ဂျပန်မှာနေထိုင်၊ အလုပ်လုပ်ကိုင်မယ်ဆိုရင် မဖြစ်မနေသိရမည့် အခွန်များ(Japanese income tax, resident tax, pension)

 အချိန်ပိုင်းအလုပ်ပဲ ဖြစ်ဖြစ်၊ အမြဲတမ်းအလုပ်ပဲ ဖြစ်ဖြစ် လုပ်ကိုင်ပြီဆိုရင် အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ ဂျပန်မှာကျောင်းပြီးအလုပ်ဝင်တော့မယ်ဆိုရင်ဖြစ်စေ၊ မြန်မာပြည်ကနေ အလုပ်ဗီဇာဖြင့် လာမယ်ဆိုရင်တော့ အခွန်ပေးဆောင်ဆောင်ရပါမယ်။ ဒါကြောင့် အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်မယ်ဆိုရင် မဖြစ်မနေပေးဆောင်ရမယ့် အခွန်တွေကတော့ ကျန်းမာရေးအာမခံ၊ လူမှုဖူလုံရေးအာမခံ(ပင်စင်ခွန်)၊ ဝင်ငွေခွန်၊ အလုပ်အာမခံ၊ ရပ်ကွက်နေထိုင်ခွန် စသည်တို့ပဲဖြစ်ပါတယ်။ မြန်မာပြည်တဲ့ အခွန်ကောက်တဲ့ ပုံစံနှင့် စနစ်မတူတဲ့ အတွက်ကြောင့်မို့လို့ ဂျပန်နိုင်ငံရဲ့ အခွန်ပုံစံ ကို သေချာနားလည်ထားဖို့ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ အခွန်အကြောင်းကို စနစ်တကျနားလည်သွားဖို့ ရှင်းပြသွားပါ့မယ်။ 

မာတိကာ 

ဂျပန်မှာတွေ့နိုင်တဲ့ အခွန်အမျိုးအစားခွဲခြားပုံ။

ဒီအပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့ အခွန်အမျိုးအစားခွဲခြားပုံအကြောင်းကို ဖော်ပြသွားပါ့မယ်။ ဂျပန်နိုင်ငံမှာ တော့ အခွန်အမျိုးအစားပေါင်း စုစုပေါင်း ၅၀ ခန့်ရှိပါတယ်။ ဒီ အခွန်အမျိုးအစားတွေကိုထပ်ပြီးတော့ ပြန်ခွဲရရင် ဘယ်နေရာကိုဆောင်တာလဲ၊ ဘယ်လိုကောက်ခံတာလဲ၊နှင့် ဘာအတွက်ဆောင်တာလဲ ဆိုတဲ့ ၃ ချက်အပေါ်မူတည်ပြီးတော့ ခွဲခြားနိုင်ပါတယ်။

ဘယ်နေရာကို‌ဆောင်ရတာလဲ။ (納付先)

ဒီအပိုင်းကိုတော့ ထပ်ပြီး ၂ မျိုးခွဲနိုင်ပါတယ်။ ဒီ ၂မျိုးကတော့ နိုင်ငံတော် ကိုဆောင်ရတဲ့ အခွန်နဲ့ ဒေသတွင်းဆောင်ရတဲ့ အခွန်ဖြစ်ပါတယ်။ 

  • နိုင်ငံတော် အခွန် (国税) ဆိုတာကတော့ နိုင်ငံတောဆောင်ရတဲ့ အခွန်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံရဲ့ ကိစ္စအဝဝ နဲ့ပတ်သက်ပြီးတော့ အသုံးပြုရတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီအခွန်တွေကိုတော့ နိုင်ငံတော်ကာကွယ်ရေး၊ လူမှုဖူလုံရေးနှင့် အာကာသတီထွင်ရေးလုပ်ငန်း အစသဖြင့် အသုံးပြုပါတယ်။ ဒါ့အပြင် နိုင်ငံတော် အခွန်ကိုတော့ သဘာဝဘေးအန္တာရာယ် ကျရောက်တဲ့ အချိန် ပြန်လည်တည်ဖောင်ရေးအတွက်လဲ အသုံးပြုလေ့ရှိကြပါတယ်။ 

  • ဒေသတွင်းအခွန် (地方税) ကတော့ ‌‌ခရိုင်နှင့် ဒေသတွင်း အုပ်ချုပ်ရေးဌာနတွေကိုပေးဆောင်ရတဲ့ အခွန်အမျိုးအစားဖြစ်ပါတယ်။ ဒီအခွန်တွေကတော့ ဒီဒေသမှာ နေထိုင်လျက်ရှိတဲ့ ‌သူတွေရဲ့ နေထိုင်မှုဘဝတိုးတက်ဖို့အတွက် အဓိက အသုံးပြုလေ့ရှိပါတယ်။ 

ဘယ်လိုဆောင်ရတလဲ။ (徴収方法)

အခွန်ဆောင်ရတဲ့ နည်းလမ်း ကတော့ ၂ မျိုးရှိပါတယ်။ တိုက်ရိုက်ဆောင်တဲ့ နည်းနဲ့ သွယ်ဝိုက်ဆောင်တဲ့ နည်းဆိုတဲ့ ၂မျိုးဖြစ်ပါတယ်။ 

  • တိုက်ရိုက်အခွန် (直接税) - ဆိုတာကတော့ မဖြစ်မနေ ဆောင်ဖို့အတွက် တာဝန်တရပ်အနေနဲ့ သတ်မှတ်ထားတဲ့ အခွန်တွေဖြစ်ပါတယ်။ ဒီလိုအခွန်တွေကတော့ တိုက်ရိုက် မိမိရဲ့ လစာကနေ တိုက်ရိုက်ဖြတ်ပါတယ်။
  • သွယ်ဝိုက်အခွန် (間接税) - ဆိုတာကတော့ ဝယ်သူနဲ့ ရောင်းသူ နှစ်ဦးရှိပြီး ဝယ်သူဘက်ကတော့ အခွန်ဆောင်ရမယ့်ပစ္စည်းတွေကို ဝယ်တဲ့ အခါမှာ ဝယ်တဲ့ သူဘက်ကနေ မဟုတ်ဘဲ ရောင်းတဲ့ သူဘက်ကနေပြီးတော့ အခွန်ဆောင်တဲ့ စနစ်မျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဥပမာ စားသုံးခွန်တို့၊ အရက်ခွန်တို့ဖြစ်ပါတယ်။ 

ဘာအတွက်ဆောင်ရတာလဲ (課税対象)

နောက်ဆုံးတစ်ခုကတော့ ဘာကြောင့်ဆောင်ရတာလဲ အချက်ဖြစ်ပြီး တစ်နည်းအားဖြင့် အခွန်ဆောင်ဖို့အတွက်အကျုံးဝင်တဲ့ အချက်နဲ့ ကိုက်ညီတဲ့ အချိန်မှာဆောင်ရတဲ့ အခွန်ဖြစ်ပါတယ်။ ဒီလိုအခွန်တွေမှာတော့ ဝင်ငွေအခွန်၊ အမွေ၊ပိုင်ဆိုင်မှုအခွန်၊ စား‌သောက်ကုန်အခွန် တို့ဖြစ်ပါတယ်။ 

  • ဝင်ငွေအခွန် (所得課税) ဒီအခွန်ကတော့ တစ်ဦးတစ်ယောက်ရဲ့ ဝင်ငွေ ပမာဏ‌အပေါ်မူတည်ပြီး ကောက်ခံတဲ့ အခွန်ဖြစ်ပါတယ်။ 

  • အမွေ၊ပိုင်ဆိုင်မှုအခွန်(資産課税) အခွန်ကတော့ တစ်ဦးတ‌ယောက်ရဲ့ အမွေနှင့် ပိုင်ဆိုင်မှုနဲ့ ဆက်စပ်ပြီး ကောက်တဲ့ အခွန်ဖြစ်ပါတယ်။ 

  • စား‌သောက်ကုန်အခွန်(消費課税) ကတော့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေ ရယူတဲ့ အချိန်မှာ ဆောင်ရတဲ့ အခွန်ဖြစ်ပါတယ်။ 

ကိုးကား - ဘဏ္ဍာရေးဝန်ကြီးဌာန -  税の種類に関する資料

ဂျပန်နိုင်ငံရဲ့ အခွန် အမျိုးအစားများ။

ဒါဆို ခွဲခြားနည်း ၃နည်းကိုပြောပြီးပြီ ဆိုတော့ ဒီ ၃ မျိုးအောက်မှာတွေ့ရတဲ့ အခွန်အမျိုးအစားတွေကိုဆက်ကြည့်လိုက်ရအောင်။ စုစုပေါင်း အမျိုးအစား ၅၀ ခန့်ရှိပြီး ဒီထဲမှာတော့ မကြားဖူးသေးတဲ့ အခွန် အမျိုးအစားတွေလဲ ပါဝင်နိုင်ပါတယ်။ 

ဝင်ငွေနှင့်ပတ်သက်တဲ့ အခွန် (所得課税)

ဝင်ငွေ နဲ့ ပတ်သက်တဲ့ အခွန်ထဲမှာတော့ ‌ဝင်ငွေ အခွန်၊ ကွန်အော်ပရေးရှင်းအခွန်၊ နှင့် နေထိုင်အခွန်တို့ပါဝင်ပါတယ်။။

နိုင်ငံတော်အခွန်

ဝင်ငွေနဲ့ ပတ်သက်တဲ့ အခွန်တွေထဲမှာ ‌အောက်ပါ အခွန် ‌တွေပါပါတယ်။ 

  • ဝင်ငွေအခွန် (所得税)

  • ကွန်အော်ပရေးရှင်း အခွန် (法人税)

  • ဒေသတွင်းကွန်အော်ပရေးရှင်းအခွန် (地方法人税)

  • အထူးစီးပွားရေးလုပ်ငန်းအခွန် (特別法人事業税)

  • အထူးပြန်လည်ထူထောင်ရေးလုပ်ငန်းအခွန် (復興特別所得税)

အထူးပြန်လည်ထူထောင်ရေးလုပ်ငန်းအခွန် (復興特別所得税) ကတော့ ဂျပန်နိုင်ငံ Tohokuဒေသမှာ မတ်လ ၂၀၁၁ ခုနှစ်မှု လှုပ်ခဲ့တဲ့ ငလျင်ဖြစ်ပြီးတဲ့ အနောက်မှာ စတင်ခဲ့တဲ့ အခွန်အမျိုးအစားဖြစ်ပါတယ်။ ဒီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်ပိုက်ဆံတွေ အများကြီးလိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရကနေပြီးတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေပြီးတော့ ၂၀၃၇ ခုနှစ် ဒီဇင်ဘာလအထိ ပြန်လည်ထူထောင်ရေးအတွက် အသုံးချဖို့အတွက် အခွန်ကို ဝာာဝန်တရပ်အနေနဲ့ ပေးဆောင်ဖို့ သတ်မှတ်လိုက်ပါတယ်။ ဝင်ငွ အခွန် တိုးလာပေမယ့် ဒီအခွန်တွေ ကိုတော့ Tohokuဒေသမှာရှိတဲ့ သူတွေကိုတိုက်ရိုက် အသုံးချခဲ့တာဖြစ်ပါတယ်။ 

ဒေသတွင်းအခွန် 

ဒီအမျိုးအစားထဲမှာတော့ အောက်ပါ နှစ်မျိုးပါဝင်ပါတယ်။ 

  • နေထိုင်အခွန် (住民税)
  • လုပ်ငန်းအခွန် (事業税) 

 နေထိုင်ခွန်ကတော့ မိမိ၏ဝင်ငွပမာဏဖြင့် တွက်ချက်ပြီးပေးဆောင်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ရဲ့ လသာအပေါ်မူတည်ပြီးပေးဆောင်ရပြီး အများအားဖြင့် အလုပ်လုပ်တဲ့ ပထမနှစ်မှာတော့ ပေးဆောင်စရာမလိုအပ်ပါဘူး။ အလုပ်လုပ်တဲ့ ဒုတိယနှစ်ကနေစပြီး မိမိလစာကနေ အလိုအ‌လျှောက်ဖြတ်မှာဖြစ်ပါတယ်။ 

အမွေ၊ပိုင်ဆိုင်မှုအခွန်(資産課税)

အမွေ၊ပိုင်ဆိုင်မှုအခွန်မှာတော့ အမွေ ပိုင်ဆိုင်မှုဦ အိမ်ခြံမြေ နဲ့ ပတ်သက်တဲ့ အခွန်တွေပါဝင်ပါတယ်။ 

နိုင်ငံတော် အခွန် 

နိုင်ငံတော် အခွန်မှာတော့ အောက်ပါ အခွန်တွေပါဝင်ပါတယ်။ 

  • အမွေ နှင့်လက်ဆောင်အခွန်။ (相続税・贈与税)

  • လိုင်စင်မှတ်ပုံတင်အခွန် (登録免許税)

  • တံဆိတ်ခေါင်းအခွန် (印紙税)

အမွေ နှင့်လက်ဆောင်အခွန် ဆိုတာကတော့ တစ်ယောက်ယောက်ဆီကနေ လက်ဆောင်သို့မဟုတ် အမွေရတဲ့ အချိန်မှာ ‌ဖြစ်ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုချင်းစီက ကွာခြားပါတယ်။ ‌အမွေကတော့ ဆုံးသွားတဲ့ သူဆီကနေ ရရှိပြီး လက်ဆောင်ဆိုတာကတော့ အသက်ရှင်နေတဲ့ သူဆီကနေ ရရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။ လက်ဆောင်အခွန်ကတော့ သတ်မှတ်ထားတဲ့ ပမာဏနှင့် ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ ကောက်ခံပါတယ်။ လိုင်စင်မှတ်ပုံတင်အခွန် ကတော့ အိမ်ခြံမြေ အစသဖြင့် ပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်တဲ့ အချိန်မှာ ပေးဆောင်ရတဲ့ အခွန်ဖြစ်ပြီး တံဆိတ်ခေါင်းအခွန်‌ကတော့ စာချုပ်တွချုပ်ဆိုတဲ့ အချိန်မှာ ကောက်ခံပါတယ်။ 

ဒေသ အခွန်

ဒေသ အခွန်အမျိးအစားထဲမှာတော့ အောက်ပါ အခွန်တွေ ပါဝင်ပါတယ်။ 

  • အိမ်ခြံမြေအခွန် (不動産取得税)

  • ပိုင်ဆိုင်မှု အခွန် (固定資産税)

  • သီးသန့်မြေပိုင်ဆိုင်မှု အခွန် (別土地保有税)

  • သတ်မှတ်ချက်ပြင်ပ ပုံမှန်အခွန် (法定外普通税)

  • လုပ်ငန်းအခွန် (事業所税)

  • မြို့ပြစီမံကိန်းအခွန် (都市計画税)

  • ရေမြေ အကျိုးအမြတ်အခွန် (水利地益税)

  • အများပြည်သူပိုင်အဆောက်အအုံအခွန် (共同施設税)

  • အိမ်ရာစီမံကိန်း အခွန် (宅地開発税 )

  • ကျန်းမာရေးအာမခံ အခွန် (国民健康保険税)

  • သတ်မှတ်ချက်ပြင်ပ အထူးခွန် (法定外目的税)

ကျန်းမာရေးအာမခံသည် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ စက်ရုံများတွင် အမြဲတမ်းဝန်ထမ်း၊ စာချုပ်ဝန်ထမ်း၊ အချိန်ပိုင်းနာရီ ၃၀ နှင့် အထက် အလုပ်လုပ်သူများ မဖြစ်မနေပေးဆောင်မည်ဖြစ်ပြီး၊ အလုပ်လုပ်သောလူများ၏ ထိခိုက်မှု၊ ဖျားနာမှု၊ အမျိုးသမီးများဖြစ်ပါက ကလေးမွေးဖွားခြင်း စသည့်ကျန်းမာရေးကုန်ကျစရိတ်များတွင် ၇၀% ခန့် သက်သာနိုင်မည်ဖြစ်တယ်။ ထိုကျန်းမာရေးအာမခံကို အချိန်ရှည်အလုပ်လုပ်မည့်သူတိုင်း မဖြစ်မနေပေးဆောင်ရပါမယ်။ ထိုကျန်းမာရေးအာမခံအခွန်ငွေသည် မိမိ၏ဝင်ငွေအပေါ်လိုက်၍ သတ်မှတ်ခြင်းဖြစ်ပြီး မိမိကတဝက်ဆောင်ရမည်ဖြစ်ပြီး၊ ကုမ္ပဏီဘက်မှ တဝက်ဆောင်ပေးတတ်သည်မှာ ပုံမှန်ဖြစ်ပါတယ်။

စား‌သောက်ကုန်အခွန်(消費課税)

ပုံမှန်စားသောက်ကုန်အခွန်အပြင် ဆေးလိပ်နှင့် အရက်တွေ ဝယ်တဲ့ အချိန်မှာလဲ အခွန်ကျသင့်ပါတယ်။ 

နိုင်ငံတော်အခွန် 

နိုင်ငံတော် အခွန်အမျိုးအစားထဲမှာတော့ အောက်ပါ အမျိုးအစားတွေပါဝင်ပါတယ်။

  • စားသောက်ကုန်အခွန် (消費税)

  • အရက်အခွန် (酒税)

  • ဆေးလိပ်အခွန် (たばこ税)

  • ဆေးလိပ်အထူးအခွန် (たばこ特別税)

  • ရေနံဆီအခွန် (揮発油税)

  • ဒေသ တွင်းရေနံတူးအခွန် (地方揮発油税)

  • ဓာတ်ငွေ့ အခွန် (石油ガス税)

  • လေယာဥ်ဆီအခွန် (航空機燃料税)

  • ကျောက်မီးသွေးအခွန် (石油石炭税)

  • လျှပ်စစ်တီထွင်ရေးအခွန် 電源開発促進税)

  • မော်တော်ကားအခွန် (自動車重量税)

  • နိုင်ငံခြားသားခရီးသွားအခွန် (国際観光旅客税)

  • ကုန်တင်သွင်းအခွန် (関税)

  • ကုန်ချိန်အခွန် (とん税)

  • အထူးကုန်ချိန် တန်ခွန် (特別とん税)

ဒေသတွင်းအခွန်များ 

  • ဒေသတွင်းစားသောက်ကုန်အခွန် (地方消費税)

  • ဒေသတွင်း ဆေးလိပ်အခွန် (地方たばこ税)

  • ဂေါက်ရိုက်ကွင်းအခွန် (ゴルフ場利用税 )

  • ဓာတ်ငွေ့ရောင်းဝယ်‌ရေးအခွန် (軽油引取税 )

  • မော်တော်ကားအခွန် (自動車税(環境性能割・種別割))

  • အသေးစားမော််တော်ကားအခွန် (軽自動車税(環境性能割・種別割))

  • မိုင်းအခွန် (鉱区税)

  • အမဲလိုက်အခွန် (狩猟税)

  • တွင်းထွက်အခွန် (鉱産税)

  • ရေပူစမ်းအခွန် (入湯税 )

အကျဥ်းချုပ်။

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ အခွန်နဲ့ ပတ်သက်ပြီးခွဲခြားပုံနှင့် အမျိုးအစားတွေကိုဖော်ပြခဲ့ပါတယ်။ အခွန် အလိုက် ရည်ရွယ်ချက်တွေကိုပါဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အခွန်စနစ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ နားလည်မယ်လို့မျှော်လင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နေထိုင်မှုဘဝတွင်လိုအပ်သောကုန်ကျစရိတ်/ ဂျပန်မှာနေထိုင်၊ အလုပ်လုပ်ကိုင်မယ်ဆိုရင် မဖြစ်မနေသိရမည့် အခွန်များ(Japanese income tax, resident tax, pension)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ