Hon Mirin ဆိုတာ ဘာလဲ၊ Hon Mirin ၏ ဗဟုသုတ (What is Hon Mirin? Hon Mirin's basic knowledge.)

ဂျပန်အစားအစာတေွကိုချက်တဲ့အခါမှာသုံးလေ့ရှိတဲ့ဟင်းခပ်အရည်တစ်မျိုးရှိပါတယ်။

အဲဒါကတော့Hon Mirinလို့ခေါ်တဲ့ ဟင်းခတ်အရက်တစ်မျိုးပါ။

Hon mirin ဟာအရက် တစ်မျိုးဖြစ်သော်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာ အသုံးပြုကြပါတယ်။

တနည်းအားဖြင့်ဆိုရသော်ဂျပန်အရက် ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။

မာတိကာ

၁။Hon mirin ရဲ့မူလ

၂။Hon mirin ၏အသုံးပြုပုံပြောင်းလဲလာမှု

၃။ ၃။ Hon mirin ပြုလုပ်ထားပုံ

၄။Honmirin တွင်ပါဝင်သောပစ္စည်း

၅။Hon Mirin ၏သက်ရောက်မှု

၁။Hon mirin ရဲ့မူလ

Hon mirin၏ဇာစ်မြစ်နှင့်ပတ်သက်ပြီးအမျိုးမျိုးရှိသော်လည်း စစ်ပွဲများကာလတွင် တရုတ်နိုင်ငံမှ Miirin ဟုခေါ်သောအရက်ချိုဆီမှဆင်းသက်လာသည်ဟုတရုတ်လက်ဆင့်ကမ်းစကားများနှင့် ရှေးခေတ်ကတည်းကဂျပန်တွင်ရှိခဲ့သော “Kenshu” နှင့် “Shirozake” တို့တွင် ပုပ်သိုးပျက်စီးခြင်းကို တားဆီးရန်အတွက်Shochu ကိုပေါင်းစပ်ထား၍Hon mirinဖြစ်လာသည်ဟူသောစကားများက ဂျပန်မှာ ကာလကြာရှည်စွာ တည်ရှိနေတဲ့ ဆာကေးကို မီရင် (mirin) ဖြစ်အောင် ထည့်ထားတဲ့ ဂျပန်မွေးသီအိုရီပါပဲ။

၂။Hon mirin ၏အသုံးပြုပုံပြောင်းလဲလာမှု

Hon mirinသည် စစ်ပွဲကာလ (၁၆ ရာစု) အတွင်း အရက်ချိုအဖြစ် သောက်သုံးခဲ့သည်။

Edo ခေတ် (19 ရာစု) ၏နှောင်းပိုင်းတစ်ဝက်တွင် ငါးရှဉ့်ဆော့စ်နှင့် Sobaခေါက်ဆွဲအရည်အတွက် အသုံးပြုခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလာခဲ့ကြသည်။

မေဂျီခေတ်မှ စစ်ကြိုကာလအထိအချို့အိမ်ထောင်စုများက ၎င်းကို စတင်အသုံးပြုခဲ့ကြသော်လည်း ၎င်းသည် တန်ဖိုးကြီးပစ္စည်းတစ်ခုဖြစ်နေဆဲဖြစ်ပြီး ဂျပန်စားသောက်ဆိုင်များတွင် အသုံးပြုခဲ့ကြပုံရပါသည်။

Showa ခေတ် 30 ခုနှစ်များတွင်၊ Hon Mirin ၏အခွန်အကောက်လျော့နည်းလာခြင်းကြောင့်သာမန်အိမ်ထောင်စုများတွင်အသုံးပြုလာပြီးဂျပန်၏ကိုယ်စားပြုဟင်းခတ်အမွှေးအကြိုင်များထဲမှတစ်ခုဖြစ်လာသည်။

၃။ Hon mirin ပြုလုပ်ထားပုံ

Hon mirin သည် ပေါင်းထားသောကောက်ညှင်းဆန်၊Kome Koji၊Shochu သို့မဟုတ် alcohol တို့မှ အခြေခံပြုလုပ်ထားကာ ရက်ပေါင်း 40 မှ 60 အထိထား၍အချိုဓါတ်ပြောင်းစေသည်။ ထိုအချိန်တွင်ဆန်Kojiအတွင်းရှိKooSo အင်ဇိုင်းများသည် ကောက်ညှင်းဆန်၏ ကစီဓာတ်နှင့် ပရိုတင်းများကို ပြိုကွဲစေရန် လုပ်ဆောင်ပြီး သကြား၊ အမိုင်နိုအက်ဆစ်၊ အော်ဂဲနစ်အက်ဆစ်များ၊ အနံ့အစိတ်အပိုင်းများ စသည်တို့ကို ထုတ်လုပ်ပေးကာ mirin ၏ ထူးခြားသော အရသာကို ဖြစ်ပေါ်စေပါသည်။

"Hon Mirin" နှင့် ဆင်တူသော ဟင်းခတ်အမွှေးအကြိုင်များအဖြစ် "Mirinစတိုင်ဟင်းခတ်အမွှေးအကြိုင် " နှင့် "ကစော်ဖောက်ထားသောဟင်းခတ်အမွှေးအကြိုင်" ရှိပါသည်။ နှစ်မျိုးလုံးကို Hon Mirin ထက် နည်းသောဈေးဖြင့် ရောင်းချသော်လည်း ထုတ်လုပ်သည့်နည်းလမ်းနှင့် ပါဝင်ပစ္စည်းများမှာ လုံးဝကွဲပြားပါသည်။

ဥပမာ

Mirin စတိုင် ဟင်းခတ်အမွှေးအကြိုင်များတွင် အယ်လ်ကိုဟောလုံးဝနီးပါး မပါဝင်သောကြောင့် အရက်၏အကျိုးသက်ရောက်မှုကို မမျှော်လင့်နိုင်ပါ။

ကစော်ဖောက်ထားသော ဟင်းခတ်အမွှေးအကြိုင်များတွင် ဆားပါဝင်သောကြောင့် အငန်ထိန်းညှိရန် လိုအပ်ပါသည်။

Hon Mirin နှင့် အလားတူ ဟင်းခတ်အမွှေးအကြိုင်များကြား ချက်ပြုတ်သောအချိန်တွင်အကျိုးသက်ရောက်မှုမှာ ပြတ်ပြတ်သားသား ကွာခြားမှုရှိပါသည်။

၄။Honmirin တွင်ပါဝင်ပစ္စည်း

ဤ mirin ၏ အဓိကပါဝင်သောပစ္စည်းများသည်Koojikin ၏ အင်ဇိုင်း၏ လုပ်ဆောင်မှုအားဖြင့် ကစီဓာတ်နှင့် ပရိုတင်းကို ပြိုကွဲစေသော ထုတ်ကုန်များနှင့် အရက်များဖြစ်သည်။

① သကြားများ (ဂလူးကို့စ်၊ အိုင်ဆိုမဲလ်ဆို့စ်၊ အိုလီဂို သကြား စသည်)၊

② အမိုင်နိုအက်ဆစ် (glutamic acid၊ leucine၊ aspartic acid စသည်)၊

③ အော်ဂဲနစ်အက်ဆစ် (လက်တစ်အက်ဆစ်၊ citric အက်ဆစ်၊ pyroglutamic အက်ဆစ်စသည်ဖြင့်)

④ ရနံ့ အစိတ်အပိုင်းများ (ethyl ferulate၊ ethyl phenylacetic acid စသည်ဖြင့်)

၅။Hon Mirin ၏ သက်ရောက်မှု

၁။ ကောင်းမွန်သောချိုမြိန်မှု

သကြားနှင့် နှိုင်းယှဉ်ပါကHon Mirin ၏ချိုမြိန်မှုသည် ဂလူးကို့စ်နှင့် အိုလီဂို သကြား ကဲ့သို့သော သကြားအမျိုးအစားများစွာဖြင့် ဖွဲ့စည်းထားသောကြောင့် ၎င်းသည် နူးညံ့ပြီးကောင်းမွန်သည်။ 

၂။တောက်ပ၊ချောမွေ့မှု

Hon Mirin တွင် ချောမွေ့မှု နှင့် တောက်ပမှုအတွက် ထိရောက်မှုရှိသော သကြားကဲ့သို့သော အချိုဓါတ်အမျိုးအစားများစွာပါ၀င်ပြီး စားသောက်ကုန်များ၏မျက်နှာပြင်ကို ချောမွေ့မှု နှင့် တောက်ပမှု ကိုဖြစ်စေသည်။

 ၃။ပွက်ပွက်ဆူခြင်းကို ကာကွယ်မှု

Hon Mirin တွင်ပါဝင်သော၏သကြားဓါတ်နှင့်အရက်သည်ပါဝင်ပစ္စည်းများကိုမဆူပွက်အောင်တားဆီးသည်။ လှပစေရုံသာမက ပါဝင်ပစ္စည်းများ၏အရသာဓါတ်များကိုမပျောက်စေပါ။

၄။ အရသာကြွယ်ဝမှု

ကောက်ညှင်းဆန်မှထုတ်လုပ်သော အမိုင်နိုအက်ဆစ်နှင့် peptides ကဲ့သို့သောပါဝင်ပစ္စည်းများသည်အရသာကြွယ်ဝမှု ကိုဖန်တီးရန်အတွက် သကြားများနှင့် အခြားပါဝင်ပစ္စည်းများဖြင့် ပေါင်းစပ်ထားကာဖြစ်ပေါ်လာသည်။ 

၅။ အရသာစိမ့်ဝင်မှု

အရက်သည် အစားအသောက်များတွင် လျင်မြန်စွာ စိမ့်ဝင်စေကာ

အရသာဓါတ်တိုးများဖြစ်သည့်အမိုင်နိုအက်ဆစ်၊ အော်ဂဲနစ်အက်ဆစ်နှင့် သကြားများသည်အရသာကို စိမ့်ဝင်ရန် ပိုမိုလွယ်ကူစေသည်။ 

၆။ အနံ့ဆိုးကို ဖယ်ရှားမှု

Hon mirin တွင် အနံ့ဆိုးများကို ဖယ်ရှားပေးသည့် လုပ်ဆောင်ချက်ပါရှိပါသည်။

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ Hon Mirin ဆိုတာ ဘာလဲ၊ Hon Mirin ၏ ဗဟုသုတ (What is Hon Mirin? Hon Mirin's basic knowledge.)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ