Japanese Language School ကိုရွေးချယ်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေကိုကြည့်ရမလဲ။ ‌ကျောင်းလခ ရောဘယ်လောက် ကုန်ကျနိုင်လဲ

မြန်မာပြည်မှာတော့ အခုတလော Language School နဲ့ ဂျပန်ကိုလာတဲ့ ကျောင်းသားတွေ တော်တော် များလာကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ Language School ကိုရွေးချယ်တဲ့အချိန်မှာ ဘယ်လိုအချက်တွေကိုကြည့်ပြီးရွေးရမလဲ ဆိုတာရယ်ပြီးတော့ Language Schoolတက်တဲ့အချိန်မှာ ကျောင်းလခ ဘယ်လောက် ကုန်ကျမလဲ ဆိုတာတွေကိုရှင်းပြသွားပါ့မယ်။ 

မာတိကာ

Japanese Language School ဆိုတာ ဘယ်လိုမျိုးလဲ?

Japanese Language School ဆိုတာကတော့ ဂျပန်စာကိုအဓိက သင်ယူနိုင်မယ့် ဘာသာစကားသင်တန်း‌‌ကျောင်းတစ်ခုဖြစ်ပါတယ်။ JLPT ဖြေဖို့အတွက်၊ ဂျပန်မှာအလုပ်လုပ်ကိုင်ဖို့အတွက်၊ ဂျပန်မှာကျောင်းတက်နိုင်ဖို့အတွက် စတဲ့ ရည်ရွယ်ချက်တွေနဲ့ တက်ရောက်နေတဲ့သူတွေ အများကြီးရှိပါတယ်။ 

နေထိုင်မှု နဲ့ပတ်သက်ပြီး Support ပေးတယ်

Japanese Language School တွေမှာတော့ ဂျပန်စာကိုသင်ယူဖို့ တစ်ခုတည်းမဟုတ်ဘဲ နေထိုင်မှုဘဝနဲ့ပတ်သက်ပြီး အထောက်အပံ့တွေကိုလဲ ရယုနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ အများအားဖြင့် ကျောင်းသားတွေအတွက် ကုန်ကျစာရိတ်သက်သာတဲ့ နေစရာ ထိုင်ခင်းစီစဥ်ပေးခြင်း၊ အလုပ်ရှာဖို့အတွက် ကိုယ်ရေးရာဇဝင်များ စစ်ဆေးပေးခြင်း၊ ရပ်ကွက်ရုံးတွေမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုကူညိပေးခြင်း စတဲ့ အထောက်အပံ့တွေကို လုပ်ပေးလေ့ရှိပါတယ်။ 

နိုင်ငံ ချင်းအလိုက် ဘာသာစကားပြောနိုင်တဲ ဝန်ထမ်းရှိတဲ့ကျောင်းတွေမှာတော့ ဂျပန်စာသိပ်မသေးဘဲ ဂျပန်ကိုလာတဲ့ သူတွေအတွက် စိတ်ချ လက်ချ အကြောင်းအရာ အမျိုးမျိုး ကို ဆွေးနွေးနိုင်ပါတယ်။

ကိုယ်ဘာသာကိုယ် ဂျပန်စာလေ့လာတာထက် ပိုပြီးတော့ ထိထိရောက်‌ရောက် ဂျပန်စာကိုလေ့လာနိုင်

တယောက်တည်း သုည ကနေ ဂျပန်စာကိုလေ့လာတာထက် ဂျပန်ဘာသာစကားသင်တန်းကျောင်းမှာ လေ့လာတာက ပိုပြီးတော့ ထိရောက်မှုရှိပါတယ်.။ ဂျပန်ဘာသာစကားသင်တန်းမှာတော့ နေ့တိုင်း အတန်းတွေရှိပြီး ဆရာ၊ ဆရာမတွေကို လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင်ပါသေးတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေကိုယ်တိုင်သင်ကြားတာ များလို့ ဂျပန်စာတိုးတက်တာလဲမြန်ပါတယ်။ 

Japanese Language School ရဲ့ ကျောင်းလခနှင့် ကုန်ကျမယ့် အချိန် 

ဂျပန်ဘာသာစကားသင်တန်း‌‌‌ကျောင်းတွေမှာတော့ အတန်းအပေါ်မူတည်ပြီး အချိန် တော့ ကွာခြားမှုရှိနိုင်ပါတယ်။ပုံမှန် အတန်းတစ်ခုဆိုရင် ၁နှစ်ကနေ ၂နှစ်အထိ ကြာနိုင်ပါတယ်။ ကျောင်းလခကတော့ တနှစ်ကို ယန်း သောင်း ၇၀ မှ ၉၀ အတွင်းကုန်ကျနိုင်ပါတယ်။ ၂ နှစ်ဆိုလျှင် ယန်း ၁၃၀ မှ ၁၅၀ အတွင်းကုန်ကျနိုင်ပါတယ်။အလုပ်ဝင်ဖို့အတွက် လုပ်ငန်းသုံး ဂျပန်စာအတန်းတွေ၊ ကျောင်းဝင်ခွင့်ဖြေဖို့အတွက် ကျောင်းဝင်ခွင့်ပြင်ဆင်တဲ့ အတန်းတွေကိုပါ တက်မယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ ပမာဏ ကိုထပ်ပြီးတော့ ကုန်ကျစာရိတ်ကို ထပ်ပေါင်းထည့်ပါတယ်။ 

အတန်းတွေရဲ့ ကုန်ကျနိုင်မယ့် စာရိတ်ကိုတော့ Home page ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

ပုံမှန်အားဖြင့် ကုန်ကျလေ့ရှိတဲ့ စာရိတ်ကိုတော့ အောက်ပါဇယားမှာဖော်ပြထားပါတယ်။ 

 

ဝင်ခွင့်စာမေးပွဲ 

ကျောင်းဝင်ကြေး 

ကျောင်းလခ 

စာအုပ်စာတမ်း ကြေး

တခြား၊

အဆောက်အအုံ အသုံးပြုကြေး

စုစုပေါင်း 

ပထမနှစ် 

25,000

55,000

600,000

30,000

30,000

740,000

ဒုတိယနှစ် 

   

600,000

30,000

30,000

660,000

စုစုပေါင်း 

25,000

55,000

1,200,000

60,000

60,000

1,400,000

ဒီငွေကြေးတွေဟာ ဂျပန်ငွေ ယန်းတဲ့ တွက် ထားတဲ့ ပမာဏဖြစ်ပါတယ်။ 

Language School တွေကို အင်တာဗျူးထားတဲ့ ဆောင်းပါးကိုလဲဝင်ရောက် ဖတ်ရျုနိုင်ပါတယ်။ 

 Language School ကိုဘယ်လိုမျိုးရွေးချယ်ကြမလဲ။

 Language School‌ တွေကို ဘယ်လိုရွေးမလဲဆိုတာကတော့ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေနဲ့အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်အလိုက် ‌ကျောင်းတွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကိုကြည့့်လိုက်ကြရအအောင်။ 

ခွင့်ပြူချက်,၊ အာမခံ ချက်ရှိတဲ့ ကျောင်းတွေကိုရွေးချယ်ကြရအောင် 

ခွင့်ပြူချက်,၊ အာမခံ ချက်ရှိတဲ့ ကျောင်းကို ဂျပန်လိုနဲ့ဆို 適正校 လို့ခေါ်ပါတယ်။ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်‌ရေး ဝန်ကြီးဌာန က စိစစ် အကဲဖြတ်ပြီး ပညာတော်သင်‌ကျောင်းသားတွေကို သေချာ စီမံ ခန့်ခွဲမှုရှိမရှိ အပေါ် မူတည်ပြီးဆုံးဖြတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်သွားမယ့်ကျောင်းက အာမခံချက် ခွင့်ပြုချက်ရထားတဲ့ ကျောင်းဟုတ်မဟုတ် သေချာ စိစစ်ပြီးမှာ သွားသင့်ပါတယ်။ 適正校 ကို ဘယ်အချက်တွေကိုကြည့်ပြီးစိစစ်လဲဆိုတော့ အောက်ပါ‌ကျောင်းသားမျိုး တနှစ်အတွင်း ၅ရာခိုင်းနှုန်း ရှိမရှိ အပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။ 

  1. တရားဥပဒေနဲ့ မညီတဲ့ ကျောင်းသားရှိ၊ မရှိ

  2. နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးခွင့်ရှိမရှိ

  3. ကျောင်းသား‌ဗီဇာမှ ပယ်ဖျက်ခံရသူ

  4. အလုပ်လုပ်ခွင့်မှ ပယ်ဖျက်ခံရသူ

  5. ကျောင်းထုတ်ခံရသူ 

 အပေါ် ကပြောခဲ့တဲ့ အချက်အပြင် Language School‌ ရွေးချယ်တဲ့အချိန်မှာ သတိထားရမယ့် အချက်တွေ ကတော့ 

ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ကျောင်းဟုတ်မဟုတ်ကိုသေချာလေ့လာပါ။

အလုပ်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ကျောင်း၊ ကျောင်းဆက်တက်တာနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ကျောင်း အစသဖြင့် ရှိတာမို့ ကိုယ်ကိုယ်တိုင်က ကျောင်းဆက်တက်မှာလား၊ အလုပ်ဝင်မှာလားဆိုတာကိုသေချာတွေးဖို့လိုအပ်ပါတယ်။ 

ကျောင်းက ဘယ်နေရာမှာရှိလဲဆိုတာ သေချာ ကြည့်ပါ 

ကိုယ်သွားမယ့် ကျောင်းက ဘယ်နေရာမှာ ရှိလဲ၊ နေရမယ့်နေရာ နဲ့ ဘယ်လောက်ဝေးလဲ အစသဖြင့် သေချာကြည့်ဖို့လိုအပ်ပါတယ်၊ ကိုယ်နေမယ့်နေရာနဲ့ ‌ကျောင်းကို အလွယ်တကူ သွားနိုင်မယ့်အနေအထားမျိုးကို‌ရွေ’ချယ်ဖို့ လိုအပ်ပါတယ်။

ကျောင်းလခ 

ကိုယ်သုံးမယ့် ငွေပမာဏ ကိုလိုက်ပြီး ‌ကျောင်းကိုရွေးချယ်ဖို့ကလဲ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့် ကျောင်းလခ၊ အဆောင်လခ၊ နေစာရိတ်စားစာရိတ်တွေကို သေချာတွက်ချက်ပြီးမှကျောင်းကိုရွေးချယ်သင့်ပါတယ်။ 

ကိုယ့်မိခင်ဘာသာစကားပြောနိုင်မယ့် ဝန်ထမ်းတွေ စီနီယာတွေရှိလား

ဂျပန်လိုသိပ်မကျွမ်းကျင်သေးဘူးဆိုရင် ကိုယ်သွားမယ့်ကျောင်းမှာ ကိုယ်နိုင်ငံက ဘာသာစကားပြောနိုင်တဲ့ ဝန်ထမ်း သို့မဟုတ် စီနီယာတွေ ရှိမရှိ စုံစမ်းထားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်တစ်ခုခု အဆင်မပြေတာရှိရင် တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ ဂျပန်ဘာသာကျောင်း/ Japanese Language School ကိုရွေးချယ်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေကိုကြည့်ရမလဲ။ ‌ကျောင်းလခ ရောဘယ်လောက် ကုန်ကျနိုင်လဲ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ