ဂျပန်နိုင်ငံရဲ့လစာပေးခွင့်ရက်စနစ်နဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ (Japanese Paid Holiday-Vacation)

အလုပ်လုပ်တော့မယ်ဆိုရင် ပိတ်ရက်တွေကလဲ အရေးကြီးပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အကျိုးခံစားခွင့်တစ်ခုအနေနဲ့ ပိတ်ရက်တွေပေးတဲ့ ကုမ္ပဏီတွေအများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ လစာယူရင်းပိတ်ရက်အကျိုးခံစားခွင့်ရမယ့် 有給休暇(ゆうきゅうきゅうか)အကြောင်းနှင့် သတိထားရမယ့် အချက်တွေကိုရှင်းပြသွားပါ့မယ်။ 

မာတိကာ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

လစာယူရင်းပိတ်ရက်အကျိုးခံစားခွင့်စနစ် 

လစာရှိပိတ်ရက်ဆိုတာကတော့ သတ်မှတ်ချက်ပြည့်မှီတဲ့ ဝန်ထမ်းတွေကိုပေးတဲ့ အကျိုးခံစားခွင့်တစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အလုပ်ကို ခွင့်ယူတဲ့ အချိန်မှာတော့ လစာမရနိုင်ပါဘူး။ ဒါပေမယ့် သတ်မှတ်ချက်ပြည့်မှီပြီး လစာရှိခံစားခွင့်ကိုအသုံးပြုမယ်ဆိုရင်တော့ ခွင့်ယူတဲ့ ရက်အတွက်ပုံမှန်လစာအတိုင်းရရှိနိုင်မှာဖြစ်ပါတယ်။ ဂျပန်လိုဆိုရင်တော့ ဒီအကျိုးခံစားခွင့်ကို 

  • 有給 (yuukyuu)
  • 有休 (yuukyuu)
  • 年次有給休暇 (nenjiyuukyuukyuuka)
  • 年休 (nenkyuu)

ဆိုပြီးခေါ်လေ့ရှိကြပါတယ်။ စကားလုံးအသုံးအနှုန်းသာကွဲသွား‌‌ပေမယ့် ဒီ၄မျိုးစလုံးက လစာရှိခွင့်ရက်ကို ရည်ညွှန်းကြခြင်းဖြစ်ပါတယ်။ 

လစာရှိခွင့်ရက်ပေးခြင်းစနစ်ရဲ့ ရည်ရွယ်ချက် 

လစာရှိခွင့်ရက်ရဲ့ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေကို ပုံမှန်ပိတ်ရက်အပြင်တခြားပိတ်ရက်တွေပေးခြင်းဖြင့်စိတ်နဲ့ခန္ဓာကိုယ် ပိုပြီးတော့ ကျန်းမာလာစေဖို့ ရည်ရွယ်ချက်ဖြင့်ပေးခြင်းဖြစ်ပါတယ်။ အရင်တုန်းကတော့ စနစ်သာရှိပြီးဒီနစ်က မဖြစ်မနေစနစ်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ လစာရှိခွင့်ယူတဲ့ ဝန်ထမ်း နည်းပါးတဲ့ ပြသနာရှိလာခဲ့ပါတယ်။ ဒီလိုပြသနာတွေကြောင့် ဂျပန်အစိုးရကနေပြီးတော့ လစာရှိခွင့်ကို မဖြစ်မနေ စနစ်တစ်ခုအနေနဲ့ အကောင်ထည်ဖော်လာခဲ့ပါတယ်။ 

လစာရှိပိတ်ရက်ယူနိုင်ဖို့အတွက်လိုအပ်သော သတ်မှတ်ချက်များ။

လစာရှိပိတ်ရက်ကိုတော့ ဝန်ထမ်းတိုင်းမရနိုင်ပါဘူး။သတ်မှတ်ချက်ကိုက်ညီတဲ့ ဝန်ထမ်းတွေသာရရှိနိုင်မှာ ဖြစ်ပါတယ်။ အဓီက အချက်၂ ချက်ရှိပါတယ်။

  1. အလုပ်စဝင်ဝင်ချင်းကနေ ၆ လဆက်တိုက်အလုပ်လုပ်တဲ့ ဝန်ထမ်း။
  2. အလုပ်လုပ်တဲ့ရက်တွေကို ၈၀ ရာခိုင်နှုန်း အလုပ်ဆင်းတဲ့ ဝန်ထမ်း။

အလုပ်စဝင်ဝင်ချင်းကနေ ၆ လဆက်တိုက်အလုပ်လုပ်တဲ့ ဝန်ထမ်း။

ပထမအချက်ကတော့ အလုပ်စစဝင်ချင်းကနေ ၆ လဆက်တိုက် အလုပ်လုပ်ဖို့လိုအပ်တဲ့ ဝန်ထမ်းဖြစ်ပါတယ်။ တချို့ကုမ္ပဏီ တွေမှာတော့ ဝင်ဝင်ချင်း လစာရှိခွင့်ပေးတာတွေမျိုးလဲရှိပါတယ်။ 

အလုပ်လုပ်တဲ့ရက်တွေကို ၈၀ ရာခိုင်နှုန်း အလုပ်ဆင်းတဲ့ ဝန်ထမ်း။

နောက်တစ်ချက်ကတော့ အလုပ်ဆင်းရမယ့်ရက်တွေကို ၈၀ရာခိုင်နှုန်းအလုပ်ဆင်းဖို့လိုအပ်ပါတယ်။ အများပြည်သူပိတ်ရက်တွေ၊ ဥပဒေအရ ပိတ်ရက်တွေကိုတော့ ထည့်ပြီးရေတွက်လို့မရပါ။

လစာရှိပိတ်ရက် များ ခံစားခွင့်ကာလ။

ခံစားခွင့်အနေနဲ့ ဘယ်နှစ်ရက်ရနိုင်မလဲ ဆိုတာကိုကြည့်လိုက်ကြရအောင်။ ခံစားခွင့်ရက်တွေက အလုပ်လုပ်တဲ့ အလုပ်သက်အပေါ်မူတည်ပြီးပေးပါတယ်။ အလုပ်သက်များလေ ခံစားရတဲ့ ခွင့်ရက်တွေများလေဖြစ်ပါတယ်။ ဒါဆို အောင်ပါဇယားကိုကြလိုက်ကြရအောင်။ ဒီဇယားကိုတော့ ဂျပန်နိုင်ငံ အလုပ်သမား ဝန်ကြီးကဠာန မှ တဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ 

ဇယား ၁ - အမြဲတမ်းဝန်ထမ်းများခံစားခွင့်ရှိသော ပိတ်ရက်ရှိခွင့်ရက်များ။ 

အလုပ်လုပ်တဲ့ အချိန်

အကျိုးခံစားခွင့် 

၆လ

၁၀ ရက် 

၁နှစ်၆လ

၁၁ ရက်

၂နှစ်၆လ

၁၂ ရက် 

၃နှစ်၆လ

၁၄ ရက်

၄နှစ်၆လ

၁၆ ရက်

၅နှစ်၆လ

၁၈ ရက်

၆နှစ်၆လနှင့်အထက် 

၂၀ ရက် 

အချိန်ပိုင်းအလုပ်သမားများအတွက်လဲ ပိတ်ရက်ရှိခွင့်ရက် ခံစားခွင့်ရှိပါတယ်။ သို့သော် အမြဲတမ်းဝန်ထမ်းတွေထက်ပိုပြီးတော့ နည်းပါးပါတယ်။ 

အချိန်ပိုင်း အလုပ်သမာတွေအတွက်ကတော့ တပတ်အလုပ်ချိန်၊ တနှစ်ပတ်လုံးအလုပ်ရက် စုစုပေါင်းအလုပ်ရက် အပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်။ အသေးစိတ်ကိုအောက်မှာ ဂျပန်နိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက်ကို ကိုးကားပြီး ဖော်ပြပါ့မယ်။

တစ်ပတ်အလုပ်ချိန် ၄ ရက်နှင့် တနှစ်တာ ၁၆၉ ရက်နှင့် ၂၁၆ ရက်အထိအလုပ်လုပ်ရက်ရှိသူ။

အလုပ်လုပ်တဲ့ အချိန်

အကျိုးခံစားခွင့် 

၆လ

၇ ရက် 

၁နှစ်၆လ

၈ ရက်

၂နှစ်၆လ

၉ ရက် 

၃နှစ်၆လ

၁၀ ရက်

၄နှစ်၆လ

၁၂ ရက်

၅နှစ်၆လ

၁၃ ရက်

၆နှစ်၆လနှင့်အထက် 

၁၅ ရက် 

တစ်ပတ်အလုပ်ချိန် ၃ ရက်နှင့် တနှစ်တာ ၁၂၁ ရက်နှင့် ၁၆၈ ရက်အထိအလုပ်လုပ်ရက်ရှိသူ။

အလုပ်လုပ်တဲ့ အချိန်

အကျိုးခံစားခွင့် 

၆လ

၅ ရက် 

၁နှစ်၆လ

၆ ရက်

၂နှစ်၆လ

၆ ရက် 

၃နှစ်၆လ

၈ ရက်

၄နှစ်၆လ

၉ ရက်

၅နှစ်၆လ

၁၀ ရက်

၆နှစ်၆လနှင့်အထက် 

၁၁ ရက် 

တစ်ပတ်အလုပ်ချိန် ၂ ရက်နှင့် တနှစ်တာ ၇၃ ရက်နှင့် ၁၂၀ ရက်အထိအလုပ်လုပ်ရက်ရှိသူ။

အလုပ်လုပ်တဲ့ အချိန်

အကျိုးခံစားခွင့် 

၆လ

၃ ရက် 

၁နှစ်၆လ

၄ ရက်

၂နှစ်၆လ

၄ ရက် 

၃နှစ်၆လ

၅ ရက်

၄နှစ်၆လ

၆ ရက်

၅နှစ်၆လ

၆ ရက်

၆နှစ်၆လနှင့်အထက် 

၇ ရက် 

တစ်ပတ်အလုပ်ချိန် ၂ ရက်နှင့် တနှစ်တာ ၇၃ ရက်နှင့် ၁၂၀ ရက်အထိအလုပ်လုပ်ရက်ရှိသူ။

အလုပ်လုပ်တဲ့ အချိန်

အကျိုးခံစားခွင့် 

၆လ

၁ ရက် 

၁နှစ်၆လ

၂ ရက်

၂နှစ်၆လ

၂ ရက် 

၃နှစ်၆လ

၂ ရက်

၄နှစ်၆လ

၃ ရက်

၅နှစ်၆လ

၃ ရက်

၆နှစ်၆လနှင့်အထက် 

၃ ရက် 

လစာရှိပိတ်ရက်နဲ့ ပတ်သက်ပြီး Q&Aများ။

လစာရှိပိတ်ရက်နဲ့ပတ်သက်ပြီး ပိုပြီးတော့ အသေးစိတ်ကို မေးခွန်၊ အဖြေပုံစံနှင့်ရှင်းပြပေးပါ့မယ်။ 

Q - လစာရှိပိတ်ရက်ကို မသုံးလဲရလား?

A - ၂၀၁၉ ခုနှစ်ဧပြီလကနေစပြီး ဂျပန်နိုင်ငံမှာတော့ လစာရှိခွင့်ရက်ကို ယူမနေရ စနစ်ကို အစိုးရကနေ စတင်ပြီးတော့ အကောင်ထည်ဖော်လိုက်ပါတယ်။ ဒိစနစ်ကတော့ အမြဲတမ်းဝန်ထမ်း၊အချိန်ပိုင်းဝန်ထမ်း အကုန်လုံးအတွင်အကျုံးဝင်ပြီးတော့ လုပ်ငန်းအကြီးအသေးမရွေး အကောင်ထည်ဖော်ရမယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် လစာရှိ ခွင့်ရက်ကို ၁၀ ရက်ကျော် ရှိတဲ့ ဝန်ထမ်းတွေကတော့ မဖြစ်မနေ ၅ရက်ခွင့်ယူဖို့လိုအပ်ပါတယ်။ မယူခဲ့ရင် ဥပဒေအရ လုပ်ငန်းဘက်မှ ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အလုပ်သမားဝန်ကြီးဠာနရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်‌ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Q - လစာရှိပိတ်ရက်ကိုရက်ဆက်တိုက် အသုံးပြုနိုင်လား?

A - ဥပ‌ဒေ သတ်မှတ်ချက်များအရ လစာရှိပိတ်ရက်ကို ဆက်တိုက်အသုံးပြုနိုင်ပါတယ်။

Q - လစာရှိပိတ်ရက်ကိုသုံးလိုက်လို့ ပုံမှန်လစာကနေ လျှော့နိင်လား?

A - ဥပ‌ဒေ သတ်မှတ်ချက်များအရ လစာရှိပိတ်ရက်ကို ဝန်ထမ်းများ လွတ်လပ်စွာအသုံးပြုနိုင်ပြီး လစာရှိခွင့်ရက်ယူလို့ လုပ်ငန်းရှင်ဘက်ကနေပြီး လစာလျှော့တာတို့လုပ်ခွင့်မရှိပါဘူး။

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ လစာရှိခွင့်ရက် စနစ်နဲ့ ပတ်သက်ပြီးဖော်ပြလိုက်ပါတယ်။ လစာရှိခွင့်ရက်ကတော့ အချက်အလက် ကိုက်ညီသော အလုပ်သမားတိုင်းအတွက်ရရှိနိုင်တဲ့ အကျိုးခံစားခွင့်ဖြစ်တဲ့ အတွက်ကြောင့် သေချာ အသုံးပြုပြီး ကိုယ်ရော စိတ်ပါအပန်းဖြေဖို့အကြံပေးချင်ပါတယ်။ 

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

https://we-xpats.com/my/job/lp/002ba/full-time?mid=436

https://we-xpats.com/my/job/lp/002ba/full-time?mid=436

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ကြိုသိထားသင့်သည့်လုပ်ငန်းခွင်ယဉ်ကျေးမှု (manners၊ လစာ၊ career)/ ဂျပန်နိုင်ငံရဲ့လစာပေးခွင့်ရက်စနစ်နဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ (Japanese Paid Holiday-Vacation)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ