ဂျပန်နိုင်ငံတွင် အလုပ်ချိန်သတ်မှတ်ချက်သည် အချိန်ပိုင်း (သို့မဟုတ်) အချိန်ပြည့် အလုပ်အပိုင်းအခြားပေါ်မူတည်ပြီး ကွဲပြားချက်များရှိကြသည်။ ထို့အပြင် သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်လိုပါက မကြာသေးမီကပြောင်းလဲလိုက်သော အလုပ်အချိန်ဇယား၊ လုပ်ငန်းအခြေအနေ နှင့် လုပ်ငန်းခွင်တွင်း လုပ်ငန်းပိုင်းဆိုင်ရာယဉ်ကျေးမှုထုံးစံများနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်သည်။
ပထမဆုံးအနေနှင့် အချိန်ပြည့်အလုပ်လုပ်ကိုင်သူများတွင် တစ်ပတ်အတွင်းအလုပ်အချိန်ဇယားများကို လေ့လာကြည့်ကြပါစို့။
မာတိကာ
၁။ အချိန်ပြည့်အလုပ်အတွက် တစ်ပတ်အတွင်းအလုပ်လုပ်ချိန်များ
၂။ ပြုပြင်ထားသည့်အလုပ်လုပ်ချိန်များ
၃။ပုံမှန်အလုပ်ချိန်မရှိသူများနှင့် အချိန်ပိုင်း အလုပ်လုပ်သူများ အတွက်အလုပ်ချိန်များ
၄။ဂျပန်၏ ရက်သတ္တပတ်အတွင်း မည်သည့်အရာ ေတွ ကြုံတွေ့ကြမည်နည်း
၁။ အချိန်ပြည့်အလုပ်အတွက် တစ်ပတ်အတွင်းအလုပ်လုပ်ချိန်များ
၉၀ရာစု နှောင်းပိုင်းတွင် ပြင်းထန်သောအလုပ်လုပ်ချိန်များကို မှတ်တမ်းတင်ကြည့်ခဲ့ရာ တစ်ပတ်အတွင်းအလုပ်လုပ်ချိန်မှာ နာရီပေါင်း (၆၀) ရှိခဲ့ကြသည်။ ထို့နောက်တွင် အလုပ်သမားဥပဒေအရ အလုပ်ချိန်ကို တစ်ပတ်လျှင် နာရီ (၄၀)နှင့် တစ်ရက်တွင် (၈)နာရီ အဖြစ် အလုပ်လုပ်ချိန်ကို ဥပဒေအတည်ပြုပြဌာန်းလိုက်သည်။ တစ်နေ့တွင် နံနက် (၈)နာရီမှညနေ(၅)နာရီအထိ တစ်ရက် အလုပ်လုပ်ချိန် သတ်မှတ်ပြီး တစ်ပတ်လျှင် (၅)ရက်အဖြစ် အလုပ်ရက်ကို တသမတ်ထဲ သတ်မှတ်ကြသည်။ တစ်ရက်အတွင်းအလုပ်လုပ်ချိန်တွင် နေ့လည်စာချိန်သည် မဖြစ်မနေပါဝင်ရမည်ဖြစ်သည်။ တစ်ရက်တွင် (၈)နာရီအလုပ်ချိန်သတ်မှတ်ပါက နေ့လည်စာအချိန်ကို (၁)နာရီ ပေးရမည်။ အကယ်၍ တစ်ရက်ကိုအလုပ်ချိန် (၆)နာရီသတ်မှတ်ထားပါက (၄၅)မိနစ်သည်နေ့လည်စာနားချိန် အဖြစ်ရရှိမည်ဖြစ်သည်။
ထိုကဲ့သို့အလုပ်ချိန်ဇယားကို သတ်မှတ်ထားသော်လည်း ဂျပန်ကုမ္ပဏီများက ၎င်းထက်ပို၍ အချိန်ပိုလုပ်ဆောင်စေခဲ့သည်။ ဝန်ထမ်းအများစုမျှော်လင့်ချက်များသည် ထိုသို့အချိန်ပိုအလုပ်ချိန်များကို အလွန်အကျွံမဖြစ်စေရန် သတ်မှတ်စေချင်ကြသည်။ ထို့ကြောင့် တစ်ပတ်လျှင် (၁၅)နာရီ နှင့်တစ်လလျှင် (၄၅)နာရီ အထိ အလုပ်လုပ်စေရန်သတ်မှတ်ကြသည်။
အလုပ်ပိတ်ရက်အနေဖြင့် တစ်ပတ်လျှင် တစ်ရက် ပိတ်ရက်ရရှိကြသည်။ သာမန်အများစုသည် တစ်ပတ်လျှင် (၂)ရက် ပိတ်ကြသည်။ ပုံမှန် အလုပ်ပိတ်ရက်များသည် စနေ၊တနင်္ဂနွေနေ့တွင် ဖြစ်သည်။ အချို့အလုပ်များသည် ကြားရက်များတွင်ပိတ်ကြသည်။ တစ်နှစ်လျှင် အားလပ်ရက်ကို အလုပ်လုပ်သက်ကြာချိန်ပေါ်မူတည်ပြီး ပိုရတတ်ပါသည်။ အကယ်၍ ထိုနှစ်တွင် မသုံးဖြစ်သောအားလပ်ရက်များကို နှောင်နှစ်အထိထည့်ပေါင်းပေးတတ်ကြသည်။ ဥပဒေအရ အားလပ်ရက်သည် တစ်နှစ်လျှင် (၅)ရက် ရရှိကြသည်။
※ Japan External Trade Organization(JETRO), "Section 4. Human Resource Management 4.5 Legislation on working hours, breaks and days off"
စာရေးသူရွေးချယ်သောဆောင်းပါး
၂။ ပြုပြင်ထားသည့်အလုပ်လုပ်ချိန်များ
အလုပ်သမားဥပဒေမှထုတ်ပြန်ထားသော ကုမ္ပဏီအလုပ်ချိန်များသည် ဝန်ထမ်းများအတွက် ကန့်သတ်ချက်မရှိပေ။ တစ်ပတ်လျှင်၎င်းတို့အဆင်ပြေသည့် အချိန်ကို ၎င်းတို့လုပ်ကိုင်သည့် ကုမ္ပဏီနှင့် အလုပ်အမျိုးအစားပေါ် ညှိနှိုင်းပြီးလုပ်ကိုင်နိုင်သည်။
(၁) နှစ်စဉ် (သို့မဟုတ်) လစဉ် ပြုပြင်ထားသည့်အလုပ်လုပ်ချိန်များ
ယေဘူယျအားဖြင့် ပုံမှန် တစ်ပတ်လျှင် နာရီ (၄၀) ကို တစ်လအလုပ်လုပ်ချိန်အဖြစ်သတ်မှတ်ထားခြင်း (သို့မဟုတ်) အကယ်၍ တချို့ပုံသေသတ်မှတ်ချိန်မရှိသော အလုပ်များတွင်လည်း အလုပ်ချိန်ကို တစ်ပတ်လျှင် နာရီ(၄၀) ပျမ်းမျှနှင့်အညီ တစ်လအလုပ်လုပ်ချိန်အဖြစ် သတ်မှတ်လုပ်ဆောင်ရမည်ဖြစ်သည်။
(၂) ရက်သတ္တတစ်ပတ်အပေါ်တွင် အလုပ်ချိန်ပြင်ဆင်ချိန်
အောက်ပါအခြေအနေမျိုးတွင် အလုပ်သမားများသည် တစ်ရက်လျှင် (၁၀)နာရီအလုပ်လုပ်ကိုင်နိုင်ပါသည်။
-
၎င်းတို့သည် တစ်ပတ်လျှင် နာရီ(၄၀)အတွင်းသာ အလုပ်လုပ်ကြရသည်။
-
၎င်းတို့လုပ်ကိုင်သည့် အလုပ်အမျိုးအစားများသည် တည်ခိုခန်း၊ စားသောက်ဆိုင် (သို့မဟုတ်)၊ လက်လီဆိုင်များ အစရှိသည်တို့ဖြစ်ကြသည်။
-
၎င်းတို့ လုပ်ငန်းခွင်တွင် ပုံမှန်ဝန်ထမ်းဖြင့် (၂၉)ယောက်မျှရှိကြရမည်ဖြစ်သည်။
(၃) Flexitime စနစ်
အလုပ်သမားများသည် အလုပ်ချိန်ကန့်သတ်ထားသော အလုပ်ချိန်အများစုအပေါ်တွင် အလုပ်လုပ်ကြရသော်လည်း နေ့စဉ် ၎င်းသည်မည်သို့လုပ်ဆောင်မည်ပေါ် မူတည်ပြီး အလုပ်ချိန်ကို အလုပ်ရှင်၏သဘောတူညီချက်နှင့် ဆုံးဖြတ်နိုင်သည်။ ၎င်းတို့အလုပ်လုပ်ကို လျှောက်ထားလျှင် ၎င်းတို့ Core hours များကိုလည်း စောင်ကြည့်ရန် ၎င်းတို့အားပြောပြထားပါသည်။
(၄) လိုအပ်သလိုလုပ်ရသည့်အလုပ်ချိန်
ထိုလိုအပ်တဲ့အချိန်တွင်လုပ်ရသည့်အလုပ်ချိန်အများစုသည် ပညာနှင့်လုပ်ကိုင်သော လုပ်ငန်းအမျိုးအစားတွင် အသုံးများကြသည်။ ၎င်းအလုပ်ချိန်ကို ပြန်စစ်ဆေးရန်မလွယ်ကူကြပေ။ အလုပ်ပြီးမြောက်ခြင်းအပေါ်တွင်သာ ဆုံးဖြတ်နိုင်သည်။ အထက်ပါ အလုပ်အချိန်မျိုးကို အလုပ်ရှင်နှင့်တိုင်ပင်၍ လုပ်ကိုင်နိုင်ပါသည်။
※ Japan External Trade Organization(JETRO), "Section 4. Human Resource Management 4.5 Legislation on working hours, breaks and days off"
၃။ပုံမှန်အလုပ်ချိန်မရှိသူများနှင့် အချိန်ပိုင်း အလုပ်လုပ်သူများ အတွက်အလုပ်ချိန်များ
အကယ်၍သင်သည် အချိန်ပြည့်အလုပ်လုပ်သူမဟုတ်လျှင် အချိန်မည်မျှလုပ်ရမည်ကို ပြောရခက်လှပါသည်။ သို့သော်လည်း သင်သည် စာချုပ်ချုပ်ထားသော (keiyaku shain) (သို့မဟုတ်) dispatch worker (haken shain) ဖြစ်နေလျှင် အချိန်ပြည့်အလုပ်လုပ်ကိုင်ခွင့်ရရှိပါသည်။
အချိန်ပိုင်းတွေအတွက်အလုပ်ချိန်သည် တစ်ပတ်လျှင် (၃၅) နာရီသတ်မှတ်ထားပြီး ကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်ချိန်သည် တစ်ပတ်လျှင် (၂၈)နာရီ သတ်မှတ်ထားပါသည်။
အထက်ပါ အလုပ်ချိန်ပုံမှန်မရှိသူများနှင့် အချိန်ပြည့်လုပ်နေသူများ ကွာခြားချက်မှာ အချိန်ပိုလုပ်ကိုင်ရခြင်းဖြစ်ပါသည်။ အလုပ်ချိန်ပုံမှန်မလုပ်ရသူများတွင် အချိန်ပိုလုပ်ကိုင်ခွင့်မရကြပါ။
၄။ဂျပန်၏ ရက်သတ္တပတ်အတွင်း မည်သည့်အရာတွေကြုံတွေ့ကြမည်နည်း
အချိန်ပြည့်( သို့မဟုတ်) အချိန်ပိုင်းလုပ်သူများ အလုပ်ရက်သတ္တတစ်ပတ်အတွင်း ကြုံတွေ့ရမည့်အရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
အလုပ်အသွားအပြန်များ
ပုံမှန်အလုပ်ချိန်အတိုင်းမဆင်းရသူများမှ လွဲပြီး ကျန်ပုံမှန်အလုပ်သွားသူများ ကြုံတွေ့ရမည့်အရာသည် လူအများအပြားနဲ့ ရထားစီးအလုပ်သွားခြင်း (သို့မဟုတ်) ကိုယ်ပိုင်ကားနှင့်အလုပ်သွားကြသူများသည် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့ရတတ်သည်။ အကယ်၍ ကံကောင်းထောက်မ၍ မနက်ပိုင်းတွင် ယာဉ်ကြောပိတ်ခြင်းမှ လွန်မြောက်နိုင်သော်လည်း အလုပ်ဆင်းချိန်တွင် တစ်ဖန်ကြုံရမည်မှ ဧကန်ဖြစ်သည်။
အစည်းအဝေးများ
ဂျပန်ကုမ္ပဏီများသည် အစည်းအဝေးခေါ်ရသည်ကို နှစ်ခြိုက်ကြသည်။ ဝန်ထမ်းများကို အလုပ်နှင့်ပတ်သတ်၍တစ်ခုခု ညွှန်ကြားလိုသည့်အခါ၊ ဌာနတစ်ခုအတွက်ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးရန် လိုသည့်အခါ၊ ပရောဂျက်လုပ်တိုင်း လိုအပ်သည့်အခါ အစည်းအဝေးများကို ခေါ်လေ့ရှိကြသည်။ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ်ထက်ပို၍ ခေါ်ကြသည်။
အလုပ်ဆင်းချိန်မမှန်ခြင်း
ဂျပန်နိုင်ငံတွင် အလုပ်များကို အချိန်ပိုဆင်းရခြင်း (သို့မဟုတ်) အလုပ်ဆင်းချိန်ထက် ၅မိနစ်မှ၁၀မိနစ်အထိ တချို့အလုပ်များကို ပြန်ပြီးအစီရင်တင်ခံခြင်း စသည်များကိုလုပ်ဆောင်ကြရသည်။ နံနက်ပိုင်း အလုပ်ကို အချိန်ကိုမီအောင် စောလျင်စွာရောက်ရှိသော်လည်း အလုပ်ဆင်းချိန်အတိအကျပြန်ရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် အလုပ်ကိုစောလျင်စွာမဆင်းခြင်းသည် အလုပ်အပေါ်လေးစားမှုကိုပြသရာရောက်စေခြင်း (သို့မဟုတ်) အလုပ်ဆင်းချိန်ကို လျစ်လျူရှုပြီးအလုပ်ကြိုးစားနေကြတဲ့ လုပ်ဖော်ကိုင်ဖက်များကို လေးစားရာရောက်စေခြင်းကြောင့်ဟု ယူဆ၍မပြန်ကြပေ။
လုပ်ဖော်ကိုင်ဖက်များနှင့် အချိန်ပေးခြင်း
ဂျပန်နိုင်ငံတွင် အားလပ်ချိန်အများစုပင်လျှင် လုပ်ဖော်ကိုင်ဖက်များနှင့်သာ ကုန်ဆုံးကြသည်ကများသည်။ ကုမ္ပဏီ၏အစဉ်အလာပေါ်မူတည်ပြီး နေ့လည်စာများ၊ ညစာများစသဖြင့် ရွေးချယ်၍အတူတကွ စားသောက်ကြသည်။
နှောင်းပိုင်းခေတ်တွင် အလုပ်ချိန်များကို ပြောင်းလဲပြင်ဆင်ခြင်း
ဂျပန်နိုင်ငံ အလုပ်ချိန်များခြင်းကို ထိရောက်စွာလျှော့ချနိုင်ခြင်း ရှိနိုင်ပါမည်လား။ ထိုသို့ ဂျပန်နိုင်ငံကို အလုပ်လုပ်နိုင်ဆုံးသောနိုင်ငံအဖြစ် သတ်မှတ်ထားသော်လည်း ၎င်း၏ အပိုချိန်အလုပ်ချိန်များပြားခြင်းကြောင့် ကျန်းမားရေးနဲ့ စိတ်ဖိဆီးပြီး သေဆုံးမှုနှုန်းမြင့်မားခဲ့ကြသည်။ ထို့ကြောင့် ဂျပန်ကုမ္ပဏီ၏ပေါ်လစီသာမက အချို့လုပ်ငန်း ဓလေ့ထုံးစံကို ပြောင်းလဲစမ်းသပ်ကြသည်။ ဥပမာ ၂၀၁၉ခုနှစ်တွင် Microsoft Japan သည် ကျွမ်းကျင်လုပ်သားများကို တစ်ပတ်တွင် (၄)ရက်အလုပ်လုပ်ချိန်အဖြစ်သတ်မှတ်လိုက်သည်။ ထိုလုပ်ရိုးလုပ်စဉ်ကို တစ်လတိတိစမ်းသပ်ကြည့်လိုက်သည့်အခါ သာမန်အချိန်ပိုလုပ်ချိန်ထက် ထုတ်ကုန် (၄၀)ရာခိုင်နှုန်းတိုးမြှင့်နိုင်ခဲ့သည်။ ထို့ပြင် ကုန်ကျစာရိတ်တွေဖြစ်သည့် လျှပ်စစ်အသုံးစာရိတ် တွေကစလို့ အခြားသောကုန်ကျစာရိတ်များစွာကို သက်သာစေခဲ့သည်။ ဝန်ထမ်းများအနေဖြင့် အလုပ်နားချိန်ပိုမိုရရှိလာသည့်အတွက် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာကြောင်းတွေ့ရှိခဲ့ရသည်။
ဂျပန်ကုမ္ပဏီများအားလုံး တစ်ပတ်တွင် (၄)ရက် ကိုအလုပ်ချိန်အဖြစ်သတ်မှတ်ထားသည် မဟုတ်ကြပါ။ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားချိန်တွင် လုပ်ငန်းအများစုသည် ဝန်ထမ်းများကို မိမိတို့၏နေအိမ်မှာအလုပ်နိုင်သည့်နည်းလမ်းကို စမ်းသပ်ကျင့်သုံးခဲ့ကြသည်။ ထို့နောက် ရောဂါပြန့်ပွားမှုထိန်းချုပ်လာနိုင် သော်လည်း တချို့ကုမ္ပဏီအများစုသည် ထိုနည်းလမ်းကိုဆက်လက်ကျင့်သုံးဆဲဖြစ်ပါသည်။ ထိုနည်းလမ်းသည် ဝန်ထမ်းများကို နေအိမ်မှသက်တောင့်သက်သာ အလုပ်လုပ်စေနိုင်ရုံသာမကဘဲ ကုမ္ပဏီများဘက်မှလည်း အဆောက်အဦးအတွက် ကုန်ကျစာရိတ်များစွာကို သက်သာစေခဲ့ပါသည်။
သို့သော်လည်း ထုတ်ကုန် ရာခိုင်နှုန်း တိုးတက်လာခြင်း (သို့မဟုတ်) လျော့ကျလာခြင်းမှာ ၎င်းကုမ္ပဏီအပေါ်တွင်သာ မူတည်ကြပါသည်။ ထို့ကြောင့် ကုမ္ပဏီအများစုက ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ခြင်း (သို့မဟုတ်) မလုပ်ခြင်းကို ဆုံးဖြတ်ကြသည်။ ထိုသို့ မိမိနေအိမ်မှအလုပ်လုပ်ရသည့်အတွက် အလုပ်ချိန်မီအောင်ပြေးရခြင်း၊ အစည်းအဝေးပွဲများတက်ရခြင်းအစရှိသော စိတ်ဖိစီးခြင်းမှ ကင်ဝေးစေပြီး အချိန်ကုန်သက်သာစေသည်။
အကျဉ်းချုပ်
အထက်ပါအကြောင်းအရာများ ကိုလေ့လာခြင်းကြောင့် ဂျပန်နိုင်ငံတွင် တစ်ပတ်အတွင်းအလုပ်လုပ်ချိန်များကို အကျဉ်းချုံးသိရှိစေရန် မျှော်လင့်မိသည်။ နောက်ပိုင်းတွင် လူငယ်များသည် ယခင်လုပ်ရိုးလုပ်စဉ်ထက်ပို၍ ထုတ်ကုန်တိုးမြင့်နိုင်ပြီး အလုပ်ချိန်ကိုလျှော့ချလာနိုင်ခွင့်ပိုမိုရရှိကြနိုင်မည်ဖြစ်သည်။ ထို့ပြင်စာဖတ်သူတို့မှာလည်း ဂျပန်နိုင်ငံတွင် မိမိနှင့်သင့်လျော်သည့် အလုပ်ကိုရှာဖွေနိုင်မည်ဟု မျှော်လင့်မိပါသည်။