ဂျပန်မှာပညာသင်ထောက်ပံ့ကြေးငွေ ရယူရင်းကျောင်းတက်ချင်တဲ့ သူတွေအတွက် စကော်လားရှစ်အကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်များ

ဂျပန်မှာ ကျောင်းတက်ဖို့အတွက် စကော်လားရှစ်ရှာနေတဲ့သူတွေရှိပါသလား။ ၄ နှစ်တာ ပညာသင်စာရိတ် ကိုတွက်ကြည့်လိုက်ရင် ကျောင်းစာရိတ်က မနည်းတာကြောင့် ဂျပန်မှာကျောင်းတက်မယ်ဆို ပညာသင်‌ထောက်ပံ့ကြေးငွေကို အရင်ရှာသင့်ပါတယ်။ ဒါမှ ကျောင်းစာရိတ်နှင့် နေထိုင်စာရိတ်တွေအတွက် စိုးရိမ်စရာမလိုဘဲ စာကိုအာရုံစိုက် နိုင်မှာ ဖြစ်ပါတယ်။ ဒီတခေါက် ဆောင်းပါးမှာတော့ ဒီလိုလူတွေအတွက် လိုအပ်တဲ့ စကော်လားရှစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ပိုက်ဆ့ ပမာဏ အနည်းငယ် ဆိုလဲ တော်တော်အသုံးဝင်တဲ့ အတွက်ကြောင့်မို့လို့‌ သေချာ အချက်အလက်တွေကို စီစစ်ပြီး သေချာလျှောက်ဖို့ အကြံပေးချင်ပါတယ်။ 

မာတိကာ

ဂျပန်အစိုးရ MEXT ပညာတော်သင်ထောက်ပံ့ကြေး။

[「文部科学省 (Monbukagakushou)」「MEXT」] ကတော့ ဂျပန်အစိုးရရဲ့ အကြီးဆုံး ပညာတော်သင်ဆု တစ်ခုဖြစ်ပါတယ်။ တရားဝင်နာမည် ကတော့ "Ministry of Education, Culture, Sports, Science and Technology ဖြစ်ပါတယ်။ ဒီပညာတော်သင်ဆုမှာတော့ 

  1. Embassy Recommendation

  2. University Recommendation

  3. ဂျပန်ပြည်တွင်းလျှောက်ထားသူများ 

ဆိုပြီး ၃ မျိုးရှိပါတယ်။ ၁ နှင့် ၂ ကိုတော့ ဂျပန်ပြည်ပမှာရှိတဲ နိုင်ငံအသီးသီး ဂျပန်သံရုံးမှ သတ်မှတ်ထားတဲ့ အဖွဲံအစည်းတွေကနေမှ တဆင့်လျှောက်ထားနိုင်ပါတယ်။ ၃ ကတော့ ဂျပန်မှာ ရောက်နေတဲ့ သူတွေ လျှောက်ထားနိုင်တဲ့ အစီအစဥ်ပါ။ ဒီအစီအစဥ်ကတော့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မိမိ နိုင်ငံပြန်ပြီးလျှောက်ထားဖို့ ခက်ခဲနေတဲ့ ကျောင်းသားတွေအတွက် စီစဥ်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာ တော့ စာရွက်စာတမ်းတွေကိုကြည့်ရသလောက် ဒီအစီစဥ်ကို ကျင့်သုံးမှုမရှိတော့ပါ။ အသေးစိတ်သိရှိလိုပါက MEXT သို့ဖြစ်စေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ပြည် ပညာတော်သင်ကျောင်းသားဟောင်းများအသင်း ( MAJA ) တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

Embassy Recommendation

Embassy Recommendation ဆိုတာကတော့ မိမိနိုင်ငံမှာရှိတဲ့ သံရုံးကနေ တဆင့်လျှောက်ထားလို့ရတဲ့ အစီစဥ် ဖြစ်ပါတယ်။ Embassy Recommendation ထဲမှာပဲ လျှောက်တဲ့ အမျိုးအစား အပေါ်မှာမူတည်ပြီး ရရှိနိုင်တဲ့ ပညာတော်သင် ထောက်ပံ့ကြေးငွေ၊ ဂျပန်နိုင်ငံပြည်ဝင်တဲ့ အချိန် စတဲ့ အရာတွေ ကွာဟမှု အနည်းငယ်ရှိနိုင်ပါတယ်။ အဲဒါကြောင့် သေချာ အကြောင်းအရာတွေကို စိစဥ် ပြီးလျှောက်ထားဖို့ လိုအပ်ပါတယ်။ Category အနေနဲ့ကတော့ အကြမ်းဖျင်းအားဖြင့် အောက်ပါ ၅ မျိုးရှိနိုင်ပါတယ်။ 

  1. Undergraduate Students (学部留学生)

  2. Collage of Technology Students (高等専門学校留学生)

  3. Specialized Training College Students (専修学校留学生)

  4. Research Students (研究留学生)

  5. Japanese Studies Students (日本語•日本文化留学生)

Undergraduate Students (学部留学生)

  • MEXT ရဲ့ ဘွဲ့ကြို ပညာတော်သင်ထောက်ပံ့ကြေးကိုလျှောက်ထားဖို့ အတွက် အသက် ၁၇ နှစ်နှင့် ၂၂ နှစ်ကြားဖြစ်ရမှာ ဖြစ်ပြီး မိမိကျောင်းမှ လေ့လာလိုတဲ့ နယ်ပယ် မှ ပညာတော်သင်ထောက်ပံ့ကြေး အစီအစဥ် အတွက် ခေါ်ယူချက်ရှိပါက လျှောက်ထားနိုင်ပါတယ်။ 

  • ကျောင်းဝင်ခွင့်ပြင်ဆင်တဲ့ သင်တန်း အပါအဝင် ၅ နှစ်ကြာ ပညာတော်သင် ထောက်ပံ့ကြေး‌ငွေကို ရယုနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းစာရိတ်လဲ ပေးစရာမလိုပါဘူး။ လစဥ် စားသောက်နေထိုင်စာရိတ်အတွက် ယန်း ၁၁၇၀၀၀ ထောက်ပံ့ကြေးငွေအဖြစ်ရရှိနိုင်ပါတယ်။ ‌ဒေသအပေါ်လိုက်ပြီး ယန်း ၂၀၀၀ - ယန်း ၃၀၀၀ တိုးပေးတဲ့ဒေသတွေလဲရှိပါတယ်။ အထူးသဖြင့် အကုန်အကျစာရိတ်များတဲ့ တိုကျို၊ အိုဆာကာ တို့လိုဒေသတွေဖြစ်ပါတယ်။ 

  • ဂျပန်နိုင်ငံက တက္ကသိုလ်တွေ ပညာသင်နှစ်စတင်တဲ့ အချိန်ဖြစ်တဲ့ ဧပြီလမှာ စတင်ပညာသင်ကြားရမှာဖြစ်ပြီး ဧပြီလ မတိုင်ခင် ၁ နှစ်လောက်ကြိုပြီးခေါ်ယူလေ့ရှိကြပါတယ်။ 

  • ၆လပိုင်းကနေစပြီး စာရွက်စာတမ်းစစ်ဆေးခြင်း၊ ရေဖြေစာမေးပွဲများဖြေဆိုခြင်း၊ ၇လပိုင်း ၈လပိုင်းမှာတော့ လူတွေ့ စစ်ဆေးပြီး ၃ ဆင့် စိစစ်ရွေးချယ်ပြီး နောက်နှစ် ၁လ ပိုင်းမှာ ဂျပန်အစိုးရမှတဆင့် နောက်ဆုံးအဆင့်ရွေးချယ်စိစစ်ပြီး အောင်မြင်သူတွေကိုကြေညာပါတယ်။ 

※၂၀၂၃ ခုနှစ်အတွက် စာရွက်စာတမ်းတွေကို အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါတယ်။

 College of Technology Students (高等専門学校留学生)

  • လျှောက်ထားသူသည် သက် ၁၇ နှစ်နှင့် ၂၂ နှစ်ကြားဖြစ်ရမှာ ဖြစ်ပြီး ဂျပန်နိုင်ငံရှိ အသက်မွေးဝမ်းကြောင်းကောလိပ်မှာ ပညာသင်ယူရန်အတွက်ဖြစ်ပါတယ်။ ဂျပန်ပြည်ဝင်ခွင့်မရခင်အချိန်အထိတော့ အထက်တန်းအောင်ထားဖို့လိုအပ်ပါတယ်။ 

  • လျှောက်ထားလို့ရတဲ့ နယ်ပယ်တွေအနေတဲ့တော့ ‌ဆောက်လုပ်ရေး၊ လျှပ်စစ်ပညာ၊ ဆက်သွယ်ရေးပညာ၊ အာဟာရပညာ၊ဟိုတယ်၊ ဖက်ရှင်၊ ဒီဇိုင်း စတဲ့ နယ်ပယ်တွေ 

A.စက်ပစ္စည်း 機械 

B.လျှပ်စစ်ပညာ 電気・電子 

C.ဆက်သွယ်ရေးပညာ 情報・通信・ネットワーク 

D.物質・材料 

E.ဆောက်လုပ်ရေး Architecture 建築

 F.မြို့ပြ အင်ဂျင်နီယာ Civil Engineering 土木

 G.ရေကြောင်းအင်ဂျင်နီယာ Maritime Engineering 商船 

H.တခြားနယ်ပယ်များတို့ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နယ်ပယ်တွေထဲက ၃ ခုကိုရွေးချယ်ပြီးလျှောက်ထားနိုင်ပါတယ်။ နယ်ပယ်အလိုက်သတ်မှတ်ချက်တွေရှိသေးတာကြောင့် Guidelines ကိုသေချာဖတ်ဖို့အကြံပေးချင်ပါတယ်။ 

  • ဂျပန်စာသင်ကြာရေး ၁ နှစ်အပါအဝင် ၃ နှစ်ကြာ ပညာသင်ယူရမှာ ဖြစ်ပြီး ကျောင်းစာရိတ်ကိုတော့ ပေးစရာမလိုပါဘူး။ ဂျပန်နိုင်ငံရဲ့ College of Technology Students စနစ်ကတော့ အထက်တန်းကျောင်းနှင့် အသက်မွေးဝမ်းကြောင်းကောလိပ် တဆက်တည်းတက်‌ရောက်နိုင်တဲ့ စနစ်ဖြစ်ပြီး ၅ နှစ်ကြာတက်ရောက်ရတဲ့ စနစ်ဖြစ်ပါတယ်။ သို့သော် Mext ကိုလက်ခံရယူထားတဲ့သူအနေနဲ့ အထက်တန်းပြီးမြောက်ထားသူ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာ ၅ နှစ်ပညာသင်ယူစရာမလိုဘဲ ဂျပန်စာကို အထူးပြု ၁ နှစ် နှင့် မိမိသင်ယူလိုသော အထူးပြုနယ်ပယ်ကို ၃ နှစ် သင်ယူရမှာ ဖြစ်ပါတယ်။ 

※၂၀၂၃ ခုနှစ်အတွက် စာရွက်စာတမ်းတွေကို အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါတယ်။

Specialized Training College Students (専修学校留学生)

  • လျှောက်ထားသူသည် သက် ၁၇ နှစ်နှင့် ၂၂ နှစ်ကြားဖြစ်ရမှာ ဖြစ်ပြီး ဂျပန်နိုင်ငံရှိ အသက်မွေးဝမ်းကြောင်းကောလိပ်မှာ ပညာသင်ယူရန်အတွက်ဖြစ်ပါတယ်။ ဂျပန်ပြည်ဝင်ခွင့်မရခင်အချိန်အထိတော့ အထက်တန်းအောင်ထားဖို့လိုအပ်ပါတယ်။ 

  • လျှောက်ထားလို့ရတဲ့ နယ်ပယ်တွေအနေတဲ့တော့

A.နည်းပညာ 工業関係 (Technology)

B.အစားအသောက် 衛生関係 (Personal Care and Nutrition)

C.ပညာရေးနှင့်လူမှုဖူလုံရေး 教育・社会福祉関係 ( Education and Welfare)

D.စီးပွားရေး 商業実務関係 (Business)

E.ဖက်ရှင်နှင့် စီးပွားရေး 服飾・家政関係 (Fashion and Home Economics)

 F.ယဥ်ကျေးမှုနှင့် အထွေထွေပညာရေး 文化・教養関係 ( Culture and General Education) အထဲကနေ ၁ ခုကိုရွေးချယ်ပြီးလျှောက်ထားရမည်။ 

  • ဂျပန်စာသင်ကြာရေး ၁ နှစ်နှင့် ၂ နှစ်ကြာ ပညာသင်ယူရမှာ ဖြစ်ပြီး ကျောင်းစာရိတ်ကိုတော့ ပေးစရာမလိုပါဘူး။ ၃ နှစ်တက်ရောက်ရမယ့် အသက်မွေးဝမ်းကြောင်းကောလိပ်တွေကိုတော့ ထောက်ပံ့ပေးတဲ့ အစီမစဥ်မရှိပါဘူး။ မိမိတက်ရောက်တဲ့ ကောလိပ်နှင့် နယ်ပယ် ကိုပြောင်းလို့မရနိုင်တာကြောင့် ကြိုတင်ပြီးသေချာရွေးဖို့လိုအပ်ပါတယ်။ 

※၂၀၂၃ ခုနှစ်အတွက် စာရွက်စာတမ်းတွေကို အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါတယ်။

Research Students 

Research Student ဆိုတဲ့ Category ကတော့ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာ ဘွဲ့လွန်သင်တန်း တက်‌ရောက်ဖို့အတွက် ( PHD, Master ) တက်ရောက်ဖို့အတွက် Research Student အနေနဲ့လျှောက်ထားလို့ရတဲ့ အစီစဥ် ဖြစ်ပါတယ်။ ပထမ ၆ လမှာတော့ Research Student အနေနဲ့ ကိုယ့်လျှောက်ထားချင်တဲ့ တက္ကသိုလ်တွေအလိုက် Research Student ကနေ Master, PHD ကျောင်းသားတွေအနေနဲ့ ပညာဆက်လက်သင်ယူရမှာ ဖြစ်ပါတယ်။ 

  • အသက်ရွယ်ကန့်သတ်ချက်ကတော့ ၃၅ နှစ်အောက်ရှိရမှာ ဖြစ်ပါတယ်။

  • ကျောင်းလခ တွေရောကင်းလွှတ်ခွင့်ရမှာ ဖြစ်ပြီး ၆လResearch Student ကာလ 143,000 ယန်း လစဥ် 144,000 ယန်း (Master)、145,000 ယန်း(PHD)အတွက်သီးသန့်ရမှာပါ။ နောက်ပြီး ကိုယ်ပညာသင်နေတဲ့ Graduate School အပေါ်မူတည်ပြီးတော့ သုတေသန နဲ့ပတ်သက်ပြီး ကုန်ကျငွေတွေ ကိုလဲ ရနိုင်ပါသေးတယ်။ 

※၂၀၂၃ ခုနှစ်အတွက် စာရွက်စာတမ်းတွေကို အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါတယ်။

Japanese Studies Students (日本語•日本文化研修留学生)

ဒီ Category ကတော့ တော်တော် လေးသီးသန့်ဆန်တဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ လိုအပ်ချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. ဂျပန်ဘာသာအထူးပြုကျောင်းသားဖြစ်ရမည်။ ဘွဲ့မရသေးသူ ဖြစ်ရမည်။ 

  2. ဂျပန်ဘာသာအထူးပြူအနေနဲ့ ၂နှစ်အထက် ပညာသင်ထားသူဖြစ်ရမည်။

  3. ပညာသင်ကာလ ၁ နှစ်ဖြစ်ပြီး ပညာသက်ကာလပြီးပါက မိမိနိုင်ငံကိုပြန်လာပြီး မိမိ လက်ရှိတက်ရောက်နေတဲ့ ကျောင်းမှာဆက်လက်ပညာသင်ယူရမည်။ 

မြန်မာနိုင်ငံမှာတော့ ဂျပန်ဘာသာအထူးပြုမေဂျာအနေနဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ၂ မျိုးသာရှိတဲ့အတွက်ကြောင့် ဒီ ပရိုဂရမ်မှာ ပါဝင်ခွင့်ရတဲ့သူတေကလဲ ဒီကျောင်း ၂ ကျောင်းက သူတွေသာဖြစ်ပါတယ်။ နောက်ပြီး ဒီပရိုဂရမ်ရဲ့ ထူးခြားချက်အနေနဲ့ကတော့ မိမိနိုင်ငံကိုပြန်‌ရောက်ပြီး ဘွဲ့ယူပြီးပါက နောက်ထပ် Mext စကော်လားရှစ်ကိုထပ်ပြီး လျှောက်ထားနိုင်တဲ့အချက် ဖြစ်ပါတယ်။ 

※၂၀၂၃ ခုနှစ်အတွက် စာရွက်စာတမ်းတွေကို အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါတယ်။

Embassy Recommendation နဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်များ

  • Embassy Recommendation ကတော့ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးကနေသတိမှတ်ထားတဲ့ အဖွဲ့အစည်း မှာလျှောက်လွှာတင်ပြီးလျှောက်ထားနိုင်ပြီး ရွေးချယ်ရေးကာလ ၁ လောက်အချိန်ကြာနိုင်ပါတယ်။ 

  • ကျောင်းလခတွေလဲ အခမဲ့ဖြစ်ပြီး လျှောက်လွှာတင်ပြီး ရေးဖြေ၊ လူတွေ့စာမေးပွဲအဆင့်ဆင့်ကို ကျော်ဖြတ်ရပါတယ်။ 

  • အသေးစိတ်ကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ MAJA ရဲ့ Facebook Page မှာဝင်‌ရောက်ဖတ်ရှုနိုင်ပါတယ်။

University Recommendation

တက္ကသိုလ်အသီးသီးမှ ထူးခွန်တဲ့ကျောင်းသားတွေ ပိုပြီး ပေါ်ထွက်လာစေဖို့ ဂျပန်အစိုးရ စကော်လားရှစ်ကို သံရုံး Embassy Recommendation တစ်ခုတည်းကနေ မဟုတ်ဘဲ တက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်ထားပြီး Recommend ပေးတဲ့ အစီအစဥ်ကိုလဲ အသစ်ကိုလဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ လျှောက်ထားချင်ရင်တော့ ဂျပန်ဘက်က တက္ကသိုလ်ကို အသေးစိတ်စုံစမ်းကြည့်ပါ။ Category တွေအနေနဲ့ကတော့ 

  1. Undergraduate Students 

  2. Research Students 

  3. Japanese Studies Students ဆိုတဲ့ ၃ မျိုးပါ။ 

Undergraduate နှင့် Research Students 

ပထမဆုံးကတော့ ဘွဲ့ကြိုကျောင်းသားတွေအနေနဲ့ကတော့ အောက်ပါအတိုင်းလိုအပ်ချက်တွေသတ်မှတ်ထားပါတယ်။

  • အသက်အရွယ် သတ်မှတ်ချက်အနေနဲ့ကတော့ အသက် ၃၅ နှစ်မပြည့်သေးသူဖြစ်ရမည်။ 

  • နှစ်မျိုးစလုံးအတွက် JLPT N2 သို့မဟုတ် CEFR Level B2 ရှိဖို့လိုအပ်ပါတယ်။ (ကိုယ်လေ့လာမယ့် ဘာသာရပ်နဲ့ အဓိက အထူးပြုမယ့် ဘာသာစကားအပေါ်မူတည်ပါတယ်။)

  • April Intake နှင့် October Intake ၂ မျိုးရှိပြီး April Intake အတွက် ဖေဖော်ဝါရီလ ၊ October Intake အတွက် ဇွန်လ တို့မှာ စာရွက်စာတမ်းကို တွေကိုထပ်ရမှာ ဖြစ်ပါတယ်။ 

Japanese Studies Students (日本語•日本文化研修留学生)

Japanese Studies Students ကတော့ Embassy Recommendation နဲ့ အချက်အလက် အကုန်နီးပါး အတူတူဖြစ်ပေမယ့် တက္ကသိုလ်ကနေ တိုက်ရိုက်လျှောက်ပါက မိမိလက်ရှိတက်နေတဲ့ ကျောင်းနဲ့ MOU (အပြန်အလှန် သဘောတူညီမှုစာချုပ် ) ထိုးထားတဲ့ တက္ကသိုလ် ဖြစ်ရပါမည်။ 

ဒီအထိကတော့ ဂျပန်နိုင်ငံအစိုးရပညာသင်ဆု အမျိုးအစားတွေကို အကျဥ်းချုပ် ဖော်ပြခဲ့ပါတယ်။ တချို့ မေးများတဲ့FAQတွေ အချက်အလက်တွေကို ထပ်ပြီးဖြည့်စွက်ဖော်ပြသွားပါ့မယ်။ 

MEXT ပညာသင်ဆုနှင့်ပတ်သက်ပြီး FAQ 

အမေး - University Recommendation ဆိုရင်ရော လေယာဥ်လက်မှတ် အစိုးရဘက်မှ ထောက်ပံ့ပေးမှာလာ။

အဖြေ - ဟုတ်ပါတယ်။ University Recommendation ၊ Embassy Recommendation နှစ်ခုစလုံးကလျှောက်ထားတဲ့နည်းလမ်းကွာပေမယ့် အကျိူးခံစားခွင့်တွေကတော့ အတူတူနည်းပါးဖြစ်ပါတယ်။ 

အမေး - University Recommendation နဲ့လျှောက်ချင်ရင် တက္ကသိုလ်တွေကိုဘယ်လို ဆက်သွယ်ရမလဲ။

အဖြေ - တက္ကသိုလ်အပေါ်မူတည်ပြီးကွာနိုင်ပါတယ်။ ဆရာ့ဆီတိုက်ရိုက်ဆက်သွယ်လို့ရနိုင်လို ရုံးခန်းကနေတဆင့် တဆက်သွယ် လို့လဲရပါတယ်။ ကျောင်းအပေါ်မူတည်ပြီးကွာခြားနိုင်တာမို့ ကျောင်းအလိုက် Guidelines သေချာဖတ်ဖို့တိုက်တွန်းအပ်ပါတယ်။ 

အမေး - အင်္ဂလိပ်စာ အရည်အချင်းက CEFR B2 ဆိုပေမယ့် IELTS/ TOFEL ဘယ်လက်မှတ်က ပိုပြီးအရေးပါလဲ။ 

အဖြေ - Certificate မလိုပါဘူး။ ရေးဖြေစာမေးပွဲမှာ အင်္ဂလိပ်စာစာမေးပွဲ ဖြေရပါတယ်။ သို့သော် Research Students တွေအနေနဲ့ကတော့ ဂျပန်ရောက်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိူတဲ့ အချိန်မှာ ကျောင်းဘက်က တောင်းတာမျိုးတွေရှိပါတယ်။ ဒါကိုလဲ ဂျပန်ရောက်ပြီးမှ ကျောင်းအလိုက်လိုအပ်တဲ့ စာမေးပွဲ ကိုမူတည်ပြီးဖြေဆိုနိုင်ပါတယ်။ 

အမေး - စကော်လားရှစ်ရပြီး ဂျပန်ရောက်ရင် အချိန်ပိုင်းအလုပ်လုပ်လို့ရပါသလား။

အဖြေ - ဥပဒေအရသတ်မှတ်ထားတဲ့ အချိန်အတွင်းလုပ်နိုင်ပါတယ်။ 

အမေး - Japanese Studies Students ကို မိမိသွားချင်တဲ့ တက္ကသိုလ်က မိမိကျောင်းနဲ့ MOU ထိုးထားတဲ့တက္ကသိုလ် မဟုတ်ရင် ဘယ်လိုလျှောက်ထားရမလဲ။ 

အဖြေ - လွယ်ပါတယ်။ သံရုံးကနေ တဆင့်ဝင်ဖြေလိုက်ပါ။ သံရုံကနေတဆင့်ဆို သတ်မှတ်ထားတဲ့ တက္ကသိုဘ်ပေါင်း ၇၀ အတွင်းကနေ မိမိသွားချင်တဲ့ တက္ကသိုလ် ၃ ခုကိုရွေးချယ်ပြီးလျှောက်ထားနိုင်ပါတယ်။ သို့သော် University Recommendation လိုမဟုတ်ဘဲ Embassy Recommendation မှာတော့ ရေးဖြေ၊ လူတွေ့ ဆိုပြီးထပ်ရှိနိုင်ပါတယ်။ 

အမေး - Undergraduate နှင့် Research Students တွေအတွက် ရေးဖြေ၊ လူတွေ့မရှိတဲ့ University အဖြေ - Recommendation ကိုရွေးချယ်ရင် ပိုပြီးလွယ်လွယ်ကူကူ ဝင်ခွင့်ရမှာပေါ့။

University Recommendation ရေးဖြေ၊ လူတွေ့မရှိပေမယ့် အပြိုင်အဆိုင်ပြင်းထန်ပါတယ်။ ဘာလို့လဲဆိုတော့ တက္ကသိုလ် အလိုက် University Recommendation အတွက် လက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက် ကို ကန့်သတ်ထားတာကြောင့်ရယ် တခြားနိုင်ငံက သူတွေလဲ အပြိုင်လျှောက်ကြလို့ရယ်ဖြစ်ပါတယ်။ 

အမေး - Mext Scholarship ကို ဂျပန်ပြည်တွင်းကနေတဆင့် လျှောက်ထားနိုင်လား။

အဖြေ - ပုံမှန်မားဖြင့်တော့ ဂျပန်ပြည်ပမှာပညာသင်ယူနေကြတဲ့ ကျောင်းသားတွေအတွက် သီးသန့်ဖြစ်ပါတယ်။ သို့သော် ၂၀၂၁၊ ၂၀၂၂ ခုနှစ်မှာတော့ ပိုမိုထူးချွန်တဲ့ကျောင်းသာ‌တွေ ပေါ် ထွက်လာစေဖို့အတွက် University Recommendation မှာ ပြည်တွင်းမှာရှိတဲ့ကျောင်းသားတွေကိုလဲ လျှောက်ထားနိုင်တဲ့ အခွင့်အရေးကိုပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဒီလိုမျိုးအခွင့်အရေးရှိမရှိကိုတော့ Mext ကိုတိုက်ရိုက် စုံစမ်းပါ။

ပညာတော်သင်ကျောင်းသားထောက်ပံ့ အဖွဲ့အစည်း JASSO ရဲ့ပညာတော်သင်ထောက်ပံ့ကြေးငွေ။

JASSO(日本学生支援機構)ကနေလဲဂျပန်နိုင်ငံမှာပညာသင်နေတဲ့ကျောင်းသားတွေအတွက် ပညာသင်ဆုကိုထောက်ပံ့ပေးလျက်ရှိပါတယ်။

  •  ဒီပညာတော်သင်ဆုတွေကတော့ ဂျပန်ပြည်တွင်းမှာလက်ရှိပညာသင်ယူနေတဲ့ ကျောင်းသားဖြစ်ရပါမည်။ ကျောင်းသားအမျိုးအစားတွေထဲမှာတော့ ဂျပန်နိုင်ငံရှိတက္ကသိုလ်၊ ဘွဲ့လွန်၊ ကာလတိုတက္ကသိုလ်၊ အထက်တန်းကျောင်းနှင့်အသက်မွေးဝမ်းကျောင်းကောလိပ်၊ အသက်မွေးဝမ်းကျောင်းကောလိပ်၊ဂျပန်ဘာသာသင်တန်း‌ကျောင်းတွေမှာလက်ရှိပညာသင်ယူနေတဲ့သူဖြစ်ရမည်။ ကိုယ်ပိုင်စာရိတ်နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားဖြစ်ရမည်။

  • တခြားပညာသင်ဆုတစ်ခုခု ကိုရယူထားတဲ့သူဖြစ်ပါက လက်ခံလိုမရပါ။

  • လစဥ် ဝင်ငွေ ၉ သောင်းအတွင်းဖြစ်ပြီး လက်ရှိဂျပန်နိုင်ငံမှာနေထိုင်ပြီး မှီခိုနေတဲ့သူဖြစ်ပါက မိသားစုဝင်ငွေက ၁ နှစ်ကို ယန်းသောင်း ၅၀၀ အောက်ဖြစ်ရမည်။

  • ဧပြီလ ကနေ နောက်တနှစ် မတ်လ အထိထောက်ပံ့ကြေးငွေရယူနိုင်ပြီး လစဥ် ယန်း 48,000 (ဂျပန်ဘာသာသင်တန်းကျောင်းသား 30000 ယန်း) တို့ဖြစ်ပါတယ်။ 

  • စာမေးပွဲရမှတ်များကောင်းမွန်တဲ့သူဖြစ်ရမည်။

  • EJU ရမှတ်ကောင်းမွန်တဲ့ သူတွေအနေနဲ့ JASSO ကနေတဆင့်လှမ်းပြီးပညာသင်စာရိတ်ရနိုင်ဖို့ ကမ်းလှမ်းတဲ့ အခွင့်အလှမ်းတွေလဲရှိပါတယ်။ 

မိမိနဲ့ ကိုက်ညီနဲ့ ပညာတော်သင် ထောက်ပံ့ကြေးကိုရအောင်ရှာဖွေကြမယ်။

ဒီအထိတော့ ဂျပန်နိုင်ငံကိုမလာခင်နဲ့ လာပြီးတဲ့အချိန်မှာချက်ချင်းလျှောက်ထားနိုင်တဲ့ အစိုးရ ပညာတော်သင်‌ထောက်ပံ့ကြေးတွေကိုစုစည်းပြီးဖော်ပြလိုက်ပါတယ်။ 

ဒီပညာတော်ဆုတွေအပြင် ပုဂ္ဂလိက ပညာတော်သင်ထောက်ပံ့ကြေးတွေကိုထပ်လျှောက်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်နို့ကိုက်ညီနဲ့ စကော်လားရှစ်ကိုသေချာရှာဖွေပြီးလျှောက်ထားဖို့အရေးကြီးပါတယ်။ 

ပညာတော်သင်ထောက်ပံ့ကြေးငွေ ရည်ရွယ်ချက် ၁ - ကျောင်းစာရိတ်ကင်းလွှတ်ခွင့် 

ဂျပန်မှာတော့ ပညာတော်သင်ကျောင်းသားတွေအတွက်ရည်ရွယ်ပြီးကျောင်းဝင်ခွင့်စာရိတ်နှင့် ကျောင်းလခ ကို ကင်းလွတ်ခွင့်ပေးတဲ့ကျောင်းတွေ အများကြီးရှိပါတယ်။ အသေးစိတ်ကို JASSO ရဲ့ STUDY in JAPAN ဝက်ဆိုက်ကနေတဆင့် 奨学金•授業料減免制度 ကနေတဆင့် ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ကိုယ်လက်ရှိပညာသင်နေတဲ့ကျောင်းနှင့် ဝင်ခွင့်ဖြေမယ့်ကျောင်းတွေရဲ့နာမည်တွေကိုရိုက်ထည့်ပြီးရှာဖွေနိုင်ပါတယ်။ 

ရည်ရွယ်ချက် ၂ - လစဥ် နေထိုင်စာရိတ် အထောက်အပံ့ရယူလိုခြင်

ဒီပညာတော် သင်ထောက်ပံ့ကြေးကတော့ ဂျပန်မှာနေထိုင်စာရိတ်အတွက် လိုအပ်တဲ့ အကုန်ကျစာရိတ်တချို့ကိုထောက်ပံ့ပေးတဲ့ ပညာတော်သင် ထောက်ပံ့ကြေးငွေတစ်မျိုး ဖြစ်ပါတယ်။ တနှစ်ပတ်လုံးစာအတွက် တခါတည်းပေးတဲ့ ပညာတော်သင်ဆုတွေလဲရှိသလို တလတခါပေးတဲ့ ထောက်ပံ့ကြေးဆုတွေလဲရှိပါတယ်။ ကိုယ်လက်ရှိတက်‌ရောက်နေတဲ့ ကျောင်းနှင့် တက်ရောက်မယ့်ကျောင်းကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်

ပုဂ္ဂလိက ပညာတော်သင်ထောက်ပံ့ကြေးငွေ - JASSO STUDY in JAPAN ရဲ့ 日本留学奨学金 パンフレ ッ ト ဆိုတဲ့ လက်ကမ်းစာစောင်မှာ စာမျက်နှာ ၁၁ ကနေ ၂၄ အထိမှာ ဖော်ပြထားပါတယ်။ အသေးစိတ်ကို လက်ကမ်းစာစောင်မှတဆင့် ဖတ်ရှုကြည့်ပါ။ 

JASSO ရဲ့ လမ်းညွှန် လက်ကမ်းစာစောင်ကို ဘယ်လို အသုံးပြုမလဲ။

JASSO STUDY in JAPAN ရဲ့ လက်ကမ်းစာစောင်မှာတော့ ပညာတော်သင် ထောက်ပံ့ကြေးငွေနဲ့ပတ်သက်တဲ့ဝင်ငွေ တွေကိုမိတ်ဆက်ပေးထားပါတယ်။ ထောက်ပံ့ကြေး‌ငွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ စာမျက်နှာ ၇ ကနေပြီးဖော်ပြထားပါတဘ်။ ဇယားမှာဖော်ပြထားတဲ့ စကားလုံးတွေက ဂျပန်လိုအတိုကောက်စကားလုံးတွေ ဖြစ်တာကြောင့် ဒီဆောင်းပါမှာ တခါတည်း ဘာသာပြန်‌ပေးလိုက်ပါတယ်။

*1質問•応募 ဘယ်မှာစုံစမ်းရမလဲ၊ ဘယ်မှာလျှောက်ရမလဲ

*2支給対象 အကျုံးဝင်တဲ့သူ။

*3တစ်မျိုးထက်ပိုပြီးတော့ ယူခွင့်ရှိ၊ မရှိ။ 

*4ပညာတော်သင်ကျောင်းသားအပြင် တခြားနေထိုင်ခွင့်များလျှောက်ထားနိုင်၊ မနိုင်။၏

*5စိစစ်ရွေးချယ်ပုံ

တို့ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုသေချာတိုက်ပြီးတော့ မိမိနဲ့ အချက်အလက်ကိုက်ညီတဲ့ ပညာတော်သင်ဆုကိုလျှောက်ထားဖို့ အကြံပြုပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်မှာတော့ ဂျပန်အစိုးရ၊ ပညာတော်သင်ကျောင်းသားထောက်ပံ့အဖွဲအစည်း၊ ကျောင်းအလိုက်၊ ပုဂ္ဂလိကဖွဲ့အစည်း အစရှိတဲ့ ပညာတော်သင်ဆုတွေ အများကြီးရှိပါတယ်။ ဂျပန်နိုင်ငံမှာ ပညာတော်သင်တော့မယ်ဆိုရင် ပညာတော်သင် ထောက်ပံ့ကြေးငွေကလဲ လျစ်လျူရှုထားလို့မရပါဘူး။ ဒါကြောင့် ပညာတော်သင်ထောက်ပံ့ငွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုသေချာလိုက်ကြည့်ပြီးလျှောက်ထားသင့်ပါတယ်။ အစပိုင်းမှာတော့ ရှုပ်ထွေးပြီး၊ အချက်အလက်တွေ များပေမယ့် ကိုယ်လိုချင်ပမာဏ၊ ရည်ရွယ်ချက် အချက်အလက်တွေကိုသေချာ စုစည်းပြီးမှရှာမယ်ဆိုရင်တော့ ကိုယ်နဲ့ကိုက်ညီတဲ့ ပညာတော်သင်ဆုကိုကျိန်းသေပေါက်ရှာတွေ့နိုင်မှာပ

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ ပညာသင်စရိတ်နှင့်ပညာသင်ဆု/ ဂျပန်မှာပညာသင်ထောက်ပံ့ကြေးငွေ ရယူရင်းကျောင်းတက်ချင်တဲ့ သူတွေအတွက် စကော်လားရှစ်အကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ