တိုကုတေး ဗီဇာဆိုတာ ဘယ်လိုဗီဇာမျိုးလဲ  (Tokutei gino Visa-Japanese Working Visa)

လတ်တလောက် အနောက်ပိုင်းမှာတော့ မြန်မာပြည်ကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာနဲ့ ဂျပန်မှာလာရောက်အလုပ်လုပ်ကိုင်တဲ့ သူတွေ တော်တော်များပြားပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချင်အရ ဂျပန်နိုင်မှာ နေထိုင်တဲ့ မြန်မာလူမျိုးပေါင်း ၅၆၂၃၉ ယေက်ရှိပြီး ဒီအထဲမှာ ၈၀၁၆ ဠယာက်ကတော့ တိုကုတေးဂိနိုးဗီဇာ ကိုကိုင်ဆောင်ထားတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါဆိုတိုကုတေးဂိနိုး လို့ခေါ်တဲ့ အထူးကျွမ်းကျင်လုပ်သား ဗီဇာဆိုတာ ဘယ်လိုဗီဇာမျိုးလဲ၊ ဘယ်လိုလူတွေလျှောက်ထားလို့ရလဲ။ ဘယ်လိုအလုပ်မျိုးလုပ်ရလဲ နှင့် ဘယ်လိုလိုအပ်ချက်တွေလိုအပ်သလဲ ဆိုတာကို ‌ဖော်ပြသွားပါ့မယ်။ 

မာတိကာ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ 

 ကျွမ်းကျင်လုပ်သားနေထိုင်ခွင့်ပုံစံအသစ်သည် နိုင်ငံခြားသားအလုပ်သမားများအတွက် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံတွင် အလုပ်သမားမလုံလောက်မှုကိုကြုံတွေ့ နေရတဲ့ လုပ်ငန်းအမျိုးအစားများတွင် အလုပ်သမားအင်အားဖြည့်ပေးရန်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီ လမှာစတင်ပြီး အသက်သွင်းခဲ့တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်မှာ ဆိုရင်တော့ အပိုင်း ၂ပိုင်းရှိပြီး

  1. တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၁ 
  2. တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၂ တို့ဖြစ်ပါတယ်။

တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၁ 

တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၁ ကတော့ ဂျပန်နိုင်ငံမှာ အလုပ်သမားအင်အားလုံလောက်မှုမရှိတဲ့ နယ်ပယ် ၁၂ ခုမှာ အလုပ်လုပ်လို့ရမယ့်ဗီဇာ အမျိုးအစားဖြစ်ပြီး အများဆုံး ၅ နှစ်အထိ နေထိုင်ခွင့်ရှိပါတယ်။ နောက်ပြီး သတ်မှတ်ချက်တွေ ပြည့်မှီပါက ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကိုလဲ လျှောက်ထားနိုင်ပါတယ်။ နောက်ပြီး လုပ်ငန်းအမျိုးအစားတူညီပါက အလုပ်ပြောင်းခွင့်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားကမိသားစုကိုတော့ ခေါ်ခွင့်မရှိပါဘူး။ 

တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၂ 

တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ ၂ ကတော့ နယ်ပယ် ၂ ခုအတွင်းသာအလုပ်လုပ်ခွင့်ရှိပြီး မိသားစုခေါ်ခွင့်လဲရှိပြီး အလုပ်ပြောင်းခွင့်လဲရှိပါတယ်၊ နေထိုင်ခွင့်ကာလ ကတော့ အထူးသဖြင့် ကန့်သတ်ထားတာမျိုးမရှိပါဘူး။

အလုပ်လုပ်နိုင်သောနယ် ပယ် များ

တိုကုတေးဂိနိုးဗီဇာ-၁ဖြင့်အလုပ်လုပ်ရန်ခွင့်ပြုထားသောလုပ်ငန်းအမျိုးအစား (၁၄)မျိုး ရှိပါတယ်။ 

  1.  介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)
  2. 外食業(စားသောက်ဆိုင်လုပ်ငန်း)
  3. 宿泊業(ဟိုတယ်လုပ်ငန်း)
  4. 建設(ဆောက်လုပ်ရေးလုပ်ငန်း)
  5.  ビルクリーニング業(အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း)
  6.  飲食料品製造業(စားသောက်ကုန်ထုပ်လုပ်ရေးလုပ်ငန်း)
  7.  造船・舶用工業 (သင်္ဘောတည်ဆောက်ရေးလုပ်ငန်း)
  8. 自動車整備  (ကားတပ်ဆင်ရေးလုပ်ငန်း)
  9. 航空 (လေယဉ်လုပ်ငန်း)
  10.  農業 (လယ်ယာလုပ်ငန်း)
  11. 漁業 (ရေထွက်လုပ်ငန်း)
  12. 素形材・産業機械製造・電気・電子情報関連産業(သတ္တုစက်မှု(လျှပ်စစ်နှင့် ဓါတ်အားလုပ်ငန်း)

တို့ပဲဖြစ်ပါတယ်။

အထူးကျွမ်းကျင်လုပ်သား အဆင့်(၂) ဖြင့်အလုပ်လုပ်ရန်ခွင့်ပြုထားသောလုပ်ငန်းအမျိုးအစား (၂) မျိုးရှိပါတယ်။ 

  1. 「建設」ဆောက်လုပ်ရေးလုပ်ငန်း
  2. 「造船・舶用工業」သင်္ဘောတည်ဆောက်ရေးလုပ်ငန်း တို့ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်မှာတော့ အပေါ်က တိုကုတေးဂိနိုးဗီဇာ-၁ရဲ့ နယ်ပယ်တွေထဲကနေပြီးတော့  介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း) မှလွဲပြီး ကျန်တဲ့ နယ်ပယ် ၁၁ ခုကို အထူးကျွမ်းကျင်လုပ်သား အဆင့်(၂) အနေနဲ့ တိုးချဲ့ ဖို့ စီစဥ်လျက်ရှိပါတယ်။  

ဗီဇာရရှိရန် လိုအပ်သောအချက်များနှင့် အရည်အချင်းများ

 အလုပ်ဝင်မယ့် နယ်ပယ်နှင့်သက်ဆိုင်သော စာမေးပွဲ

လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသောအတတ်ပညာဆိုင်ရာစာမေးပွဲများဖြင့် စစ်ဆေးဆုံးဖြတ်ပါမည်။ စာမေးပွဲအောင်လက်မှတ် အပြင်အခြားနည်းလမ်းဖြင့် သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသောအရည်အချင်း ပြည့်မှီကြောင်းပြသနိုင်ရပါမည်။ 

ဥပမာ - ကားပြုပြင်ရေးလုပ်ငန်းဆိုပါက ဂျပန်စာဖြင့်ဗဟုသုတပိုင်းဆိုင်ရာဖြေဆိုရသည့်ရေးဖြေစာမေးပွဲနှင့် လက်တွေ့ကားပြင်ပြရသည့် စာမေးပွဲဟူ၍(၂)မျိုးစစ်ဆေးရန်ရည်ရွယ်ထားပါသည်။

ဂျပန်ဘာသာအရည်အချင်း

အပေါမှာပြောခဲ့တဲ့ သက်ဆိုင်ရာနယ်ပယ်ရဲ့ စာမေးပွဲအပြင် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ လက်မှတ်လံ ရှိထားဖို့လိုအပ်ပါတယ်။ဂျပန်စာအရည်အချင်းစစ်စာမေးပွဲအနေနဲ့ကတော့ JLPT သို့မဟုတ် ဂျပန်ဖောင်ဒေးရှင်းကကျင်းပသော JFT စာမေးပွဲ ၂ ခုထဲမှ တစ်ခုကိုရွေးပြီးဖြေဆိုရမှာဖြစ်ပါတယ်။ JLPT ဆိုရင်တော့ N4 နှင့် အထက်ရှိဖို့လိုအပ်ပြီး JFT စာမေး ဆိုရင်တော့ A2 Level အထက် ရရှိထားရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြေဆိုနိုင်သော တိုကုတေးဂိနိုးဗီဇာ - အထူးကျွမ်းကျင်လုပ်သားဗီဇာ အတွက် စာမေးပွဲများ

အပေါ်မှာဖော်ပြခဲ့တဲ့ နယ်ပယ်တစ်ခုချင်းစီအတွက်လိုအပ် တဲ့ စာမေးပွဲ တစ်ချို့ကိုတော့ မြန်မာနိုင်ငံမှာလဲ ဖြေဆိုလို့ရနိုင်ပါတယ်။ 

နယ်ပယ် ၃ မျိုးရှိစာမေးပွဲတွေကို‌ဖြေဆိုနိုင်ပါတယ်။

  1. 介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)
  2. 農業 (လယ်ယာလုပ်ငန်း)
  3. 外食業(စားသောက်ဆိုင်လုပ်ငန်း) တို့ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ ဗီဇာ တစ်မျိုးဖြစ်တဲ့ တိုကုတေးဂိနိုးဗီဇာ အကြောင်းကိုဖော်ပြခဲ့ပါတယ်။ ဒီဗီဇာ ရရှိဖို့ အတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ့ အလုပ်လုပ်နိုင်တဲ့ နယ်ပယ်တွေကိုလဲ ပူးတွဲဖော်ပြခဲ့ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်နှင့်သက်ဆိုင်သောနေထိုင်မှုဗီဇာအခြေအနေ/ တိုကုတေး ဗီဇာဆိုတာ ဘယ်လိုဗီဇာမျိုးလဲ  (Tokutei gino Visa-Japanese Working Visa)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ