ဂျပန်နိုင်ငံက ပညာတော်သင် ကျောင်းသားတစ်ယောက်ရဲ့ နေထိုင်စာရိတ်

ဂျပန်မှာ ကျောင်းတက်ဖို့အတွက် နေထိုင်စာရိတ်၊ လူနေမှုပတ်ဝန်းကျင်၊ အချိန်ပိုင်းအလုပ် စတဲ့အရာတွေနဲ့ပတ်သက်ပြီးစိတ်သောက ရောက်ဖူးပါသလား။ ဒီအကြောင်းအရာတွေကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သူတွေအတွက် စိုးရိမ်ရတဲ့ အချက်တွေလို့ဆိုရင်လဲ မမှားပါဘူး။ ဒီအချက်တွေကို သေချာ သိထားမယ်ဆိုရင် ကြိုတင်ပြင်ဆင်သင့်တဲ့အရာတွေကို ပြင်ဆင်ပြီး အခက်အခဲ နည်းနည်း နဲ့ ဂျပန်မှာ ကျောင်းတက်နိုင်မှာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ Japan Student Service Organization (JASSO) မှ ဂျပန်နိုင်ငံမှာ ကိုယ်ပိုင် စာရိတ် နဲ့ ပညာတော်သင်နေတဲ့ ကျောင်းသားတွေကို ကောက်ယူထားတဲ့ စစ်တမ်းတွေကနေတဆင့် ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ အခက်အခဲတွေ့လေ့ရှိတဲ့ စားဝတ်နေရေးစာရိတ် နဲ့ပတ်သက်ပြီးဖော်ပြသွားပါ့မယ်။ 

မာတိကာ

ပညာတော်သင် အများစုက ဂျပန်နိုင်ငံရဲ့ ကုန်စျေးနှုန်း ကြီးမားမှုကြောင့် အခက်တွေ့ ။

စစ်တမ်းကိုဖြေဆိုတဲ့တဲ့ သူအများစုကတော့ တရုတ်လူမျိုး၊ ဗီယက်နမ်လူမျိုး၊ နီပေါလူမျိုး၊ ကိုးရီးယားလူမျိုး၊ အင်ဒိုနီးရှားလူမျိုး၊ မြန်မာလူမျိူး၊ မလေးရှားလူမျိူး၊ ထိုင်းလူမျိူး နှင့် တခြားနိုင်ငံမှလူမျိုးတွေ ပါဝင်ပါတယ်။ ပထမဆုံး ဂျပန်နိုင်ငံမှာ ပညာတော် သင်မယ့် သူတွေအနေနဲ့ဂျပန်နိုင်ငံကိုမလာခင် စိုးရိမ်တဲ့ အချက် နဲ့ပတ်သက်ပြီး အများဆုံးတွေ့ရတဲ့ အဖြေကတော့ ပေါင်းသင်းဆက်ဆံရေးနှင့် စာလေ့လာ နဲ့ အကြောင်းနဲံပတ်သက်ပြီး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်တဲ့ သူတွေအနေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးဖြစ်စေ၊ စာလေ့လာခြင်းနဲ့ ပတ်သပ်ပြီး ဖြစ်စေ စိုးရိမ်မှုရှိတာကတော့ သဘာဝပါ။ အဖြေတွေကိုဆက်ပြီးကြည့်ရင် တတိယနေရာမှာ မြင်တွေ့ရမှာကတော့ ‌ငွေရေးကြေးရေး အခြေအနေ ကလဲ ပညာတော်သင် ကျောင်းသားတွေ ကိုစိုးရိမ်ပူပန် စေနဲ့ အချက်တချက် ဖြစ်ပါတယ်။ ဒါ့အပြင် နာမကျန်းဖြစ်ခြင်းနှင့် သဘာဝ ဘေးအန္တာရယ် စိုးရိမ်ကြ တဲ့ အရာတွေကိုလဲ စိုးရိမ်ကြပါတယ်။ 

ဒါဆို တကယ် ဂျပန်နိုင်ငံကိုရောက်လာပြီး တကယ် လက်တွေ့ ဒုက္ခရောက်ခဲ့ကြတဲ့ အရာတွေကိုကြည့်လိုက်ကြရအောင်။ ပညာတော် သင်ကျောင်းသားအများစုဒုက္ခရောက်ခဲ့ကြတာကတော့ ဂျပန်နိုင်ငံရဲ့ ကုန်စျေးနှုန်းမြင့်မားမှုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေရေးကြေးရေးဒုက္ခရောက်ကြတဲ့ သူတွေ များကြပါတယ်။ ဒါဆို ဂျပန်နိုင်ငံမှာ‌‌ ကျောင်းတက်ဖို့အတွက် နေထိုင်မှုစာရိတ်က ဘယ်လောက် တောင်အ‌ရေးပါနေလဲဆိုတာ နားလည်မှာပါ၊ ဒါကြောင့် ဒီဆောင်းပါးမှာပါ ပညာတော် သင်ကျောင်းသားတစ်ယောက်ရဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုချဥ်းကပ်ကြည့်မှာပါ။ ငွေရေးကြေးရေး ဒုက္ခရောက်တယ် ဆိုတဲ့ အကြောင်းအရာမှာ တစ်ဦးချင်းစီအပေါ်လိုက်ပြီး ကွာခြားနိုင်တာမို့လို့ ဒီဆောင်းပါးမှာတော့ ပညာတော်သင် ကျောင်းသား ၇ထောင်ကျော်ရဲ့ အဖြေတွေကို အခြေခံ ပြီး ကိန်းဂဏန်းတွေနဲ့ တင်ပြသွားပါမယ်။ ကိန်းဂဏန်တွေကို လက်တွေ့သေချာ နားလည်အောင်လုပ်ပြီး ပညာတော်သင်မသွားခင်ပြင်ဆင်သင့်တဲ့ အရာနှင့် ပညာတော် သင် သွားပြီးနောက်မှာ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို ဒီ‌ဆောင်းပါးမှ တဆင့် ကိုးကားဖို့ အကြံပေးပါရစေ။တကယ်လို့ သင်ကိုယ်တိုင်လဲ နေထိုင်မှုစာရိတ်အပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ ဂျပန်စာလေ့လာဖို့အတွက်နဲ့ စိုးရိမ်မှူရှိနေတယ်ဆိုရင် တော့ Wexpats Guide ရဲ့ ပညာတော်သင် သွားရောက်ခြင်းနှင့် ဂျပန်စာလေ့လာခြင်း ဆိုတဲ့ Category ရဲ့ဆောင်းပါးတွေကိုဖတ်ဖို့အကြံပေး ပါရစေ။ ပညာတော်သင်ဆောင်းပါးရောဂျပန်စာလေ့လာတဲ့ဆောင်းပါးတွေရောကအတွေ့အကြုံတွေကိုအခြေခံပြီးရေးထားတဲ့ ဆောင်းပါးတွေဖြစ်လို့ အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။ 

ပညာတော်သင် ကျောင်းသားများရဲ့ ဝင်‌ငွေနှင့် ထွက်ငွေ 

ပညာတော် သင်ကျောင်းသားတယောက်ရဲ့ ဝင်ငွေလို့ပြောလိုက်ရင် အချိန်ပိုင်းအလုပ်နှင့် ပညာတော် သင်ထောက်ပံ့ကြေး‌ငွေ တို့ဖြစ်ပါတယ်။ ဒါဆို ဂျပန်နိုင်ငံမှာ ပညာတော် သင်နေတဲ့ သူတွေအနေနဲ့ အချိန်ပိုင်းအလုပ်ကနေ ဘယ်လောက် ဝင်ငွေရနိုင်မလဲဆိုတာနဲ့ ပညာတော် သင်ထောက်ပံ့ကြေးငွေက ဘယ်လောက်မျှော်လင့် လို့ရမလဲ ဆိုတဲ့အကြောင်းကို အရင်ဦးစွာဖော်ပြသွားမှာပါ။ 

အချိန်ပိုင်းအလုပ်မှရရှိနိုင်မယ့် ‌ငွေပမာဏ 

ပညာတော် သင်ကျောင်းသာ ၆၇ ရာခိုင်နှုန်းက အချိန်ပိုင်းအလုပ်ကို လုပ်ကြပါတယ်။ အချိန်ပိုင်းအလုပ်ကိုလဲ ဥပဒေအရ ကန့်သတ်ချက်ရှိပြီး မိမိစိတ်ကြိုက် အချိန်တွေမှာ လုပ်ပိုင်ခွင့်တွေမရှိပါဘူး။ အချိန်ပိုင်းအလုပ် လုပ်ကိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ 資格外活動 ဆိုတဲ့ ခွင့်ပြုချက်ကိုရယူဖို့လိုအပ်ပြီး ဒီခွင့်ပြုချက်မှာပါဝင်တဲ့ စည်းမျဥ်းစည်းကမ်းကို သေချာ လိုက်နာဖို့လိုအပ်ပါတယ်။ 

  • စာလေ့လာတဲ့အချိန်ကို လစ်ဟာမှု၊ ထိခိုက်မှုမရှိစေရ။
  • ကျောင်းတက်နေစဥ်အတွင်းနေထိုင်မှုစာရိတ်နှင့် ကျောင်းစာရိတ် ကာမိစေရန်ဖြစ်ပြီး အချိန်ပိုင်းအလုပ်မှရရှိတဲ့ ဝင်ငွေတွေကို မိမိနိုင်ငံသိုပြန်လည်ပို့ဆောင်ခြင်းနှင့် စုဆောင်းခြင်းမပြုရ။ 
  • တပတ်အတွင်းအချိန်ပိုင်းအလုပ်ချိန်ကို ၂၈ နာရီထက် မကျော်ရ။
  • လိင်အသားပေး ဖျော်ဖြေရေး လုပ်ငန်းများတွင် မလုပ်ကိုင်ရ။ 

ဂျပန်နိုင်ငံမှာနေထိုင်ပြီး ပညာတော် သင်နေတာမို့လို့ ဂျပန်နိုင်ငံရဲ့ ဥပဒေကို စနစ်တကျ လိုက်နာဖို့လိုအပ်ပါတယ်။ ပညာတော်သင်ကျောင်းသားအများစုကတော့ တစ်ပတ်မှာ နာရီ ၂၀ ကနေ ၂၅ နာရီအတွင်း အချိန်ပိုင်းအလုပ်လုပ်လေ့ရှိပါတယ်။ နောက်ပြီး အချိန်ပိုင်းအလုပ်ကနေ ရတဲ့ဝင်ငွေဆိုတာကလဲ တစ်ဦးချင်းစီအပေါမူတည်ပြီးကွာခြားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ‌တတော့ တစ်နာရီ အလုပ်အားခကတော့ ဒေသအပေါ်လိုက်ပြီးတော့ကွာခြားပါတယ်. နောက်ပြီး အလုပ်အကိုင်အမျိုးအစားအပေါ်မူတည်ပြီးတော့လဲ ကွာခြားမှုရှိနိုင်ပါတယ်။ ဒီစစ် တမ်းမှာတွေ့ရတဲ့ အချိန်ပိုင်းအလုပ်ရဲ့ တနာရီလုပ်အားလ ကိုကြည့်လိုက်မယ်ဆိုရင် ယန်း ၁၀၀၀ ကနေ ယန်း ၁၁၉၉ ကြားထဲ ရရှိတဲ့ ကျောင်းသားတွေများပြားပါတယ်။ အများဆုံး ၁၃၉၉ ယန်းအထိ ရရှိနိုင်ပေမယ့် စစ်တမ်းကနေ ကြည့်မယ်ဆိုရင် ၁၀ရာခိုင်နှုန်းကျော်ကျော် လောက်ပဲ ဒီလုပ်အားခ ကိုရရှိတာတွေ့ရမှာပါ။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဒေသအလိုက်အနိမ့်ဆုံးလုပ်အားခ ကို ဝင်ကြည့်နိုင်ပါတယ်။ ဒီအချက်အလက်အရဆိုရင် တိုကျိုမှာဆို ၁၀၇၁ ယန်းဖြစ်ပြီး၊ အိုဆာကာမှာဆို ၁၀၂၃ ယန်း၊ တစ်နိုင်ငံလုံးပျမ်းမျှအနေနဲ့ကြည့်မယ်ဆိုရင် ၉၆၁ ယန်းရှိတာတွေ့နိုင်မှာပါ။ ဒါကြောင့် ၁ပတ်ကို ၂၈ နာရီအများဆုံးအလုပ်လုပ်လုပ်မယ်ဆိုရင် အချိန်ပိုင်းအလုပ် ဝင်ငွေကို ယန်း ၁၀ သောင်း နီးပါးရရှိနိုင်မှာပါ။ အလုပ်အမျိုးအစားတွေအနေနဲ့ကတော့ စားသောက်ဆိုင် နှင့် Convenience Store တွေမှာ အများဆုံးအချိန်ပိုင်းအလုပ်လုပ်ကိုင်လေ့ရှိကြပါတယ်။ 

ပညာတော် သင်ထောက်ပံ့ကြေးငွေ 

အချိန်ပိုင်းအလုပ်အပြင် နောက်ထပ် ရရှိနိုင်မယ့် ဝင်ငွေကတော့ ပညာတော်သင်ထောက်ပံ့ကြေးငွေဖြစ်ပါတယ်။ ပညာတော် သင်ထောက်ပံ့ကြေးငွေကတော့ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိမိနေထိုင်စာရိတ်အတွက် အသုံးဝင်တဲ့အတွက်ကြောင့် ပညာတော် သင်ထောက်ပံ့ကြေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရှာဖွေပြီးလျှောက်ထားဖို့ အကြံပေးချင်ပါတယ်။ ဂျပန်နိုင်ငံ မှာရရှိနိုင်မယ့် ပညာတော် သင်ထောက်ပံ့ကြေးတွေနှင့် အချက်အလက်တွေအကြောင်းကို လဲ ဝင်ရောက်ဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ ဂျပန်ပြည်တွင်းမှာ လက်ရှိပညာသင်နေကြတဲ့ ကျောင်းသားတွေရဲ့ ၄၉ ရာခိုင်နှုန်းကျော်ကတော့ ပညာတော် သင်ထောက်ပံ့ကြေးငွေကိုရယူလျက်ရှိကြပါတယ်။ ပညာတော်သင် ထောက်ပံ့ကြေးရရှိမှုအခြေအနေကလဲ မိမိတက်‌ရောက်နေတဲ့ ကျောင်းအမျိုးအစားအပေါ်သက်ဆိုင်သလို၊ ရရှိတဲ့ ပညာတော်သင် ထောက်ပံ့မှုအမျိုးအစား၊ ပေးအပ်တဲ့ အဖွဲ့ အစည်းစတဲ့အရာတွေအပေါ်မူတည်ပြီး ရရှိနိုင်တဲ့ ငွေကြေးပမာဏ ကွာခြားနိုင်ပါတယ်။ ဒါကြောင့် အသေးစိတ် ကို အပေါ် မှာဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ ဖတ်ရှုဖို့ အကြံပေးလိုက်ပါတယ်။ ဝင်‌ငွေကိုအနှစ်ချုပ်လိုက်မယ်ဆိုရင် အနည်းဆုံး ၁၀သောင်းနီးပါးရရှိနိုင်မှာပါ။ ဒီပမာဏ ကတော့ အချိန်ပိုင်းအလုပ်ကို တပတ် ၂၈ နာရီနဲ့ ၁လ တလ တာ လုပ်မှရရှိနိုင်ပြီး အကယ်၍ မိမိ သွားရောက်တဲ့နေရာအပေါ်မူတည်ပြီးတော့ အတိုးအလျော့ရှိနိုင်ပါတယ်။ နောက်ပြီး ပညာတော်သင် ထောက်ပံ့ ကြေးငွေတွေ နဲ့ငွေ ရရှိခြင်းရှိမရှိအပေါ်မှာလဲ မူတည်ပါသေးတယ်။ စစ်တမ်းကနေ တွေ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ‌ဒေသအလိုက် ရရှိနိုင်မယ့် ဝင်ငွေ အခြေအနေကို ဖော်ပြရရင် ပုံထဲမှာပြထားတဲ့အတိုင်းတွေ့ရမှာ ဖြစ်ပြီး ဒီပုံထဲမှာတွေ့ရတဲ့ ဝင်ငွေအကုန်ုလုံးက အချိန်ပိုင်းအလုပ်ကနေ ရလာတဲ့ ဝင်ငွေတွေချည်း မဟုတ်ဘဲ အချိန်ပိုင်းအလုပ်ဝင်‌ငွေ၊ ပညာတော်သင်ထောက်ပံ့ကြေးငွေ၊ မိမိနိုင်ငံမှပို့ပေးသောငွေ များလဲပါဝင်နေပါတယ်။ 

တလတာထွက်ငွေများ

ဒါဆို တလတာထွက်ငွေတွေကိုကြည့်လိုက်ကြရအောင်။ တလတာ ထွက်ငွေတွေကလဲ မိမိနေထိုင်တဲ့နေဒေသအပေါ်မူတည်ပြီးတော့ ကွာခြားမှုရှိနိုင်ပါတယ်။ မြို့ကြီးတွေဘက်ရောက်လေ ကုန်စျေးနှုန်းနေထိုင်မှုစာရိတ်ကြီးလေဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ တိုကျိုမြို့ကတော့ ဂျပန်နိုင်ငံမှာကုန်စျေးနှုန်းနှင့်နေထိုင်စာရိတ်အကြီးဆုံးဖြစ်ပါတယ်။ နောက်ထပ် ဂျပန်နိုင်ငံရဲ့အနောက်ဘက်ဒေသဖြစ်တဲ့အိုဆာကာမြို့ တို့လို မြို့ကြီးတွေဆိုလဲ နေထိုင်စာရိတ်ကြီးပါတယ်။ ဒါကြောင့် မိမိသွားမယ့် ဒေသကိုလိုက်ပြီးလဲ ပြင်ဆင်ရမယ့် စာရိတ်ပမာဏ ကွားခြားနိုင်ပါတယ်၊ 

စားသောက်စာရိတ် 

တလတာ ဝင်ငွေ ထွက်စာရင်းထဲမှာရှောင်လွဲလို့မရတဲ့အရာကတော့ စားစရိတ်နဲ့ နေထိုင်စာရိတ်ဖြစ်ပါတယ်။စားစာရိတ်နှင့် အိမ်လခ ကိုတော့ တနိုင်ငံလုံးအတိုင်းအတာပျမ်းမျှအနေနဲ့ တွက်ထားတာဖြစ်ပြီး ဒေသအပေါ်လိုက်ပြီးကွာခြားနိုင်ပါတယ်။ ဥပမာ သင်က တလဝင်ငွေ ယန်း ၉ သောင်းကျော်ရရှိတယ်ဆိုပါတော့။ ရရှိတဲ့ဝင်ငွေ ပမာဏရဲ့ ၃ ပုံတစ်ပုံလောက်ကတော့ စားသောက်စားရိတ် ကုန်ကျမှာဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့အခြေခံစားသောက်ကုန်များစျေးနှုန်း 

ဂျပန်နိုင်ငံရဲ့ ‌ငွေကြေးယူနစ်ကတော့ ယန်းဖြစ်ပါတယ်။ ကာလပေါက်စျေးအပေါ်လိုက်ပြီးကွာခြားမှုရှိနိုင်ပေမယ့် ဂျပန်နိုင်ငံရဲ့ ၁ ယန်းက မြန်မာငွေ ၁၅ ကျပ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဂျပန်ယန်း ၁၀၀၀ ဆို မြန်မာငွေ ၁၅၀၀၀ ကျပ်နဲ့ညီမျှတယ်လို့ဆိုနိုင်ပါတယ်။ 

ဒါဆို ဂျပန်နိုင်ငံရဲ့ အခြေခံကုန်ပစ္စည်း စျေးနှုန်းအခြေအနေ တွေကိုကြည့်လိုက်ကြရအောင်။ 

ဆန် (၅ကီလိုဂရမ်)

၁၉၇၂ ယန်း 

ပေါင်မုန့် (၁ကီလိုဂရမ်)

၄၇၉ ယန်း 

နွားနို့ (၁၀၀၀ မီလီလီတာ)

၂၁၂ ယန်း 

ကြက်သား (၁၀တုံး)

၂၂၇ ယန်း 

ပန်းသီး (၁ကီလိုဂရမ်)

၈၄၇ ယန်း 

‌ဂေါ်ဖီထုပ် (၁ကီလိုဂရမ်)

၁၄၆ ယန်း 

ဟမ်ဘာကာ (၁ကီလိုဂရမ်)

၂၁၄ ယန်း 

သန့်စင်ခန်းသုံး တစ်ရှူး

၆၉၅ ယန်း 

တက္ကစီ (၄ကီလိုမီတာ)

၁၅၁၉ ယန်း 

ကိုးကား-政府の統計総合窓口(小売物価統計調査:2022年8月)

ဒီစျေးနှုန်းတွေကတော့ ပျမ်းမျှစျေးနှုန်းတွေဖြစ်ပြီး နေရာဒေသ အပေါ် မူတည်ပြီးတော့ ကွားခြားနိုင်ချေရှိပါတယ်။ နောက်ပြီး ကုန်စျေးနှုန်းအတက်အကျအပေါ်မူတည်ပြီးတော့ အနည်းငယ်ပြောင်းလဲမှုလဲရှိနိုင်ပါတယ်။ 

နေထိုင်စာရိတ် 

 အိမ်စာရိတ်ကတော့ ပျမ်းမျှ ယန်း ၃၉၀၀၀ လောက်ကျသင့်ပါတယ်။ အိမ်စာရိတ်ကတော့‌မိမိနေထိုင်တဲ့ဒေသ၊ နေထိုင်တဲ့ နေရာအမျိုးအစား ဥပမာ အဆောင်၊ တိုက်ခန်း စတဲ့အရာတွေအပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒေသအလိုက် အိမ်လခတွေကိုကြည့်လိုက်ရင် တိုကျိုက စျေးအကြီးဆုံးဖြစ်ပြီးပျမ်းမျှအားဖြင့် ယန်း ၅သောင်းလောက်ကျသင့်ပါတယ်။ အိမ်စရိတ်လဲ မြို့ကြီးတွေဘက်ရောက်လေ ပိုပြီးစျေးကြီးလေဖြစ်ပါတယ်။ အဆောင်နှင့်ကျောင်း နှစ်မျိူးမှာတော့ အဆောင် ဆိုရင် ပိုပြီးကုန်ကျစာရိတ်သက်သာပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေလဲ ကိုယ်တိုင်ဝယ်စရာမလိုတဲ့အချက်တွေကတော့ အားသာချက်ဖြစ်ပါတယ်။အားနည်းချက်တွေကတော့ ကျောင်းတိုင်က အခန်းအရေအတွက်အကန့်အသတ်ရှိနိုင်သောကြောင့် အဆောင်ဝင်လို့ရမရမသေချာနိုင်ခြင်းနှင့် အဆောင်စည်းမျဥ်စည်းကမ်းများရှိခြင်းနှင့် အဆောင်အပေါ်မူတည်ပြီးတော့ မီးဖိုချောင် သန့်စင်ခန့း တို့ကို ဘုံသုံးရတဲ့ အဆောင်တွေလဲရှိတတ်ပါတယ်။ တိုက်ခန်းဆိုရင်တော့ မီးဖိုချောင်၊သန့်စင်ခန်း တို့ကို တစ်ကိုယ်တည်းသုံးနိုင်မျာဖြစ်ပြီး လွှတ်လပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆောင်ထက်ပိုပြီးစျေးကြီးမှာဖြစ်ပြီး စာချူပ်စာတမ်းစတဲ့ လူပ်ထုံးတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကိုလဲ မိမိဘာသာဝယ်ရမှာဖြစ်ပါတယ်။ 

အိမ်‌ရွေးတဲ့အချိန် သတိထားရမယ့် အချက်များ

ကျောင်းသားတော်တော်များများကတော့ ပုဂ္ဂလိကတိုက်ခန်းတွေမှာနေထိုင်တဲ့သူတွေများပါတယ်။နောက်ပြီး အဆောင်မှာနေတဲ့သူတွေလဲများပါတယ်။ တကယ်လို့ ဂျပန်ကိုစစရောက်ကတည်းက တိုက်ခန်းငှားနေမယိဆိုရင် သတိထားရမယ့်အချက်က ကနဦးကုန်ကျစာရိတ်ငွေဖြစ်ပါတယ်။ ကနဦးကုန်ကျစရိတ်ကလဲ အိမ်အပေါ် မူတည်ပြီး အမျိုမျိုးရှိနိုင်တာမို့ ဒီစာရိတ်အတွက်ပါထည့်တွက်ထားဖို့ လိုအပ်ပါတယ်။ နောက်တချက်ကတော့ ကျောင်းနဲ့အကွာအဝေး ကိုလဲကြည့်ဖို့လိုအပ်ပါတယ်။ ကျောင်းနဲ့ နီးလေ သွားလာ စာရိတ်ကုန်ကျသက်သာလေ့မို့လို့ ကား၊ရထားခ ချွေတာနိုင်ပါတယ်။ တတိယအချက်ကတော့နေထိုင်မယ့် နေရာရဲ့နီးနားတဝိုက်မှာ အဆင်ပြေမှုရှိမရှိဖြစ်ပါတယ်။စူပါးမားကတ်တွေစတဲ့ နေရာတွေရှိရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ဒီလိုနေရာတွေရှိရင်နေထိုင်ဖို့ပိုပြီးအဆင်ပြေမှာပါ။ ကျောင်းသားတွေရဲ့အဖြေတွေကိုကြည့်ရရင်လဲ ဒီ ၃ ချက်ကို အဓိကကြည့်ပြီး နေထိုင်မယ့် အိမ်ကိုရှာဖွေကြတာတွေ့ရမှာပါ။ 

အထွေထွေအသုံးစာရိတ်နဲ့ အာမခံကြေးများ

အိမ်လခ၊စားသောက်စာရိတ်အပြင် နောက်ထပ် ကုန်ကျမယ့်စာရိတ်တွေကတော့ ရေဖိုး၊ မီးဖိုး၊ ဂစ်စ် ဖိုးတို့ဖြစ်ပါတယ်။ ဒီလိုလျှပ်စစ်မီးဖိုးတွေကတော့ မိမိသုံးရင်သုံးသလောက်ကျသင့်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ကျန်းမာရေးအာမခံ ကိုလဲ မဖြစ်မနေ ဆောင်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးအာမခံကတော့ ရုတ်တရက်နေမကောင်းဖြစ်ရင် ၃၀ ရာခိုင်နှုန်းသာဆောင်စရာလိုပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ကျန်းမာရေးအာမခံဘက်က ပေးပါတယ်။ ဒါကြောင့် မတော်တဆ ကျန်းမာရေးအခြေအနေမကောင်းရင် ကုန်ကျစာရိတ်သက်သာပြီး စိတ်လဲချရပါတယ်။ 

ကျောင်းသားတွေရဲ့ ဂျပန်နိုင်ငံမှာပညာသင်ကြားခြင်းအပေါ်အမြင်များ 

ကျောင်းသားတွေအနေနဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး တော်တော်အခက်အခဲ တွေ့တဲ့သူတွေများတယ်ဆိုတာ အချက်အလက်တွေ့အရ တွေ့ရပြီးဖြစ်ပါတယ်။ ကုန်စျေးနှုန်း၊ အိမ်လခ၊ ကျောင်းစာရိတ် စတဲ့အရာတွေနဲ့ လုံးပန်းနေရတဲ့ ပညာတော်သင်ဘဝ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကို ပိုက်ဆံရှာပြီးတက်တဲ့ သူရှိသလို အိမ်ကနေ ကျောင်းလခ၊ စားစာရိတ် ပို့ပေးတဲ့ ကျောင်းသားတွေလဲရှိနိုင်ပါတယ်။ဘယ်လိုအခြေအနေ ပင်ဖြစ်ပါစေအရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဥ်လိုက်ရင်  ဂျပန်နိုင်ငံမှာတော့ နေထိုင်စာရိတ်၊ စားစာရိတ် အစစအရာရာ စျေးကြီးပါတယ်။ ဒါဆို ဂျပန်နိုင်ငံမှာ ပညာသင်လာရတာ ကျောင်းသားတွေအတွက်ရော ဂျပန်နိုင်ငံမှာ ပညာသင်ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ဘယ်လိုမြင်နေကြသလဲ။ စစ်တမ်းရလာဒ်ကိုကြည့်လိုက်ရရင်တော့ ဂျပန်နိုင်ငံမှာ ပညာသင်ရတဲ့ အတွေ့အကြုံ က ကောင်းမွန်ခဲ့တယ်လို့ ဖြေဆိုခဲ့တဲ့ သူအရေအတွက်က အပြတ်အသတ်ကိုများနေခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ၉၅.၄၅ရာခိုင်းနှုန်းသော ကျောင်းသားတွေက ကောင်းတဲ့ မှတ်ချက်ကိုပေးခဲ့ကြပါတယ်။ ဒီလို ပင်ပန်းမှုတွေနဲ့ အတူ ဂျပန်နိုင်ငံမှာ ကျောင်းတက်တဲ့အတွေ့အကြုံကကောင်းတယ်လို့ ထင်စေခဲ့တဲ့ အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ။ စစ်တမ်းကနေ ရရှိခဲ့တဲ့ အဖြေတွေအပြင် ကိုယ်ပိုင်အတွေ့အကြုံကို မျှဝေရင်းဖော်ပြသွားပါ့မယ်။ 

ဂျပန်ဘာသာစကား သင်ယူနိုင်ခြင်း

ဒီအဖြေကတော့ ကျောင်းသား ၆၂ ရာခိုင်နှုန်းကျော်ကဖြေဆိုခဲ့ကြပါတယ်။ အမှန်တကယ်လဲ ဘာသာစကားကိုသင်ယူတော့မယ်ဆိုရင် ကိုယ်သင်ယူမယ့် ဘာသာစကားပြောတဲ့နိုင်ငံမှာသင်ယူတာက အကျိုးထိရောက်မှုအရှိဆုံးဆိုတာ ပြောစရာကိုလိုမယ်မထင်ပါဘူး။ ဂျပန်နိုင်ငံမှာနေထိုင်ရင်းနဲ့ ဂျပန်ယဥ်ကျေးမှု၊ လူနေမှု ဘဝ ကိုထိတွေ့ရင်း ဂျပန်စာ သင်ရတာက ဂျပန်လေ့လာရတာ ဝါသနာပါတဲ့သူတွေအဖို့ကတော့လုံးဝကောင်းမွန်တဲ့အတွေ့အကြုံ ဖြစ်ပါတယ်။ 

နိုင်ငံတကာ အတွေးအမြင်တွေနဲ့ အတွေ့အကြုံအသစ်တွေရရှိနိုင်ခြင်း

ဒီအချက်ကလဲ နိုင်ငံခြားရပ်မှာ ပညာသင်နေတဲ့သူတွေအတွက် လုံးဝကို ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာက ကျောင်းသားတွေစုံစည်းရာဖြစ်လို့ အတွေးအမြင်တွေ ကျယ်ပြန့်လာနိုင်ပြီး ကိုယ်ကိုတိုင်လဲ ပိုပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။ 

အဆင့်အတန်းမြင့်မားတဲ့ ပညာရေး

ဂျပန်နိုင်ငံက ပညာရေးကိုအလေးထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး ပညာရေးအဆင့်အတန်းကလဲ မြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ကြည့်လိုက်မယ်ဆိုရင် နိုင်ငံခြားရပ်မှာပညာတော်သင်ဖို့ရွေးတော့မယ် ဆိုရင်ဂျပန်က ကောင်းမွန်တဲ့ နိုင်ငံ တနိုင်ငံ လို့ဆိုရမှာပါ၊

ဒီ၃ ချက်တွေကတော့ ကျောင်းသားတွေအများဆုံးဖြေဆိုခဲ့ကြတဲ့ အချက်‌ ၃ချက်ဖြစ်ပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံမှာ ပညာသင်ယူတဲ့သူတွေအနေနဲ့ တွေ့ကြုံရတဲ့ စားဝတ်နေ‌ရေးစာရိတ်နဲ့ပတ်သက်ပြီးအသေးစိတ်ကို ဖော်ပြခဲ့ပါတယ်။ နေထိုင်မှုစာရိတ်က နိုင်ငံခြားရပ်မှာပညာသင်တဲ့အချိန်မှာ တော်တော် အရေးပါတဲ့အချက်တချက်ဖြစ်တာမို့ ဂျပန်ကိုမသွားခင်ကတည်းက သေချာစဥ်းစားပြီး ပြင်ဆင့်သင့်ပါတယ်။ ဂျပန်ပညာတော်သင် ခရီးစဥ် အတွက် ဒီဆောင်းပါးက ထောင့်တစ်နေရာကနေ အကျိုးပြုမယ် ထင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ပညာသင်/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ ဂျပန်နိုင်ငံက ပညာတော်သင် ကျောင်းသားတစ်ယောက်ရဲ့ နေထိုင်စာရိတ်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ