ဂျပန်နိုင်ငံနာမည်ကြီး ဆာပိုရို နှင်းပွဲတော်   (さっぽろ雪まつり, Sapporo Yuki Matsuri)

ဂျပန်နိုင်ငံရဲ့ဆောင်းရာသီရောက်လာပြီဆိုရင် နိုင်ငံရဲ့မြောက်ဘက်မှာရှိတဲ့ ဟိူကိုင်းဒိုးမှာတော့ နှင်းတွေ ဝေအောင်ကျတတ်ပါတယ်၊ ဟိုကိုင်းဒိုးရဲ့ ဆောင်းရာသီမှာ နာမည်အကြီးဆုံး ပွဲတော်တစ်ခုဆိုရင်တော့ ဟိုကိုင်းဒိုးရဲ့ မြို့တော်ဖြစ်တဲ့ ဆာပိုရိုမှာနှစ်စဥ် ကျင်းပလေ့ရှိတဲ့ နှင်းပွဲတော်လဲ အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ နှင်းပွဲတော်အကြောင်းနှင့် ကျင်းပတဲ့ အချိန်တွေအကြောင်းကို ‌ဖော်ပြသွားပါ့မယ်။

မာတိကာ

  1. ဆာပိုရိုမြို့အကြောင်း။
  2. ဆာပိုရိုနှင်းပွဲတော် (さっぽろ雪まつり, Sapporo Yuki Matsuri) ကိုဘယ်ကနေ စပြီးကျင်းပတာလဲ။
  3. ဆာပိုရိုနှင်းပွဲတော် (さっぽろ雪まつり, Sapporo Yuki Matsuri) ကိုဘယ်အချိန်မှာကျင်းပတာလဲ။
  4. ပွဲတော်ကိုလည်ပတ်တဲ့ အချိန် သတိထားရမယ့် အချက်များ။
  5. အကျဥ်းချုပ်။

ဆာပိုရိုမြို့အကြောင်း။


ဆာပိုရိုမြို့ကတော့ ဂျပန်နိုင်ငံရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ ဟိုကိုင်းဒိုရဲ့ မြို့တော်ဖြစ်ပါတယ်။ နှစ်စဥ် ဆောင်းရာသီ ရောက်လာရင် မြို့တစ်ခုလုံးမှာ နှင်းတွေနဲ့ ဖုံးလွှမ်းလျက်ရှိပါတယ်။ ဆာပိုရိုမြို့တွင်းမှာလဲ လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီးလေဆိပ်တစ်ခုဖြစ်တဲ့ Shin Chitose လေဆိပ် ကနေပြီးတော့ ဆာပိုရိုကို အလွယ်တကူသွားနိုင်ပါတယ်။ 
さっぽろテレビ塔 - Sapporo တီဗီတာဝါ  နှင့် 大通公園 - Odori ပန်းခြံ တို့ကတော့ ဆာပိုရိုမြို့ရဲ့ နာမည်ကြီးတဲ့ နေရာတွေဖြစ်ပါတယ်။ နှင်းပွဲတော်ကိုလဲ 大通公園 - Odori ပန်းခြံ မှာကျင်းပပြီး さっぽろテレビ塔 - Sapporo တီဗီတာဝါကနေပြီးတော့ နှင်းပွဲတော်ကို သေသေချာချာမြင်နိုင်ပါတယ်။ ဒီလိုနေရာတွေအပြင် နှင်းအရမ်းကျတဲ့နေရာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ စကိတ်ကွင်းတွေလဲရှိပါတယ်။ နောက်ပြီး 頭大仏 - အတမ ရုပ်ပွားတော် လို့ခေါ်တဲ့ ဘုရားကြီးကလဲ ဆာပိုရိုမြို့မှာပဲရှိပါတယ်။ ဆာပိုရိုမြို့ကြီးကတော့ ဆောင်းရာသီသာမက ကျန်တဲ့ ရာသီ ၃ မျိုးဖြစ်တဲ့ဆောင်းဦး၊နွေဦး၊နွေ ရာသီတို့မှာလဲ သဘာဝအလှတွေနဲ့ပြည့်နှက်နေပါတယ်။ 

ဆာပိုရိုနှင်းပွဲတော် (さっぽろ雪まつり, Sapporo Yuki Matsuri) ကိုဘယ်ကနေ စပြီးကျင်းပတာလဲ။


ဆာပိုရို နှင်းပွဲတော် ကိုဘယ်ကနေ စတာလဲ။ စာရွက်စာတမ်းတွေအရ ၁၉၅၀ ခုနှစ်မှာ 大通公園 - Odori ပန်းခြံ မှာနှင်းတွေ လာပြီးတော့ ပုံတဲ့အထဲကနေပြီးတော့ အထက်တန်းနှင့် အလယ်တန်းကျောင်းသားတွေကနေပြီးတော့ စုပုံထားတဲ့နှင်းတွေကိုအသုံးပြုပြီးတော့ နှင်းရုပ်ပြုလုပ်တာတို့ ပန်းပု ထုတာကနေပြီးတော့ စတင်ခဲ့တာလို့ဆိုကြပါတယ်။  ယနေ့ခေတ်မှာဆိုရင်တော့ အရမ်းကိုကြီးပြီးတော့ လက်ရာမြောက်လှတဲ့ နှင်းရုပ်တွေကို တစ်မြို့လုံးနီးပါးမှာပြသနိုင်တဲ့ အခြေအနေအထိရောက်လာပြီဖြစ်ပါတယ်။ နှစ်စဥ်လဲ လူပေါင်း သန်းနဲ့ချီပြီးလာရောက်လည်ပတ်တဲ့ ပွဲတော်ကြီးအဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ 

ဆာပိုရိုနှင်းပွဲတော် (さっぽろ雪まつり, Sapporo Yuki Matsuri) ကိုဘယ်အချိန်မှာကျင်းပတာလဲ။


ဆာပိုရိုနှင်းပွဲတော်ကိုတော့ ဆောင်းရာသီမှာ တစ်ပတ်အကြာကျင်းပပါတယ်။ ဖေဖော်ဝါရီလမှာကျင်းပပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဖေဖော်ဝါရီလ ၄ ရက်ကနေပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိကျင်းပဖို့စီစဥ်ထားပါတယ်။ ညဘက် ၁၁နာရီအထိ မီးတွေထွန်းထားပြီးတော့ နှင်းရုပ်တွေကိုပြသပါတယ်။ နှင်းအရုပ်တွေကတော့ အကြီး၊ အလတ်၊ အသေးအရွယ်အစား မျိုးစုံတွေ့နိုင်ပါတယ်။ နောက်ပြီး ပွဲရာသီမှာဆိုရင် 大通公園 - Odori ပန်းခြံ  ကိုလဲ (8:30 to 22:30) နာရီအထိ အချိန်ကိုတိုးပြီးတော့ ဖွင့်လှစ်ပေးပါတယ်။ 
 ပွဲကိုတော့ အဓိက ၃ နေရာခွဲပြီးကျင်းပပါတယ်။

  • 大通公園 - Odori ပန်းခြံ 
  •  Tsu Dome
  •  Susukino 

တို့ဖြစ်ပါတယ်။

大通公園 - Odori ပန်းခြံ


大通公園 - Odori ပန်းခြံ မှာတော့ နှင်းရုပ်အကြီးကြီးကနေ အသေးအထိ ခင်းကျင်းပြီးတော့ ပြသထားပါတယ်။ နောက်ပြီး ထူးခြားချက်အနေနဲ့ မြို့သူမြို့သားတွေ ကိုယ်တိုင်တဆောင်လုပ်ထားတဲ့ ပန်းပုလက်ရာတွေကိုလဲတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ လျှောစီးလို့ရတဲ့ နေရာလေးတွေလဲရှိပါတယ်။ ပန်းခြံကလဲ ကျယ်တဲ့ အတွက်ကြောင့်မို့လို့ မြေပုံကိုကြည့်ပြီးတော့ လည်ပတ်နိုင်ပါတယ်။ ပန်းခြံမှာတော့ အဓီကအားဖြင့် 西1丁目 (nishi icchoume) ကနေ 西10丁目 (nishi jyuuchoume) ဆိုပြီး နှင်းရုပ်တွေပြသထားပါတယ်။

Tsu Dome

Tsu Dome ကတော့ နှင်းပန်းပုရုပ်ထုတွေကိုတွေ့နိုင်မယ့် နောက်တစ်နေရာမဟုတ်ဘဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် ဆာပိုရိုရဲ့ နာမည်ကြီးအစားစာတွေကိုလဲစားနိုင်မယ့်နေရာတွေ ရှိပါသေးတယ်။ 

Susukino 

Susukino ဆိုတဲ့ နေရာကတော့ နှင်းရုပ်ထုတွေမဟုတ်ဘဲ ရေခဲရုပ်တွေကို အဓိကတွေ့နိုင်မယ့်နေရာဖြစ်ပါတယ်။ ရေခဲပန်းပုရုပ်ထု ပြိုင်ပွဲကိုလဲ ကျင်းပပြီး ဆုပေးလေ့ရှိကြပါတယ်။ နောက်ပြီး ဇာတ်ကောင်တွေရဲ့ ရုပ်ထုတွေ၊ ငါးတွေ ထည့်ထားတဲ့ ရေခဲရုပ်ထုတွေကိုလဲတွေ့မြင်နိုင်မှာဖြစ်ပါတယ်။
大通公園 - Odori ပန်းခြံ နှင့် Susukino ကတော့ ဆာပိုရို မြို့အလယ်မှာပဲရှိပါတယ်။ Tsu Dome ကတော့ ဆာပိုရိုမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့အတွက်ကြောင့်မို့လို့ ဘတ်စ်ကာနဲ့ သွားရမှာဖြစ်ပါတယ်။ 

ပွဲတော်သွားလည်မယ့် အချိန်သတိထားရမယ့် အချက်များ။

ဟိုကိုင်းဒိုးနှင်းပွဲတော်က ကျော်ကြားပြီးလူကြိုက်များတဲ့ ပွဲတော်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သွားဖို့ဆုံးဖြတ်ထားမယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုလေးတွေနဲ့ သတိထားရမယ့် အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးကိုပြင်ဆင်သွားမယ်ဆိုရင်တော့ ပိုပြီးတော့ နှင်းပွဲတော်ကို ပိုပြီးတော့ ပျော်ပျှော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံး အချက် ၅ ချက်ကိုဖော်ပြလိုက်ပါတယ်။ 

ကြိုတင်ဘိုကင်တင်ပါ။

နှင်းပွဲတော်ကို သွားတော့မယ်ဆိုရင် သွားမယ့် ယဥ်နှင့် တည်းခိုစရာနေရာကိုသေချာ ဆုံးဖြတ်ထားပြီး အမြန်ဆုံး ဘိုကင်တင်ဖို့လိုအပ်ပါတယ်။ အချိန်နောက်ကျမှ စီစဥ်မယ်ဆိုရင် အဆင်ပြေတဲ့ နေရာမရတာတို့၊ စျေးတွေပိုကြီးသွားတာတို့ဖြစ်နိုင်ပါတယ်။  

အဝတ်အစားတွေကိုသေချာ ထည့်ပါ။

အချိန်အားဖြင့်လဲ ဆောင်းရာသီဖြစ်တဲ့ အပြင် ဟိုကိုင်းဒီုးရဲ့ ရာသီဥတုကလဲ အရမ်းအေးတဲ့ အတွက်ကြောင့်မို့လို့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကိုကြိုတင်ပြီး ပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ ဒါကြောင့် လက်အိတ်၊ ဦးထုပ် စတဲ့ အနွေးဓာတ်ပေးတဲ့ ပစ္စည်းတွေကိုလဲ သေချာဆောင်သွားဖို့လိုအပ်ပါတယ်။

အစားအသောက်တွေကိုလဲ စားကြည့်ပါ။

ဒီနှင်းပွဲတော်ကတော့ နှင်းပန်းပု ရုပ်ထုတွေချည်း ကြည့်တာမျိုးမဟုတ်ဘဲ ဟိုကိုင်းဒိုးရဲ့ နာမည်ကြီးတဲံ အစားအသောက်တွေကိုပါ စားကြည့်သင့်ပါတယ်။ ဟိုကိုင်းဒိုးက ပင်လယ်စာတွေလဲ အရမ်းနာမည်ကြီးတဲ့ အပြင် ဆောင်းရာသီမှာ စားတဲ့ အစားအသောက်တွေကလဲ အရသာရှိလှပါတယ်။ 

သတင်းအချက်အလက်တွေကိုသေချာစောင့်ကြည့်ပါ။

နှင်းပွဲတော် ကတော့ အရမ်းကြီးမားတဲ့ ပွဲတော် တစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြောင်းလဲသွားတဲ့ အချက်အလက်တွေနဲ့ အသုံးဝင်တဲ့ အချက်အလက်တွေကိုတပြေးညီတဲ့ ဝက်ဘ်ဆိုက်မှာ စုံလင်စွာတင်ထားတဲ အတွက်ကြောင့်မို့လို့ မသွားခင် ဝက်ဘ်ဆိုက်ကနေ တပြေးညီ အချက်အလက်တွေကို စောင့်ကြည့်ထားရင် ပိုပြီးကောင်းပါတယ်။ ဝက်ဘ်ဆိုက်ကိုလဲ ဘာသာစကား ၅ မျိုးနဲ့ တင်ဆက်လျက်ရှိပါတယ်။

သွားရမယ့်နေရာနှင့် ကြည့်ချင်တဲ့ အရုပ်တွေကို သေချာစဥ်းစားထားပါ။

အပေါ်မှာပြောခဲ့တဲ့ အတိုင်း နှင်းပွဲတော်ကို လာရောက်ကြည့်ရှုတဲ့ သူတွေအများကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ်ကြည့်ချင်တဲ့နေရာနှင့် ပွဲတော်နေ့မှာ သွားချင်တဲ့နေရာ၊ ပွဲကျင်းပရာနေရာတွေကိုသွားရမယ့်နည်းလမ်းတွေကိုကြိုတင်ပြီးတော့ ကြည့်ရှုထားဖို့လိုအပ်ပါတယ်။ ဒီအချက်အလက်တေကို အပေါ်မှာဖော်ပြထားတဲ့ ဝက်ဆိုက်တွေနဲ့ ပွဲကျင်းပရာ နေရာ ၃ နေရာ အစရှိတဲ့ အချက်အလက်တွေကို အသုံးပြုရင်း စီစဥ်သင့်ပါတယ်။ 

အကျဥ်းချုပ်။


ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့ ဆောင်းရာသီးပွဲတော် တစ်ခုဖြစ်တဲ့ ဆာပိုရိုနှင်းပွဲတော် အကြောင်းကိုဖော်ပြခဲ့ပါတယ်။ နှင်းပွဲတော်က နှင်းတွေနဲ့ ဖန်တီးထားတဲ့အရုပ်လေးတွေကိုချစ်စဖွယ်ကြည့်ပြီး စိတ်ကူးယဥ် ဆန်ဆန် တစ်ညတာကိုဖြတ်သန်းရမှာဖြစ်တဲ့ အတွက်ကြောင့် အခွင့်အရေးကြုံရင်သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံနာမည်ကြီး ဆာပိုရို နှင်းပွဲတော်   (さっぽろ雪まつり, Sapporo Yuki Matsuri)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ