ဂျပန်မှာအလုပ်လုပ်ရင်အလုပ်အာမခံဝင်ထားသူတိုင်းပြန်လည်ကျောင်းတက်မယ်ဆိုရင်ရရှိနိုင်တဲ့ထောက်ပံ့ကြေးစနစ်ကို မိတ်ဆက်ပေးပါမယ်။ ပညာရေးနှင့်လေ့ကျင့်ရေးအတွက်ထောက်ပံ့ကြေးစနစ်ကနေဂျပန်အစိုးရအလုပ်သမားဖူလှံရေးဌာနကတက်ခွင့်ပေးတဲ့တက္ကသိုလ်၊အသက်မွေးဝမ်းကျောင်းကောလိပ်တွေမှာကျောင်းပြန်တက်မယ်ဆိုရင်ထောက်ပံ့ကြေးရရှိမယ့်အခွင့်အရေးဖြစ်ပါတယ်။အဓိကကတော့ကျောင်းပြီးပြီး၊အလုပ်ဝင်ပြီး၊မာစတာဆက်တက်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။သာမာန်ပညာရေးနှင့်လေ့ကျင့်ရေးအတွက် ထောက်ပံ့ကြေးစနစ်နှင့် အထူးပြုပညာရေးနှင့်လေ့ကျင့်ရေး အတွက်ထောက်ပံ့ကြေးစနစ်ဆိုပြီး ၂ မျိုးရှိပါတယ်။
သာမာန်ပညာရေးနှင့်လေ့ကျင့်ရေးအတွက်ထောက်ပံ့ကြေးစနစ်
ထိုထောက်ပံ့ကြေးငွေအားပထမဆုံးလျှောက်ထားသူဆိုပါက၁နှစ်အနည်းဆုံးအလုပ်အာမခံကြေးပေးဆောင်ထားသူဖြစ်ရပါမယ်။ဒုတိယအကြိမ်လျှောက်ထားသူဆိုပါကအလုပ်အာမခံကြေး ၃ နှစ်ကျော်ပေးဆောင်ထားသူဖြစ်ရပါမယ်။ ရရှိနိုင်သည့်ထောက်ပံ့ကြေးငွေမာဏမှာ ကျောင်းလခ (သို့) သင်တန်းကြေး၏ ၂၀ ရာခိုင်နှုန်းဟုသတ်မှတ်ထားသော်လည်း အများဆုံးရရှိနိုင်မည့်ပမာဏမှာ ယန်း ၁၀ သောင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၏တက္ကသိုလ်ကျောင်းသားဘဝ
MEXTစကော်လာဘယ်လိုလျှောက်ကြမလဲ(Japan scholarship)
ဂျပန်သို့ပညာတော်သင်သွားပြီးရရှိလာသောအတွေ့အကြုံများ(Japanese study)
စာရေးသူရွေးချယ်သောဆောင်းပါး
အထူးပြုပညာရေးနှင့်လေ့ကျင့်ရေးအတွက်ထောက်ပံ့ကြေးစနစ်
ထိုထောက်ပံ့ကြေးငွေအား ပထမဆုံးလျှောက်ထားသူဆိုပါက ၂ နှစ်အနည်းဆုံး အလုပ်အာမခံကြေး ပေးဆောင်ထားသူဖြစ်ရပါမယ်။ ဒုတိယအကြိမ်လျှောက်ထားသူဆိုပါက အလုပ်အာမခံကြေး ၁၀ နှစ်ကျော် ပေးဆောင်ထားသူဖြစ်ရပါမယ်။ ရရှိနိုင်သည့်ထောက်ပံ့ကြေးငွေမာဏမှာ ကျောင်းလခ(သို့)သင်တန်းကြေး၏ ၅၀ ရာခိုင်နှုန်းဟုသတ်မှတ်ထားသော်လည်း အများဆုံး ရရှိနိုင်မည့်ပမာဏမှာ တစ်နှစ် ယန်း သောင်း ၄၀ ဖြစ်ပါတယ်။မိမိတို့တက်ရောက်သည့်ကျောင်းအလိုက်အများဆုံး၃နှစ်(သောင်း၁၂၀)အထိရရှိနိုင်မည်ဖြစ်ပါတယ်။ထို့အပြင်အထက်ပါထောက်ပံ့ကြေးဖြင့်ကျောင်းတက်ပြီးဘွဲ့၊သင်တန်းဆင်းလက်မှတ်တို့ရရှိပြီး၊တစ်နှစ်အတွင်းအလုပ်ပြန်ဝင်ဖြစ်ပြီးနောက်အလုပ်အာမခံကြေးဆက်လက်ပေးသွင်းပါက ကျောင်းလခ သို့ သင်တန်းကြေး၏၂၀ရာနှုန်းထပ်ပေးပါတယ်။ထို့ကြောင့်စုစုပေါင်း၇၀ရာခိုင်နှုန်းအထိထောက်ပံ့ကြေးရရှိနိုင်ပါတယ်။
ထောက်ပံ့ကြေးငွေလျှောက်ထားနိုင်သည့်နေရာ
ထိုထောက်ပံ့ကြေးကို မြို့နယ်တော်တော်များများမှာရှိတဲ့ Hello Work ရုံးများမှတဆင့် လျှောက်ထားရပါမယ်။ ဒါ့ကြောင့် ထိုထောက်ပံ့ကြေးငွေများနှင့် ပတ်သက်ပြီး သိရှိလိုပါက Hello Work ဝက်ဆိုဒ်များတွင်ရေးသားထားပြီး သက်ဆိုင်ရာရုံးများသို့လည်း လူကိုယ်တိုင်သွားရောက်မေးမြန်း နိုင်ပါတယ်။အင်တာနက်မှာလည်းမိမိရှာချင်သောအကြောင်းအရာများကိုသေချာရိုက်ထည့်ပြီးရှာဖွေနိုင်ပါတယ်။ကိုယ်ရမည့်ထောက်ပံ့ကြေးနဲ့ပတ်သတ်ပြီးလည်းလေ့လာနိုင်ပါတယ်။အောက်ပါHello Workဝက်ဆိုက်ကနေဝင်ရောက်လေ့လာနိုင်ပါတယ်။