ တက္ကသိုလ် ဝန်းအတွင်းဖြစ်တဲ့ အတွက်ကြောင့်မိုလို့ နည်းနည်းသီးသန့်ဆန်ပေမယ့် ဘယ်သူမဆို သွားလာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ လူနည်းနည်းနဲ့ အရွက် အရောင်ပြောင်းတာကို ကြည့်ရှုနိုင်တဲ့ အတွက်ကြောင့်မို့လို့ လူ အရမ်းများတဲ့နေရာတွေကို မသွားချင်ဘူးဆိုရင်တော့ ဒီနေရာလေးကို သွားဖို့အကြံပေးချင်ပါတယ်။ နှစ်စတရာ အရွက်တွေ အပြင် မေပယ်လ်ရွက်တွေကိုပါ ကြည့်ရှုနိုင်တဲ့ပန်းခြံလဲရှိပါတယ်။
ဆောင်းဦးရာသီရောက်လာတာနဲ့ အရွက်တွေ အရောင်ပြောင်းပြီးတော့ ဂျပန်တစ်နိုင်ငံလုံးမှာ ကြည့်ရှတဲ့ သူတွေများပြားလျက်ရှိပါတယ်။ Momiji ကြဖို့အတွက် ကြိုတင်ပြင်ဆင်မယ်ဆိုရင်တော့ မိုးလေဝသဝန်ကြီးဌာနကနေထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို အမြဲမပြတ်စောင့်ကြည့်ဖို့လိုအပ်သလို သွားမယ့် နေရာကိုလဲအမြဲတမ်းသေချာစောင့်ကြည့်ရပါမယ်။