ဂျပန်ကို အလည်ဗီဇာနဲ့လာပြီးတော့ အလုပ်ဗီဇာပြောင်းလို့ရလား။

ဂျပန်ကို အလည်ဗီဇာနဲ့ ဝင်ပြီးတော့ အလုပ်ဗီဇာပြောင်းလို့ရလားဆိုတဲ့ အချက်ကို ခဏခဏ အမေးခံရပါတယ်။ ဂျပန်ကနေ မပြန်ချင်တော့ဘဲ ဂျပန်မှာပဲနေချင်တော့တယ် ဆိုတဲ့ သူတွေရှိပြီး ဒီလို မေးခွန်းတွေကို ခဏခဏ အမေးခံရပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီမေးခွန်းကိုဖြေသွားပေးမှာဖြစ်ပြီးတော့ အကြောင်းအရင်းတွေကိုပါဖော်ပြပပေးသွားမှာဖြစ်ပါတယ်။

မာတိကာ

  1. ဂျပန်မှာ နေ့ထိုင်မှုအခြေအနေပြောင်းလဲခြင်း။
  2. ဂျပန်မှာ အလည်ဗီဇာကနေပြီးတော့ အလုပ်ဗီဇာကိုပြောင်းလို့ရလား။
  3. ဂျပန်မှာ Working Holiday ဗီဇာနဲ့ အလုပ်လုပ်လို့ရလား။
  4. အကျဥ်းချုပ်။
ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကိုသိချင်တယ် ဂျပန်မှာ အနာဂါတ်အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်ပူပန်နေပါသလား လက်ရှိဗီဇာနှင့် ဘယ်လိုအလုပ်မျိုး လုပ်နိုင်လဲ သိချင်ပါသလား။
ဂျပန်မှာ အလုပ်ရှာဖို့အတွက် WeXpats Agent မှအစအဆုံး Support ပေးပါမည်။ အခမဲ့ WeXpats Agentဆွေးနွေးကြည့်နိုင်ပါသည်။

ဂျပန်မှာ နေ့ထိုင်မှုအခြေအနေပြောင်းလဲခြင်း။

ဂျပန်မျာတော့ ခွင့်ပြုထားတဲ့ နေ့ထိုင်ခွင့်အလိုက် နေထိုင်ရတာဖြစ်ပြီး အလုပ်လုပ်ခွင့်ကိုလဲ ခွင့်ပြုထားတဲ့ နေထိုင်ခွင့် အပေါ်မူတည်ပြီးတော့ ခွင့်ပြုထားတဲ့ သူတွေသာ လုပ်ခွင့်ရှိပါတယ်။

ဥပမာ နိုင်ငံတကာကျောင်းသားတွေကတော့ 留学 (ryuugaku/ နိုင်ငံခြားမှာပညာသင်ခြင်း) ဆိုတဲ့ ပညာတော်သင်ဆိုတဲ့ နေထိုင်ခွင့် အမျိုးအစားနဲ့ ဂျပန်နိုင်ငံမှာနေထိုင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှနအားဖြင့် ကျောင်းတက်ပြီး စာလုပ်တာမျိုးတွေသာ လုပ်နိုင်တာမျိုးတွေလုပ်နိုင်ပါတယ်။ တကယ်လို့ ဂျပန်မှာ အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင်တော့ နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကိုသွားရောက်ပြီးတော့ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ နိုင်ငံတကာကျောင်းသားများအချိန်ပိုင်းအလုပ်လုပ်တဲ့ အချိန်လိုအပ်တဲ့ အချက်ဆိုတဲ့ ဆောင်းပါးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ နောက်ပြီးတော့ ကျောင်းပြီးသွားလို့ အလုပ်ဝင်မယ်ဆိုရင်လဲ ကျောင်းသားဗီဇာကနေပြီးတော့ အလုပ်ဗီဇာကိုပြောင်းဖို့ လိုအပ်ပါတယ်။ 

ဒီလိုမျိုးနေထိုင်ခွင့်အခြေအနေတွေကိုပြောင်းခြင်းကိုတော့ ဂျပန်လို 「在留資格変更許可申請 (zairyuu-shikaku henkou kyoka shinsei)」လို့ခေါ်ပါတယ်။ အသေးစိတ်ကိုတော့ ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုက်မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လကနေပြီးတော့ နေထိုင်မှုအခြေအနေကိုပြောင်းတဲ့ အချိန်မှာ My Number Card ကိုအသုံးပြုပြီးတော့ အွန်လိုင်းကနေပြီးတော့ တင်နိုင်ပါတယ်။ 

ဂျပန်မှာ အလည်ဗီဇာကနေပြီးတော့ အလုပ်ဗီဇာကိုပြောင်းလို့ရလား။

ဂျပန်နိုင်ငံရဲ့ ဗီဇာပြောင်းခြင်းအခြေအနေကိုသိပြီးပြီဆိုရင်တော့ ဂျပန်နိုင်ငံကို အလည်ဗီဇာနဲ့သွားပြီးတော့ အလုပ်ဗီဇာပြောင်းလို့ရလားဆိုတဲ့ မေးခွန်းကိုဖြေဆိုသွားမှာဖြစ်ပါတယ်။ နိဂူံးချုပ်ပြီးပြောရရင်တော့ ပြောင်းလို့မရပါဘူး။ နောက်ပြီးတော့ အလည်ဗီဇာနဲ့လာပြီးတော့ အလုပ်ရှာတာမျိုးတွေကိုလဲ ကန့်သတ်ထားပါတယ်။ တခေါက်တော့ အလည်ဗီဇာမကုန်ခင် COE ထုတ်လို့ရတဲ့ အချိန်ထိရှိနေမယ်ဆိုရင်တော့ အလုပ်ဗီဇာကိုပြောင်းခွင့်ပြုခဲ့တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့လဝက က စည်းမျဥ်းစည်းကမ်းတွေပိုပြီးတော့ ရွေးချယ်စရာတွေပိုပြီးတောနည်းလာပြီးတော့ ခြွင်းချက်တွေလဲ ပိုနည်းလာတဲ့ အတွက်ကြောင့်မို့လို့ ပိုခက်ခဲလာပါတယ်။ဒါကြောင့်မို့လို့ ဂျပန်ကိုအလည်ရောက်နေတုန်းဂျပန်မှာ အလုပ်ရသွားတယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ COEနှင့် အလုပ်ဗီဇာကိုပြန်ယူပြီးတော့ ပြန်လာရမှာဖြစ်ပါတယ်။

ဂျပန်မှာ Working Holiday ဗီဇာနဲ့ အလုပ်လုပ်လို့ရလား။

Working Holiday ဗီဇာဆိုတာ ဘယ်လိုဗီဇာမျိုးလဲ။

ဂျပန်နဲ့ ပါတနာနိုင်ငံနှင့်ဒေသ တွေကတော့ Working Holiday ပရိုဂရမ်တွေကိုမိတ်ဆက်ပေးလာကြပါတယ်။ Working Holiday ဆိုတာကတော့ ဂျပန်နှင့်အခြားနိုင်ငံကလူငယ်တွေကို အားလပ်ရက်အတွင်းမှာ အလုပ်လုပ်ဖို့အတွက်သွားရောက်နိုင်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယဥ်ကျေးနှင့် ဘဝ နေထိုင်မှုတွေကို ပိုမိုနားလည်နိုင်ဖို့ ဖြစ်ပါတယ်။နိုင်ငံအပေါ်မုတည်ပြီးတော့ Working Holiday ဗီဇာကနေပြီးတော့ ဂျပန်မှာ အလုပ်ဗီဇာကိုပြောင်းလို့ရတာမျိုးတွေလဲရှိပါတယ်။ ပြောင်းလဲနိုင်တဲ့ နိုင်ငံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ပြင်သစ်
  • ဟောင်ကောင်
  • အိုင်လန်
  • ဆွီဒင် 
  • နော်ဝေး
  • ထိုင်ဝမ်
  • ယူကေ နှင့်အခြား။

ဒီလိုနိုင်ငံတွေအပြင် Working Holidayဗီဇာကိုင်ဆောင်နိုင်တဲ့ နိုင်ငံထဲမှာလဲ Working Holiday ‌ဗီဇာကနေပြီးတော့ အလုပ်ဗီဇာကိုပြောင်းနိုင်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ပြောင်းဖို့အတွက် အဆင့်တွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ တကယ်လို့ လျှောက်လို့မရခဲ့ရင်တော့ Working Holiday ဗီဇာကိုင်‌ဆောင်ထားလို့ဆိုတဲ့ အကြောင်းပြချက်မဟုတ်ဘဲ တခြားအကြောင်းပြချက်ကြောင့် အငြင်းခံရတာမျိုးတွေဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ Working Holiday ဗီဇာရရှိနိုင်တဲ့ နိုင်ငံထဲမှာ မပါဝင်ပေမယ့် အသေးစိတ်ကိုတော့ နိုင်ငံခြား‌ရေးရာဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် မှာဝင်ဖတ်နိုင်ပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်ကို အလည်ဗီဇာနဲ့လာပြီးတော့ အလုပ်ဗီဇာပြောင်းလို့မရနိုင်ပါ။ ဒါကြောင့်မို့လို့ ဂျပန်မှာ အလုပ်လုပ်ချင်ပါက အလုပ်ဗီဇာနဲ့ ဂျပန်ကို ပြန်လာတာဖြစ်စေ တခြား အလုပ်လုပ်နိုင်တဲ့ ဗီဇာတွေကိုလျှောက်တာမျိုးတွေလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။ အဘ် 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်နှင့်သက်ဆိုင်သောနေထိုင်မှုဗီဇာအခြေအနေ/ ဂျပန်ကို အလည်ဗီဇာနဲ့လာပြီးတော့ အလုပ်ဗီဇာပြောင်းလို့ရလား။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ