ဂျပန်နိုင်ငံရောက်ရင်သွား‌ရောက်ဖူးမြော်သင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ

ဂျပန်နိုင်ငံဟာ လည်ပတ်စရာတွေ များပြားတဲ့နိုင်ငံဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ ခေတ်မှီအဆောင်အအုံတွေ ကစားကွင်းတွေ ပြတိုက်တွေ အစသဖြင့် ထူးခြားအံ့သြစရာနေရာတွေများပြားလှပါတယ်။ ဒါတွေတင်မက‌သေးပါဘူး ဂျပန်နိုင်ငံမှာဆိုရင် သဘာဝတရားနဲ့ပြည့်နှက်နေတဲ့ လည်စရာပတ်စရာနေရာ တွေလဲရှိသလို ယဥ်ကျေးမှုထွန်းကားတဲ့နိုင်ငံဖြစ်လို့ ယဥ်ကျေးမှုအမွေ့အသက်အပြည့်ရှိတဲ့ အဆောက်အအုံတွေ ဘုရားတွေလဲ နိုင်ငံတဝှမ်း များပြလှပါတယ်။ ဒီတခေါက်မှာတော့ မြန်မာ နိုင်ငံသားတွေ အကြိုက်တွေ့မယ့် ဂျပန်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် တွေအကြောင်းကို ပြောပြပေးသွားပါမယ်။ 

မာတိကာ

ဂျပန်လူမျိုးနဲ့ ဘာသာရေး

ဂျပန်နိုင်ငံမှာ အလည်ပတ်သွားသင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ

ဂျပန်လူမျိုးနဲ့ ဘာသာရေး

ဂျပန်လူမျိူးတွေဟာ ဘာသာရေးနဲ့ပတ်သက်ရင် သိပ်ပြီး စွဲစွဲ မြဲမြဲ မရှိကြဘူးလို့ပြောလေ့ရှိကြပါတယ်။ဘယ်ဘာသာ ကိုကိုးကွယ်လဲမေးရင်လဲ ဘာသာမဲ့လို့ဖြေကြတာများပါတယ်။ သို့သော် နှစ်ကူးရင် နတ်ကွန်းတွေဆီသွားပြီးဆုတောင်းတဲ့သူတွေနဲ့ တိုးကြိုတ်နေပြီး မင်္ဂလာဆောင်ရင်လဲ ရှငိတိုဘာသာနဲ့အညီ နတ်ကွန်းမှာ မင်္ဂလာ ဆောင်ကြတဲ့သူတွေရှိပြီး၊ ဆုံးပါးသွားတဲ့အခါမှာလဲ အသုဘ အခမ်းအနားကို ဗုဒ္ဓဘာသာဓလေ့ထုံးစံနဲ့အညီ လုပ်လေ့ရှိကြပါတယ်။ ဒီလိုမျိုး နေ့စဥ် ဘဝ မှာ ဘာသာရေးတွေ ကိုကျင့်သုံးနေကြပေမယ့် ဘာသာရေးဆိုတ့ အယူ အဆ တစ်ခုမဟုတ်ဘဲ ထုံးတမ်းအစဥ်အလာ တွေအနေနဲ့ ကျင့်သုံး ကြတယ်လို့ ယူဆ ကြပါတယ်။ ဘာသာရေးသမိုင်းကိုကြည့်မယ်ဆိုလဲ ဂျပန်နိုင်ငံ ရဲ့ရှေးခေတ်တွေမှာ ဘာသာရေး ကျယ်ပြန့် ပြီး ယုံကြည်ကိုးကံည်တဲ့ သမိုင်းတွေကလဲ ရှိနေပြန်တယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေဟာ ဘာသာမရှိဘူးလို့ပြောဖို့လဲ ခက်ခဲပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီူ အမျိုးမျိုး ငြင်းခုန်မှုတွေရှိနေကြပေမယ့် ဒီဆောင်းပါးမှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကျယ်ဝဝက် မဖော်ပြတော့ပါဘူး။ အဓိက က ဒီဆောင်းပါးမှာ ဂျပန်နိုင်ငံရြ့ လည်ပတ်စရာ ကောင်ပြီး လှပတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဗုဒ္ဓရုပ်ပွားတော် တွေအကြောင်းကို မိတ်ဆက်ပေးရင် စိတ်ဝင်စရာကောင်းတဲ့ အချက်တွေ သိထားသင့်တဲ့ အချက်အလက်လေးတွေကို ပေါင်းပြီး တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကို ဖတ်ပြီး ဂျပန်နိုင်ငံ တဝှမ်း ဗုဒ္ဓရုပ်ပွားတော် တွေကို ဖူးမြော်တဲ့ အချိန်မှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

ဂျပန်နိုင်ငံမှာ အလည်ပတ်သွားသင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ
ကာမာကုရဗုဒ္ဓရုပ်ပွားတော်

ပထမဆုံး မိတ်ဆက်ပေးမယ့် ဗုဒ္ဓရုပ်ပွားတော်က တော့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကာမာကူရ ဗုဒ္ဓရုပ်ပွားတော် ပဲဖြစ်ပါတယ်။ ဒီနေရာလေးက ဂျပန်မှာလဲ ခရီးသွားတွေကြားနာမည် ကြီးတဲ့နေရာလေးဖြစ်ပါတယ်။ ကျွန်တော် တို့ ဝက်ဘက်ဆိုက်မှာလဲ ကာမှာကူရာ ဘုရားနဲ့ ပတ်သက်ပြီး ဆောင်းပါး တော်တော် များများ ကိုဖော်ပြဖူးပါတယ်။

ကာမာကူရ ဘုရားတိုကျို ရဲ့ အနီးအနားမှာရှိတဲ့ ကာနဂဝ ဆိုတဲ့ ခရိုင်မှာရှိပါတယ်။ တော်တော်ကြီးမားပြီး လက်ရာသေသပ်ပြီးကြည်ညိုဖွယ် ကောင်းလှပါတယ်။ ဒါ့အပြင် စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းတွေ နဲ့လဲ ပြည့်နှက်လို့နေပါတယ်။

ကာမာကုရာဘုရားနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ အချက်များ 

ဘုရားကြီးကိုတော့ ၁၂၄၃ ခုနှစ်မှာ စပြီးတည်ခဲ့ပါတယ်။ စတည်ခဲ့ တဲ့ အချိန်တုန်းကတော့ ဘုရားပရဝဏ်နဲ့ တည်ထားတဲ့ ခဲ့ပေမယ့် မုန်းတိုင်ဒဏ်၊ ငလျင်ဒဏ်တွေကြောင့်ပျက်စီးသွားကြတယ်လို့ဆိုကြပါတယ်။ နောက်ပြီး တချို့အဆိုတွေအရဆိုရင် လက်ရှိကာမာကုရာ ဘုရားမှာရှိနေတဲ့‌ ကျေက်တုံး အချို့ဟာ ဘုရား အဆောက်အအုံရဲ့ လက်ကျန်တွေလို့လဲ ဆိုကြပါတယ်။

 နောက်ပြီး တချို့အဆိုတွေအရဆိုရင် ကာမာကူရ ဘုရားကိုစတည်တုန်းက ဆို ရွှေသင်္ကန်းတွေ ကပ်ခဲ့တယ်လို့ဆိုကြပါတယ်။ ဒါကြောင့် လက်ရှိလဲ ဘုရားရဲ့ ကိုယ်ထည်တွေ ကို သေချာကြည့်ရင် ‌ရွှေသင်္ကန်း အရာတွေ ကျန်နေတာ မြင်တွေ့နိုင်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ဘုရားရဲ့ ရင်ပြင် အတွင်းမှာ ကောက်ရိုးဖိနပ် ကိုတွေ့မြင်နိုင်ပါတယ်။ ဒီကောက်ရိုး ဖိနပ် ကြီးဆိုရင် ၁၉၅၁ ခုနှစ်ကနေစပြီး ထားရှိပြီး Ibaraki ခရိုင် matsuzaka မြို့က ကလေးတွေက ဘုရားကို ‌ကောက်ရိုးဖိနပ်စီးပြီး ဂျပန်ပြည်အနှံ့ ခရီးထွက်ကာ ပြည်သူတွေကိုပျော်ရွှင်မှူဆောင်ကြည်း ပေးပါ ဆိုပြီး ဖိနပ်ကြီးကိုပြုလုပ်ရာက နေ စတင်ခဲ့ပါတယ်။ ဖိနပ်ကိုတော့ ၃ နှစ် ၁ကြိမ် အသစ်လုပ်ပြီး လှဲလေ့ရှိပါတယ်။နောက်ပြီး ကာမာကုရဘုရား ကိုရောက်ရင် ဘုရားဖူးတာတစ်ခုတည်းမဟူတ်ဘဲ ဂျပန်ရိုးရာ မုန့်တွေ ဝယ်ပြီး စားတာတို့ ဘုရားအနိူအနားမှာ ရှိတဲ့ ကမ်းခြေတွေကိုသွားပြီး လည်ပတ်နိုင်ပတ်သေးတယ်။

  • တည်နေရာ Kanagawaခရိုင် Kamakura မြို့ 

  • တိုကျိုမြို့မှ အကွာအဝေး Shinjyuku Stataion မှ ရထားဖြင့် တစ်နာရီခွဲခန့် 

  • ဝင်ကြေး လူကြီး ယန်း ၃၀၀ ၊ ကလေး ယန်း ၁၅၀

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ

ဘုရားကိုသွားနိုင်မယ့်မယ့်နည်းလမ်းအကြောင်းကိုတော့ကာမာကူရဘုရားသို့သွားပုံသွားနည်းဆိုတဲ့ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ 

တိုးဒိုင်းဂျိ

နောက်ထပ်မိတ်ဆက်ပေးမယ့် နေရာကတော့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် နာရမှာရှိတဲ့ တိုးဒိုင်းဂျိ ဆိုတ့ဘုရားကျောင်းမှာ ရှိတဲ့ ရုပ်ပွားတော်အကြောင်းပဲဖြစ်ပါတယ်။ 

ဒီဘုရားကျောင်းကတော့ ကာမာကုရ ဘုရားထက်ပိုပြီး ရှေးကျပြီး နာရခေတ်က ဘုရင် ကိုယ်တိုင် ဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။ နာရ ခေတ်က ဂျပန်မှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးခေတ်လို့ပြောလို့ရပါတယ်။ နာရ မြို့မှာဆိုလဲ ဘဒရားတွေ အများကြီးရှိပါတယ်။ တိုးဒိုင်းဂျိ ကလဲ လက်ရာ ပြောင်မြောက်လှပြီး ရှေးခေတ် ဂျပန်ရဲ့ ဗိသုကာလက်ရာတွေကို အံ့သြဖါယ်ရာ တွေ့ရမယ့် နေရာ ဆိုလဲ မမှားပါဘူး။ 

  • တည်နေရာ နာရမြို့ 

  • အကွာအဝေး Nara Stataion မှ ဘတ်စကားဖြင့်၁၅ မိနစ်ခန့်

  • ဝင်ကြေး လူကြီး ယန်း ၆၀၀ ၊ ကလေး ယန်း ၃၀၀

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ

တိုးဒိုင်းဂျိ နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ အချက်များ 

တကယ်တော့ တိုးဒိုင်းဂျိ က အားလုံးကို သစ်သားနဲဆောက်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သစ်သားနဲ့ ဆောင်ထားတဲ့ အတွက်ကြောင့် မို့လို့ မီးဘေး ကိုတော့ တော်တော် ခံခဲ့၇တဲ့ အဆောက်အအုံတစ်ခုပါ။ စတည်ကတည်းက အခုချိန် အထိ ၂ ခေါက် တောင် မီးဘေးသင့်ခဲ့ရပြီး လက်ရှိ မြင်တွေ့ရတဲ့ ဘုရားကျောင်းကတော့ မူလ လက်ရာထက် တော်တော် သေးသွားတဲ့ အဆောက်အအုံကို မြင်တွေ့ရမှာပါ။ ဒါတောင် တော်တော်ကြီးမားပါတယ်။ ဘုရားကြီးကလဲ ကြည်ညိုစရာတော်တော် ကောင်းပြီး စိတိဝင်စားစရာ ကောင်းတာကတော့ ဘုရားရဲ့ ပလ္လင်ပေါ် က ဆေးရေးပန်းချီတွေပါ။ ဆေးရေးပန်းချီတွေဟာ အရမ်း မသိသာတော့ပေမယ့် သေချာကြည့်ရင်မြင်နိုင်ပါတယ်။ နောက်ပြီး တချို့နေ့ကြီး ရက်ကြီးတွေမှာ ဆို အထူးအနေနဲ့ ဘုရားအနီးအနားအထိ သွားပြီးသေချာလေ့လာနိုင်လို့ အဲ့လိုရက်တွေကို သေချာကြည့်ပြီးသွားရင်တော့ ပိုပြီး အဆင်ပြေပါတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတာက ဘုရားနားမှာရှိတဲ့ တိုင်လုံးရဲ့ အပေါက်လေးပါ။ အဲ့ပေါက်ကို လျိုဝင်ရင် ဉဏ်ကောင်းတယ် ကျန်းမာရေးကောင်းတယ်လို့အဆိုရှိကြပါတယ်။ လက်ရှိတော့ ကိုလိုနာကြောင့် ပိတ်ထားပါတယ်။

နောက်ပြီး တိုးဒိုင်းဂျိ ဆောင်းဦးရာသီမှာသွားရင် ပိူပြီးသဘာဝကိုခံစားနိုင်ပါတယ်။ မေပယ်ရွက် တွေအရောင်ပြောင်းပြီး ဘုရားဝန်းအတွင်းကေတာ်တော်လှပပါတယ်၊။ ဘုရားက ပန်းခြံနဲ့လဲ နီးပြီး ပန်းခြံမှာဆိုင် သမင် တွေကိုဘေးမဲ့လွှတ်ထားတာ မို့ သမင်၊ မေပယ်ရွက် စတဲ့ မြင်ကွင်းကတော့ လုံးဝ မျက်ဝန်းထဲမှာ စွဲကျန်ေနမှာပါ။

Ushiku ရပ်တော်မူဘုရား 

 Ushiku ရပ်တော်မူဘုရား ကတော့ Ibaraki ခရိုင် Ushiku မြို့မှာရှိပြီး ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရား ဖြစ်ပြီး ညဏ်တော် ၁၂၀ မိတာရှိပါတယ်။

  • တည်နေရာ Ibaraki ခရိုင် Ushiku မြို့

  •  အကွာအဝေး Ushikuမှ ၁၅မိနစ်ခန့် 

  • ဝင်ကြေး 

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ

Ushiku ရပ်တော်မူဘုရား ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ 

 စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ဘုရားရြ့ အတွင်းထဲ ဝင်နိုင်ပြီး ၅ ထပ်ရှိပြီး တထပ်စီမှာ ပြခန်းတစ်ခုစီရှိပါတယ်။ ဒါပေမယ့် ဝင်ကြေးတော့ပေးရပါတယ်။ နောက်တစ်ခုကတော့ ဘုရာရဲ့ ပတ်ပတ်လည်မှာလဲ တိရစ္ဆာန် ဥယျာဥ်၊ ပန်းခြံ စသဖြင့် လည်စရာတွေ များပြားလှပါတယ်။

နောက်တချက်က ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ဘုရားမီးထွန်းပွဲနဲ့ နွေရာသီမှာပြုလုပ်တဲ့ မီးပုံးပွဲတို့နဲ့ တွဲပြီူလဲ နာမည်ကြီးပါတယ်။ 

အတမ ရုပ်ပွားတော် 

လာဗင်ဒါ ပန်းခင်းကြီးထဲမှာ ဘုရားဦးခေါင်းတော်တစ်ခုပဲမြင်တွေရတဲ့ မြင်ကွင်းကို မြင်ဖူးလား? ဟုတ်ပါတယ် အဲ့ဒါက ဟိုကိုင်းဒိုး မှာရှိတဲ့ အတမ ရုပ်ပွားတော် ဖြစ်ပါတယ်။ အတမ ဆိုတာကတော့ ဂျပန်လို ဦးခေါင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဆာပိုရို မြို့မှာရှိပြီး တခြားရုပ်ပွားတော်တွေနဲ့မတူ ထူးခြားချက်ကတော့ လိပ်ခုံး လိုအဆောက်အုံထဲမှာရှိပြီး အဝေးကနေ လှမ်းကြည်ံ့လိုက်ရင် ဦးခေါင်းတော်သာလှမ်းမြင်ရပါတယ်။ အမိုးမရှိတဲ့အတွက်ကြောင့် လေးရာသီလုံး ရာသီဒဏ်ကို ခံနေရပြီး အဲ့ဒီအချက်ကလဲ ထူးခြားချက်လို့ ဆိုရမှာပါ။ ဥပမာ ဆောင်းရာသီဆို ဘုရားပေါ်မှာရော၊ ရင်ပြင်တစ်ခုလုံး နှင်းတွေ ဖုံးလွမ်းနေတာ တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့ တွေ့မြင်နေကျ လာဗင်ဒါ ပန်းခင်းကြီးနဲ့ တွဲမြင်ချင်ရင် တော့ ဇူလိုင်လလယ်လောက်မှာ သွားကြည့်လို့ရပါတယ်။ 

  • တည်နေရာ ဟိုကိုင်းဒိုး၊ ဆာပိုရိုမြို့ 

  • အကွာအဝေး ဆာပိုရိုဘူတာမှ မိနသ်၅၀ခန့် 

  • ဝင်ကြေး 

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ

Nokogiri တောင်မှာရှိတဲ့ဘုရား

Nokogiri တောင်မှာတော့ နီဟွန်းဘုရားကျောင်းရှိပြီး အကုန်လုံးကို အသေးစိတ်လည်မယ်ဆိုရင်တော့ အချိန်၂ ရက်လောက်ယူရမယ်လို့ပြောကြပါတယ်။ တည်နေရာကတော့ ချိဘ ခရိုင်မှာ တည်ရှိပြီး တောင်တက်ချင်တဲ့သူတေါအတွက်တော့ လုံးဝ သွားသင့်တဲ့နေရာဖြစ်ပါတယ်။ ဒီဘုရား‌ကျောင်းမှာရှိတဲ့ ဘုရားရဲ့ ထူးခြားချက်ကတော့ ကျောက် တောင်မှာ ကပ်ပြီး တည်ထားတဲ့ အချက်ဖြစ်ပါတယ်။ တောင်ထိပ် အထိ ခြေကျင် လမ်းလျှောက်ကြတဲ့သူတွေလဲရှိသလို ကေဘယ်ကားနဲ့တက်တဲ့သူ၊ ကားနဲ့ တက်တဲ့သူတွေ လဲရှိပါတယ်။ တောင်လဲတက်ရတာ ဝါသနာပါ၊ ဘုရားလဲဖူးချင်ရင်တော့ ဒီဘုရားကိုသွားဖို့ အကြံပြုချင်ပါတယ်။ 

  • တည်နေရာ ချိဘ ခရိုင်

  • အကွာအဝေး Hamakanaya Station မှ လမ်းလျှောက် ၁၀ မိနစ် 

  • ဝင်ကြေး

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

နန်းဇိုးအင်း လျောင်းတော်မူဘုရား

နောက်တစ်ဆူကတော့ ဖုကုအိုကာ မြို့မှာရှိတဲ့ နန်းဇိုးအင်း မှာရှိတဲ့ ‌လျောင်းတော် မူ ဘုရား ဖြစ် ပါတယ်။ ဒီလျောင်းတော်မှု ဘုရားကလဲ အကြီးဆုံး လျောင်းတော်မှု ဘုရားအဖြစ် နာမည်ကြီးပါတယ်။ နောက်ပြီး ဒီဘုရားကျောင်းက၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံက ကလေးတွေ ကိုဆေးဝါးတေါ ထောက်ပံ့ပို့ပေးတဲ့ ဘုရားကျောင်းလဲဖြစ်ပြီး မြန်မာဘက်ကနေလဲ ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားဆင်းတု တွေ ပြန်ပို့ပေးဖူးပါတယ်။ ဒီဘုရားကိုလဲ အတွင်ပိုင်းကို ဝင်ရာက်လေ့လာ နိုင်ပြီး ဝင်ကြေးပေးရပါတယ်။

  • တည်နေရာ ဖုကုအိုကာ မြို့

  • အကွာအဝေး Hakata ဘူတာ မှ ၂၀မိနစ် 

  • ဝင်ကြေး ယန်း ၅၀၀

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

ဟိုတဲနော် ထိုင်တော်မူဘုရား

တခါတလေ မီးပွိုင့် နှစ်ခု ကို ဘုရား မျက်လုံးနဲ့ တည့်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေတွေ့ဖူးလား? ဒီဘုရားကတော့ အအိချိ ခရိုင်မှာရှိတဲ့ ဟိုတဲနော် ထိုင်တော်မူဘုရား ဖြစ်ပါတယ်။ ဒီဘုရားကတော့ ၁၉၅၄ ခုနှစ်မှ တည်ထားတဲ့ဘုရားဖြစ်ပါတယ်။ နရာက တိုးဒိုင်းဂျိဘုရားကြီးထက် ညဏ်တော် ၂ မီတာ ပိုမြင့်ပါတယ်။ ပတ်ပတ်လည်မှာလဲ ဆာကူရာတွေစိုက်ထားပြီး နွေဦးရာသီ ကိုရောက်ရင်လဲ မီးထွန်းပါသေးတယ်။ 

  • တည်နေရာ အအိချိ ခရိုင်၊ ကိုးနန်းမြို့ 

  • အကွာအဝေး 

  • ဝင်ကြေး Hotei Statipn မှ ၁၅ မိနစ် 

  • ဘုရား ဖူးမြော်နိုင်တဲ့အချိန် 

ဒီဆောင်းပါးမှာတော့ ဂျပန်ပြည်ရောက် မြန်မာလူမျိုးတွေ သွားရောက်လည်ပတ်သင့်တဲ့ ဘုရားတွေကိုစုစည်းပြီးဖော်ပြလိုက်ပါတယ်။ တကယ်လို့ အခွင့်ကြို့လို့ သွားရောက်လည်ပတ်ရင်လဲ လက်အုပ်ချီပြီး ဓာတ်ပုံရိုက်ခဲ့ဖို့မမေ့ ကြနဲ့နော်။ 

 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံရောက်ရင်သွား‌ရောက်ဖူးမြော်သင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ