Wexpats ရဲ့ဇာတ်ကောင် ပွန်းဂချန် လေးကို မိတ်ဆက်လိုက်ပါပြီ။

ပွန်းဂချန် လေးကတော့ Wexpats ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ဂျပန်နိုင်ငံအကြောင်း ပြောပြပေးမယ့် 「နိဟွန်းမိုမိုပွန်းဂ」ရဲ့ကလေလေးဖြစ်ပါတယ်။ပွန်းဂချန် လေးလေထဲမှာပျံဝဲရတာ သဘောကျပြီး ဂျပန်စာ၊ဂျပန်ယဥ်ကျေးမှုကိုလေ့လာရတာသဘောကျပါတယ်။ သူ့ရဲ့ အိပ်မက်ကတော့ တချိန်ချိန်မှာ ပင်လယ်ကြီးကိုဖြတ်သန်းပြီး ပျံသန်းနိုင်ဖို့ဖြစ်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံကိုလာတဲ့ လူတွေကို အရမ်းစိတ်ဝင်စားပါတယ်။ လူတွေရဲ့ အနားမှာ တဝဲတဝဲ ပျံသန်းရင်း ဂျပန်နိုင်ငံအကြောင်းကို တဖွတဖွ ရှင်းပြပေးတတ်ပါတယ်။ ပွန်းဂချန်နဲ့တွေ့ရင် ကိုယ်ဇာတိနိုင်ငံအကြောင်း အများကြီးပြောပြလိုက်ပါအုံးနော်။ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ပွန်းဂချန်လေး အကြောင်း

ပွန်းဂ ချန်လေးကတော့ လူသားတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ စိတ်အားထက်သန်တဲ့သူတစ်ဦးပါ။ ဒါကြောင့် သူနေထိုင်တဲ့ တောအုပ်ထဲကနေ တကိုယ်တည်း ပျံသန်းထွက်ခွာလာခဲ့ပါတော့တယ်။ သို့သော် ဘာသာစကားမတူ၊ ယဥ်ကျေးမှုကွာခြားတဲ့ နေရာကိုရောက်တော့ ဒုက္ခလှလှ တွေ့ပါတော့တယ်။

အမှိုက်ပစ်နည်းလဲနားမလည်၊

ရထားစီးတော့လဲလူကြပ်ပြီး ဒုက္ခတွေ‌ရောက်၊

အကြွေးဝယ်ကဒ်လဲ လုပ်လို့မရ၊

ဂျပန်တွေပြောတဲ့ (Daijyoubu) ဆိုတာ အဆင်ပြေတာလား၊ အဆင်မပြေတာလား မခွဲတတ် အစသဖြင့် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရပါတော့တယ်။ 

ဒီလိုဒုက္ခ‌ရောက်နေတဲ့ ပွန်းဂချန်လေးကို ကိုယ်ချင်းစာပြီး သူငယ်ချင်းလုပ်ပေးတဲ့သူကတော့ ပြည်ပဇာတိက သူတစ်ဦးဖြစ်ပါတယ်။ ဒီနေရာက ဂျပန်ဆိုတဲ့ နိုင်ငံဖြစ်ပြီး ကျွန်တော်က ပင်လယ်ရပ်ခြားကလာတယ်လေ ဆိုပြီး သူငယ်ချင်းက ပြောပြတယ်။ ဂျပန်မှာနေထိုင်ဖို့အတွက်လည်း ဗဟုသုတ၊ သိသင့်တဲ အချက်အလက်တွေကိုလည်း အမျိုးမျိုး သူငယ်ချင်းက ပြောပြပေးတယ်။ ဒီလိုနဲ့ ဂျပန်စာလဲ ပြောတတ်လာတော့ ဂျပန်မှာလဲပျော်ပျော် ပါးပါးခရီးသွားနိုင်လာသလို ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးစံတွေအကြောင်းကို သေချာသိလာပြီးနေထိုင်ရတာ ပိုပျော်လာခဲ့တယ်။ 

ဒီလိုနဲ့ တနေ့တော့ ပွန်းဂချန်လေးက သူ့အပေါ်အရမ်းကောင်းပြီး ကူညီတတ်တဲ့သူငယ်ချင်းက ဘဘ်နိုင်ငံကပါလိမ့်ဆိုတဲ့အတွေးတစ်ခု ခေါင်းထဲပေါ်လာခဲ့တယ်။ ဒါနဲ့ အတူ ပွန်းဂချန်းလေးရဲ့ အိပ်မက်က နိုင်ငံပေါင်းစုံက လူတွေနဲ့ သူငယ်ချင်းလုပ်ဖို့ ဖြစ်သွားပါတော့တယ်။ နောက်ပြီး ဂျပန်နိုင်ငံ တဝှမ်းကို ပျံသန်းပြီး သူ့ကို ကူညီခဲ့သလိုမျိုး ဂျပန်မှာနေထိုင်ရင်း အခက်အခဲတွေကြုံတွေ့နေတဲ့  တခြားသူတွေကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတော့‌တယ်။ 

Wexpats နဲ့ပတ်သက်ပြီး 

Wexpats ဆိုတာကတော့ ဘယ်သူမဆို စိတ်ချလက်ချ အလုပ်လုပ်ကိုင်နိုင်မယ့်ကမ္ဘာတစ်ခုကို ရည်မှန်းပြီး ဘာသာစကားအမျိုးမျိူးနဲ့ အလုပ်ရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ ဂျပန်ဘာစသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ကိုးရီးယားဘာသာစကား၊ ဗီယက်နမ်ဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ မြန်မာဘာသာစကား၊ထိုင်းဘာသာစကား၊ စပိန်ဘာသာစကား၊ ပေါ်တူဂီဘာသာစကားစတဲ့ ဘာသာစကားပေါင်း ၁၁ ခုနဲ့ အသုံးပြုနိုင်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖွေမယ်ဆိုရင် WeXpats Jobs

ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်ရှာဖွေရေးမှာ အကြီးဆုံးဝက်ဘ်ဆိုက်ဖြစ်တဲ့ Wexpats Jobs

မှာဆိုရင် ဂျပန်ဘာသာစကားအရည်အချင်း၊ နေထိုင်ခွင့်အရည်အချင်းတွေအလိုက် အလုပ်ခေါ်စာ၊ လုပ်ငန်းတွေကနေ တိုက်ရိုက် အလုပ်ကမ်းလှမ်းစာများ ရောက်လာနိုင်တဲ့ အခွင့်အလှမ်းတွေကိုပါရရှိနိုင်ပါတယ်။ 

အလုပ်ရှာမည်။

ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး အကြောင်းအရာအမျိုးစုံကို တင်ဆက်နေတဲ့ WeXpats Guide 

ဂျပန်နိုင်ငံရဲ့ နေထိုင်မှုဘဝ အကြောင်ူ၊ ယဥ်ကျေးမှုတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာလက်ရှိနေထိုင်လျက်ရှိတဲ့ နိုင်ငံပေါင်းစုံမှ စာရေးဆရာအဖွဲ့မှ တင်ဆက်ပေးလျက်ရှိပါတယ်။ ဂျပန်မှာ နေထိုင်နေရင်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လျက်ရှိတဲ့ သူတွေ ၊ ဂျပန်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်မားတဲ့သူတွေအတွက် ကျွန်တော်တို့ ကျွန်မတို့ သာ ရေးသားတင်ပြနိုင်တဲ့ အကြောင်းအရာတွေကို တင်ဆက်နိုင်အောင် ကြိုးစားသွားပါ့မယ်။ 

ဆောင်းပါးများကိုဖတ်မယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ဂျပန်မှာအလုပ်လုပ်ရတဲ့အကြောင်းအရင်း/ Wexpats ရဲ့ဇာတ်ကောင် ပွန်းဂချန် လေးကို မိတ်ဆက်လိုက်ပါပြီ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ