ဂျပန်နိုင်ငံ၏လူကြိုက်အများတဲ့အစားအစာများ

ကမ္ဘာပေါ်တွင် ဂျပန်၏အစားအစာများသည် နာမည်ကြီးပြီး လူကြိုက်များတဲ့အစားအသောက်ဖြစ်ပါတယ်။ ဂျပန်ရိုးရားစားသောက်တွေက ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ် လို့လဲ ဆိုကြပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်း ကလဲ အသက် ၈၀ ကျော် မို့လို့ အသက်ရှည်ကျန်းမာ ကြတယ် လို့ ပြောလို့ရပါတယ်။  ဂျပန်နိုင်ငံ ဆရာဝန်များအသင်းရဲ့ အဆိုအရ ဒီလို အသက်ရှည်ရခြင်းရဲ့ အကြောင်းအရင်း တစ်ခုကတော့ ဂျပန်လူမျိုးတွေရဲ့ စားသောက်နေထိုင်မှုပုံစံလို့ပြောကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရားအစားအသောက်တွေ အကြောင်းကို အကျဥ်းချုပ် ကိုတင်ပြသွားပါမယ်။ 

မာတိကာ 

ဂျပန်လူမျိုးများရဲ့ စားသောက်မှုပုံစံနှင့် အနောက်တိုင်းယဥ်ကျေးမှုလွမ်းမိုးလာခြင်း။

 ဂျပန်လူမျိုးတွေရဲ့ ပုံမှန်ရိုးရာစားသောက်ကတော့ သောက်စရာဟင်းချို တခွက် နဲ့ ထမင်း၊ နောက်ပြီး အရံဟင်း ၃ ခွက် က ပူံမှန် ဖြစ်ပါတယ်။ ဒီလိုမျိုး ရိုးရာ အစားစာကိုဂျပန်လူမျိုးတွေကတော့ နေ့စဥ်နဲ့အမျှ စားသောက်လေ့ရှိကြပါတယ်။ သို့သော် ယခုနောက်ပိုင်းမှာတော့ လူငယ်‌တွေကြားထဲမှာရော အနောက်တိုင်းယဥ်ကျေးမှု လွမ်းမိုးလာမှုနဲ့အတူ ဒီလိုမျိုး စားသောက်မှုပုံစံ ပြောင်းလဲမှုတွေလဲရှိနေပါတယ်။ 2022 ခုနှစ် မတ်လမှ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဂျပန်လူမျိုးတွေရဲ့ မနက်စာကို ပေါင်မုန့် စားသုံးတယ် ဆိုတဲ့ သူတွေ အရေအတွက်က များပြားခဲ့ကြပါတယ်။ ဒါပေမယ့်ဂျပန်အစားအ‌သောက်တွေကလ လူကြိုက်များပြီး နေ့စဥ် ဘဝမှာ ဂျပန်လူမျိုးတွေ အမြတ်တနိုးစားသောက်နေကြပါသေးတယ်။ 

နာမည်ကြီးလူကြိုက်များသောဂျပန်အစားစာများ

 ဂျပန်ရိုးရာ အစားအသောက်လို့တိုဆိုတာနဲ့ ရေတွက်လို့မရနိုင်အောင် အမျိုးအစားစုံလင်လှပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်အစားစာတွေကို အဓိကဟင်းလျာ၊ ခေါက်ဆွဲလိုမျိုးအစားစား၊ ဇလုံခွက်ထမင်း၊ စွတ်ပြုတ်၊ အချိုပွဲ အစသဖြင့် ခွဲခြားပြီးဖော်ပြပေးသွားပါ့မယ်။ 

အဓိကဟင်းလျာများ

ဆူရှီ

အဓိက ဟင်းလျာ လို့ဆိူတာကတော့ ဒီတမျိုးတည်းကို အဓိကအစားစာအနေနဲ့စားကြတဲ့ အစားအသောက်တွေကိုဆိုလိုပါတယ်။ ပထမဆုံးဂျပန်လို့ပြောလိုက်ရင် ဆူရှီကို ပြေးမြင်ကြပါမှာ။ ဆူရှီကတော့ ဂျပန်လူမျိူးတွေကြားထဲမှာရော နိုင်ငံခြားသားတွေထဲမှာလဲ အရမ်းကိုလူကြိုက်များတဲ့ အစားစာဖြစ်ပါတယ်။ ဆူရှိအမျိုးအစားတွေအများကြီးရှိပါတယ်။ ဆူရှီကိုတော့ အဓိက ထမင်းကို ရှာလကာရှည်နဲ့ နယ်ပြီး အသား၊ငါးစိမ်းကို အပေါ်မှာတင်ပြီးစားလေ့ရှိကြပါတယ်။ ဂျပန်နိုင်ငံဟာ ပင်လယ်ဝိုင်းရံထားတဲ့ နိုင်ငံတစ်ငံ ဖြစ်လို့ ဂျပန်နိုင်ငံရဲ့ အသားတွေကလဲ လတ်ဆက်ပြီး တော်တော် အရသာရှိပါတယ်။ ဆူရှီလို့ပြောလိုက်တာနဲ့ စျေးကြီးပြီး နည်းနည်း အထက်တန်းဆန်တဲ့အစားစာလေို့တွေးနိုင်ပေမယ့် ယခုနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံ တဝန်းလုံးမှာ အလွယ်တကူစားလို့ရတဲ့ 回転ずし(လည်ပတ်နေတဲ့ ဆူရှီ)ဆိုင်တွေကိုလဲ တော်တော်များများမှာတွေ့ရပြီး စျေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူစားသောက်နိုင်ပါတယ်။ အသေးစိတ်ကို ဆူရှီအကြောင်းနှင့် ဆူရှီဆိုင်များအကြောင်း မှာဖတ်ရှုနိုင်ပါတယ်။

  1. 握り寿司 (Nigiri Zushi) ထမင်းဆုပ်ဆူရှီ 

  2. 巻き寿司  (Maki Zushi) ထမင်းလိပ်ဆူရှီ 

  3. 押し寿司  (Oshi Zushi) ဗူးထဲ သိပ်ပြီး စားတဲ့ဆူရှီ 

  4. ちらし寿司 (Chirashi Zushi) ပါဝင်ပစည်းတွေကို ထမင်းပေါ် တင်စားတဲ့ ဆူရှီ 

  5. 棒寿司 (Bou Zushi) အလျားရှည်တဲ့ဆူရှီ 

  6. いなり寿司 (Inari Zushi) အကြော်ထဲမှာထမင်းလိပ် ထည့်စားတဲ့ ဆူရှီ

  7. 手巻き寿司 (Temaki Zushi) လက်လိပ်ဆူရှီ 

  8. 軍艦巻き (Gunkannaku) 

အကြော်

Tempura ဆိုတဲ့ ဂျပန်အကြော်ကလဲ လူကြိုက်များပြီး အရသာရှိတဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ အကြော်က မြန်မာအစားစာနဲ့လဲ တူတဲ့အတွက်ကြောင့် ဂျပန်အကြော်ကလဲ မြန်မာတွေအတွက် စားရလွယ်ကူတဲ့ ဂျပန်အစားစာ တစ်ခုလဲ ဖြစ်ပါတယ်။ ဂျပန်မှာ‌တော့ Tempura ကို Temtsuyu လို့ခေါ် တဲ့ ချဥ်ရည် တမျိူးနဲ့ တို့စားလေ့ရှိပါတယ်။ 

Curry 

မြန်မာတွေလဲ Curry ကြိုက်ပြီး မြန်မာပြည်ရဲ့ Curry ကလဲ အိန္ဒိယအစားစာရဲ့ လွမ်းမိုးမှု ဖြစ်သလို ဂျပန်နိုင်ငံ ရဲ့ Curry ကလဲ အိန္ဒိယအစားစာကနေ တဆင် ဆင်းသက်လာတာဖြစ်ပါတယ်။ ဂျပန်Curry ကပိုပြီး စေးပျစ်ပြီး ဟင်းသီးဟင်းရွက်တွေအများကြီးကို ထည့်သုံးလေ့ရှိပါတယ်။ နောက်ပြီး Curry တွေကို Tonkatsu တို့လို အကြော်တွေ နဲ့ တွဲပြီးစားသောက်လေ့ရှိကြပါတယ်။ 

နောက်ပြီး ကုန်တိုက်တွေမှာ Curry အခဲတွေ၊ အနှစ်ထုပ်တွေကိုလဲ အလွယ်တကူဝယ်ပြီး ပြူလုပ်နိုင်ပါသေးတယ်။ 

ခေါက်ဆွဲနဲ့ပတ်သက်သော အစားစာများ

ခေါက်ဆွဲနဲ့ ပတ်သက်တဲ့ အစားစာများဆိုတာက‌တော့ ထမင်းမဟုတ်တဲ့ အစားစာတွေကိုဆိုလိုတာပါ။ ဂျပန်မှာတတော့ 麺類(Noodles )လို့ခေါ်ကြပါတယ်။ ဂျပန်အစားအသောက်တွေထဲမှာလဲ ဒီလို အစေားအသောက်တွေ တော်တော် များပါတယ်။ 

Ramen

ရာမင်ကတော့ ဂျပန်အစားစာလို့ပြောလိုက်ရင် အထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ရာမင် အမျိုးအစားတွေလဲ အမျိုးမျိုးရှိပြီး ရာမင် က နိုင်ငံခြားသားတွေကြားထဲမှာလဲ အရမ်းကို လူကြိုက်များတဲ့ အစားအသောက်ဖြစ်ပါတယ်။ ရာမင် အကြောင်းအသေးစိတ်ကို တော့ ဂျပန်နိုင်ငံရဲ့ Ramen အကြောင်းနဲ့ ထူးဆန်းသော ဂျပန် Ramen ဆိုင်များ ဆိုတဲ့ ဆောင်းပါးမှာဖတ်နိုင်ပါတယ်။ 

Udon

Udon ကတော့ ခေါက်ဆွဲ ထက် အလုံးနည်းနည်းပိုကြီးပြီး ဂျုံ နဲ့ လုပ်ထားတဲ့ ခေါက်ဆွဲအမျိုးအစားဖြစ်ပါတယ်။ Udon ကိုစွတ်ပြုတ်ရည်ထဲ ထည့်စားလေ့ရှိသလို၊ အအေးခံပြီးလဲစားလေ့ရှိကြပါတယ်။ နောက်ပြီး Curry နဲ့အတူတူတွဲစားလေ့ရှိတဲ့ Curry Udon ကလဲ လလူကြိုက်များကြပါတယ်။ Udon ဆိုင်တွေကလဲ ဂျပန်နိုင်ငံ တဝန်းမှာ နေရာအနှံ့တွေရပြီး အလွယ်တကူစားသောက်နိုင်ပါတယ်။ အသေးစိတ်ကို ဂျပန်ရိုးရာ Udon အကြောင်းဆောင်းပါးမှာ ဝင်ဖတ်နိုင်ပါတယ်။

ဇလုံခွက် ထမင်းများ

 ဂျပန်မှာတော့ ပန်းကန်လုံးတွေထဲမှာ ထမင်းကို ပုံပြီး ထမင်းပေါ် မှာ ဟင်းတွေကိုတင်ပြီးစားတဲ့ မြန်မာပြည်က ဇလုံထမင်းပုံစံမျိုးဖြစ်ပါတယ် ။ ဂျပန်လိုတော့ ~don လို့ခေါ်ကြပြီး don ကတော့ ဂျပန်ရဲ့ ပန်းကန်လုံး အမျိုးအစားတမျိုးဖြစ်ပါတယ်။  ဒီဆောင်းပါးမှာတော့ Gyudon, Oyakodon, Kaisendon,Unagidon တို့ကိုဖော်ပြသွားပါ့မယ်။ အသေးစိတ်ကိုတော့ ဂျပန်ရိုးရာစားစရာ Donburi ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှနိုင်ပါတယ်။ 

 Gyudon

 Gyudon ဆိုတာကတော့ အမဲသားကို ကြော်ပြီး ထမင်းနဲ့ စားတဲ့ဟင်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရှေးယခင်က အမဲသားစားလေ့မရှိကြပေမယ့် ယခုနောက်ပိုင်းမှာတော့ ဂျပန်လူမျိုးတွေက အမဲသားကြိုက်တဲ့သူတွေ တော်တော် များကြပါတယ်။ Gyudon ကလဲ မေဂျီခေတ်မှာ စတင်ပြီးစားကြတယ်လို့လဲဆိုကြပါတယ်။ Yoshinoya, Sukiya, Matsuya ဆိုတဲ့ Gyudon နာမည်ကြီးတဲ့ ဆိုင်တွေမှာကလဲ ဂျပနိနိုင်ငံ အနှံ့အပြားမှာရှိတာမို့ Gyudon ကိုအလွယ်တကူစားနိုင်ပါတယ်။ 

Oyakodon

 Oyakodon ကိုတိုက်ဘာသာပြန်ရင်တော့ အသားမိဇလုံထမင်းလို့ အဓိပ္ပာယ်ရပါတယ်။ ပါဝင်ပစ္စည်းကတော့ ကြက်သားနဲ့ ကြက်ဥ တို့ကို ကြော်ပြီး ချက်ထားတာဖြစ်ပါတယ်။ အရသာလဲရှိပြီး အာဟာရလဲရှိတဲ့ အစားစာဖြစ်ပါတယ်။ 

Kaisendon

 Kaisendon ကတော့ အသားငါး စိမ်းတွေဖြစ်တဲ့ ဆာရှိမိကို ထမင်းပေါ်တင်ပြီး စားတဲ့ အစားအသောက်တမျိုးဖြစ်ပါတယ်။ 

Unagidon 

 Unagi ဆိုတဲ့ငါးရှဥ့် ကလဲဂျပန်နိုင်ငံရဲ့ ကျော်ကြားတဲ့ အစားအသောက်တွေ ထဲကတစ်ခုဖြစ်ပါတယ်။ Unagi Don ကလဲ ငါးရှည့်ကိုကင်ပြီး ထမင်းပေါ် တင်ပြီးစားတဲ့ အစားအသောက်ဖြစ်ပါတယ်။ ငါးရှဥ့် အရွယ်အစားအပေါ်မူတည်ပြီး စျေးကွာခြားပေမယ့်ငါးရှဥ့် သီးသန်ရောင်းတဲ့ ဆိုင်တွေ မှာတော့ စျေးကြီးပါတယ်။ 

စွတ်ပြုတ်များ

စွတ်ပြုတ်ကတော့ အများအားဖြင့် ရေညှိ၊ တိုဖူး၊ မီဆို စတဲ့ အရာတွေနဲ့ စွတ်ပြုတ်ကို ပြုလုပ်လေ့ရှိကြပါတယ်။ 

အချိုပွဲများ

Maccha

Maccha ကတော့ ဂျပန်မှာသာမက မြန်မာပြည်မှာရော လူကြိုက်များတဲ့ အစားအသောက်တစ်ခုပါ။ ဂျပန်မှာတော့ Maccha လို့ ခေါ်တဲ့ Green Tea ကိုနေရာတိုင်းလိုလိုမှာ ဝယ်နိုင်ပြီး သောက်တာအပြင်၊ Green Tea ရေခဲမုန့်၊ Green Tea ကိတ်မုန့်၊ အစသဖြင့် ပုံစံ အမျိုးမျိုးနဲ့ စားသောက်လေ့ရှိကြပါတယ်။ ဒီလိုလက်ဖက်ရွက် စိုက်ပျိုးတာမဲ့ ပတ်သက်ပြီးနာမည်ကြီးတာကတော့ ကျိုတိုက Uji ဆိုတဲ့ မြို့ဖြစ်ပါတယ်။ Uji Maccha ကလဲ တော်တော် နာမည်ကြီးပါတယ်။ 

ပွဲတော် နဲ့ နေ့ကြီးရက်ကြီးများတွင်စား‌သောက်တော့ အစားစားများ

Osechiryouri

 Osechiryouri ကတော့ ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးမှာစားတဲ့ အစားစာ တမျိုးဖြစ်ပြီး Osechiryouri မှာ ပုံစံ အမျိုးအစားလဲစုံလင်လှပါတယ်။ Osechiryouri က ကိုယ်တိုင်ပြူုလုပ်ရခက်ခဲတာကြောင့် ယခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်မလုပ်ဘဲ ကုန်တိုက်တွေကနေတဆင့် ဝယ်တဲ့သူတွေလဲ များပြားလာခဲ့ကြပါတယ်။ အသေးစိတ်ကို ဂျပန်နိုင်ငံနှစ်သစ်ကူးအစားအစာများကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Kurigohan

Kurigohan ကတော့ ဝက်သစ်ချစေ့လိုမျိုး အစေ့တွေကိုထမင်းနဲ့ပြူတ်ပြီးစားတဲ့အစားစာဖြစ်ပါတယ်။ အများသောအားဖြင့် ဆောင်းဦးရာသီမှာစားလေ့ရှိကြပါတယ်။ 

Toshikoshisoba

Toshikoshisoba ကတော့ ခေါက်ဆွဲပြူတ်တမျိုးဖြစ်ပြီး ဂျပန်နိုင်ငံရဲ့နှစ်သစ်ကူးမှာ စားလေ့ရှိပါတယ်။ အသက်ရှည်ကျန်းမာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားလေ့ရှိကြပါတယ်။ 

oden 

oden ကတော့ ဂျပန်ဆောင်းရာသီမှာ အအေးလွန်ကဲတဲ့ အချိန်မှာ စားလေ့ရှိတဲ့ အစားအသောက်ဖြစ်ပါတယ်။ odenနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုဒီဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ ဆောင်းရာသီရောက်ရင် oden ကို Convenience Store တွေ မှာလဲ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ 

နိုင်ငံခြားသားတွေအတွက် စားရခက်တဲ့ ဂျပန်စာ

 ဂျပန်အစားစာ တချို့မှာတော့ နိုင်ငံခြားသားတွေအတွက် စားရခက်တဲ့ အစားစာတွေလဲရှိပါတယ်။ လူအပေါ်မူတည်ပြီး ကွာခြားနိုင်ပေမယ့် အများစု စားရခက်တဲ့ အစားအသောက် ၃ မျိုးကိုဖော်ပြသွားပါ့မယ်။ 

Natto 

Natto ကတော့ မြန်မာတွေအများစုလဲစားရခက်တဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ ပဲပိစပ်ကိုအချဥ်ဖောက်ထားပြီး ဂျပန်လူတွေအတွက်တော့ မနက်စာအနေနဲ့စားနဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ စာခြေလွယ်ပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ အစားစာ ဖြစ်ပေမယ့် ဂျပန်လူမျိုးတွကြားထဲမှာလဲ မကြိုက်တဲ့ သူတွေလဲရှိပါတယ်။ 

Wasabi

Wasabi ကို မကြိုက်တဲ့ သူတွေကတော့ တော်တော်များပါတယ်။ Wasabi ကိုတော့ ဒီအတိုင်း စားရတာမျိုးမဟုတ်ဘဲ အသားစိမ်း၊ တွေနဲ့ စားကြတာများပါတယ်။ အရသာက ပုံဖော်ရခက်ပြီး အများကြီးစားမိပါက တော်တော် နေရခက်ပါတယ်။ 

ကြက်ဥစိမ်း 

ကြက်ဥစိမ်းကတော့ ဂျပန်မှာ ဒီအတိုင်းစားလေရှိတဲ့ အစားစာဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီအတိုင်းစားလေ့မရှိပါဘူး။ ဒါကြောင့် သိပ်အသားမကျဘဲ စားရတာ အဆင်မပြေနဲ့သူတွေလဲရှိပါတယ်။ မနက်စာအနေနဲ့လဲ ထမင်းနဲ့ ကြက်ဥအပေါ် ငံပြာရည်ဆမ်းပြီး ဒီအတိုင်းလဲ စားလေ့ရှိကြပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာ အစားအသောက်တွေကို အကျဥ်းချုပ်ဖော်ပြခဲ့ပါတယ်။ ဂျပန်ရိုးရာအစားစာတွေက ကျန်းမာရေးနဲ့လဲညီညွှတ်ပြီး ဂျပန်ပြည်တွင်းမှာ သာမက ဂျပန်ပြည်ပမှာပါလူကြိုက်များကြပါတယ်။ ဂျပန်ရိုးရာ အစားစာတွေက နေ့စဥ်ဘဝ အပြင် ရာသီအပြောင်းအလဲ အလိုက်စားတဲ့ အစားစာများ၊ နေ့ကြီးရက်ကြီးတွေမှာစားတဲ့အစားအသောက်များ အစသဖြင့် အချိတ်အဆက်တွေရှိပါတယ်။ ဂျပန်ရိုးရာအစားစာတွေကို ဂျပန်နိုင်ငံမှာ ပေါ့ပေါ့ပါးပါး စားသောက်လို့မယ့် စားသောက်ဆိုင်တွေလဲ ပေါများလာပြီး စျေးသက်သက်သာသာနဲ့ စားသောက်နိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်နိုင်ငံ၏လူကြိုက်အများတဲ့အစားအစာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ