ဂျပန်နိုင်ငံမှာကျောင်းတက်ကြရအောင်(Preparations for studying abroad in Japan )

ဂျပန်မှာကျောင်းတက်ချင်သောသူများအတွက်သိသင့်သိထိုက်သေတက္ကသိုလ်၊ဂျပန်နိုင်ငံတွင်တက္ကသိုလ်များသာမကဆန်မွန်းကဲ့သို့ကောလိပ်များလည်းတက်ရောက်နိုင်ပါတယ်။တက္ကသိုလ်များ၊senmongakkou(အသက်မွေး၀မ်းကျောင်းကျောင်းများ)ပညာရေးကိုပိုမိုမြင့်မားသောအဆင့်အထိဆက်လက်သင်ကြားနိုင်ပါတယ်။များသောအားဖြင့်နိုင်ငံခြားသားအများစုသည်ဂျပန်စာသင်တန်းကျောင်းကိုတက်ရောက်ပြီး၊မိမိတို့တက်ချင်သောတက္ကသိုလ်၊ဆန်းမွန်းများကိုရွေးချယ်ကြသည်။ဘာသာရပ်များလည်းစုံလင်လှပြီး၊ယခုလက်ရှိမှာအိုင်တီကဲ့သို့သောဘာသာရပ်များခေတ်စားလာပါတယ်။အိုင်တီနဲ့ကျောင်းပြီးသူများအတွက်အလုပ်ကောင်းကောင်းရပြီး၊လစာကောင်းပါတယ်။

တက္ကသိုလ်တက်ချင်သူများအတွက်

တက္ကသိုလ်သည်ပညာရေးဆိုင်ရာသုတေသနပြုလုပ်သောအဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။တက္ကသိုလ်တက်ချင်သူများတက္ကသိုလ်ချင်သူများအဖို့ဝင်ခွင့်စာမေးပွဲဖြေဆိုရမှာဖြစ်ပါတယ်။နိုင်ငံြခားသားများအဖို့ဂျပန်စာအရည်အချင်းN2လောက်အနည်းဆုံးရှိရမှာဖြစ်ပါတယ်။EnglishEJUအမှတ်ကောင်းကောင်းရဖို့လိုအပ်ပါတယ်။ဂျပန်မှာအလုပ်ကောင်းကောင်းလိုချင်ရင်တက္ကသိုလ်ကောင်းကောင်းပြီးဖို့လိုအပ်ပါတယ်။တက္ကသိုလ်စလျှောက်ပြီဆိုတာနဲ့ကျောင်းမှတောင်းတဲ့စာရွက်စာတမ်းတွေသေချာတင်ပေးရမှာဖြစ်ပြီး၊ဝင်ခွင့်စာမေးပွဲ၊အင်တာဗျုးအစရှိတဲ့အဆင့်ဆင့်ဖြတ်ကျော်ပြီးမှဝင်ခွင့်ရမှာဖြစ်ပါတယ်။ရွေးချယ်ရမယ့်ဘာသာရပ်များပြားပြီး၄နှစ်တက်ရမှာဖြစ်ပါတယ်။တက္ကသိုလ်ရဲ့ဘာသာရပ်များသည်ဆန်းမွန်းကဲ့သောကောလိပ်များထက်ဘာသာရပ်များများပြားတာကြောင့်ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ကျောင်းစရိတ်လည်းကြီးမားတာကြောင့်ရည်ရွယ်ချက်ခိုင်မာဖို့လိုအပ်ပါတယ်။တစ်နှစ်ကိုသိန်းရာကျော်ရှိပြီး၊ကျောင်းကောင်းကောင်းမှပြီးထားသူအတွက်အလုပ်ကောင်းကောင်းရမှာဖြစ်ပါတယ်။အလုပ်၄နှစ်တက်ရောက်ခြင်းအကျိုးကြောင့်ဂျပန်စာတိုးတက်လာတဲ့အပြင်၊ဘာသာရပ်ရဲ့ဂျပန်စာတွေတိုးတက်လာမှာဖြစ်ပါတယ်။တက္ကသိုလ်၄နှစ်အတွေ့အကြုံ၊ဘာသာရပ်တွေရဲ့ရိပို့တင်ပုံတင်နည်းအစရှိသဖြင့်လုပ်ငန်းခွင်အတွက်အထောက်အကူပြုတာတွေ၊တက္ကသိုလ်မှဂျပန်ကျောင်းသားမှစကားပြောဆိုမှုတွေတိုးတက်လာပါတယ်။တတိယနှစ်ရောက်ပြီဆိုပြီအလုပ်နဲ့ပက်သက်တဲ့ပွဲတွေသွားရောက်ပြီး၊လုပ်ငန်းခွင်အတွက်ပြင်ဆင်ရမှာဖြစ်ပါတယ်။၄နှစ်မြောက်တာနဲ့အလုပ်ဝင်ဖို့အတွက်ကုမ္မဏီရွေးချယ်ထားရမှာဖြစ်ပြီး၊နောက်ဆုံးနှစ်ရဲ့ဘွဲ့ယူစာတမ်းကိုတင်ပေးရမှာဖြစ်ပြီး၊လေးနှစ်တာရဲ့စာသင်တွေ့အကြုံ၊လူမှုဆက်ဆံရေးအတွေ့အကြုံများရရှိပြီးလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်။

ဆန်းမွန်း၊ကောလိပ်တက်ချင်သူများအဖို့

ဆန်းမွန်းတော့၂နှစ်ဘဲတက်ရမှာဖြစ်ပါတယ်။ဂျပန်စာသင်တန်းကျောင်းတက်ပြီးတာနဲ့ဝင်ခွင့်ဖြေပြီး၊အင်တာဗျုးပါဖြေဆိုရမှာဖြစ်ပါတယ်။တက္ကသိုလ်လိုမျိုးဘာသာရပ်ရဲ့ဘာသာရပ်တွေရဲ့ဆက်နွယ်မှာတွေကိုသင်ရမှာမဟုတ်ဘဲကိုယ်ယူတဲ့ဘာသာရပ်တွေရဲ့အဓိကကိုဘဲသင်ယူရမှာဖြစ်ပါတယ်။ဆန်းမွန်းတက်ရတဲ့နှစ်ကတိုတဲ့အတွက်ဂျပန်စာကိုလည်းသေချာပြင်ဆင်ဖို့လိုအပ်သလို၊လုပ်ငန်းခွင်အတွက်ပြင်ဆင်ရမှာဖြစ်တဲ့အတွက်သေချာမပြင်ဆင်နိုင်တဲ့သူတွေအတွက်ကျောင်းမှာရောအလုပ်အတွက်ပြင်ဆင်မှုမှာအခက််အခဲရှိနိုင်ပါတယ်။ဂျပန်မှာကကျောင်းရော၊အချိန်ပိုင်းအလုပ်ရောလုပ်ရမှာဖြစ်တဲ့အတွက်ဂျပန်စာလေ့လာဖို့ကိုပိုအာရုံစိုက်သင့်ပါတယ်။ဆန်းမွန်းကျောင်းများသည်တက္ကသိုလ်ကျောင်းသားများနဲ့ယှဥ်ရင်အလုပ်မှာဒုတိယဦးစားပေးရွေးချယ်သောကြောင့်ဂျပန်စာအပြင်အလုပ်အတွက်လိုအပ်သောEnglishစာပြင်ဆင်မှု၊အလုပ်မှလိုအပ်တဲ့အရည်အချင်းတွေပြည့်ဝဖို့လိုအပ်ပါတယ်။

ကျောင်းနဲ့အလုပ်ရဲ့ပြင်ဆင်မှုအတွေ့အကြုံ

ဂျပန်မှာအလုပ်ကောင်းကောင်းရဖို့ခက်ခဲပါတယ်။ဂျပန်လူမျိုးတွေတောင်အလုပ်ကောင်းကောင်းရဖို့အများကြီးကြိုးစားရပါတယ်။ကျောင်းပြီးလို့အလုပ်ကောင်းကောင်းရဖို့အလုပ်နဲ့ပက်သက်တဲ့ပွဲတွေများစွာသွားရပြီးအဲထဲကမှကိုယ်နဲ့သင့်တော်မယ့်အလုပ်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။နိုင်ငံခြားသားများအဖို့ဂျပန်စာ၊English၊ယဥ်မောင်းလိုင်စင်အစရှိသဖြင့်လိုအပ်ချက်များကိုပြင်ဆင်ရပါတယ်။တက္ကသိုလ်ဆိုရင်လည်း၄နှစ်တာကျောင်းစရိတ်၊ကျောင်းရဲ့အတန်းတွေမှန်မှန်တက်ဖို့နဲ့တက္ကသိုလ်ရဲ့အမှတ်တွေပြည့်ပြီး၊ဘွဲ့ယူစာတမ်းသေချာတင်နိုင်မှဘွဲ့ရမှာဖြစ်ပါတယ်။ဆန်မွန်းကျောင်းဆင်းနိုင်ငံခြားသားမြန်မာကျောင်းသားများလည်းသေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အချိန်ပိုင်းအလုပ်နဲ့ကျောင်းကိုသေချာအံ့ဝင်ခွင်ကျဖြစ်အောင်လုပ်တတ်ရမှာဖြစ်ပြီး၊အလုပ်လုပ်လွန်ပြီးကျောင်းမတက်ခဲ့ရင်လည်းကျောင်းခေါ်ချိန်မမှန်ဘဲဗီဇာသက်တိုးလို့မရဘဲပြန်ရမယ့်အနေအထားရှိတဲ့အတွက်သတိထားဖို့လိုအပ်ပါတယ်။ဒီလိုအခြေအနေကိုသေချာပြင်ဆင်မယ်ဆိုရင်တော့အောင်မြင်မှုရနိုင်ပါတယ်။

MEXTစကော်လာဘယ်လိုလျှောက်ကြမလဲ(Japan scholarship)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ တက္ကသိုလ်/ဘွဲ့လွန်ကျောင်း/ ဂျပန်နိုင်ငံမှာကျောင်းတက်ကြရအောင်(Preparations for studying abroad in Japan )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ