WeXpats Forum လမ်းညွှန်ချက်

WeXpatsForum၏ဝန်ဆောင်မှုအကြောင်းအရာ၊အသုံးပြုပုံပြုနည်းနဲ့ပတ်သက်ပြီးလမ်းညွှန်ပြသပေးပါ့မယ်။

  • 1.WeXpatsဆိုတာဘယ်လိုဝန်ဆောင်မှုမျိုးလဲ။

    WeXpatsသည်ယခုမှစပြီးနိုင်ငံရပ်ခြားတွက်နေထိုင်လိုသောသူများ(သို့)ယခုနိုင်ငံရပ်ခြားတွင်နေထိုင်သောသူများအတွက်အဖွဲ့ပြုလုပ်ထားသောဆိုက်ဖြစ်ပါတယ်။
    နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီးပူပန်မှု၊စိတ်သောကများကိုအဖွဲ့ဝင်အချင်းချင်းမိမိတို့ရဲ့အတွေ့အကြုံများကိုဝေငှခြင်းဖြင့်အပြန်အလှန်ဖြေရှင်းရင်းအဖြေရှာနိုင်ပါတယ်။
    ၂၀၁၉/၄/၁၅ရက်နေ့မှစပြီးဗီယက်နမ်ဘာသာစကားဖြင့်ဂျပန်အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးနောက်အဆက်အသွယ်ပြုလုပ်နိုင်သောဘာစကားများ၊နိုင်ငံအလိုက်အဖွဲ့များကိုတိုးချဲ့သွားပြီးနိုင်ငံရပ်ခြားမှာနေထိုင်နေသောလူများအားလုံးစိတ်အေးချမ်းစွာဖြင့်သက်ဝင်လှုပ်ရှားနိုင်သောလူ့အဖွဲ့အစည်းဖြစ်ရန်ရည်ရွယ်ပါတယ်။

  • 2. မေးခွန်းပို့စ်တင်ပုံတင်နည်းကိုပြောပြပေးပါ။

    သင်သည်ဂျပန်နိုင်ငံ၏နေ့စဥ်ဘဝဖြတ်သန်းမှုတွင် အဆင်မပြေဘူးဟု တွေးထင်မိသောကြောင်းအရာနှင့် သိလိုသောအကြောင်းအရာ၊ လက်တွေ့နေထိုင်ကြသည့်အခါမှာအဆင်မပြေသောအကြောင်းအရာများကိုမေးခွန်းထုတ်ကြည့်ရအောင်။ သင်၏အဆင်မပြေမှုများ၊ စိတ်ညစ်စရာများကိုဖြေရှင်းခဲ့သောအတွေ့အကြုံများအား မျှဝေပေးကြရအောင်။

    ■မေးခွန်းပို့စ်တင်ပုံတင်နည်း
    1မျက်နှာပြင်ညာဘက်အပေါ်ရှိ 「မေးခွန်းမေးမည်」ကိုနှိပ်ပါ။.
    2.ခေါင်းစဥ်နဲ့စာသားကိုဖြည့်ပါ။
    3စာသားနဲ့လိုက်လျောညီထွေတဲ့အမျိုးအစားပေါ်ရွေးချယ်ပြီး၊ 「အတည်ပြုမည်」ကိုနှိပ်ပါ။
    4.မေးခွန်းရဲ့အကြောင်းအရာကိုအတည်ပြုပြီး 「ပို့စ်တင်မည်」ကိုနှိပ်ပါ။

  • 3. မေးခွန်းပြန်ပြင်နည်းကိုပြောပြပေးပါ။

    မေးခွန်းမှာအဖြေဖြေတဲ့အချိန်တဲ့အထိ၊မေးခွန်းမျက်နှာပြင်မှမေးခွန်းကိုပြင်လို့ရနိုင်ပါတယ်။

    ■မေးခွန်းပြန်ပြင်နည်း
    1.ပြင်ချင်သော မေးခွန်း၏ ညာဘက်အောက်တွင်ဖော်ပြထားသော「…」ကိုနှိပ်ပါ။
    2.「မေးခွန်းပြန်ပြင်မည်」ကိုနှိပ်ပါ။
    3.ပြန်ပြင်ပြီးပါက 「နောက်ထပ်」ကိုနှိပ်ပါ။
    4.ပြင်ဆင်ထားသောအကြောင်းအရာကိုစစ်ဆေးပြီးနောက် 「ပို့စ်တင်မည်」ကိုနှိပ်ပါ။


    ※မေးခွန်းအား အဖြေများဖြေဆိုထားပြီးပါက၊ ထိုမေးခွန်းကိုပြန်ဖျက်၍မရနိုင်သော်လည်း ထိုမေးခွန်းကိုထပ်ဖြည့်နိုင်ပါတယ်။

  • 4. မေးခွန်းဖျက်ပုံဖျက်နည်းကိုပြောပြပေးပါ။

    မေးခွန်းအားအဖြေမဖြေမှီအချိန်အထိမေးခွန်းမျက်နှာပြင်မှမေးခွန်းကိုဖျက်နိုင်ပါတယ်။

    ■မေးခွန်းဖျက်ပုံဖျက်နည်း
    1.မေးခွန်းဖျက်ချင်တယ်ဆိုရင်မေးခွန်း၏ ညာဘက်အောက်တွင် ဖော်ပြထားသော「…」ကိုနှိပ်ပါ။
    2.「မေးခွန်းဖျက်မည်」ကိုနှိပ်ပါ။
    3.မေးခွန်းအကြောင်းအရာကိုစစ်ပြီး「ဖျက်မည်」ကိုနှိပ်ပါ။

    ※ရှိပြီးသားမေးခွန်းတွင် အဖြေဖြေပြီးသွားပါက ပြန်ဖျက်၍မရနိုင်ပါ။

  • 5. မေးခွန်းမေးပြီးအဖြေဖြေဆိုမည့်သူမရှိပါကဘယ်လိုလုပ်ရင်ကောင်းမလဲ။

    အောက်မှာဖော်ပြထားတဲ့အကြောင်းအရာများ အတိုင်းမေးခွန်းမေးကြည့်ရအောင်။
    ・သင်သိချင်သောအကြောင်းအရာခေါင်းစဥ်ကိုလွယ်ကူစွာဖော်ပြပါ။
    ・စာသားတွင် သင်ရေးသားထားချင်သောအကြောင်းအရာ ၊သိလိုသောအချက်အလက်ကို အသေးစိတ်ဖြည့်ပေးပါ။
    ・တစ်စုံတစ်ယောက်ကကြည့်သောအခါ နားလည်လွယ်ပြီး ဖတ်ရလွယ်သောစာကြောင်းဖြစ်မဖြစ် စစ်ဆေးပါ။

    . ထိုသို့ရေးသားထားသော်လည်း အဖြေဖြေဆိုမည့်သူမရှိပါက၊ ဖြေဆိုပေးရန်တောင်းဆိုခြင်း ကိုအသုံးပြုကြရအောင်။

  • 6. ဖြေဆိုပေးရန်တောင်းဆိုမည်ဆိုတာဘာလဲ။

    ဖြေဆိုပေးရန်တောင်းဆိုမည် ဆိုသည်မှာ မိမိမေးထားသောမေးခွန်းသာမက အခြားသူများမေးထားသောမေးခွန်းများကိုလည်း Wexpats Forum အဖွဲ့ဝင်များအား ဖြေဆိုပေးရန်တောင်းဆိုနိုင်သောအမှတ်အသားဖြစ်ပါတယ်။

    ■ဖြေဆိုပေးရန်တောင်းဆိုမည့်နည်းလမ်း
    1.အဖြေသိလိုသောမေးခွန်း၏ညာဘက်အောက်တွင် ဖော်ပြထားသော「…」ကိုနှိပ်ပါ။
    2.「ဖြေဆိုပေးရန်တောင်းဆိုမည်」ကိုနှိပ်ပါ။
    3.အဖြေဖြေဆိုပေးရန်တောင်းဆိုချင်သည့် အဖွဲ့ဝင်၏ စစ်ဆေးရန်နေရာကိုနှိပ်ပါ။
    4.ဖြေဆိုပေးရန်တောင်းဆိုချင်သည့် အဖွဲ့ဝင်အားဆုံးဖြတ်ပြီးပါက「တောင်းဆိုချက်ပေးပို့မည်」ကိုနှိပ်ပါ။
    5.အတည်ပြုမည့်မျက်နှာပြင်တွင်「OK」ကိုနှိပ်ပါ။

    ※မေြးခွန်းတစ်ခုတွင် လူ ၅ ယောက်အထိ ဖြေဆိုပေးရန်တောင်းဆိုနိုင်ပါတယ်။

  • 7. ဖြေဆိုပေးရန်တောင်းဆိုခံရပါက မဖြစ်မနေဖြေဆိုရမည်လား။

    ဖြေဆိုပေးရန်တောင်းဆိုခံရပါက၊အဖြေကိုမဖြေ၍လည်းရပါတယ်။အကယ်၍ မိမိကြုံတွေ့ခဲ့ရသောအတွေ့အကြုံ၊ ဗဟုသုတများရှိပါက အဖြေဖြေဆိုခြင်းဖြင့် အဖွဲ့သားအချင်းချင်းကူညီကြရအောင်။

  • 8. အမည်မဖော်ပြပဲမေးမြန်းခြင်းဆိုတာဘာလဲ။

    မိမိသည် WeXpats Forum မှတဆင့် မေးခွန်းများမေးမြန်းကို၊ အခြားသောသူများမသိစေချင်သောအခါ အမည်မဖော်ပြပဲမေးမြန်းခြင်းကို အသုံးပြုနိုင်ပါတယ်။ အမည်မဖော်ပြပဲမေးမြန်းခြင်း အမှတ်အသားကိုအသုံးပြုပါက၊ အခြားသောအဖွဲ့ဝင်များသည် ထိုမေးခွန်းကိုမေးသောသူအား မသိနိုင်ပါ။ သို့သော် WeXpats Forum တွင် အမည်မှန်ဖြင့်သာ မေးမြန်းစေလိုပါတယ်။ WeXpats Forum ၏ မေးခွန်းများကို ဖြေဆိုမည့်အခြားအဖွဲ့ဝင်များသည် မေးခွန်းမေးသူ၏ ပရိုဖိုင်အားကြည့်ရှုပြီးမှ အဖြေများဖြေဆိုရန်စဥ်းစားမည်ဖြစ်ပါတယ်။ ထို့ကြောင့် မေးခွန်းမေးမြန်းသူ၏ ပရိုဖိုင်အားမသိရှိပါက ဖြေဆိုပေးရန် ခက်ခဲသောကြောင့်၊ သင်အမှန်တကယ်သိလိုသော အကြောင်းအရာများအတွက် အဖြေမှန်မရရှိနိုင်ပါ။ ထိုအဖြစ်များမဖြစ်စေရန်အတွက် WeXpats Forum တွင် အမည်မှန်ဖြင့်သာ မေးမြန်းစေလိုပါတယ်။

  • 9. 「Bookmark」ဆိုတာဘာလဲ။

    「Bookmark」ဆိုသည်မှာ နှစ်သက်သဘောကျသောမေးခွန်းအား သိမ်းထားနိုင်သောအမှတ်အသားဖြစ်ပါတယ်။
    မေးခွန်းတွင် 「Bookmark」ပြုလုပ်ထားပါက၊ ထိုမေးခွန်း၏အဖြေရောက်ရှိလာပါက၊ အကြောင်းကြားပေးပါမယ်။ ထို့အပြင်၊ မိမိ၏ကိုယ်ပိုင်စာမျက်နှာတွင် သင်「Bookmark」ပြုလုပ်ထားသောမေးခွန်းစာရင်းတွင် ပြန်ကြည့်နိုင်ပါတယ်။

    ■Bookmark ကိုပြုလုပ်ရန်နည်းလမ်း
    1.နှစ်သက်သဘောကျသောမေးခွန်းများအားဘယ်ဘက်အောက်ရှိ ဖော်ပြထားသော အမှတ်အသား「」ကိုနှိပ်ပါ။
    2.အမှတ်အသားအားပြန်ဖျက်ပစ်ချင်သောအချိန်တွင် နောက်တစ်ကြိမ် 「」ကိုနှိပ်ပါ။

  • 10. 「Useful」ဆိုတာဘာလဲ။

    「Useful」ဆိုသည်မှာ၊ နှစ်သက်သဘောကျသောအဖြေအားသိမ်းထားနိုင်သောအမှတ်အသားဖြစ်ပါတယ်။
    အဖြေတွင်「Useful」ပြုလုပ်ထားပါက၊ မိမိ၏ကိုယ်ပိုင်စာမျက်နှာတွင် သင်「Useful」しပြုလုပ်ထားသောအဖြေစာရင်းတွင် ပြန်ကြည့်နိုင်ပါတယ်။

    ■အသုံးပြုနည်းမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
    1.အဖြေအားဘယ်ဘက်အောက်ရှိ ဖော်ပြထားသော အမှတ်အသား「」ကိုနှိပ်ပါ။
    2.အမှတ်အသားအားပြန်ဖျက်ပစ်ချင်သောအချိန်တွင် နောက်တစ်ကြိမ်「」ကိုနှိပ်ပါ။

  • 11. အဖြေပြန်ဖြေနည်းကိုပြောပြပေးပါ။

    အဖွဲ့ဝင်များထံမှ မေးခွန်းများတွေ့ရှိပါက၊ သင်ကြုံတွေ့ရခဲ့သော အတွေ့အကြုံများအား ပြန်လည်စဥ်းစားပြီး ဖြေဆိုပေးကြရအောင်။ တစ်ဦးတစ်ယောက်စီ၏ အမြင်များသည် WeXpats Forum အဖွဲ့ဝင်များအား အကူအညီဖြစ်ပါလိမ့်မယ်။

    ■အဖြေပြန်ဖြေနည်း
    1.ဖြေဆိုချင်သော မေးခွန်း၏ ညာဘက်အောက်တွင် ဖော်ပြထားသော「အဖြေ」ကိုနှိပ်ပါ။
    2 စာသားများရေးသားပြီးပါက 「အတည်ပြုမည်」ကိုနှိပ်ပါ။
    3.ဖြေဆိုထားသောအကြောင်းအရာများကိုစစ်ပြီးနောက်「ပို့စ်တင်မည်」ကိုနှိပ်ပါ။

  • 12. အဖြေပြန်ပြင်နည်းကိုပြောပြပေးပါ။

    အဖြေများကို အဖြေမျက်နှာပြင်မှတဆင့် ပြန်ပြင်နိုင်ပါတယ်။

    ■အဖြေပြန်ပြင်နည်း
    1.ပြန်ပြင်ချင်သောအဖြေ၏ညာဘက်အောက်တွင် ဖော်ပြထားသော「」ကိုနှိပ်ပါ။
    2.「အဖြေကိုပြန်ပြင်မည်」ကိုနှိပ်ပါ။
    3.ပြန်ပြင်ချင်သောအကြောင်းအရာများကို ဖြည့်စွက်ပြီးပါက 「အတည်ပြုမည်」ကိုနှိပ်ပါ။
    4.ပြန်ပြင်ချင်သောအကြောင်းအရာများကိုစစ်ပြီးနောက်「ပို့စ်တင်မည်」ကိုနှိပ်ပါ။

    ※အဖြေကိုပြန်ဖျက်၍မရသောကြောင့်သတိထားပေးပါ။

  • 13. ကိုယ်ပိုင်စာမျက်နှာအားပြန်ပြင်နည်းကိုပြောပြပေးပါ။

    ကိုယ်ပိုင်စာမျက်နှာအား စိတ်ပါဝင်စားအောင်ပြုလုပ်ခြင်းဖြင့် သင်၏အဖြေများကိုပိုမိုယုံကြည်လာနိုင်ပြီး၊ ပိုမိုကောင်းမွန်သောဆက်ဆံရေးများရရှိနိုင်ပါတယ်။ ကိုယ်ပိုင်စာမျက်နှာကို အသေးစိတ်ဖြည့်စွက်ကြရအောင်။

    ■အကောင့်ပုံ
    ဓါတ်ပုံကိုရွေးချယ်ပါ။

    ■ပရိုဖိုင်ဆက်တင်ပြုလုပ်ခြင်း
    ・အကောင့်ပုံ
    ဓါတ်ပုံကိုရွေးချယ်ပါ။
    ・အသုံးပြုသူအမည်
    သင့်နာမည်ကိုဖြည့်စွက်ပါ။
    ・မိမိအကြောင်းမိတ်ဆက်
    မိမိအကြောင်းကိုမိတ်ဆက်ပေးပါ။
    ・မွေးနေ့
    သင့်မွေးနေ့အားဖြည့်စွက်ပါ။
    ・လိင်အမျိူးအစား
    သင့်လိင်အမျိုးအစားအားဖြည့်စွက်ပါ။
    ・အလုပ်အကိုင်
    သင့်အလုပ်အကိုင်အားဖြည့်စွက်ပါ။
    ・အဖွဲ့အစည်း
    သင်လက်ရှိရှိနေသောအဖွဲ့အစည်းအမည်ကိုဖြည့်စွက်ပါ။
    ・web ဆိုဒ်
    သင့်ကိုယ်ပိုင် ဘလော့နှင့် SNS အကောင့်များဖြည့်စွက်ပါ။

    ■ပြည်ပတွင်နေထိုင်သောမှတ်တမ်းကိုဆက်တင်ပြုလုပ်မည်
    ・သင်လက်ရှိနေထိုင်သောတိုင်းပြည်ကိုရွေးချယ်ပြီး၊ ထိုတိုင်းပြည်တွင်စတင်နေထိုင်သောနှစ်/လ ကိုရွေးချယ်ပါ။

    ※သင်လက်ရှိနေထိုင်သောတိုင်းပြည်မှထွက်ခွာမည့် နှစ်/လ ကို အလိုအလျောက်ရွေးချယ်ပေးပါမယ်။

    ■ဝါသနာပါသောအမျိုးအစားများကိုဆက်တင်ပြုလုပ်ရန်
    ・သင်ဝါသနာပါသောအမျိုးအစားများကိုရွေးချယ်မည်။

  • 14. အကြောင်းကြားခြင်းကိုဘယ်နေရာမှဆက်တင်ပြုလုပ်ရမလဲ။

    အကြောင်းကြားခြင်း」မှဆက်တင်ပြုလုပ်နိုင်ပါတယ်။

    ■အကြောင်းကြားခြင်းပြုလုပ်ရန်နည်းလမ်း
    1.「အကြောင်းကြားချက်」ကိုနှိပ်ပါ
    2.အကြောင်းကြားချက်လိုချင်သောနေရာကိုနှိပ်ပါ

  • 15. WeXpats Forum ကိုအသုံးပြုပြီးရင်သတိပြုရမယ့်အချက်ရှိပါသလား။

    WeXpats Forum ကိုအသုံးပြုနေသောအဖွဲ့ဝင်များအားလုံးသည် မိတ်ဆွေသူငယ်ချင်းများဖြစ်ပါတယ်။「မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက်က အကူအညီတောင်းလျှင် အချင်းချင်းကူညီပေးရပါမယ်။ 」ဆိုတဲ့ ကတိစကားကို လိုက်နာပြီး WeXpats Forum ကို အသုံးပြုရပါမယ်။

    ဒါ့အပြင် WeXpats တွင် အောက်ပါအပြုအမူများအား တားမြစ်ထားပါတယ်။
    ・အမုန်းစကား
    ・အနှောက်အယှက်ပေးခြင်းနှင့်အနိုင်ကျင့်ခြင်း
    ・ပရိုဖိုင်အတု/ ပရိုဖိုင်အားမှားယွင်းစွာဖော်ပြထားခြင်း
    ・မူပိုင်ခွင့်နှင့်ကိုယ်ပိုင်အခွင့်အရေးများချိုးဖောက်ခြင်း
    ・အနှောက်အယှက်ပေးသည့်မက်ဆေ့ချ်များ
    ・မကောင်းသောအပြုအမူများ
    ・ဥပဒေချိုးဖောက်မှုအပြုအမူများ

    အကယ်၍ လမ်းညွှန်ချက်နှင့် အသုံးပြုရာတွင်လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သောအပြုအမူများတွေ့ရှိပါက၊ စုံစမ်းမေးမြန်းရန်နေရာမှတဆင့် အကြောင်းကြားပါမည်။ အသုံးပြုရာတွင်လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ပါက မေးခွန်းများကို ဖျက်ခြင်း၊ အသုံးပြုခွင့်အားကန့်သတ်ခြင်း အပါအဝင် အသုံးပြုခွင့်မပြုတော့ပဲ အကောင့်အား ဖျက်ပစ်ခြင်းများကို ပြုလုပ်ပါမည်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။ Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ