ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာကိုပြောင်းမယ်ဆိုရင်

ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်၊ ဂျပန်စာသင်ကျောင်း များသည် ၃လပိုင်းတွင် စာသင်နှစ်ပြီးဆုံးလေ့ရှိပြီး ၄ လပိုင်းတွင် အလုပ်သစ်များစတင်ကြပါတယ်။ ချွင်းချက်အနေဖြင့် ၉ လပိုင်းတွင် စာသင်နှစ်ပြီးဆုံးသော တက္ကသိုလ်များလည်းရှိပါတယ်။ ကျောင်းပြီးသွားပြီး အလုပ်ဝင်မယ့် သူတွေအနေနဲ့ ဗီဇာ အမျိုးအစားကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျောင်းပြီးပြီး အလုပ်ဝင်မယ်ကြံရွယ်ထားတဲ့ သူတွေအတွက် အလုပ်ဗီဇာကိုဘယ်လိုပြောင်းမလဲဆိုတာနဲ့ ဂျပန်မှာ ကျောင်းပြီးသွားတဲ့ သူတွေအနေနဲ့ ဘယ်လိုဗီဇာမျိုးတွေ ပြောင်းထားနိုင်လဲဆိုတဲ့ အကြောင်းတွေကို ဖော်ပြလိုက်ပါတယ်။ 

မာတိကာ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ကျောင်းပြီးသွားပါက ဗီဇာပြောင်းထားဖို့ ဘာလို့လိုအပ်သလဲ။ 

ဗီဇလို့ဒီနေရာမှာ အသုံးအနှုန်းကိုသုံးထားပေမယ့် အသေးစိတ်ပြောရရင် နေထိုင်ခွင့်အမျိုးအစား (在留資格)ကိုဆိုလိုချင်ထားဖြစ်ပြီး ကိုယ်လက်ရှိနေထိုင်ပြီး ပြုလုပ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့‌ နေထိုင်ခွင့်အမျိုးအစားတွေပြောင်းလဲနိုင်ပါတယ်။ ဥပမာ - ပညာသင်နေတယ်ဆိုပါက ကျောင်းသားဗီဇာ၊ အလုပ်လုပ်နေတယ်ဆိုပါက အလုပ်ဗီဇာ အစသဖြင့် ရည်ရွယ်ချက်အသီးသီးနဲ့ကိုက်ညီပြီး နေထိုင်ခွင့်အမျိုးအစားကိုပြောင်းလဲရပါတယ်။ ကျောင်းသားဆိုရင်တော့ 留学 (ryuugaku)ဆိုတဲ့ ပညာသင်ဗီဇာဖြစ်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ်နဲ့ အလုပ်ခန့်အပ်လိုက်ပါက 留学 (ryuugaku) နဲ့နေထိုင်လို့မရတော့ပါ။ ကိုယ့်လုပ်မယ့်အလုပ်အပေါ်မူတည်ပြီး အလုပ်လုပ်နိုင်တဲ့ ဗီဇာအမျိုးအစားတွေလဲကွဲပြားသွားမှာဖြစ်ပါတယ်။ ဂျပန်မှာတော့ အလုပ်လုပ်နိုင်တဲ့ ဗီဇာအမျိုးအစား ၁၉ မျိုးရှိပါတယ်။ 

ကျောင်းပြီးသွားပြီးပါက အလုပ်ဗီဇာအပြင် တခြားဘယ်လိုဗီဇာတွေနဲ့ ဂျပန်မှာနေထိုင်နိုင်သလဲ။ 

ဒါဆို ကျောင်းပြီးသွားလို့ အလုပ်မလုပ်ဘဲ ဂျပန်နိုင်ငံမှာ ဆက်နေချင်သေးရင်ဘယ်လိုလုပ်ရမလဲ။ အလုပ်မရ‌‌သေးဘူးဆိုရင်ရော ဘယ်လိုဗီဇာမျိုးနဲ့ ဂျပန်မှာ ဆက်နေနိုင်မလဲ။ စသဖြင့် မေးစရာမေးခွန်းတွေရှိလာနိုင်ပါတယ်။ အဖြေကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး နေထိုင်ခွင့်အမျိုးအစားတွေကိုပြောင်းလို့ရပါတယ်။ ဒါပေမယ့် အချက်အလက်တွေကိုတင်ပြဖို့တော့ လိုအပ်ပါတယ်။ ဒါဆို ဂျပန်တက္ကသိုလ်မှာ ကျောင်းပြီးသွားတဲ့ နိုင်ငံတကာက ကျောင်းသားတွေ ပြောင်းလေ့ရှိတဲ့ ဗီဇာ အမျိုးအစားတစ်ချို့ကို ကြည့်လိုက်ကြရအောင်။ 

ကျောင်းသားဗီဇာ 

ကျောင်းသားဗီဇာလို့ဆိုပေမယ့် ကျောင်းသားအမျိုးအစားတွေလဲ အများကြီးရှိပါတယ်။ တက္ကသိုလ် ၄ နှစ်တက်ပြီး ဘွဲ့ရသွားတဲ့သူတွေအနေနဲ့ နောက်ထပ် ဘွဲ့လွန်ကျောင်းထပ်တက်တဲ့သူတွေကတော့ ကျောင်းသားဗီဇာနဲ့ ဆက်နေနိုင်ပါတယ်။ ဒါပေမယ့် အထောက်အထားစာရွက်စာတမ်းတွေသေချာတင်ပြဖို့လိုအပ်ပါတယ်။ 

Designated activities visa

Tokutei Katsudo လို့ခေါ်တဲ့ ဗီဇာကတော့ နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းပြီးသွားပေမယ့် အလုပ်မရသေးတဲ့သူတွေအတွက် ဂျပန်မှာဆက်နေပြီးတော့ အလုပ်ရှာနိုင်ဖို့အတွက် သီးသန့်ထုတ်ပေးတဲ့ ဗီဇာပုံစံတစ်မျိုးဖြစ်ပါတယ်။ အများဆုံး ၂နှစ် နေထိုင်နိုင်ပါတယ်။ ဒီဗီဇာကိုလျှောက်ထားဖို့အတွက်လဲ လက်ရှိကျောင်းကိုပြီးထားတဲ့ ထောက်ခံစာတွေနဲ့အတူ အလုပ်ရှာဖို့စီစဥ်နေတဲ့ အစီအစဥ်တွေလိုအပ်ပါတယ်။ 

ခရီးသွားဗီဇာ 

ကျောင်းပြီးပြီးတော့ ဂျပန်မှာ အနည်းငယ်နေထိုင်ပြီး လည်ပတ်ချင်သေးတယ်ဆိုရင်တော့ အလည်ဗီဇာကိုလျှောက်ထားဖို့လိုအပ်ပါတယ်။ ၃ လအထိနေထိုင်ခွင့်ရှိပြီး လျှောက်ရတာလဲ လွယ်ကူပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ အလည်ဗီဇာ ကိုင်ထားပြီဆိုရင်တော့ အလုပ်လုပ်ခွင့်မရှိဘူးဆိုတာကိုတော့ သတိပြုထားဖို့လိုအပ်ပါတယ်။

အလုပ်ဗီဇာ 

အလုပ်ဗီဇာ လို့ပြောလိုက်ရင် တော်တော်လဲကျယ်ပြန့်ပြီး အမျိုးအစားတွေလဲတော်တော်များပြားပါတယ်။ (技術・人文知識・国際業務 Gijutsu・Jinbun Chishiki・Kokusai Gyoumu)ကိုပြောင်းလဲခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ပြောင်းလဲ ပုံအဆင့်အဆင့်နှင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေအကြောင်းကိုတော့ အောက်မှာ အသေးစိတ်ကိုဖော်ပြသွားပါ့မယ်။ 

အလုပ်ဗီဇာပြောင်းချိန် လိုအပ်သောစာရွက်စာတမ်းများ။

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ မိမိဘက်မှပြင်ဆင်ရမည့်အရာတွေနဲ့ အလုပ်ဘက်ကလှမ်းတောင်းရမယ့် စာရွက်စာတမ်း ဆိုပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ 

မိမိဘက်မှပြင်ဆင်ရမည့်စာရွက်စာတမ်း

  1. 写真 (ဓါတ်ပုံတစ်ပုံ)(30cm ×40cm)
  2. 旅券 (ပတ်စ်ပို့) မူရင်း / မိတ္တူ
  3. 在留カード (နိုင်ငံခြားသားနေထိုင်ခွင့်ကဒ်) မူရင်း / မိတ္တူ
  4. 卒業証明書 (တက္ကသိုလ်(သို့)ကောလိပ်အောင်လက်မှတ်) မူရင်း
  5.  履歴書 (ထိုအလုပ် အလုပ်လျှောက်စဥ်အသုံးပြုခဲ့သောလျှောက်လွှာ)

ကုမ္ပဏီဘက်မှတောင်းဆိုရမည့်စာရွက်စာတမ်း

  1. 内定通知書 (အလုပ်ခန့်စာ)
  2. 前年分の職員の給与所得の源泉徴収票 (ကုမ္ပဏီ၏ဝင်ငွေမှတ်တမ်း)
  3. 証券取引所に上場している資料 (ကုမ္ပဏီ၏အထောက်အထား)
  4. 在留資格認定証明書交付申請書 (နေထိုင်ခွင့်ဗီဇာပြောင်းရန်လျှောက်လွှာ)....

လျှောက်လွှာ၏ အရှေ့ ဆုံးနှစ်မျက်နှာမှာ ကာယကံရှင်၏ အချက်အလက်များကို ဖြည့်စွက်ရပါမယ်။ နောက်ဘက်မှစာမျက်နှာ ၂ခု မှာ ကုမ္ပဏီ၏အချက်အလက်များကိုဖြည့်စွက်ရမည်ဖြစ်ပါတယ်။အထက်ပါ စာရွက်စာတမ်းများအား လက်ရေးဖြစ်စေ၊ကွန်ပျူတာဖြစ်စေ မိမိတို့အဆင်ပြေသလိုဖြည့်စွက်နိုင်ပါတယ်။ သို့သော် ကွန်ပျူတာဖြင့် ဖြည့်စွက်ရန် အကြံပြုလိုပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး အမှားကင်းသော ကွန်ပျူတာဖြင့် ဖြည့်စွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ 

အလုပ်ဗီဇာပြောင်းချိန် ပြုလုပ်ရမယ့် အဆင့်များ။ 

ဘယ်အချိန်လျှောက်ရမလဲ။

အလုပ်ဗီဇာကိုတော့ အလုပ်စဝင်တဲ့ အချိန်နဲ့ ကိုက်ညီပြီးလျှောက်ထားဖို့လိုအပ်ပါတယ်။ တနည်းအားဖြင့် အလုပ်စဝင်တဲ့ နေ့ မှာ အလုပ်ဗီဇာရပြီးသားဖြစ်နေရမှာ ဖြစ်ပါတယ်။ စာရွက်တာတမ်းတွေ ပြင်ဆင်ချိန်နဲ့ ဗီဇာလျှောက်ချိန် စုစုပေါင်း ၂ လနီးပါးကြာနိုင်တဲ့အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အကောင်းဆုံးအချိန်နှင့်အန္တာရာယ်အကင်းဆုံးအချိန်ကတော့ 内定(naitei)လို့ခေါ်တဲ့ အလုပ်ခန့်တဲ့ စာ ရတာနဲ့ လျှောက်ထားဖို့ပါ။ ဘာလို့လဲဆိုရင်တော့ အလုပ်ဗီဇာပြောင်းတဲ့ အချိန်မှာ 内定(naitei) ကိုပါတင်ပြဖို့လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 

ဘယ်မှာလျှောက်ရမှာလဲ။

ဗီဇာကိုတော့ မိမိနေထိုင်တဲ့ နေရာရဲ့ အနီးစပ်ဆုံးနေရာမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ သွားလျှောက်ရမှာဖြစ်ပါတယ်။ စာရွက်စာတမ်းတွေ စုံတာနဲ့ ယူသွားပြီး မိမိ၏စာရွက်စာတမ်းပြည့်စုံပါက ပုံမှန်အားဖြင့် ၃ပတ်မှ ၁လအတွင်း ဗီဇာရရှိပါမယ်။ သို့သော် တစ်ဦးချင်းစီအလိုက်အချိန်အနည်းငယ်ကွာခြားတတ်ပါတယ်။ နေထိုင်ခွင့်သက်တမ်းမှာ မိမိတို့အလုပ်လုပ်မည့် ကုမ္ပဏီအပေါ်မူတည်၍ ၁နှစ်၊ ၃နှစ်၊ ၅နှစ် ရရှိနိုင်မည်ဖြစ်ပြီး၊ ကုမ္ပဏီကြီး သို့ အခွန်ပြဿနာမရှိသော ကုမ္ပဏီဖြစ်ပါက ၃နှစ် သို့ ၅နှစ် ရရှိနိုင်ပါတယ်။ 

အနှစ်ချုပ်

ဒီနေ့မှာတော့ ဂျပန်မှာ ကျောင်းတက်လို့ပြီးပြီး အလုပ်ရသွားပြီး အလုပ်ဝင်မယ့် သူတွေအတွက် ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာပြောင်းနည်းကိုဖော်ပြလိုက်ပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ အတိုင်းပဲကိုယ့်ရဲ့ ရည်ရွယ်ချက်ပြောင်းလဲလာပါက ဗီဇာလဲပြောင်းလဲဖို့လိုအပ်တဲ့အတွက်ကြောင့်မို့လို့ သေချာပြောင်းလဲဖို့လိုအပ်ပါတယ်။ 

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

https://we-xpats.com/my/job/lp/002ba/full-time?mid=436

https://we-xpats.com/my/job/lp/002ba/full-time?mid=436

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်နှင့်သက်ဆိုင်သောနေထိုင်မှုဗီဇာအခြေအနေ/ ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာကိုပြောင်းမယ်ဆိုရင်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ