ဂျပန်ပညာတော်သင်အချိန်ရဲ့နေ့စဥ်ဘဝကုန်ကျစရိတ်များ(Living expenses when studying in Japan)

ဂျပန်ရဲ့နေ့စဥ်ဘဝဖြတ်သန်းမှုကုန်စရိတ်ကပညာသင်စရိတ်အပြင်ကုန်ကျတဲ့စရိတ်များစွာရှိပါတယ်။ပုံမှန်ဘာပစ္စည်းပဲဝယ်ဝယ်အခွန်၁၀ရာခိုင်နှုန်းပေးဆောင်ရပါတယ်။ဥပမာအားဖြင့်(၁၀၀)တန်ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်အခွန်ပါပြီး(၁၁၀)ပေးဆောင်ရမှာဖြစ်ပါတယ်။ပုံမှန်ကုန်ကျစရတ်ကတော့ကျောင်းသားဘဝမှာစားစရိတ်၊အိမ်လခ၊ရထားလက်မှတ်ကုန်ကျစရိတ်၊လက်ကိုင်ဖုန်းလစဥ်ကုန်ကျစရိတ်၊ကျန်းမားရေးအာမခံကုန်ကျစရိတ်၊အိမ်လခအပြင်ရေဖိုး၊မီးဖိုး၊gasဖိုးအစရှိသဖြင့်ကုန်ကျစရိတ်များစွာရှိပါတယ်။နောက်တစ်ခုကရပ်ကွက်ထိုင်ခွန်ဆောင်ရတာမျိုးရှိပါတယ်။ကျောင်းတက်ရင်းနဲ့အချိန်ပိုင်းအလုပ်ကိုတပတ်၂၈နာရီနဲ့ကျောင်းပိတ်ရှည်များမှာနာရီ၄၀အထက်လုပ်လို့ရတဲ့အတွက်သေချာချွေတာပြီးစနစ်တကျအလုပ်လုပ်တတ်မယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။မိမိရဲ့တစ်နေ့တာကုန်ကျစရိတ်ကိုသေချာတွက်ချက်ပြီးမိမိအလုပ်လုပ်ပြီးရတဲ့ပိုက်ဆံနဲ့ချိန်ဆပြီးအသုံးပြုတတ်ရပါမယ်။

လစဥ်ကုန်ကျမှုနဲ့ပတ်သက်ပြီး

နေ့စဥ်ဖြတ်သန်းမှုထဲမှအိမ်လခအနေနဲ့တစ်ယောက်ထဲနေမယ်ဆိုရင်ပိုကြီးစျေးကြီးနိုင်ပါတယ်။အိမ်ဌားမယ်ဆိုရင်ဂျပန်ယန်းသောင်း(၂၀)ကနေသောင်း(၃၀)လောက်အထိကုန်ကျမှာဖြစ်ပါတယ်။တစ်ယောက်တည်းမတတ်နိုင်ရင်သူငယ်ချင်းနဲ့စုပေါင်းဌားသင့်ပါတယ်။ဒါကစစချင်းအိမ်စဌားမယ်ဆိုရင်အပေါင်ပေးရတဲ့ပိုက်ဆံနဲ့အိမ်အတွက်လိုအပ်တာဝယ်ရတာမျိုးရှိပါတယ်။အိမ်လခအပြင်၊ရေဖိုး၊မီးဖိုးတွေပါခွဲပြီးပေးရမှာဖြစ်တဲ့အတွက်ကုန်ကျစရိတ်များသွားနိုင်ပါတယ်။တစ်ယောက်တည်းနေရင်ပုံမှန်အားဖြင့်အိမ်လခကဂျပန်ယန်း(၇)သောင်းကနေ(၈)သောင်းအထိကုန်ကျနိုင်ပါတယ်။အခန်းကိုရှယ်ယာခွဲနေမယ်ဆိုရင်တော့(၃)သောင်းခွဲလောက်ဘဲကုန်ကျမှာဖြစ်ပါတယ်။ရေဖိုးတစ်ယောက်စာ(၃)ထောင်နဲ့မီးဖိုးက(၄)ထောင်နဲ့(၅)ထောင်ကြားကုန်ကျမှာဖြစ်ပါတယ်။ပုံမှန်အခန်းကိုရှယ်ယာခွဲနေရင်းတောင်တစ်လစာ(၇သောင်းကနေ၁၀သောင်း)ဝန်းကျင်ကုန်ကျနိုင်ပါတယ်။နောက်ပြီးကျန်းမာရေးအခွန်ပါဆောင်ရမှာဖြစ်ပါတယ်။ဂျပန်မှာကနေ့စဥ်ကျောင်းသား၊အလုပ်သွားမှာကုန်ကျမယ့်စရိတ်တွေရှိပါသေးတယ်။ဥပမာအချိုရည်သောက်တာတွေအဆာပြေစားတာစသဖြင့်ကုန်ကျနိုင်တဲ့အတွက်မိမိအလုပ်လုပ်လို့ရတဲ့ပိုက်ဆံကိုတွက်ချက်ပြီးသုံးစွဲသင့်ပါတယ်။အဓိကတစ်လတာကုန်ကျစရိတ်ဂျပန်ယန်း(၁၀)သောင်းအထက်ခန့်မှန်းထားတာကောင်းပါတယ်။

ကျောင်းလခအတွက်ပြင်ဆင်ခြင်း

ကျောင်းသားများအဖို့ပုံမှန်နေ့စဥ်ဘဝအတွက်အသုံးစရိတ်ရှိတဲ့အပြင်ကျောင်းဖိုးပါစုရမှာဖြစ်ပါတယ်။ဂျပန်ရောက်ရောက်ချင်းမှာမြန်မာပြည်ကနေကျောင်းလခနဲ့အဆောင်စရိတ်ကို၆လကနေတစ်နှစ်အထိသွင်းလာခဲ့ပေမယ့်အဲနောက်ပိုင်းကမိမိဘာသာကျောင်းလခသွင်းရမှာဖြစ်ပါတယ်။ဘယ်လိုစုရမယ်ဆိုတာကမိမိလုပ်တဲ့အချိန်ပိုင်းအလုပ်ရတဲ့ဝင်ငွေကနေပုံမှန်ကျောင်းလခအတွက်လစဥ်ဖယ်စုထားရမှာဖြစ်ပါတယ်။အဲဒါမစုထားရင်အနီးကပ်ပေးရမယ့်အခါကျရင်အဆင်မပြေဖြစ်တတ်တဲ့အတွက်သတိထားသင့်ပါတယ်။လုံလောက်မှုမရှိပါကလိုအပ်တဲ့ပမာဏကိုမိမိရဲ့မိဘဆီကနေတောင်းရမှာဖြစ်ပါတယ်။ဂျပန်စာသင်တန်းကျောင်းပြီးရင်လည်းတက္ကသိုလ်၊ကောလိပ်ဆက်တက်ရမှာဖြစ်တဲ့အတွက်ကျောင်းမပြောင်းခင်ကတည်းကမိမိရဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပြီးကြိုတင်ငွေစုသင့်ပါတယ်။တက္ကသိုလ်တက်မယ်ဆိုရင်တော့တစ်နှစ်ကိုဂျပန်ယန်းသောင်း(၁၀၀)အထက်ကုန်ကျမှာဖြစ်ပါတယ်။ဒါပေမယ့်ခွဲသွင်းခွင့်ရရှိမှာဖြစ်ပါတယ်။ကောလိပ်တက်ရင်လည်းတစ်နှစ်ကိုအဲလောက်ဝန်းကျင်ခွဲသွင်းရမှာဖြစ်ပါတယ်။တက္ကသိုလ်က၄နှစ်တက်ရမှာဖြစ်ပြီး၊ကောလိပ်က၂နှစ်တက်ရမှာဖြစ်ပါတယ်။

ဂျပန်ရဲ့နေထိုင်မှုအတွက်ပြင်ဆင်ခြင်း

ပုံမှန်အနေနဲ့ကျောင်းကိုလည်းအချိန်မှန်သွားရမှာဖြစ်ပါတယ်။အလုပ်ကိုလည်းမနက်ပိုင်းကျောင်းရှိတဲ့သူကညနေပိုင်းအလုပ်လုပ်ရမှာဖြစ်ပြီး၊ညနေပိုင်းအလုပ်ရှိတဲ့သူကမနက်ပိုင်းနဲ့အားတဲ့အချိန်လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကမိမိရဲ့စားဝတ်နေရေးအတွက်အချိန်ပိုင်းအလုပ်လုပ်ပြီးကြိုးစားရမှာဖြစ်ပါတယ်။ကျောင်းလခကိုလည်းအပြည့်အဝရှာနိုင်မှာမဟုတ်ပါဘူး။မလုံလောက်တဲ့ပမာဏကိုမိမိတိုင်းပြည်ကမှာရမှာဖြစ်ပါတယ်။နေ့စဥ်အသုံးစရိတ်ကိုလည်းပုံမှန်သတ်မှတ်သင့်ပါတယ်။အချိန်အဆမရှိရင်လိုအပ်တာအတွက်စုတဲ့အခါဆင်မပြေနိုင်တဲ့အတွက်သုံးဆွဲမှုကိုဘယ်လောက်သုံးမယ်ဆိုတာသတ်မှတ်သင့်ပါတယ်။အလုပ်ချိန်ကိုလည်းသတ်မှတ်ထားတဲ့အချိန်ထက်အရမ်းကျော်လွန်ပြီးမလုပ်သင့်ပါဘူး။ဗီဇာသက်တမ်းတိုးတဲ့အခါအခက်အခဲရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကျောင်းလခအတွက်ကစကောလာရရှိရင်တော့စာလုပ်ချိန်ပိုရနိုင်ပြီးနေ့စဥ်ဖြတ်သန်းကုန်ကျမှုအတွက်ပါအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။အဓိကကတော့မိမိရဲ့အသုံးစရိတ်နဲ့အလုပ်လုပ်ပြီးရလာတာကိုအချိုးကျကျသုံးစွဲပြီးစုရမှာဖြစ်ပါတယ်။

ဂျပန်ကိုစရောက်ပြီဆိုရင်ပြုလုပ်ရမယ့်ဘဏ်စာအုပ်၊ဖုန်းနဲ့အင်တာနက်နဲ့ပက်သက်ပြီး(Procedures at the bank and phone shop in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ ပညာသင်စရိတ်နှင့်ပညာသင်ဆု/ ဂျပန်ပညာတော်သင်အချိန်ရဲ့နေ့စဥ်ဘဝကုန်ကျစရိတ်များ(Living expenses when studying in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ