ဂျပန် ကုမ္ပဏီလုပ်ငန်းခွင်ဝတ်စုံများ

ဂျပန်မှာ အလုပ်လုပ်တဲ့အချိန်မှာတော့ ကုမ္ပဏီက သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်သုံးဝတ်စုံတွေကို ဝတ်ခိုင်းလေ့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်မှာ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံတွေအကြောင်းနှင့် ဝယ်ရမယ့်နေရာတွေကိုပါ ဖော်ပြသွားပါ့မယ်။ 

မာတိကာ 

  1. လုပ်ငန်းခွင်ဝတ်စုံများရဲ့ အရေးပါပုံ။ 
  2. လုပ်ငန်းခွင်ဝတ်စုံများရဲ့ သတ်မှတ်ချက်များ။
  3. လုပ်ငန်းခွင်ဝတ်စုံတွေကို ဘယ်မှာဝယ်ရမလဲ။
  4. လတ်တလောပြောင်းလဲသွားသော အချက်အလက်များ။
  5. အကျဥ်းချုပ် 
ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

လုပ်ငန်းခွင်ဝတ်စုံများရဲ့ အရေးပါပုံ။ 

ဂျပန်မှာ အလုပ်လုပ်တဲ့ အခါမှာ လုပ်ငန်းခွင် ယဥ်ကျေးမှုတစ်ခုအနေနဲ့ ဝတ်စုံတွေကတော်တော်အရေးပါပါတယ်။ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ ရုံးတွင်းဝတ်စုံတွေကို သတ်မှတ်ထားလေ့ရှိကြပါတယ်။ ဒီ ရုံးတွင်းမှာ ဝတ်တဲ့ ဝတ်စုံတွေကတော့ အမြင်တစ်ခုတည်းမဟုတ်ဘဲနဲ ရိုသေလေးစားဖို့အတွက် ပြယုဒ်တစ်ခုလဲ ဖြစ်ပါတယ်။ 

ရုံးတွင်းယူနီဖောင်းတွေကတော့ မိမိရဲ့အလုပ်အကိုင်၊ မိမိကုမ္ပဏီနှင့် တခြားလုပ်ဖော်ကိုင်ဖက်၊ တခြားပါတိတွေကို လေးစားမှုကိုဖော်ဆောင်လေ့ရှိပါတယ်။ နောက်ပြီး ဂျပန်လူနေမှုအသိုင်းအဝှိုင်းကနေပြီးတော့ အဖွဲ့လိုက်ဆောင်ရွက်ချက်၊ တူညီခြင်းတို့ကိုအလေးထားတဲ့ အတွက်ကြောင့် ဒီယူနီဖောင်းတွေကလည်း ဂျပန်နိုင်ငံရဲ့လူနေမှုအသိုင်းအဝှိုင်းအတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ဝတ်စုံများရဲ့ သတ်မှတ်ချက်များ။

ဂျပန်နိုင်ငံရဲ့ရုံးတွင်းဝတ်စုံတွေကို အသေးစိတ်ကြည့်ရမယ်ဆိုရင်တော့ အမျိုးသား အမျိုးသမီးအလိုက် အနည်ငယ်ကွာခြားနိုင်ပါတယ်။အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။

အနက်ရောင်ဝတ်စုံတွေက ရုံးဝတ်စုံတွေအနေနဲ့ သင့်တော်လား။

ဂျပန်မှာတော့ အနက်ရောင်ဝတ်စုံတွေကို‌ ရုံးတွင်း ဝတ်စုံအဖြစ် ဝတ်သင့် မဝတ်သင့်ကို တော်တော် အမြင်ကွဲလျက်ရှိပါတယ်။ တချို့ကတော့ အနက်ရောင်ဝတ်စုံတွေကို အသုဘမှာသာ ဝတ်ဆင်လေ့ရှိတဲ့ အတွက်ကြောင့်မလို့ မဝတ်သင့်ဘူးလို့ထင်ကြသလို တချို့တွေကတော့ ဝတ်လဲ ရတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် ကျောင်းသားများအလုပ်ရှာတဲ့ အချိန်မှာဝတ်တဲ့ ဝတ်စုံ Recruit Suits (リクルートスーツ, Rikuru-to Su-tsu)ကတော့ အနက်ရောင်ဝတ်စုံကို ဝတ်လေ့ရှိကြပါတယ်။ 

အမျိုးသားများဝတ်ဆင်လေ့ရှိတဲ့ ရုံးတွင်းဝတ်စုံများ။

အပြာနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင်းအတွင်းဝတ်နှင့် နက်တိုင်တို့ကတော့ အမျိုးသားတွေဝတ်များလေ့ရှိပါတယ်။ နောက်ပြီးတော့ နက်တိုင်ကိုလဲ ပလိန်း သို့မဟုတ် ရိုးရိုးရှင်းရှင်းပုံစံနှင့်သာ ဝတ်လေ့ရှိကြပါတယ်။ နောက်ပြီးတော့ အနက်ရောင်နက်တိုင်တွေကတော့ အသုဘအိမ်သွားတဲ့ အချိန်မှာ ဝတ်လေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ အနက်ရောင် နက်တိုင်တွေကိုတော့‌ ရှောင်သင့်ပါတယ်။ ဖိနပ်အတွက်ကတော့ သားရေဖိနပ် အနက်ရောင်နှင့် အညိုရောင်တို့ကို ဝတ်ဆင်လေ့ရှိကြပါတယ်။ နောက်ပြီးတော့ အမျိုးသားတွေရဲ့ ဆံပင်စတိုင်လ်ကလဲ သန့်သန့်ရပ်ရပ်ဖြစ်နေသင့်ပြီးတော့ ပရော်ဖက်ရှင်နယ် ဆန်ဆန်ဖြစ်နေရပါမယ်။ ‌နောက်ပြီးတော့ မျက်နှာပေါ်မှာရှိတဲ့ အမွှေးတွေကိုလဲ သေသေချာချာရိတ်ပြီး သန့်ရှင်းထားသင့်ပါတယ်။

အမျိုးသမီးများဝတ်ဆင်လေ့ရှိတဲ့ ရုံးတွင်းဝတ်စုံများ။

အမျိုးသမီးတွေကလဲ အပြာနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင်းအတွင်းဝတ်တွေကို ဝတ်ဆင်လေ့ရှိပြီးတော့ အောက်ပိုင်းကိုတော့ စကတ် သို့မဟုတ် ဘောင်ဘီကို ဝတ်ဆင်လေ့ရှိကြပါတယ်။ စကတ်ကို ဝတ်ဆင်တဲ့ အချိန်မှာဆိုရင်တော့ ဒူးဖုံးရမှာဖြစ်ပြီး အရမ်းကြပ်နေတာမျိုးလဲ မဖြစ်ရပါဘူး။ နောက်ပြီး အမျိူးသမီးတွေအနေနဲ့ လဲ ဆံပင်ကိုလဲ သန့်သန့်ရပ်ရပ် ထားရမှာဖြစ်ပါတယ်။ လက်သည်းတွေကိုလဲ သန့်သန့်ရပ်ရပ်ဖြစ်အောင်ထားပြီးတော့ လက်သည်းအရောင်ဆိုးချင်တယ်ဆိုရင်တော့ အရမ်းအရောင်တောက်တာမျိုးတွေတော့ ဆိုးလို့မရပါဘူး။ နောာက်ပြီးတော့ ရေမွေးစွတ်တဲ့ အချိန်ကျရင်လဲ အရမ်နံ့ရတာမျိုးတွေလဲ ရှောင်သင့်ပါတယ်။ 

လုပ်ငန်းခွင်ဝတ်စုံတွေကို ဘယ်မှာဝယ်ရမလဲ။

ဂျပန်မှာ လုပ်ငန်းခွင့်သုံးဝတ်စုံတွေကို စျေးနှုန်းအမျိုးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ ကုန်တိုက်တွေနှင့် စတိုးဆိုင်များ၊ စူပါမားကတ်တွေ အစသဖြင့် နေရာပေါင်းများစွာမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဂျပန်မှာ လုပ်ငန်းခွင်သုံးဝတ်စုံဝယ်ဖို့အတွက် သင့်တော်တဲ့ နေရာတွေကိုဖော်ပြပေးသွားပါ့မယ်။

Uniqlo 

ဂျပန်ဖက်ရှင် အမှတ်တံဆိတ်တစ်မျိုးဖြစ်တဲ့ Uniqlo ကတော့ အရည်အသွေးပြည့်မှီပြီးတော့ စျေးနှုန်းလဲတတ်နိုင်တဲ့ ရုံးတွင်းသုံးဝတ်စုံတွေကို ဝယ်ယူနိုင်ပါတယ်။ Uniqlo ကတော့ စျေးနှုန်းကလဲ သက်သာပြီတော့ ကြာရှည်ခံလဲ အသုံးပြုနိုင်ပါတယ်။ အပေါ်အောက် အစုံလောက်ကို ယန်း ၂ သောင်းအောက်နဲ့ ဝယ်နိုင်တာမျိုးတွေလဲရှိပါတယ်။ 

Orihica, Aoyama Tailor (洋服の青山), Perfect Suit Factory

ဒီတံဆိပ်၃ ခုကတော့ ဂျပန်မှာ နာမည်ကြီးတဲ့ အနောက်တိုင်းဝတ်စုံ၊ လုပ်ငန်းသုံးဝတ်စုံနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ တံဆိပ်တွေဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်ခြင်း၊ သက်တောင့်သက်သာရှိခြင်း၊ နှင့် ဒီဇိုင်းကောင်းမွန်ခြင်းတို့ကြောင့်နာမည်ကြီးပါတယ်။ စျေးနှုန်းတွေကလဲ ယန်း၂ သောင်းကနေစပြီးတော့ အရည်သွေးအပေါ်လိုက်ပြီးတော့ အမျိုးမျိုးရရှိနိုင်ပါတယ်။ 

နောက်ပြီးတော့ ဒီဇိုင်နာချုပ် အင်္ကျီ  オーダースーツ (O-da Su-tsu) တွေကိုလဲ မှာယူနိုင်ပါတယ်။ ဒီဇိုင်နာချုပ်တွေကတော့ပိုပြီးတော့ စျေးကြီးပါတယ်။ ဒီဆိုင် ၃ ဆိုင်လုံးမှာတော့ အွန်လိုင်းကတော့ ဝယ်ယူနိုင်ပါတယ်။ တချို့ ဝတ်စုံတွေကိုတော့ အွန်လိုင်းမှာသာ ရောင်းချလေ့ရှိပါတယ်။ 

Fabric Tokyo, Kashiyama, Only

ဒီတံဆိပ် ၃ မျိုးကတော့ စျေးနှုန်းမျိုးစုံနှင့် တစ်စုံစာကို ယန်း ၃သောင်းနီးပါး လောက်ကျသင့်လေ့ရှိပါတယ်။ ဒီတံဆိပ်တွေကတော့ အရည်အသွေးလဲကောင်းပြီးတော့၊ သင့်တောင့်သင့်တာရှိတဲ့အပြင် စျေးနှုန်းလဲ သက်သာပါတယ်။ 

တခြားတံဆိပ်တွေကတော့ အောက်ပါတံဆိပ်တွေ နာမည်ကြီးပါတယ်။ 

  • Global Style
  • AOKI (青木)
  • Suit Ya

လတ်တလောပြောင်းလဲသွားသော အချက်အလက်များ။

ဒီဝတ်စုံတွေကတော့ ကုမ္ပဏီတစ်ခုချင်းစီအပေါ်မူတည်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဒီလိုယူနီဖောင်းတွေ မဟုတ်ဘဲနဲ့ ပုံမှတ်ဝတ်စုံတွေနဲ့ ပဲအလုပ်လုပ်ခွင့်ပြုတဲ့ကုမ္ပဏီတွေလဲ အများကြီးရှိပါတယ်။ တချို့ ကုမ္ပဏီတွေကတော့ ပုံမှန်ဝတ်စုံတွေကို ဝတ်ခွင့်ပြုတယ်ဆိုပေမယ့် client တွေနဲ့ တွေ့ရမယ့် ရာထူးတွေကိုယူထားတဲ့ သူတွေကတော့ လုပ်ငန်းသုံးဝတ်ဆစုံကို ဝတ်ဖို့လိုအပ်ပါတယ်။ တချို့တွေကတော့ client နဲ့ တွေ့စရာမလိုတဲ့ နေ့မျိူးမှာဆိုရင်တော့ ပုံမှတ်ဝတ်စုံကိုဝတ်ဆင်လေ့ရှိပြီးတော့ အစည်းအဝေးရှိတဲ့ နေ့တွေမျိူးမှာဆိုရင်တော့ ရုံးတက်ဝတ်စုံကိုဝတ်ဆင်ပြီးတော့ ရုံးတက်လေ့ရှိကြပါတယ်။ တခြား ရာထူးကို ယူထားတဲ့ သူတွေအတွက်ဆိုရင်တော့ ဒီအတိုင်းပုံမှန်ဝတ်စုံနဲ့ လဲ ဝတ်နိုင်ပေမယ့် သန့်သန့်ရပ်ရပ် ဝတ်ဖို့ လိုအပ်ပါတယ်။ 

ဂျပန်နွေရာသီမှာ ဝတ်လေ့ရှိကြတဲ့ “Cool Biz” ကမ်ပိန်း

“Cool Biz” ဆိုတာကတော့ “cool business”ရဲ့ အတိုက်ကောက်ဖြစ်ပြီးတော့ ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ စတင်ပြီး မိတ်ဆက်တဲ့ ဂျပန်နိုင်ငံ ပတ်ဝန်ကျင်ဝန်ကြီးဌာန ကနေပြီးတော့ စတင်ပြီးတော့ အကောင်အထည်ဖော်တဲ့ ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ နွေရာသီမှာ အဲယားကွန်း အသုံးပြုမှု နည်းပါးနိုင်ဖို့အတွက် ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းဖြစ်ပါတယ်။ ဒီကမ်ပိန်းမှာတော့ အဲယားကွန်း အပူချိန်ကိုလျှော့ ချပြီးတော့ 28°C (82°F) အထိထားဖို့သတ်မှတ်ထားပါတယ်။ နောက်ပြီးတော့ ထူထပ်နေတဲ့ ရုံးဝတ်အဝတ်အစားတွေအစား ပါးပြီးတော့ နွေရာသီဝတ်ဝတ်စုံတွေကို ဝတ်ဖို့အတွက် တိုက်တွန်းတဲ့ ကမ်ပိန်းဖြစ်ပါတယ်။ ဒီကမ်ပိန်းကိုတော့ ဂျပန်နိုင်ငံမှာရှိတဲ့ရုံးတွေ တော်တော်များများက လိုက်နာပြီးကျင့်သုံးလေ့ရှိကြပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်နိုင်ငံရဲ့ ရုံးတက်ဝတ်စုံတွေကတော့ အပြင်အဆင်တစ်ခုတည်းကိုမဟုတ်ဘဲ ရိုသေလေးစားမှုကို ပြသတဲ့ အနေနဲ့ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယခုနောက်ပိုင်းမှာတော့ တချို့ ကုမ္ပဏီတွေမှာတော့ ပုံမှန်ဝတ်စုံနဲ့ ရုံးတက်လို့ရပေမယ့် အမြဲတမ်း သပ်သပ်ရန့်ရန့် ဝတ်ဆင်နေထိုင်ဖို့လိုအပ်ပါတယ်။ 

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

https://we-xpats.com/my/job/lp/002ba/full-time?mid=436

https://we-xpats.com/my/job/lp/002ba/full-time?mid=436

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ